စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Showing posts with label နိုင်ငံရေး. Show all posts
Showing posts with label နိုင်ငံရေး. Show all posts
Sunday, May 20, 2012
Sunday, December 18, 2011
ထိုင်းဝန်ကြီးချုပ်ခရီးစဉ်
ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်န၀ပ်သည် ၄င်းမြန်မာနိုင်ငံကို
သွားရောက်သည့် အခါ မြန်မာ့ ဒီမိုကရေစီ ရေးခေါင်းဆောင် ဒေါ်အောင်
ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု ယမန့်နေ့က ပြောဆို လိုက်ပါသည်။ သူသည်
နေပြည်တော်တွင် ဒီဇင်ဘာလ ၁၉ ရက်နေ့၌ စတင် ကျင်းပမည့် နှစ်ရက်ကြာ GMS ခေါ်
မဟာ မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများ ထိပ်သီး ညီလာခံကို တက်ရောက်
မည်ဖြစ်သည်။ ၄င်းခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်
ရှိသည်ဟု ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်န၀ပ်က ပြောကြားခြင်း ဖြစ်ပါသည်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ ထူးခြားတဲ့ အမျိုးသမီးတစ်ဦး ဖြစ်တယ်။ ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတွေ့တဲ့အခါ သဘောထား အမြင်ချင်းဖလှယ်ကြမှာ ဖြစ်တယ်လို့ပြောပါတယ်။”
ထိုင်းဝန်ကြီးချုပ် တစ်ဦး အနေနှင့် ပထမဆုံး အကြိမ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့် အစီအစဉ်ဖြစ်သည်ဟု ထိုင်းနိုင်ငံ ခြားရေးဝန်ကြီး ဌာနပြောခွင့်ရပုဂ္ဂိုလ် Thani Thongphakdi က ပြောပါသည်။ ထိုင်းနိုင်ငံခြားရေး ၀န်ကြီး Surapong Tovichakchaikul ကလည်း ၀န်ကြီးချုပ် ယင်းလပ်ရှင်န၀ပ်၏ ခရီးစဉ်တွင် အတူလိုက်ပါသွားမှာဖြစ်သည်ဟု ထိုင်းနိုင်ငံခြားရေးဝန် ကြီးဌာနက ပြောပါသည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် GMS မဟာမဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများ ထိပ်သီး ညီလာခံကို တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ကြမှာ ဖြစ်ပါသည်။

Friday, November 4, 2011
နိုင်ငံရေးအကျဉ်းသား ၆၀၀ လောက် မကြာခင် လွတ်ဖွယ်ရှိ
2011-11-03
နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၆၀၀ လောက်ကို သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ထုတ်ပြန်ပေးမယ်လို့ နေပြည်တော်နဲ့ အန်အယ်လ်ဒီ ပါတီ အသိုင်းအဝိုင်းက သတင်းရပါတယ်။
Photo: RFA
၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က
ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် ချိတ်ဆွဲခဲ့သည့်
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ပိုစတာ ဖြစ်ပါသည်။
အမေရိကန် ထိပ်တန်း ကိုယ်စားလှယ်တွေ နေပြည်တော်မှာ ဒီမိုကရေစီရေးဆွေးနွေး
By ခင်မျိုးသက်
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပို့စနာနဲ့
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် ဒဲရစ်မစ်ချဲလ်တို့ဟာ
ကြာသပတေးနေ့က နေပြည်တော်မှာ မြန်မာအစိုးရသစ်အဖွဲ့ဝင် ဒုတိယနေ့
