မြဝတီ ဝန်ကြီး ဦးစ
သာဆန်းငယ်တည့် ရဂုံဗွေ-ချီ မြစ်နှင့် တောင်ဖွဲ့ပတ်ပျိုးရေးသူ မြဝတီဝန်ကြီး ဦးစမှာ သက္ကရာဇ် ၁၁၂၈-ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁၀-ရက်၊ အင်္ဂါနေ့တွင် စစ်ကိုင်းမြို့အနောက် မိချောင်းတက်ချောင်းရွာ၌ အဖမြင်းစီးကြီး၏သား ဦးပေါက်ကျော်၊ အမိ သာလွန်မင်းတရားကြီး၏ အမတ် ဗညားကျန်းတောမြေး ရှင်ငြိမ်းသာတို့မှ ဖွားမြင်သော သားဖြစ်လေသည်။ ၁၁-နှစ် အရွယ်ရှိ မောင်စသည် အင်းဝမြို့ မဲထီးရွာ မဲထီးဆရာတော် ဦးပရမအထံတော်တွင် သာမဏေ အဖြစ်နှင့် စာပေသင်ကြားတတ်မြောက်ခဲ့သည်။ နောက် ကျောင်းမှထွက်၍ စစ်ကိုင်းမြို့ပန်းထိမ်ဝန်ဟောင်းဦးညွန့်သမီး မအေးနှင့် သင့်မြတ်သည်။ ထိုစဉ်ကပင်လျှင် အတီးအမှုတ်အရာ၌ ဝါသနာထုံလှသောကြောင့် ဘိုးတော်မင်းတရားကြီး၏ လက်ဝဲဆိုင်းအမှုထမ်း ဆိုင်းဆရာကြီး ဦးတရုပ်ထံ၌ ကြေးဝိုင်းတီးခဲ့သည်။
၁၉-နှစ်အရွယ်တွင် အမရပူရမြို့သို့ ပြောင်းရွှေ့ကာ အိမ်ရှေ့စံရွှေတောင်မင်းသား၏ သံတော်ဆင့် လက်ျာပျံချီထံတွင် ရေးမှတ်သည့်ဘက်မှ အမှုထမ်း၍နေရသည်။ ၁၁၀၅-ခုနှစ်တွင် ရွှေဘုံ နိဒါန်းရေးဆရာ ဇေယျသင်္ခယာဘွဲ့ခံ အိမ်ရှေ့အတွင်းဝန်က အိမ်ရှေ့စံရွှေတောင်မင်း အထံတော်သို့ ဦးစ၏ အရည်အချင်းကို လျောက်တင်သဖြင့် အိမ်ရှေ့အိမ်တော်သို့ ပြောင်း၍ အမှုတော်ထမ်းရွက်ရသည်။
ထိုအတွင်းမှာပင် ဦးစသည် ကြိုး၊ ဘွဲ့၊ သီချင်းကြီးများ ရေးသားစ ပြုလာသည်။ ယိုးဒယားဘာသာနှင့်ရှိသော အီနောင်ဇာတ်ကိုလည်း မြန်မာဘာသာပြန်ဆို၏။ တီးကွက်မှတ်ကွက် ဇာတ်သီချင်းများနှင့် အတူရေးသားပြီးစီးသည်။ အိမ်ရှေ့စံရွှေတောင်မင်းသား နတ်ရွာစံသောအခါ ဗဒုံမင်းသည် မြေးတော်စစ်ကိုင်းမင်းသား(နောင်တွင် ဘကြီးတော်မင်းကို အိမ်ရှေ့အရာပေးတော်မူ၍ ဦးစကိုလည်း အိမ်ရှေ့ သံတော်ဆင့်အရာနှင့် ပြည်လုံးယူ-လှေမှူးခန့်တော်မူသည်။ နောက် အိမ်ရှေ့အတွင်းဝန်ခန့်တော်မူပြန်၍ နေမျိုးဇေယျသူရဘွဲ့ဖြင့်လည်း တိုးတတ်ချီးမြှင့်ခြင်း ခံရပြန်လေသည်။
အိမ်ရှေ့အတွင်းဝန် နေမျိုးဇေယျသူရ အဖြစ်နှင့် တပ်ကြီး ၃-တပ်၊ မြင်း ၁၅၀၊ စစ်သည်သူရဲ ၁၅၀၀ ကိုအုပ်ချုပ် ကွပ်ကဲ၍ တမူးကြောင်းရှေ့ကနေပြီး ကသည်းမျည်းတဲပြည် မဟာရာဇာထောင်ထားသည့်အရေးတော်ကို နှိမ်နှင်းပြီးပြေအောင်မြင်၍ ညီဥပရာဇာကို နန်းတင်ခဲ့ပြီးသော် ရွှေစက်တော်အောက်သို့ ပြန်လည်ရောက်ရှိသည်တွင် ဒူးနေရာကသည် တော်နေရာသို့ မြှင့်တင်သနားတော်မြတ် ထပ်မံခံရပြန်သည်။
သက္ကရာဇ် ၁၁၈၅-ခုနှစ်တွင် လက်နက်နိုင်ငံတော် ဖြစ်သော ဓညဝတီ ရခိုင်ပြည်နယ် ရှင်မဖြူကျွန်း၌ အင်္ဂလိပ်တို့ အလံစိုက်မှုမှစ၍ အင်္ဂလိပ်နှင့် မြန်မာတို့ ပထမစစ်ပွဲဖြစ်သောအခါ အလုံဝန်ကြီး မင်းကြီး မဟာဗန္ဓုလနှင့်အတူ ဦးစအား လက်ဝံစစ်ကဲခန့်၍ ရှေ့ဦးချီနှင့်စေရာ ဂေါတော့ပလ္လင်တွင် အင်္ဂလိပ်တို့နှင့် ဆိုင်ပြိုင်တိုက်ခိုက်သောအခါ အနိုင်ရလေသည်။ နောက်တရက် ၂-ရက် ဆိုင်းပြီး ပန်းဝါသို့ ချီတတ်တိုက်ခိုက်ပြန်ရာ အကြီးပြုသူ အင်္ဂလိပ်စစ်ဗိုလ်နှင့် စစ်ဗာရီကုလားများ သေကျေပျက်စီး သည့်ပြင် စစ်သုံ့ပန်းအများ လက်နက်အများ ရရှိလိုက်လေသည်။
