.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Wednesday, April 20, 2011

မြန်မာအမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံတွင် အဓမ္မ လက်ထပ်ရန် ရောင်းချခဲ့သူများကို ဖမ်းဆီးမိခဲ့


အတွဲ ၂၆ ၊ အမှတ် ၅၁၃ (၈ - ၁၄ ၊ ၄ ၊ ၂၀၁၁)
မြန်မာအမျိုးသမီးတစ်ဦးအား တရုတ် နိုင်ငံဘက်သို့ ပို့ဆောင်ကာ တရုတ်နိုင်ငံ သားတစ်ဦးနှင့် အဓမ္မလက်ထပ်စေခဲ့မှု တစ်ခု မတ်လ အတွင်းက ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ စီမံ/လေ့ကျင့်ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်ပွားပုံမှာ မိုးမိတ်မြို့နေ အသက် ၂၅ နှစ်ရှိ နေလင်းက ၎င်း၏ဇနီးဖြစ်သူကို မိုးမိတ်မြို့နယ်၊ ရေပိုးရွာနေ တင်ရွှေ က တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ခေါက်ဆွဲ ဆိုင်တစ်ဆိုင်တွင် အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်သွားကာ တရုတ် နိုင်ငံ၊ နောင်ခန်ရွာနေ မအေးပိန်နှင့် မအေထွေးတို့မှတစ်ဆင့် တရုတ်အမျိုး သားတစ်ဦးနှင့် လက်ထပ်ရန်အတွက် ရောင်းစားခဲ့ကြောင်း မူဆယ်လူကုန်ကူး အထူးအဖွဲ့သို့ တိုင်တန်းခဲ့သည်။
ထို့ကြောင့် မူဆယ်လူကုန်ကူးအထူး အဖွဲ့က တရုတ်နိုင်ငံ၊ ရွှေလီလူကုန်ကူး အထူးအဖွဲ့နှင့် ဆက်သွယ်၍နမ့်ခမ်းမြို့ နယ်၊ နမရွာနေ မအေးပိန်နှင့် မအေထွေး တို့အား
တရုတ်နိုင်ငံ၊ နောင်ခန်ရွာ၌ မတ်လ ၂၂ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး မြန်မာနိုင်ငံသို့ လွှဲပြောင်းပေး ခဲ့သည်။
၎င်းတို့၏ စစ်ဆေးခံချက်အရ အဆိုပါအမျိုးသမီးအား ရွှေလီမြို့ရှိ ခေါက်ဆွဲဆိုင်တွင် တစ်ရက်လျှင် ကျပ် ၅,၀၀၀ ဖြင့် အလုပ်ရရှိ မည်ဟု ဆိုကာ ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လခန့်က လိမ် လည်ခေါ် ဆောင်လာခဲ့ပြီး တရုတ်နိုင်ငံ၊ နောင်တောင်းမြို့ရှိ မယ်ပထံတွင် ယွမ်ငွေ ၁၄,၀၀၀ ဖြင့် အဓမ္မလက်ထပ် ရန် ရောင်းချခဲ့သည်ဟုဆိုသည်။
ထို့ကြောင့် တင်ရွှေ၊ မအေးပိန်နှင့် မအေထွေးတို့အား မူဆယ်ရဲစခန်း၊ (ပ) ၆၄ /၂၀၁၁၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၆၆ ဖြင့် အမှုဖွင့် အရေးယူထားပြီး လူကုန်ကူးခံရသူအမျိုးသမီးအား ပြန် လည်ကယ်တင်နိုင်ရေးအတွက် ရွှေလီ နယ်စပ်ဆက်ဆံရေးရုံးနှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိသည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