.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Thursday, April 21, 2011

ဆင်ဖြူတော်အကြောင်း သိကောင်းစရာ

ဆင်ဖြူတော်

ဆင်ဖြူတော်နှင့် မင်းခမ်းမင်းနား
ဆင်ဖြူတော်ဆိုသည်မှာ ဆင်အရောင်သည် အဖြူရောင်ရှိသော ဆင်မျိုးကို ခေါ်သည်။ ဆင်ဖြူသည် ရှားပါး
တိရစ္ဆာန် ဖြစ်၍ ဆင်ဖြူကို တစ်ကောင်ဟု မသုံးပဲ ရတနာကဲ့သို့ တန်ဘိုးထားရှိသောကြောင့် တော်ဟု တပ်ကာ ဆင်ဖြူတော်ဟု သုံးနှုန်းသည်။ မြန်မာရာဇ၀င်၌ ရှေးဘုရင်တွင် ဆင်ဖြူတော် (အသေ) ကိုပင် ရရှိပင်လျှင် ဆင်ဖြူရှင်ဘွဲ့ကို ခံယူခဲ့သူ ရှိနေပါသည်။ ဆင်ဖြူတော်သည် ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည်ဟုလည်း ယုံကြည်ကြသည်။ ထို့ကြောင့် ဆင်ဖြူရှင် မင်းကြား ကြီး၊ တစီးရှင်၊ ငါးစီးရှင်၊ ဆင်ဖြူမရှင် မိဘုရားကြီး စသည်ဖြင့် ရှေးဘုရင်များခေတ်က ဘွဲ့ ခံခဲ့ကြသည်။
  • (ဆင်ဖြူအသေတစ်စီးမျော လာသည်ကို ဆယ်ယူစေပြီး ဆင်ကတင်ကာ ဆင်ဖြူရှင်ဘွဲ့သဖြင့် သမိုင်းတွင် တစ်စီးရှင် သီဟသူအဖြစ်၎င်း၊ ပင်းယမြို့တည် သီဟသူ အဖြစ်၎င်း ကျော်ကြားပေသည်။)
၅၀၀၀ ကျပ် (၂၀၀၉) စက်တင်ဘာ၂၅ ရက်နေ့ ၊ဆင်ဖြူတော် နှင့် လွှတ်တော်အဆောက်အဦး

Contents

[hide]

[ပြင်ဆင်ရန်​] ဆင်ဖြူတော်၏ ကြန်အင်လက္ခဏာ

  1. မျက်လုံးသည် ပုလဲရောင် ရှိရမည်။
  2. ခွာသည် အဖြူရောင် ရှိရမည်။
  3. ဆင်၏ကျောကုန်းသည် ငှက်ပျောကုန်း သဏ္ဌာန် ရှိရမည်။
  4. အမွေးရောင်သည် ကျွဲဖြူလို ရှိရမည်။
  5. အစွယ် စုံရှိရမည်။
  6. အမြီးသည် တံခါးလက်ဝါးပုံစံဖြစ်ရမည်။
  7. နားရွက်သည် သာမန် ဆင်တွေထက် ကြီးရမည်။
  8. သာမန်ဆင်များနှင့် မတူဘဲ က္ကုနြေ္ဒသိက္ခာရှိပြီး တည်ငြိမ်နေရမည်။

