မြန်မာ(၉)ဦးရောင်းစားခံရ...ကုန်စည်သဖွယ်ဖြစ်နေသော မြန်မာလူမျိုးများ
(ဝေမင်း)
ကရင်ပြည်နယ် မြ၀တီမြို့ မြေနီကုန်းရပ်ကွက်မှ လူ ၇ ဦးအပါအ၀င် စုစုပေါင်း ၉ ဦးကို လူပွဲစားက မတ်လ ၂၈ ရက်နေ့တွင် ချွန်ဘူရီလှေဆိပ်၌ ရောင်းစားခဲ့ကြောင်း သတင်းရရှိသည်။
ထိုင်းတောင်ပိုင်းရှိ ဆိပ်ကမ်းတခုရှိ ငါးဖမ်းစက်လှေများ (ဓာတ်ပုံ - ဧရာဝတီ)
ရောင်းစားခံရသူများမှာ ယခင်လအတွင်းက ထိုင်းနိုင်ငံတောင်ပိုင်း လဗ်ဘူရီခရိုင် ဘန်ချာမြို့နယ်အတွင်းရှိ VAK နာနတ်သီးစက်ရုံမှ ထိုင်းအာဏာပိုင်များက ဖမ်းဆီးပြီးနောက် နယ်စပ်သို့ ပြန်ပို့ခံရသူ ၂၁၆ ဦးထဲမှ ၉ ဦး ဖြစ်ကြောင်း သိရသည်။
ယင်းစက်ရုံတွင် ဖေဖော်ဝါရီလအတွင်းက အလုပ်သမား ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် မတ်လ ၁၆ ရက်နေ့တွင် ပထမအကြိမ် ထိုင်းအာဏာပိုင်များက ၀င်ဖမ်းရာ အလုပ်သမား ၂၁၆ ဦး နယ်စပ်သို့ အပို့ခံခဲ့ရသည်။ မတ်လ ၂၅ ရက်နေ့တွင် နောက်တကြိမ် ထပ်မံ ဖမ်းဆီးရာ အလုပ်သမားလက်မှတ်မရှိသူ မြန်မာ ၄၀၀ ကျော် နယ်စပ်သို့ ပြန်ပို့ခံခဲ့ရသည်။
နာနတ်သီးစက်ရုံမှ ကိုခိုင်ဇော်နိုင်က “ပုလိပ်ဝင်ဖမ်းလို့ နယ်စပ်အပို့ခံရတဲ့ အလုပ်သမားတွေကို ပွဲစားတွေက ဒီမှာ အလုပ်ပြန်ရမယ် ပြန်လိုက်မလား၊ လမ်းစရိတ်ကို လုပ်အားခထဲကပဲ ပြန်ဖြတ်ယူမယ်လို့ပြောပြီး ခေါ်လာတာ။ တကယ်ကျတော့ ဒီမှာ အလုပ်ပြန်မခေါ်ဘူးလေ။ ဒါကြောင့် လမ်းစရိတ် မပေးနိုင်တော့ သူတို့ကို ချွန်ဘူရီက လှေဆိပ်မှာ ရောင်းစားလိုက်တာပေါ့။ ကျနော် စောစောကလေးကတင် ရောင်းစားခံထားရတဲ့ အထဲက တယောက်နဲ့ ဖုန်းပြောလိုက်ရတယ်။ ဘတ်ငွေ ၁ သောင်းနဲ့ ပြန်ရွေးရင် ရမယ်လို့ ပွဲစားက ပြောထားခဲ့တယ်လို့ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရောင်းစားခံထားရသူများမှာ ကိုမြင့်နိုင် (အသက် ၃၅ နှစ်)၊ ကိုမင်း (အသက် ၃၀ နှစ်)၊ ကိုဇေယျာလင်း (အသက် ၂၉) နှစ်နှင့် မောင်သန့်ဇင်ထက် (အသက် ၁၅) နှစ် အပါအ၀င် စုစုပေါင်း ၉ ယောက်ဖြစ်ကြောင်း မောင်သန့်ဇင်ထက်၏ မိခင် ဒေါ်စိန်ရီက ပြောသည်။
