.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Wednesday, April 20, 2011

တရားလို၏အခွင့်အရေး၊ တရားခံနှင့်အမှု

တရားလို၏အခွင့်အရေး၊ တရားခံနှင့်အမှု

က။ အမှုနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် အချက်အလက်များ

၁။ ။ တရားရုံး

ထိုင်းနိုင်ငံတွင် တရားရုံးကို (၃) မျိုးခွဲခြားထားသည်။
၁-၁။ ။တရားမ တရားရုံးတွင် အောက်ခြေတရားရုံး၊ အယူခံတရားရုံး၊ အထက်တရားရုံး ဟူ၍ သုံးမျိုးခွဲထားသည်။

- တရားမ တရားရုံးသည် ငွေကြေးနှင့်သက်ဆိုင်သည့် အမှုများနှင့်ပြစ်မှုများကို စီရင်သည်။
- ငွေကြေးနှင့်ဆိုင်သည့် အမှုများတွင် ကိုဝင်းသည် ကိုအောင်ချေးငှားသွားသည့်ငွေများကို ပြန်လည်ရလိုအတွက် တိုင်တန်းသည့် အမှုများကို လက်ခံတရားစီရင်ပေးသည်။

-ပြစ်မှုဆိုသည်မှာ ကိုဝင်းသည် ကိုအောင်၏ ပစ္စည်းများကို ခိုးယူသဖြင့် တိုင်တန်းခြင်းခံရပြီး ယင်းတိုင်တန်းသည့် အမှုများကို လက်ခံ၍ တရားစီရင်ပေးသည်။
- မြို့နယ်တရားရုံး ပြည်နယ်တရားရုံး။ ။ဘန်ကောက်တွင်ဖြစ်ပါက ငွေကြေးနှင့် သက်ဆိုင် သည့် အမှုများကို လက်ခံစီရင် သည့် တရားရုံးနှင့်ပြစ်မှုများကို စီရင်သည့် တရားရုံး သို့မ ဟုတ် တရားရေးရာတရားရုံး။

အလုပ်သမားတရားရုံး။ ။အလုပ်သမားများ အမှုအခင်းဖြစ်ပွားသည့်အခါများတွင် အမှုကို စီရင်ကြားနာသည်။ တရားမရေးရာ တရားရုံးတခုလည်း ဖြစ်သည်။
၁.၂။ အုပ်ချုပ်ရေးရာတရားရုံးတွင် အောက်ခြေရုံးနှင့် အထက်ရုံးဟူ၍ ဖွဲ့စည်းထားသည်။ ယင်းတရားရုံးတွင် ပြည်သူများက အစိုးရဌာနများကို တရားစွဲသည့်အမှုများ၊ ပြဌာန်းထား သည့် ဥပဒေများသည် ထိုင်းဘုရင်မင်းမြတ်ကိုယ်တိုင် လက်မှတ်ရေးထိုး ပြဌာန်းထားသည့် အာမခံဥပဒေထက် တရားစီရင်ရာတွင် နိမ့်ကျသည့် အကြောင်းကိစ္စများကို တိုင်ကြားနိုင် သည်။

၁.၃။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး တခုတည်းတွင်သာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ် သက်၍ ပေါ်ပေါက်လာသည့် အမှုများကို စီရင်ပေးသည်။ ဥပမာ-ပြည်သူများအတွက် ပြ ဌာန်းထားသော ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသည့် ပြည်သူများ ၏ လွတ်လပ်စွာပြောဆိုပိုင်ခွင့် ဆုံးရှုံးသည့်အမှုများ စသည်တို့ကို လက်ခံ၍ တရားစီရင် ပေးသည်။
၂။ ဥပဒေတို့၏ အသုံးဝင်မှု အနိမ့်အမြင့် သို့မဟုတ် ဥပဒေအာဏာ
၂.၁။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းပြည်တွင် ပြဌာန်းထားသည့် ဥပဒေများအနက် အ မြင့်ဆုံးဥပဒေဖြစ်သည်။ အခြားသော မည်သည့် ဥပဒေမှ ဖွဲ့စည်းပုံအခြေခံဥပဒေကို ယှဉ် ပြိုင်ခြင်း မရှိစေရပါ။

၂.၂။ လွှတ်တော်မှ အတည်ပြုလိုက်သော ဥပဒေ၊ အရေးပေါ်အက်ဥပဒေ၊ စစ်အာဏာသိမ်း အဖွဲ့ (သို့မဟုတ်) ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲရေးအဖွဲ့မှ ထုတ်ပြန်ထားသော ဥပဒေ များသည် အစဉ်လိုက် သြဇာသက်ရောက်မှုရှိသည်။

၂.၃။ ဘုရင်မင်းမြတ်မှထုတ်ပြန်လိုက်သော အမိန့်၊ ၀န်ကြီးဌာနမှ ထုတ်ပြန်သည့် အစိုးရဌာန များနှင့် ပတ်သက်သည့် ဥပဒေများ၊ အမိန့်များ သို့မဟုတ် ဒေသဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်နယ်နှင့် တိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့အစည်းများအ တွက် ပြဌာန်းထားသည့် ဥပဒေများသည်လည်း လွှတ်တော်က အတည်ပြု ပြဌာန်းထား သည့် ဥပဒေများကို မှီငြမ်း၍ ရေးသားထားခြင်းဖြစ်သဖြင့် ဥပဒေ၏ သတ်မှတ်ထားသော စံချိန်စံညွှန်များဖြင့် ကြည့်လျှင် ဒုတိယတန်းစားဥပဒေသာလျှင်ဖြစ်သည်။ သို့သော် ဒုတိယ တန်းစား ဥပဒေကို ဖောက်ဖျက်ခြင်း၊ ကျူးလွန်ခြင်းကို ပြု၍မရပါ။

ဝေမင်း

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