[ပြင်ဆင်ရန်​] ဆင်ဖြူ (၁၂)မျိုး

  • ၁။ “ရတနာဆင်၊ ဒွါရတင်ကား ငွေစဉ်ဦးကင်း၊ ဖြူဝင်းသည်မှာ ရတနာသရဘူ”
ရတနာမျိုးထဲမှာပါသော ဆင်(၁၂)မျိုးရှိတဲ့အနက်က ငွေရောင်၊ ငွေသွေးကဲ့သို့၊ ဦးကင်းများ ဖြူနေလို့ရှိရင် တစ်ကိုယ်လုံးဖြူတာမဟုတ်ဘူးနော်။ ဦးကင်းမှာဖြူတာ။ အဲဒါကို “ရတနာသရဘူ” လို့ခေါ်ပါတယ်။ ရတနာသရဘူ၊ ဖူနေရာမှာ *(ဘ)နဲ့ရေးတယ်။ ရှေးက ရတနာသရဘူ။ ဒါက ပထမဆင်ဖြူ။
  • ၂။ “ဖြူသည် မင်းနေ၊ မှတ်တွေသင်္ညာ၊ ရတနာပလ္လင်”
မင်းနေ (သို့) မင်းထိုင်၊ အဲဒီနေရာ၊ ရှင်ဘုရင်နေတဲ့နေရာ၊ ရှင်ဘုရင်ထိုင်တဲ့နေရာ။ အဲဒီနေရာမှာ ဖြူလာခဲ့လို့ရှိရင် အဲဒီဆင်ကို “ရတနာပလ္လင်” လို့ ခေါ်ပါတယ်။
  • ၃။ “ကခွင်ဖွေးစွာ ရတနာကတင်”
ဆင် “ကတင်” ရမယ့်နေရာမှာ ဖြူဖွေးလာလို့ရှိရင် “ရတနာ ကတင်”လို့ခေါ်ပါတယ်။
  • ၄။ “ကိုယ်ပြင်ဝဲယာ ဖြူဖွေးစွာလျှင် ရတနာကကျည်း”
ကိုယ်ရဲ့အပြင် လက်ဝဲ၊ လက်ယာ ဖြူလာလို့ရှိရင် “ရတနာကကျည်း” ဆင်ဖြူပါ။
  • ၅။ “ကိုယ်မှီး၊ ကပြီး၊ လှည်းဘီး၊ ခန့်မျှ နံ၏ပြင်ပ၊ ပါဒလေးဘက်၊ ဖြူချက်သန့်စွာ၊ ရတနာထောက်ရှည်”
ဒါက တစ်ကိုယ်လုံး မဲနေစေကာမူ လှည်းဘီးခန့်မျှလောက် နံ၏အပြင်ပ၌၊ ပြီးတော့ ခြေထောက်လေးချောင်း ဖြူနေလို့ရှိရင် “ရတနာထောက်ရှည်” လို့ ခေါ်ရမယ်။
  • ၆။ “ဖြူသည်ကုန်းမှာ ရတနာပြဿဒ်”
ကျောတည့်တည့်အလည်ခေါင်ကုန်း အဲဒီကဖြူလာလို့ရှိရင် “ရတနာပြဿဒ်” လို့ခေါ်ပါတယ်။
  • ၇။ “ဖြူဆွတ်ပေါက်လျှံ၊ မြီးဆံ၊ သရက်စေ့၊ ငွေ့အတိမှာ၊ ရတနာပိန်း”
သရက်စေ့ဆိုတာက ဆင်အမြီး၊ အရင်းကစပြီးတော့ နွားမြီး၊ ကျွဲမြီးများလိုပေါ့ဗျာ၊ နွားမြီး၊ ကျွဲမြီးနဲ့ ခြားနားသွားတာက အဖျားကျတော့ သရက်စေ့ပုံသဏ္ဌာန်ရှိပြီး ပိုပြီးတော့ ကြီးသွားသေးတယ်။ အဲဒါကို သရက်စေ့လို့ခေါ်တယ်။ အဲဒီ သရက်စေ့ပေါ်ကမှ တစ်ခါ ဖွာပြီးတော့ အမြီးဆံအမြီးမျှင်ပေါက်တာ။ အဲဒီအမြီးမျှင်နှင့်တကွ သရက်စေ့ဖြူလို့ရှိရင် “ရတနာပိန်းဆင်” လို့ ခေါ်ပါတယ်။