“ကျမ သားလေးနဲ့အတူတူ သားမက်ရော၊ တူတွေရော ချွန်ဘူရီ လှေဆိပ်မှာ အရောင်းစား ခံထားရတယ်လို့ ဖုန်းဆက်လာတယ်။ အခု ပင်လယ်ထဲကို ၆ ယောက် ပါသွားပြီ။ ကုန်းပေါ်မှာ ကျန်တာကတော့ ၃ ယောက်ပေါ့။ အဲဒီ ၃ ယောက်ကို တယောက် ဘတ် ၁ သောင်းနဲ့ ရွေးရင်ရမယ်။ ဘတ် ၃ သောင်း ဘဏ်ထဲကို ထည့်ခိုင်းတယ်။ ကျမတို့လည်း မထည့်ရဲဘူး။ တော်ကြာ ငွေလည်းဆုံး၊ လူလည်းဆုံး ဖြစ်မယ်လေ။ နောက်ဆုံး ပြောလာတာကတော့ မြ၀တီတံတားထိပ်က ကိုမြအေးဆိုတဲ့လူကို ဘတ် ၃ သောင်း လွှဲပေးရင် ကုန်းပေါ်မှာ ကျန်နေတဲ့ ၃ ယောက်ကို လွှတ်ပေးမယ်ပေါ့။ ကျမတို့လည်း ဘာလုပ်ရမယ်မှန်းလည်း မသိတော့ပါဘူး။ သားရယ်၊ သားမက်ရယ်၊ တူတွေရယ် ပါနေတယ်ဆိုတော့ ရူးချင်စိတ်ပေါက်နေပြီ” ဟု ဒေါ်စိန်ရီက ပြောသည်။
ချွန်ဘူရီမှ ငွေပေးရန် ဆက်သွယ်လာသူမှာ ဦးမွန်ကြီးဟု ခေါ်ကြောင်း သိရသည်။ အဆိုပါ လူ ၉ ယောက်ကို ခေါ်ယူသွားသူမှာ မဲဆောက်မြို့ မယ်ပအရပ်ရှိ ပြောင်းဖူးစက်ရုံအနီးတွင် နေထိုင်သူ ပွဲစား အငယ်လေး ဖြစ်သည်ဟု ဒေါ်စိန်ရီက ပြောသည်။
ချွန်ဘူရီခရိုင် အချောင်ဒေသတွင် မြန်မာနိုင်ငံသားများကို ထိုင်း ငါးဖမ်းလှေ သူဌေးများထံ ရောင်းစားမှုများ မကြာခဏ ရှိနေပြီး ယင်းကိစ္စများကို Thai Action Committee for Democracy in Burma (TACDB) မှ ဥပဒေ အထောက်အကူပြုအဖွဲ့က စောင့်ကြည့်နေကြောင်း သိရသည်။
ပွဲစားများသည် ထိုင်း-မြန်မာနယ်စပ်မှ လူများကို အလုပ်ကောင်းကောင်းရမည်ဟု မက်လုံးပေးကာ ခေါ်ဆောင်လာပြီး ယခုကဲ့သို့ ရောင်းစားလေ့ရှိကြောင်း TACDB မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ပြောသည်။
၎င်းက “ဒီကိုတက်လာတဲ့ လူတွေထဲမှာ တချို့က လမ်းစရိတ် ပေးနိုင်တယ်။ တချို့က လမ်းစရိတ် မပေးနိုင်ဘူး။ အဲဒီ မပေးနိုင်တဲ့လူတွေကို ချွန်ဘူရီ အချောင်ဒေသမှာရှိတဲ့ ထိုင်းလှေသူဌေးတွေကို ရောင်းစားကြတယ်လေ။ ပွဲစားကတော့ အပြတ်ရောင်းသွားတာပေါ့။ သူဌေးတွေကလည်း သူတို့ကို ၆ လ၊ ၁ နှစ် ပင်လယ်ထဲမှာ ခိုင်းစားတော့တာပေါ့။ ဒီ ၂ နှစ်အတွင်းမှာ ချွန်ဘူရီမှာ ရောင်းစားခံရတဲ့ သတင်းအချက်အလက်တွေ ကျနော်တို့ဆီမှာ အများကြီး ရထားတာတွေရှိတယ်။ ကျနော်တို့ ဥပဒေ အထောက်အကူပြု အဖွဲ့ရဲ့ အကူအညီကိုလိုရင်တော့ တိုင်တဲ့သူဘက်က အချက်အလက် ပြည့်ပြည့်စုံစုံ ခိုင်ခိုင်မာ ဖြစ်ဖို့တော့လိုတယ်” ဟု ဆိုသည်။