ဆွေးနွေးပွဲတွေပြုလုပ်ခဲ့ပြီး ဒီကနေ့ သောကြာနေ့မှာတော့ ရန်ကုန်မှာ
အဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ အမေရိကန်
နိုင်ငံခြားရေးဌာနက VOA ကိုပြောပါတယ်။
သောကြာနေ့မှာတော့ အမေရိကန်သံတမန် ၂ ဦးဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အတည်ပြုပြောကြားခဲ့ပါတယ်။ ဒီသတင်းကို ဆက်သွယ်စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက်က အပြည့်အစုံတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိလာစေဖို့ မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ ရော နိုင်ငံတကာ အဖွဲ့အစည်းတွေအပြင် လူမှုလူ့အဖွဲ့အစည်း အသီးသီးနဲ့ပါ ကျယ်ပြန့်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့ ပြောဆိုခဲ့တဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မို်က်ကယ်ပို့စနာနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးသံတမန် ဒဲရက်မစ်ချဲလ်တို့ဟာ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပါတယ်။ ကြာသပတေးနေ့မှာတော့ သူတို့ ၂ ဦး ဟာ နေပြည်တော်မှာ ဒုတိယနေ့ ဆက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောပါတယ်
“လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပို့စနာနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် မူဝါဒညှိနှိုင်းရေးမှူး ဒဲရက်မစ်ချဲလ်တို့ဟာ မြန်မာနိုင်ငံမှာရှိနေပြီးတော့ နိုဝင်ဘာလ ၃ ရက်နေ့မှာ နေပြည်တော်မှာ ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲတွေမှာ နိုင်ငံရေးအကျဉ်းသားတွေကိစ္စ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စနဲ့ တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်ရာဒေသတွေမှာ ဖြစ်ပွားနေတဲ့စစ်ပွဲဆိုင်ရာကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်”
ဒီဆွေးနွေးမှုတွေကို မြန်မာအစိုးရသစ်အဖွဲ့ရဲ့ ကာကွယ်ရေး၊ အလုပ်သမားရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနက ၀န်ကြီးတွေအပြင် ပြည်ထဲရေးဝန်ကြီးနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
“ဆွေးနွေးပွဲမှာ ပါဝင်တဲ့သူတွေကတော့ အလုပ်သမားနဲ့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ နေရာချထားရေးဝန်ကြီး ဦးအောင်ကြည်၊ နယ်စပ်ဒေသရေးရာ ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းထိုက်၊ ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး လှမင်းတို့ပါ။ ဒါ့အပြင် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး မိုက်ကယ်ပို့စနာကတော့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုနဲ့ တွေ့ဆုံခဲ့ပါတယ်”
ဒါဟာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပို့စနာရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပေမယ့် မစ္စတာမစ်ချဲလ်ကတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံအဖြစ်တာဝန်ယူခဲ့တဲ့ ၃ လနီးပါး အချိန်အတွင်းမှာ တတိယအကြိမ်မြောက် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ သောကြာ နေ့မှာ ရန်ကုန်မှာ အဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။
“လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပို့စနာနဲ့ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက် မစ်ချဲလ် တို့ဟာ နေပြည်တော်ကအပြန် နိုဝင်ဘာလ ၄ရက်နေ့မှာ ရန်ကုန်မြို့မှာ အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်”
အမေရိကန် ကိုယ်စားလှယ်၂ ဦးဟာ သောကြာနေ့မှာ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွါဖို့ ရှိပါတယ်။ မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ဆက်ပြီး ထားရှိတဲ့ အမေရိကန်အစိုးရက မြန်မာ အစိုးရသစ်အဖွဲ့ကို ခိုင်မာတဲ့ အပြောင်းအလဲ ခြေလှမ်းတွေလှမ်းဖို့ တောင်းဆိုခဲ့ပါတယ်။
အစိုးရသစ်အဖွဲ့အနေနဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုထက်ပိုပြီး အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ အပြင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့၊ တိုင်းရင်းသားတွေနဲ့ ဆင်နွှဲနေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းရေးနဲ့ နိုင်ငံတကာက စိုးရိမ်နေတဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ခုထက်ပိုပြီး ထင်သာမြင်သာ ရှိဖို့ပါ တောင်းဆိုနေတာပါ။
အမေရိကန် သံတမန် ၂ ဦးဟာ သောကြာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေဆုံဖို့ ရှိတယ်လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က VOA ကို အတည်ပြုပြောကြားခဲ့ပါတယ်။

Tuesday, October 11, 2011
လူရွှင်တော်ဇာဂနာ ထောင်ကလွတ်ပြီ
မြစ်ကြီးနား အကျဉ်းထောင်မှ ကိုသူရ(ခ) ဇာဂနာ ပြန်လည် လွတ်မြောက်လာကြောင်း ကိုဇာဂနာက
ခယ်မဖြစ်သူ မငြိမ်းက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။
"လွတ်လာတာတော့ သေချာပါပြီ။ ကိုသူရနဲ့ တိုက်ရိုက် အဆက်အသွယ်တော့
မရသေးပါဘူး။ အဆက်အသွယ်ရဖို့ လုပ်နေပါတယ်။ ထောင်က တာဝန်ရှိသူတွေနဲ့
စကားပြောပြီးပါပြီ။ အခုပဲ ထောင်ဗူးဝ ရောက်နေပြီလို့ ပြောပါတယ်" ဟု
ယနေ့နံနက် ၈ နာရီ အချိန်တွင် မငြိမ်းက ပြောကြားခဲ့ပါသည်။
မြစ်ကြီးနားတွင်ရှိနေသော ဒေသခံတစ်ဦးကလည်း ဇာဂနာ လွတ်မြောက်လာသည့် အဆိုပါ
သတင်းကို အတည်ပြု ပြောကြားပေးခဲ့ပါသည်။ မြစ်ကြီးနား အကျဉ်းထောင် အကျဉ်းသား
၈၀ကျော် ပြန်လည် လွတ်မြောက်လာခြင်းဖြစ်ကြောင်း အဆိုပါဒေသခံက ပြောပြပါသည်။
"မြစ်ကြီးနားကနေ စုစုပေါင်း ၈၇ ဦးလွတ်တယ်လို့ ကြားထားတယ်။ ကိုဇာဂနာကတော့
အထင်ရှားဆုံးပါပဲ"ဟု မြစ်ကြီးနားဒေသခံက နံနက်၈နာရီ ၁၀မိနစ်အချိန်တွင်
Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
ကိုဇာဂနာသည်
၂၀၀၈ခုနှစ် ဇွန်လဆန်းပိုင်းက စမ်းချောင်းရှိနေအိမ်၌ အဖမ်းခံခဲ့ရခြင်း
ဖြစ်ပြီး ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၅၉နှစ် ချမှတ်ခံခဲ့ရသူဖြစ်ပါသည်။
၂၀၀၉ခုနှစ် ဖေဖော်ဝါရီလတွင် အမှုသုံးမှုအတွက် တစ်မှုလျှင် ၈နှစ်စီဖြင့်
ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့ရာ ထောင်ဒဏ် ၃၅နှစ် အဖြစ်သို့ ပြောင်းလဲခဲ့ပြီးနောက်
ယခု ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်ပါသည်။
ထပ်မံရရှိသော သတင်းများကို ဆက်လက်ဖော်ပြသွားပါမည်။
Friday, September 30, 2011
မြစ်ဆုံစီမံကိန်းရပ်တံ့သည့် သတင်း ဒေါ်အောင်ဆန်းစုကြည် ကြိုဆို
by The Irrawaddy (Burmese Version) on Friday, September 30, 2011 at 5:36pm
ဧရာဝတီ Friday, 30 September 2011 17:33
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ယနေ့ တွေ့ဆုံအပြီးတွင် ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းလိုက်ပြီ ဆိုသော သတင်းအား ကြိုဆိုကြောင်း ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ယနေ့ တွေ့ဆုံဆွေးနွေးပွဲအပြီး တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
“ပြည်သူတွေရဲ့ စိုးရိမ်မှုတွေကို ထောက်ထားပြီးတော့ ဧရာဝတီမြစ်ဆုံ စီမံကိန်းရပ်ဆိုင်းဖို့ သမ္မတက လွှတ်တော်ကို သ၀ဏ်လွှာ ပေးပို့တယ်လို့ ကြားတယ်။ ပြည်သူ့အသံ နားထောင်တာ ကောင်းပါတယ်။ ဒီဟာက အစိုးရတိုင်း လုပ်ရမယ့် အလုပ်ပါ။ ပြည်သူ့အသံနားထောင်ရမယ်၊ ပြည်သူရဲ့ စိုးရိမ်မှုတွေကို
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ယနေ့ တွေ့ဆုံအပြီးတွင် ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းလိုက်ပြီ ဆိုသော သတင်းအား ကြိုဆိုကြောင်း ပြောသည်။

“ပြည်သူတွေရဲ့ စိုးရိမ်မှုတွေကို ထောက်ထားပြီးတော့ ဧရာဝတီမြစ်ဆုံ စီမံကိန်းရပ်ဆိုင်းဖို့ သမ္မတက လွှတ်တော်ကို သ၀ဏ်လွှာ ပေးပို့တယ်လို့ ကြားတယ်။ ပြည်သူ့အသံ နားထောင်တာ ကောင်းပါတယ်။ ဒီဟာက အစိုးရတိုင်း လုပ်ရမယ့် အလုပ်ပါ။ ပြည်သူ့အသံနားထောင်ရမယ်၊ ပြည်သူရဲ့ စိုးရိမ်မှုတွေကို
Saturday, August 6, 2011
NLD နဲ့ မိမိ တသားတည်း ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
2011-08-05
အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီကနေ သီးခြား ခွဲထုတ် နေတယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ မဟုတ်မှန်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP အစည်းအဝေးမှာ ငြင်းဆို သွားတယ်လို့ သိရပါတယ်။
(Photo: AFP)
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ၂၀၁၀ ခုနှစ်
နိုဝင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
ဌာနချုပ်ရုံးသို့ ရောက်ရှိလာပြီး ပြည်သူများကို နှုတ်ဆက်နေစဉ်။ (Photo: AFP)
Tuesday, August 2, 2011
အာဆီယံပါလီမန်များ ၃၂ ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံအား အဖွဲ့ဝင်အဖြစ် သတ်မှတ်မည်
Published on August 2, 2011 by အံ့ဘုန်းမြတ် ·
အာဆီယံ
ပါလီမန်များရဲ့ ၃၂ ကြိမ်မြောက် အစည်းအဝေး (AIPA) Asean Interparliamentary
Assembly Meeting) မှာ မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ် သတ်မှတ်ဖို့
အစီအစဉ် ရှိနေပါတယ်။