နေပြည်တော်သို့ ပြန်ရောက်သောအခါ ဝန်ကြီးခန့်ထားခြင်းခံရ၍ တိုင်းရေးပြည်မှုများကို စီရင်ရလေသည်။ သက္ကရာဇ် ၁၈၃၀-ခုနှစ် ဘကြီးတော်လက်ထက်တွင် မြဝတီဝန်ကြီး ဖြစ်ပြန်သည်။ ဘကြီးတော်နန်ကျ၍ သာယာဝတီမင်းနန်းတတ်သောအခါ နန်းမတော်မယ်နု၊ စလင်းမင်းသားကြီးမောင်အို တို့၏ အပင်းအသင်းဖြစ်သည်ဟု ဆိုကာ ထောင်သွင်း အကျဉ်းချထားခြင်းကို ခံရလေသည်။
ဘုရင့်သမီးတော် စုဘုရားကြီး၏ တိုက်တွန်းတော်မူချက်အရ ထောင်တွင်းမှပင် “ကုန်းဘောင်နေမင်း၊ ဘုန်းရောင်ဝေရှင်း၊ တောင်ဒီပါ ထိန်ထိန်လင်း” အစရှိသော ဘုန်းတော်ဘွဲ့သီချင်းကြီးကို ရေးသား၍ သမီးတော် စုဘုရားကြီးမှ တဆင့် ဆက်သွင်းရာ၊ မင်းတရားကြီး အမျက်တော်ပြေ၍ ထောင်မှလွှတ်တော်မူလေသည်။ ဦးစကား မင်းတုန်းမင်းတရားကြီး လက်ထက်တွင်အမှုတော်ထမ်းရွက်နေလျက် သက္ကရာဇ် ၁၂၁၅-ခုနှစ် ဝါခေါင် လဆန်း ၁-ရက်နေ့ အနိစ္စရောက်သတည်း။
ဝေမင်း
စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Subscribe to:
Post Comments (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ

သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
တစ်ချို. က တွေးကြမှာပါ ထိုင်းရောက်မြန်မာအလုပ်သမားတွေအနေနဲ. ကိုယ့်နိုင်ငံကို ကိုယ်ပြန်ပြီးလုပ်စားလဲရတာပဲ ၊ ဒီလောက် ခံနေရတာတောင် ဘာလို.ဆက်နြေ...
-
( ပရော်ဖက်ဆာဒေါက်တာကြွက် စာမျက်နာမှ ကူးယူဖော်ပြသည်) မိအေးအော်တာပဲ ပြမနေကြပါနဲ. ဂဏာန်းလှပ်တာလေးလဲမြင်အောင် ပြပေးကြပါ...... မြန်မာတွေ မြန...
-
ဇီဝဗေဒ Biology studies the variety of life (clockwise from top-left) E. coli , tree fern , gazelle , Goliath beetle ဇီဝဗေဒဘာသာရပ...
-
Written by Won Thar Nu ...
-
S Pass S Pass ဟာ ၂၀၀၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ EP Q2 ကို အစားထိုးခဲ့တဲ့ Pass အသစ်ဖြစ်ပါတယ်။ S Pass ရဲ့ အနက်အဓိပ္ပာယ်ကို သက်ဆိုင်ရာ Webs...
-
စစ်ခရာသံများ စစ်တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး အောင်မျိုးမင်းသည် စစ်တက္ကသိုလ် ဗိုလ်လောင်းများအား စစ်ခရာသံများနှင့် ပတ်သက်၍ ကြာ...
-
[color=cyan]ဗုဒ္ဓဘာသာ website များ www.dhammadownload.com www.dhammanet.org www.edhamma.com www.mora.gov.mm www.dhammasearch.net မြ...
-
ထိုင်းတီဗီ 9 လိုင်းက အင်တာဗျူး ကောင်းတဲ့ တစ်ယောက်နဲ. ထိုင်းဘုရင့် သမီးတော်(တတိယ) စကားပြောကြတဲ့နေရာမှာ မှတ်သားလောက်တဲ့ စကားတစ်ခွန်း ကြား...
-
ဗန်းမော်တင်အောင် ( သို့မဟုတ် ) ပြည်သူ့ဘက်ကရပ်တည်ခဲ့သော စာရေးဆရာကြီး သိပ္ပံချစ်သူ ဧပြီ ၂၂၊ ၂၀၁၁ ပြည်သူ့ဘက်က ရပ်တည်၍ ပြည်သူကို ...
No comments:
Post a Comment