ထိုင်းနိုင်ငံအတွင်းတွင် ယခုကဲ့သို့ မြန်မာပြည်သား အချင်းချင်းက ရောင်းစားသဖြင့် ဒုက္ခရောက်ရသူများ မနည်းကြောင်း၊ အမျိုးသမီးများရော အမျိုးသမီးများကိုပါ ထိုင်းအလုပ်ရှင်ထံတွင် ကျွန်ရောင်းသကဲ့သို့ အပြတ်ရောင်းစားမှုများလည်း ရှိနေဆဲဖြစ်ကြောင်း သိရသည်။
လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့အစည်းများဖြင့် လူရောင်းစားမှု ပပျောက်စေရန် ကြိုးစားသော်လည်း စီးပွားရေး နိမ့်ကျနေသော မြန်မာပြည်မှ လူအများအပြားသည် ပွဲစားများကို အားကိုးကာ ထိုင်းနိုင်ငံအတွင်းသို့ အဖမ်းအဆီး အစစ်အဆေးများကြားမှ နေ့စဉ် လာရောက် အလုပ်အကိုင် ရှာဖွေနေကြသည်။
အလုပ်သမား အဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ အနည်းဆုံး ၂ သန်းခွဲမှ ၄ သန်းဝန်းကျင်ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Subscribe to:
Post Comments (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
စစ်ခရာသံများ စစ်တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး အောင်မျိုးမင်းသည် စစ်တက္ကသိုလ် ဗိုလ်လောင်းများအား စစ်ခရာသံများနှင့် ပတ်သက်၍ ကြာ...
-
ကွန်ပြူတာနည်းပညာများစုစည်းမှု.(ဝေမင်း) http:// http://www.zwani.com/ ပုံလှလှလေးတွေ လိုချင်ရင် http://: http://myanmaritpros.com/ ကွန်ပျူ...
-
ဗန်းမော်တင်အောင် ( သို့မဟုတ် ) ပြည်သူ့ဘက်ကရပ်တည်ခဲ့သော စာရေးဆရာကြီး သိပ္ပံချစ်သူ ဧပြီ ၂၂၊ ၂၀၁၁ ပြည်သူ့ဘက်က ရပ်တည်၍ ပြည်သူကို ...
-
9:26 PM | Posted by လူဗိုလ်ဟူသည် ...... Posted by လင်းဦး(စိတ်ပညာ) အမည် ။ ။ ရန်ကြီးအောင် (ခေါ်) မောင်လှထွန်း အသက် ။ ။ ၁၈နှစ...
-
Written by Won Thar Nu ...
-
သမိုင်းတကွေ့မှ ဂဠုန်ဦးစော သန်းဝင်းလှိုင် ဧပြီ ၃၀၊ ၂၀၁၁ မြန်မာနိုင်ငံ လွတ်လပ်ရေးရအံ့ဆဲဆဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ ခေါင်...
-
Thursday, 30 June 2011 00:00 မတရား ဖမ်းဆီးကာ ငါးဖမ်းလှေပေါ်သို့ ရောင်းချခံရတော့မည့်...
-
S Pass S Pass ဟာ ၂၀၀၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ EP Q2 ကို အစားထိုးခဲ့တဲ့ Pass အသစ်ဖြစ်ပါတယ်။ S Pass ရဲ့ အနက်အဓိပ္ပာယ်ကို သက်ဆိုင်ရာ Webs...
No comments:
Post a Comment