ဒီလိုသတ်မှတ်ဖို့
ရှိနေတာနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော် အစိုးရ၏ ကတိများ၊
အာမခံချက်များနှင့် တာဝန်ခံ ထားရှိမှုတွေကို စိစစ်ရမယ့် ကော်မတီဥက္ကဋ္ဌ ဒေါက်တာ
အေးမောင်က အခုလို
Monday, July 25, 2011
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေး ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အတွက် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်
Sunday, July 24, 2011
မြန်မာနိုင်ငံ ဖြစ်ပေါ်တိုးတက်မှု တရုတ် ချီးကျူး
မြန်မာနိုင်ငံက သူ့နိုင်ငံအခြေအနေအရ ရွေးချယ်တဲ့လမ်းကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လေးစားသင့်တယ်လို့ ARF အာဆီယံ ဒေသတွင်း လုံခြုံရေးအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ကျိချီ (Yang Jiechi) က ပြောကြားခဲ့ပါတယ်။
လွှတ်တော်ကရွေးချယ်တဲ့ အစိုးရသစ်နဲ့ အရပ်သားအစိုးရအသွင်ကို ငြိမ်းငြိမ်းချမ်းချမ်း ကူးပြောင်းခဲ့တာဟာ ထူးခြားပြီး ဒီတိုးတက်မှုအပေါ်မှာ တရုတ်နိုင်ငံက ကြိုဆိုတယ်လို့လဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ ဖွံဖြိုးတိုးတက်ရေး အတွက် အာဆီယံအဖွဲ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ပါ တရုတ်နိုင်ငံက လက်တွဲလုပ်သွားဖို့
မြန်မာစစ်အစိုးရအား လက်နက်ပစ္စည်းထောက်ပံ့သည့် အိန္ဒိယအစိုးရကို ဆန္ဒပြခဲ့

ဆန္ဒပြပွဲကို ဘားမားစင်တာ Burma Center Delhi က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ဒေလီရောက် ကချင်၊ ရခိုင်၊ ကရင်တိုင်းရင်းသားများနှင့် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားသည့် အဖွဲ့ အစည်းအသီးသီးမှ ကိုယ်စားလှယ် စုစုပေါင်း ၁၀၀ နီးပါးခန့် ပါဝင်ခဲ့ကြသည်။
ဆန္ဒပြသူများအနေဖြင့် ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးလိုလားကြောင်း၊ အိန္ဒိယအစိုးရက မြန်မာစစ်အစိုးရကို
မြန်မာအစိုးရ ကြိုက်ရာလမ်းရွေးဖို့ ဟီလာရီ် ပြောဆို

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာပြုလုပ်တဲ့ အာစီယံဒေသဆိုင်ရာ လုံခြုံရေးအစည်းအဝေးမှာ သူက အခုလို ပြောလိုက်တာပါ။ အရပ်သားအစိုးရ လမ်းကြောင်းကို
Friday, July 22, 2011
မြန်မာ အစိုးရမှာ ဘဏ္ဍာရေးပြဿနာ ပေါ်နေပြီ လို့ NCUB က ထောက်ပြ
၂၀-၇-၂၀၁၁ RFA မှ ကူးယူဖော်ပြသည်
နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ သုံးလ အတွင်း လူနှစ်သောင်းကျော်
အလုပ် လက်မဲ့ ဖြစ်သွားရတာဟာ မြန်မာနိုင်ငံမှာ ဘဏ္ဍာရေး ပြဿနာ ပေါ်ပေါက်နေပြီ
ဆိုတာ ညွှန်ပြနေတာ ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ
NCUB က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဘဏ္ဍာရေး ပြဿနာကြောင့် ငွေကြေး ဖေါင်းပွမှုနဲ့အတူ ဈေးကွက် ထိခိုက်မှုတွေ ပေါ်ပေါက်လြာ့ပီး လစာနည်း အစိုးရ၀န်ထမ်းတွေ၊ တပ်မတော်သားတွေ၊ ရဲဝန်ထမ်းတွေ အပါအ၀င် ပြည်သူအများ စားဝတ်နေရေး ဒုက္ခတွေ ပိုမို ဖိစီးလာနိုင်ကြောင်း၊ စစ်တပ်တွင်းမှာလည်း
နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ဟီလာရီ ကလင်တန် တောင်းဆို
မြန်မာနိုင်ငံတွင် အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့်
နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်းမရှိလျှင် နိုင်ငံတကာ
အသိုင်းအ၀ိုင်း၏ ယုံကြည်မှု ဆုံးရှုံးနေမည်ဟု
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ယနေ့ ပြောကြားလိုက်သည်။
“ကျမတို့
အလေးအနက်ထားတာက အကျဉ်းထောင်တွေထဲမှာ ဆိုးဆိုးရွားရွား ခံစားနေရတဲ့
နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ခြွင်းချက်မရှိ အစိုးရက လွှတ်ပေးဖို့ပဲ”
ဟု ဟီလာရီ ကလင်တန်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသော
အာဆီယံ-အမေရိကန် ဝန်ကြီးများအဆင့် ဆွေးနွေးပွဲတွင် ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် လူနည်းစု တိုင်းရင်းသားများ၊ နိုင်ငံရေးအတိုက်အခံများနှင့် အဓိပ္ပာယ်ရှိပြီး အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေးကို အကောင်အထည် ဖော်သင့်ကြောင်းလည်း ဟီလာရီ ကလင်တန်က ပြောသည်။
ဟီလာရီ ကလင်တန်က စစ်လက်နက် ထိမ်းချုပ်ရေးနှင့် ပတ်သက်ပြီး စိုးရိမ်မှု မြင့်မားလာကြောင်းလည်း

Thursday, July 21, 2011
မြန်မာအစိုးရကို ဖိအားပေးဖို့ အိန္ဒိယကို ၀န်ကြီး ကလင်တန် တိုက်တွန်း
By ဗွီအိုအေ (မြန်မာဌာန)
မြန်မာအစိုးရ အနေနဲ့ ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးရေး တိုက်တွန်းပေးဖို့ကိုလည်း အိန္ဒိယအစိုးရကို ၀န်ကြီး ကလင်တန်က သူမရဲ့ ၂ ရက်ကြာ အိန္ဒိယ ခရီးစဉ်အတွင်း ချနိုင်းမြို့မှာ ဒီကနေ့ တိုက်တွန်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အာရှ၊ ပစိဖိတ် ဒေသတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုတာမျိုးလို တာဝန်ယူမှု အသစ်တွေကို အိန္ဒိယက လုပ်ဆောင်သင့်တဲ့အကြောင်း၊ ဒေသတွင်း နိုင်ငံတွေရဲ့ အနာဂတ် အပြုသဘောဆောင်ပြီး တိုးတက်လာဖို့ အရေးမှာ အိန္ဒိယနိုင်ငံက အလားအလာကောင်း ရှိတဲ့နိုင်ငံ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
ပြီးခဲ့တဲ့လတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယ နိုင်ငံခြားရေးဌာန အတွင်းဝန် နရန် ပန်ဘာရောင်းတို့ တွေ့ဆုံခဲ့တဲ့ ကိစ္စဟာ တကယ်ပဲ ထူးခြားတဲ့ ကိစ္စတခုဖြစ်ပြီး ဆက်ပြီးတော့လည်း မြန်မာပြည်မှာ လူ့အခွင့်အရေး တိုးတက်မှုတွေ ရှိလာအောင် အိန္ဒိယက
Wednesday, July 20, 2011
အနာဂတ်မြန်မာ့နိုင်ငံရေးတွင် ဒေါ်စုကြည်၏အခန်းကဏ္ဍ သူမအပေါ်တွင်သာမူတည်ဟု ဦးကိုကိုလှိုင် ပြောကြား
ဦးကိုကိုလှိုင်
အနာဂတ်မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးအခန်းကဏ္ဍနဲ့ မြန်မာအစိုးရသစ်ရဲ့
အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စ ဖြစ်ပေါ်လာရေးဟာ ဒေါ်အောင်ဆန်းစုကြည်
အပေါ်မှာပဲ ပိုပြီးမူတည်နေတာဖြစ်ကြောင်းသမ္မတဦးသိန်းစိန်ရဲ့
နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်းဆောင်ဦးကိုကိုလှိုင် က RFA သတင်းဌာန နဲ့တွေ့ဆုံဆွေးနွေးခန်းတစ်ခုမှာထုတ်ဖော်