  • ၈။ “ခေါ်ထိမ်းမှတ်ရိုး မေးဆုံးဖြူစွာ ရတနာမုံ”
ဆင်မေးစေ့မှာ ဖြူသောအမွေးတွေ ပေါက်ပြီးတော့ မေးဖြူလာလို့ရှိရင်၊ အမွေးဖြူ အသားဖြူလာလို့ရှိရင် “ရတနာမုံ” လို့ခေါ်ပါတယ်။
  • ၉။ “နှာယုံ၊ နှာဖျား၊ ဆူထွားလှစွာ၊ ရတနာဆုပ်”
ရတနာဆုပ်ဆိုတာ (ဆ) တစ်ချောင်းငင် ပသတ်နဲ့ရေးတယ်။ နှာယုံ၊ နှာဖျား ဆိုတာက နှာအရင်းကနေ အဖျားထိအောင်ပေါ့။ အဲဒီအမွေးရော ဖြူသောသဘောရှိလို့ရှိရင် အဲဒီဆင်မျိုးကို “ရတနာဆုပ်”ဆင်ဖြူတော်လို့ ခေါ်ပါတယ်။
  • ၁၀။ “သစ်ချုပ် ဟိုး ဟိုး ၀မ်းရိုးအတွင်း၊ လမင်းရောင်ဝါ ရတနာကြံဆင်”
အဲဒါ ၀မ်းဗိုက်ဖြူတယ်ဆိုပါတော့ဗျာ။ ၀မ်းဗိုက်ဖြူတဲ့ဆင်ကို “ရတနာကြံဆင်” လို့ ခေါ်ပါတယ်။
  • ၁၁။ “နှုံးတွင်းပါးစပ် နားနချပ်တွင်၊ ဖြူသန့်လှစွာ ငွေပမာကို ရတနာယပ်”
နားရွက်နှစ်ဘက်ဖြူလို့ရှိရင် “ရတနာယပ်” လို့ခေါ်ပါတယ်။ နာရွက်တင်ဖြူနေတယ်။
  • ၁၂။ “စေ့စပ်သေချာ (၁၁)ဖြာတည်း များစွာဤတွင် စုံလင်သည်မှာ ရတနာကြန်စုံ”
ပြောခဲ့တဲ့အစိတ်အပိုင်းတွေ အကုန်ဖြူလာလို့ရှိရင် အဲဒါကို “ရတနာကြန်စုံ” လို့ခေါ်ပါတယ်။
“ဆင်အပုံတို့၊ ၀န်းရုံရံခ
ရှိဦးသသို ဂဇဖုန်းစည်၊
မျိုးဇာနည်တည့် ပြည့်သာဂရ
မတ္တတည်းဟူ သိကြောင်းကိုလော့
ဆင်ဖြူ ခေါ်သင့် ခေါ်စဉ်တည်း။”<br/[1]
ရှေးမြန်မာမင်းများ လက်ထက်က မာတင်္ဂဆင်၊ ကေလာသဟထ္ထိဆင်၊ ပုဏ္ဍရိကဆင်နှင့် အရုဏ ဟထ္ထိဆင်ဟူ၍ ဆင်ဖြူတော် ၄ မျိုးရှိပြီး ဗေဒင်ကျမ်းဂန်များတွင်မူ ခန္ဓာဇလပ်ပွင့်အဆင်း ကဲ့သို့ ဖြူဖွေးသော သေတဂဇရာဇာဆင်၊ ဖွတ်လျော်ပြီးစဖြူဖွေးသော အ၀တ်ပုဆိုးကဲ့သို့ အဆင်းရှိသည့် သေတဂဇရာဇာဆင်၊ မျောက်ငိုပွင့်အဆင်းရှိသော သေတဂဇရာဇာဆင်၊ ဧကရာဇ်ပွင့် အဆင်းရှိသော သေတဂဇရာဇာဆင်၊ သေတသုဝဏ္ဏဒန္တဆင်၊ ဆင်ဖြူရွှေမွေး၊ ရွှေကွန်ယက်အုပ်ဆင် ဟူ၍ ဆင်ဖြူ ၇ မျိုးရှိကြောင်း ရန်ကုန် နက္ခတ်ဗေဒင် ဆရာအသိုင်း အ၀န်းမှ သိရှိရသည်။

