.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Monday, April 9, 2012

မတူတာတွေ ဘေးဖယ်ထားလိုက်စမ်းပါ


  ဆောင်းပါးရှင်  တောသားကြီး
     
 မြန်မာပြည်မှာ လူမုန်းအများဆုံး အလုပ်က စစ်သား အလုပ်ပါ၊ အရင်က ပြည်သူချစ်သောတပ်မတော်သားတွေကို အခုမုန်းလိုက်ကြတာ ဘောင်းဘီရှည်မြင်ရင် တရုပ်မတောင် ကြည့်မရဘူးဆိုဘဲ ၊ စစ်သားဆိုတာတကယ်မုန်းစရာ
ကောင်းလို့လား။ ဘာတွေဖြစ်ခဲ့လို့ စစ်သားတွေကို ဒီလောက်မုန်းနေရတာလဲ ။

         စစ်သားဆိုတာ  အဆင့်ဆင့်သော အထက်အရာရှိရဲ့ အမိန့်ကို အဆင့်ဆင့် နာခံရတာပါ မိမိခေါင်းဆောင်က အနောက်မှာနေထွက် အရှေ့မှာ နေ၀င်တာဟုတ်သလားလို့ ခေါင်းဆောင်ကမေးရင် ဟုတ်တယ် လို့ဖြေရတဲ့
လူတန်းစားပါ။ ဒါလဲအပြစ်ပြောစရာမဟုတ်ပါဘူး၊အမိန့်မနာခံရင် တိုင်းပြည်အတွက် လိုအပ်ရင် ဘယ်သူက
အသက်သေမဲ့တောင်ကုန်းတွေ၊မိုင်းတွင်းတွေထဲမှာအမိန့်အတိုင်း အသက်ပေးမှာလဲ။  စစ်သားအမိန့်နာခံတာ
စစ်ဥပဒေကိုလိုက်နာတာပါ။အမိန့်မနာခံရင် အာဏာဖီဆန်မှု၊ မှားယွင်းတဲ့အမိန့်ကိုနာခံမိလို့ ပြဿနာဖြစ်ပြန်ရင်
လဲ ဥပဒေနဲ့မညီသော အမိန့်အားနာခံမှု အဲလိုနည်းနဲ့အရေးယူခံရမှာပါ။

        လူတွေဟာ  မချစ်တော့ရင် အပြစ် အလိုလိုမြင်လာကြတာပါ ၊ စစ်တပ်ထဲမှာ ပြဿနာတွေရှိနေတယ် ဆိုတာ
လုံးဝ မငြင်းနိုင်ပါဘူး၊ ဒါပေမဲ့ အဲဒီပြဿနာတွေရဲ့ ဇစ်မြစ်က ဘာလဲ၊ အာဏာရှင်တွေကို  ကာကွယ်ခဲ့လို့လား ၊ဒီကိစ္စက ခင်ဗျားတို့လို  ပြည်သူတွေမှာလဲ  တာဝန်ရှိပါတယ်။  စစ်သားတွေက နိုင်ငံတော် အား  ပုန်ကန်စေချင်တဲ့ဆန္ဒတွေ
အစား  ငြိမ်းချမ်းစွာ တိုင်းပြည်တိုးတက်အောင်၊ ပြည်သူချစ်သော တပ်မတော်ဖြစ်အောင်၊ အာဏာရှင်တွေရဲ့ လက်
ကိုင်တုတ် ဘယ်တော့မှမဖြစ်အောင်  အားလုံးက ဆန္ဒပြင်းပြနေစေချင်တယ်။ ထိမ်းသိမ်းစေချင်တယ် ။ ခင်ဗျားတို့ကျုပ်တို့ ချစ်တဲ့ ပြည်ထောင်စုကြီးရဲ့  အရှိတရားနဲ့  အနာဂတ်ရပ်တည်မှုမှာ တပ်မတော်ဆိုတာ အင်အားတောင့်တင်းပြီး
မှန်ကန်စွာ ရပ်တည်နေတဲ့ အင်အားစုကြီးဖြစ်အောင်  ပြုစုပျိုးထောင်စေချင်တယ်။

      ကျေးဇူးပြုပြီး  စစ်သား(တပ်မတော်နဲ့) ပြည်သူကို  သွေးကွဲစေမဲ့  စကားလုံးတွေ ခင်ဗျားတို့ မသုံးနှုံးကြပါနဲ့
ခင်ဗျားတို့ က ကမ်းလင့်ရင်  မိခင်မေတ္တာကို ငတ်မွတ်နေတဲ့  စစ်သားထုကြီးက  မိခင်ပြည်သူဆီ ပြန်လာမှာပါ ယုံပါ။
နွေးထွေးပါ၊ ရိုင်းပင်းပါ၊ ခင်ဗျားတို့ရဲ့  ပါးစပ်တွေက  စစ်သားတွေရဲ့ သေနတ်တွေထက် ပိုပြီးထိရောက်ပါတယ်၊ စစ်သားတွေ က  ကျည်သံ၊ဗုံးသံ၊အမြောက်သံတွေကို  ခင်ဗျားတို့ထက် မကြားလိုသူတွေပါ၊။ ခင်ဗျားတို့ပြည်သူလူထုကြီးက မဟာပထ၀ီမြေကြီး လို ကျင့်ကြံပေးပါ။ လူမိုက်ပဲဖြစ်ဖြစ် ၊လူလိမ္မာပဲဖြစ်ဖြစ် မြေကြီးက အမြဲတမ်းထမ်းထားတာပါ၊ အပြစ်ရှိခဲ့တယ်ဆိုရင်တောင်မှ  အမိန့်နဲ့ တာဝန်တွေအတွက် နှလုံးသားတွေကို ပေးဆပ်
နေရတဲ့  ကိုယ့်သားသမီးတွေလို သဘောထားပေးပါ၊ ခွင့်လွှတ်ပေးပါ။
        သေချာပါတယ်၊  စစ်သားတွေဟာ   ခင်ဗျားတို့ရဲ့   သွေးသားတွေပါပဲ -------။-------။







တောသားကြီး

1 comment:

Minlwannaung.blogsport.com said...

ကျေးဇူးတင်ပါတယ် တောသားကြီး ခင်ဗျာ ..း)

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