ပြောကြားလိုက်ကြောင်းသိရပါတယ်။
အစိုးရအဖွဲ့ရက်ပေါင်း ၁၀၀ အတွင်းဆောင်ရွက်မှုတွေအတွက်
Monday, July 11, 2011
ဒေါ်စု အာဇာနည်ဗိမာန် သွားမည်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သားငယ် ကိုထိန်လင်းနှင့် အတူ အင်္ဂါနေ့မနက်တွင် အာဇာနည်ဗိမာန်သို့ သွားရောက် ဂါရဝပြုမည်ဟု ပါတီတွင်း သတင်းရပ်ကွက်များက
ပြောသည်။
မနက် ၇ နာရီတွင် ရွှေတိဂုံဘုရားသို့ သွားရောက် ဖူးမျှော်ပြီးနောက် ရွှေတိဂုံဘုရား ခြေတော်ရင်း တောင်ဘက်မုခ်
အနီးရှိ ကွယ်လွန်သူ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်၏ အုတ်ဂူသို့ သွားရောက် ဂါရဝပြုမည်။ ထို့နောက် ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ဂူသွင်းမြှုပ်နှံရာ အာဇာနည်ဗိမာန်သို့ သွားရောက်ရန် စီစဉ်ထားသည်ဟု ဆိုသည်။ ဇွန်လ ၁၉ ရက်နေ့က အလည်အပတ် ရောက်ရှိလာသည့် သားဖြစ်သူ ကိုထိန်လင်းမှာ မနက်ဖြန် ညပိုင်းတွင် နေရပ်ရင်း ဗြိတိန်နိုင်ငံသို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။
ထို့အပြင် အာဏာပိုင်များက ဖိတ်ကြားလျှင် ဇူလိုင် ၁၉

ဗိုလ်ချုပ်အောင်ဆန်းနှင့်
အာဇာနည်ခေါင်းဆောင်ကြီးများ ဂူသွင်းမြှုပ်နှံရာ အာဇာနည်ဗိမာန်သို့
ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကိုထိန်လင်း သွားရောက်ရန် စီစဉ်ထား
(ဓါတ်ပုံ မဇ္ဈိမ)
ရက် အာဇာနည်နေ့တွင် လွမ်းသူ့ပန်းခွေချကာ ဂါရဝပြုမည်ဟု တနင်္လာနေ့ မနက်ပိုင်းတွင် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ ပြုလုပ်သည့်
သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို
ပြောကြားခဲ့သေးသည်။
“မနက်က သတင်းထောက်က မေးတော့ ဖိတ်ရင်သွားမှာပေါ့တဲ့။ အခုထက်ထိ ဖိတ်သေးပုံ မပေါ်ဘူးခင်ဗျ။ NLD ကတော့ ကျနော်တို့ အစီအစဉ်နဲ့ ကျနော်တို့ ရှိပါတယ်။ အခမ်းအနားလုပ်မယ်” ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
သို့သော် မနက်ဖြန် အာဇာနည်ဗိမာန် သွားရောက်မည့် အစီအစဉ်ကိုမူ သေချာစွာ မသိရသေးဟုဆိုကာ သူက “ကျနော်ကြားတာက နက်ဖြန် ခရီးစဉ်တခု ရှိတယ်လို့ပဲ ကြားပါတယ်။ ဘယ်ရယ်ဘာညာ မသိပါဘူး” ဟု ဆိုသည်။
၁၉၈၈ ခုနှစ်မှစ၍ မြန်မာပြည်သို့ ပြန်ရောက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် အာဇာနည်ဗိမာန်သို့
သွားရောက် ဂါရဝပြုခွင့်မှာ ၈ ကြိမ်သာ ရရှိခဲ့သည်။ ၂ဝဝ၂ ခုနှစ်တွင် နောက်ဆုံးအကြိမ်
Sunday, July 10, 2011
မြန်မာ့ခရီးသွားလုပ်ငန်း ၂၅% တိုးလာ
By မသိင်္ဂီထိုက်
မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမှာ အခု ၂၀၁၁ ခုနှစ် ပထမ ၅ လအတွင်း နိုင်ငံတကာ ခရီးသည်ပေါင်း ၁၅၀,၀၀၀ ကျော် ၀င်ရောက်ခဲ့ပြီး ဒီပမာဏက အရင် ၂၀၁၀ နဲ့စာရင် ၂၅% လောက် တိုးလာတာလို့ မြန်မာ့ခရီးသွား လုပ်ငန်းရှင် တဦးက ပြောပါတယ်။
“မနှစ်ကနဲ့ ယှဉ်ရင်တော့ ၂၅% လောက် တက်တယ်လို့ ပြောရမှာပေါ့။ အိမ်နီးချင်း နိုင်ငံတွေကလည်း Tourism၊ အထူးသဖြင့် ထိုင်းကလည်း လူတွေက သိပ်မသွားချင်ကြတဲ့အခါ မြန်မာပြည်ကလည်း Awareness ဖြစ်လာတာပေါ့။ Destination Awareness ဖြစ်လာတဲ့