[ပြင်ဆင်ရန်​] ဘုရင့်နောင်လက်ထက် ဆင်ဖြူတော်

[ပြင်ဆင်ရန်​] ဘိုးတော်ဘုရားလက်ထက် ဆင်ဖြူတော်

ဘိုးတော်ဘုရား(ဦးဝိုင်း)သည် နိုင်ငံတော်ကိုသာယာအောင် အုပ်စိုးတော်မူသည့်အပြင် မင်းကျင့်တရားနှင့်လည်း ပြည့်စုံတော်မူသည့်မင်းဟု ဆိုရပေမည်။ ဘိုးတော်ဦးဝိုင်းလက်ထက်တွင် ဆင်ဖြူတော် ၉ စီးရရှိကာ ကုန်းဘောင်မင်းများလက်ထက်တွင် ဆင်ဖြူအများဆုံးမင်းဟုဆိုရပေမည်။ ဘိုးတော်ဦးဝိုင်းကိုယ်တိုင်ကပင် ပထမ ဆင်ဖြူ ရရှိချိန်တွင် ဆင်ဖြူရှင်ဘွဲ့ဟု ခံယူခဲ့ပြီး၊ နောက်တစ်စီးတိုးလာသောအခါ ဆင်ဖြူများရှင် ဟု ခံယူခဲ့သည်။ ထိုဆင်ဖြူကိုးစီးထဲတွင် နိဗ္ဗာန်ရွာမှ ရသောဆင်ဖြူတော်သည် အထင်ရှားဆုံး ဖြစ်သည်။ နိဗ္ဗာန်ရွာမှ ရသော ဆင်ဖြူတော် သည်ဆဒ္ဒန်မျိုး တကိုယ်လုံးဖြူစင်နူးညံ့စွာရှိပြီး ဘုရားသမိုင်းတော်လာ ဆဒ္ဒန်မျိုး၏ အရည်အချင်းများနှင့်လည်း ပြည့်စုံနေပေသည်။ ဆင်ဖြူတော်ကို ဖမ်းမိချိန်တွင် ဆင်ဖြူ၏ အခြွေအရံ ဆင်မည်း တစ်ထောင်တို့က ဆင်ဖြူတော်ကို မြေမည်းများဖြင့် လူးကြလေ၏ ဟုဆိုကြသည်။ ဆင်ဖြူတော်ကို ဆင်ဦးစီး ၃၀ ခြေလျင် ၃၀၀၀ တို့နှင့် ၀န်းရံလေရာ အရံဆင်များခွာသွားကြသဖြင့် ဆင်ဖြူတော်ကို အသာအယာ ဖမ်းမိလေသည်။ ဆင်ဖြူတော်ကို နေပြည်တော်သို့ ပို့ဆောင်ရာတွင် မင်းတရားကြီးက ပုဂံမြို့သို့ ကြွရောက် ကြိုဆိုရာတွင် ထိုမြို့မှ မင်းကွန်း စံနန်းတော်အထိ မိုင် ၁၀၀ ကျော် ဧရာဝတီကမ်း ၀ဲ-ယာတွင် ရာဇမတ်ကာလျက် သစ်ပင်များ စိုက်ထူကြရ၏။ ပွဲသဘင် အစုံ ရှိနေစေပြီး ဆင်ဖြူတော် ရပ်နားရာ စခန်းတို့တွင် ရွှေအတိပြီးသော တန်ဆောင်းပြာသာဒ်များ ဆောက်လုပ်စေသည်။ ထိုနောက် ဆင်ဖြူတော် ကို မင်းဆွေတော်မျိုးတော်တို့က လက်ဖွဲ့ကြသည်။ ဆင်ဖြူတော်ကို ရေချတော်မူသောအခါ ထီးဖြူတော် ၄ စင်း မိုးလျက်၊မင်းခန်းတော် အစုံနှင့် အိမ်ရှေ့မင်းက ဦးဆောင် လိုက်ပါရသည်။ ရာဇဘိသေကပွဲတွင် ပြုသည့်အသွင် ဂင်္ဂါရေ၊ န၀တတ်အိုင်ရေ၊ အုတ်သစ်ခွ ရေတော်များနှင့် တကွ ဂင်္ဂါမြေ၊ မြစ်လယ်မြေ၊ ၀က်စွယ်၌ ပါသောမြေ၊ နပုန်းအိမ်အောက်မြေ၊ လမ်းလေးခွမြေ၊ ဘုရားမြေ၊ နတ်စင်မြေ၊ ထွန်သွား၌ ပါသော မြေ စသည်တို့ကိုလည်း ဆင်မင်းတန်ဆောင်းတွင်း ဖြန့်ကြဲရသည်။ သင်္ကြန်ခေါ်ရန် တရော် ၇ မျိုး၊ ကင်ပွန်း ၅ မျိုး၊ ဂမုန်းပေါင်း၊ ပန်းပေါင်း၊ နံ့သာဖြူ၊ အကျော်၊ စံပယ်၊ ကရမက်၊ ကြာမျိုးငါးပါး ၀တ်ဆံများကို သင်္ကြန်တန်ဆောင်း၌ အသင့် ထားရသည်။ တန်ဆောင်းတွင်း ဂုဏ်တော်များ ရွတ်ဖတ် လေသည်။ ဆင်ဖြူတော်ကို ပြုစုသူများအားလုံး ပါဝင် ပရိတ်နာကြရသည်။ ထိုအချိန်မှစပြီး သင်္ကြန်တော် ခြံဝင်းကို စစ်သည်တော် ၉ တပ် ခင်းကျင်း စောင့်ရှောက်စေသည်။ တန်ဆောင်းသို့ ရောက်လျှင် မြောက်အရပ်သို့ မျက်နှာမူလျက် အခါတော် လင့်ရသည်။ ထိုအခါ မင်းတရားကြီး၏ သားတော် ၄ ပါးတို့က တရော်ရည်၊ ကင်ပွန်းရည် တို့ဖြင့် ဆင်ဖြူတော်ကို ဦးခေါင်း ပရိတ်သွန်းလောင်းကြရသည်။ ပြီးလျှင် ဆင်ဖြူတော်ကို ဧရာဝတီမြစ်သို့ သက်စေပြီး ရေချိုးစေသည်။ ထိုနောက့် ရတနာကိုးပါး ဖြင့် ဆန်းကြယ်စွာ လုပ်ဆောင်သော တန်ဆာဆောင်များ ဆင်ယင်ပေးသည်။ အရံဆင်တော် များကိုလည်း တစ်ချိန်တည်း ဦးခေါင်း ဆေးရသည်။ ပြီးလျှင် ရှေ့ ၆ တပ်၊ နောက် ၆ တပ် နှင့် ဆင်မင်း၏ နန်းဘုံသို့ပြန်ပို့ကြသည်။
ဘိုးတော် ဘုရား လက်ထက်က နောက်ဆုံး ရရှိသော ဆင်ဖြူတော်၏ အစွယ်ကို ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၏ အတွင်းက သဘာဝသမိုင်း ပြတိုက်မှာ တွေ့ရှိနိုင်သည်။

