.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Saturday, July 9, 2011

ထောင်ကျဖူးသူကို အုပ်ချုပ်ရေးမှူးခန့်အပ်

2011-07-09
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် (၁၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးနေရာမှာ မူးယစ်ဆေးဝါးမှု နဲ့ ထောင်ကျဖူးသူ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တဦးကို အစားထိုး ခန့်အပ်လိုက်တာနဲ့ ပတ်သက်ပြီး ရပ်ကွက်နေ လူတချို့က မကျေနပ်တဲ့အတွက် ပြည်ထဲရေး ဝန်ကြီးဌာနကို လက်မှတ်ထိုး တိုင်ကြား ကန့်ကွက်ထားတယ်လို့ သိရပါတယ်။
Photo: RFA
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရုံးခွဲတခုရှေ့တွင် ပါတီအမှတ်တံဆိပ် ချိတ်ဆွဲထားပုံ ဖြစ်ပါသည်။ (Photo: RFA)
လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျခဲ့ဖူးသူ ဦးပြေသိမ်းကို ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် ပြီးခဲ့တဲ့ သီတင်းပတ်က ခန့်အပ်ခဲ့တာပါ။ ဒီကိစ္စဟာ အခြေခံဥပဒေနဲ့ မညီညွတ်ဘူးဆိုပြီး (၁၂) ရပ်ကွက်အတွင်းက လူ ၆ဝ ကျော် လက်မှတ်ရေးထိုးပြီး ပြည်ထဲရေးဌာနကို ကန့်ကွက်စာ တင်ခဲ့သလို တောင်ဥက္ကလာပမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကိုလည်း မိတ္တူ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ရာဇဝတ်မှု ကျူးလွန်ခဲ့သူကို ရပ်ကွက် အုပ်ချုပ်ရေးမှူး ခန့်အပ်တာဟာ အခြေခံဥပဒေနဲ့ မညီညွတ်တဲ့အတွက် သူ့အနေနဲ့ လွှတ်တော်အတွင်းကိုတင်ပြပြီး ကန့်ကွက်သွားမယ်လို့ ဦးဖုန်မြင့်အောင် က RFA ကို ပြောပါတယ် ။

“တယောက်နဲ့ တယောက် အကြောင်းသိတွေ ဆိုတော့ သူတို့က ရက်စွဲနဲ့ အမှုအတိအကျနဲ့၊ မူးယစ်ဆေးဝါးအမှု ပေါ့ဗျာ စာနဲ့ပေနဲ့ ရေးတာကိုး။ ပိုင်ပိုင်နိုင်နိုင် ရေးတာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ထောင်ထွက် မဟုတ်ရဘူးဆိုတာ ပါတာပေါ့။ ကျနော့်အနေနဲ့ လွှတ်တော်မှာ ပြောရတော့မှာပေါ့ဗျာ”

တောင်ဥက္ကလာပ မြို့နယ် အပါအဝင် ရန်ကုန်တိုင်း မြို့နယ် အများစုမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ရပ်ကွက် အုပ်ချုပ်ရေးမှူး အတော်များများကို အသစ်ပြောင်းလဲ ခန့်အပ်ခဲ့ရာမှာ အားလုံးဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေ ဖြစ်ကြပါတယ်။ အရင် စစ်အစိုးရလက်ထက် ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင် မဟုတ်သူတွေလည်း ပါဝင်ခဲ့ပါတယ်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