တင်အောင်မြင့်ဦး (Shit Lone) တိုင်းပြည်ကို သစ္စာဖေါက်နေခြင်း
တင်အောင်မြင့်ဦး ( Shit Lone) တရုပ်ပြည်အတွက် သူလျှိုလုပ်နေ တယ်။
မြန်မာပြည်ကမြေတွေကို နာမည်မျိုးစုံနဲ့ တရုပ်ပြည်ကို ရောင်းပေးနေတယ်။
ပဒုံမာကွင်းကိုဝယ်လိုက်တဲ့ ဒေါက်တာကိုကိုကြီး နောက်မှာ ထွန်းမြင့်နိုင်
ရှိတယ်။ ထွန်းမြင့်နိင်နောက်မှာတရုပ်ရှိတယ်။ တရုပ်ကလုပ်နိုင်အောင်
တင်အောင်မြင့်ဦးက
Saturday, July 9, 2011
ထောင်ကျဖူးသူကို အုပ်ချုပ်ရေးမှူးခန့်အပ်
2011-07-09
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် (၁၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးနေရာမှာ မူးယစ်ဆေးဝါးမှု နဲ့ ထောင်ကျဖူးသူ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တဦးကို အစားထိုး ခန့်အပ်လိုက်တာနဲ့ ပတ်သက်ပြီး ရပ်ကွက်နေ လူတချို့က မကျေနပ်တဲ့အတွက် ပြည်ထဲရေး ဝန်ကြီးဌာနကို လက်မှတ်ထိုး တိုင်ကြား ကန့်ကွက်ထားတယ်လို့ သိရပါတယ်။
Photo: RFA
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရုံးခွဲတခုရှေ့တွင် ပါတီအမှတ်တံဆိပ် ချိတ်ဆွဲထားပုံ ဖြစ်ပါသည်။ (Photo: RFA)
Subscribe to:
Posts (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ

သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
တစ်ချို. က တွေးကြမှာပါ ထိုင်းရောက်မြန်မာအလုပ်သမားတွေအနေနဲ. ကိုယ့်နိုင်ငံကို ကိုယ်ပြန်ပြီးလုပ်စားလဲရတာပဲ ၊ ဒီလောက် ခံနေရတာတောင် ဘာလို.ဆက်နြေ...
-
August 1, 2011 ရက် ၊ 5:02pm တွင် ပြည် တီ ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။ အပြစ်မဲ့ လမ်းသွားလမ်းလ...
-
[color=cyan]ဗုဒ္ဓဘာသာ website များ www.dhammadownload.com www.dhammanet.org www.edhamma.com www.mora.gov.mm www.dhammasearch.net မြ...
-
မှတ်မှတ်ရရ တသသ အပိုင်း(၃) (မင်းလွမ်းနောင်) ကျနော်တို. တသသ များ ၂၅၀ ခန်. ဟာ ဟောင်းနွမ်းနေပြီဖြစ်တဲ့ တပ်မတော်မှ ဖော ကား အိုအို...
-
မြန်မာ-ထိုင်း အလုပ်သမားရေးရာ ညှိနှိုင်းအစည်းအဝေး ထိုင်းနိုင်ငံ၌ ကျင်းပမည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ သ...
-
မောင်တော ဖက်ဝန်းချောင်းရခိုင်ရွာကို ကုလားတိက လိုက်လို့မီးတိုက်နိန်ကြောင်းနန့် မောင်တောမြို့ ဆီးရုံနားဖက်က ထောင်ချီတက်လာရေ လူအုပ်ကြီးကို...
-
ထိုင်းနိုင်ငံ ရေးဘေးဒုက္ခသည် မြန်မာပြည်သားတွေအတွက် ရွှေတွံတေးဆရာတော်နဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး FED အဖွဲ့တို့ ပူးေ...
-
(မောင်ကျောက်ခဲ) က ပ စမှ စစ်အင်ဂျင်နီယာများကိုယ်တိုင် ရခိုင်သို့ တတက်သွားပြီးဖြစ်ကြောင်း သတင်းရရှိပါသည် ။ ထို့ကြောင့် တိုက်ပွဲများတွင် ...
-
S Pass S Pass ဟာ ၂၀၀၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ EP Q2 ကို အစားထိုးခဲ့တဲ့ Pass အသစ်ဖြစ်ပါတယ်။ S Pass ရဲ့ အနက်အဓိပ္ပာယ်ကို သက်ဆိုင်ရာ Webs...