[ပြင်ဆင်ရန်​] ယနေ့ခေတ် ဆင်ဖြူတော်

ယခင် ထောက်လှမ်းရေးအကြီးအကဲ ၀န်ကြီးချုပ်ဟောင်း ဗိုလ်လ်ချုပ်ကြီး ခင်ညွန့် လက်ထက်တွင် (၂ဝ.၁.၂ဝဝဝ)ရက်တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ နယ်မှ ဆင်ဖြူတော်(၃)စီး ရရှိကာ ရန်ကုန်၊ မင်းဓမ္မလမ်းရှိ မင်းဓမ္မတောင် ဆင်ဖြူတော်ဥယျာဉ်များ တည်ဆောက်ကာ ထားရှိသည်။ ရာဇဂဟ သီရိပစ္စယဂဇရာဇာ ရတနာဆင်ဖြူတော်ဟု ဘွဲ့တော်ပေးထားသည်။
ရှေးဦးစွာ ဆင်ဖြူအထီး တကောင်ကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအနီးမှ ၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် လည်းကောင်း၊ ဆင်မကြီး တစ်ကောင်ကို မောင်းတောမြို့နယ်အတွင်းမှ ၂၀၀၂ ခုနှစ် ဧပြီလ ၅ ရက် နေ့တွင်လည်းကောင်း၊ ဆင်မ အငယ် တစ်ကောင်ကို မောင်းတောမြို့နယ် ကိုင်းကြီးကျေးရွာဟောင်း အနီး၌ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင်လည်းကောင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းမိသော ဆင်ဖြူမ(ဓာတ်ပုံ - imageshack.us)
မောင်းတောမြို့ နယ်အတွင်း တောဆင် ငါးကောင်အုပ်ထဲမှ ဆင်ဖြူ အမ တစ်ကောင်ကို ဒေသခံတို့၏ သတင်းပေးပို့ချက်ဖြင့် သစ်တောရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ ဆင် ဖမ်းအဖွဲ့ များက ရှာဖွေဖမ်းဆီးခဲ့ရာ ၂၀၁၀-ခု၊ ဇွန်လ ၂၆ ရက် ညနေ ၄ နာရီ ၂၅ မိနစ်ခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်း ဆင် မှာ အသက် ၃၈ နှစ်ခန့် ဖြစ်ပြီး အရပ် ၇ပေ ၄ လက်မခန့်ရှိကာ လုံးပတ် ၁၀ ပေ ၁၁ လက်မရှိသည်။ အဆိုပါ ဆင်ဖြူမကို ဖမ်းဆီး ရန် အတွက် အချိန် ခြောက်လခန့်ကြာခဲ့ကြောင်း သိရသည်။ စစ်အာဏာပိုင်များက ရခိုင်ရိုးမတောင်တန်း တလျှောက် တွင် ဆင်ဖြူတော် ရှာဖွေရေး စီမံကိန်း လုပ်နေခဲ့ကြခြင်းဖြစ်သည်။ ထိုဆင်ဖြူမ၏ ဘွဲ့တော်မှာ ဘဒ္ဒ၀တီ ဖြစ်ပြီး နေပြည်တော်ရှိ ဆင်ဖြူတော် ရတနာဆောင်တွင် ထားရှိသည်။ [2]
၂၀၁၀-ခုနှစ်၊ စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ သစ်တောရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ အဖွဲ့များက ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်း ဒေသတွင်ဆင်ဖြူတော် တစ်ကောင်ကို နိုင်ဝင်ဘာ ၂၃ ရက်က ဒုတိယ အကြိမ်မြောက် ထပ်မံရရှိခဲ့သည်။ ယင်းဆင်ဖြူတော်မှာ အသက် ၁၈ နှစ်ခန့်ရှိပြီး အရပ်အမြင့် ၇ ပေ ၁ လက်မ၊ လုံးပတ် ၁၀ ပေ ၃ လက်မရှိပြီး ဆင်မဖြစ်သည်။ ထို့ပြင် ဆင်ဖြူတော်သည် ဆင်ဖြူတော်ရတနာ၏ ကြန်အင်လက္ခဏာများနှင့် အထူးပင် ပြည့်စုံသည်ဟုသိရပြီး ဘွဲ့တော်မှာ နန္ဒ၀တီ ဖြစ်ပြီး နေပြည်တော်ရှိ ဆင်ဖြူတော် ရတနာဆောင်တွင် ထားရှိသည်။[3]

[ပြင်ဆင်ရန်​] စကားပုံ

  • ဆင်ဖြူတော် ၀င်မှာ ချည်တစ်ခင်နှင့် ကျိန်းကျေ
ဆင်ဖြူတော်ဝင်ကိန်းရှိရာတွင် ချည်ဝင်တစ်လုံး ၀င်လာသည်နှင့် ကျိန်းကျေသွားသကဲ့သို့ ပစ္စည်းဥစ္စာ အစုလိုက်အပုံလိုက် ၀င်ကိန်းရှိရာတွင် မဖြစ်လောက်သည့် ပစ္စည်းတစ်ခုဝင်လာသည်နှင့် ကျိန်းကျေသွားသည်။
  • ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့
  • ဆင်ဖြူတော်မှီ ကြံစုပ်

[ပြင်ဆင်ရန်​] ကိုးကား

  1. >(မုံရွေးဇေတ၀န်ဆရာတော် အရိယာဝံသအာဒိစ္စရံသီ မဟာထေရ်ရဲ့ ကုသပျို့သစ်။ ပျို့၊ လင်္ကာ၊ (၁၈၅)စာပိုဒ် မှ ရှင်းလင်းချက်များ)
  2. မြန်မာ့အလင်း သတင်းစာ
  3. ၂၀၁၀ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ
  • (မန်းရာပြည့်ခေါ် မန္တလေးမြို့ နှစ်၁၀၀ပြည့်ကာလ (၁၉၅၉ခုနှစ်)တွင် မန္တလေး တက္ကသိုလ်၌ ပညာရှိကြီး ရွှေပြည်ဦးဘတင် ဟောပြောချက်များအား မိတ္ထီလာတက္ကသိုလ်မှ စာရေးဆရာဝင်းတင့်က တိပ်ခွေမှ ကူးယူပေးပို့ချက်များအား အတွေးအမြင်စာစဉ် အမှတ်(၁၉၇) ၂၀၀၈ ခုနှစ် သြဂုတ်လ တွင် ဖေါ်ပြပါရှိချက်အား ထပ်ဆင့်ကူးယူဖေါ်ပြပါသည်။)

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