.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Monday, April 9, 2012

ဘင်္ဂလားဒေ့ရှ်အကြောင်း တစေ့တစောင်း (အပိုင်း၂)



ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တိုင်းပြည် GDP အတွက် ပြည်ပရောက် အလုပ်သမားများကို အားထားရကြောင်း တင်ပြခဲ့ပြီး ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် အလုပ်သမားများသည် ပြည်ပသို့ တရားဝင်နည်းလမ်းများကို သုံး၍ ထွက်ခွာသလို တရားမဝင် လူကုန်ကူးသော နည်းလမ်းများဖြင့်လည်း ပြည်ပနိုင်ငံများသို့ ဝင်ရောက်လေ့ရှိသည်။
UNODC (United Nations Office on Drugs and Crime) မှတ်တမ်းများအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူကုန်ကူးမှုအများစုမှာ နယ်စပ်မှတဆင့် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ အများစုမှာ ပြည်ပနိုင်ငံများသို့ အလုပ်အကိုင် ရှာဖွေရန် ထွက်ခွာခြင်းဖြစ်သည်။ ထိုနိုင်ငံများမှာ India, Saudi Arabia, Kuwait, Jordan, UAE, Quatar, Lebanon, Iraq, Malaysia စသော နိုင်ငံများ အပါအဝင် ဖြစ်သည်။ ၁၉၉၇ မှ ၂၀၀၃ခုနှစ်အတွင်း ပြည်ပထွက်ခွာသော အလုပ်သမားများအနက် အမျိုးသမီးဦးရေသည် (၁)%သာ ရှိပြီး ၂၀၀၈ခုနှစ်တွင်မူ (၅)%အထိ မြင့်တက်ခဲ့သည်။ လူကုန်ကူးခံရသော ဘင်္ဂလားဒေ့ရှ်အလုပ်သမားအများစုသည် Saudi Arabia နှင့် Malaysia သို့ ဝင်ရောက် အလုပ်လုပ်ကိုင်ကြသည်။ အများစုသည် အောက်ခြေသိမ်း အလုပ်များဖြစ်သော စားသောက်ဆိုင်နှင့် ဟိုတယ်များ၊ ရုံးများတွင် သန့်ရှင်းရေးအလုပ်ကို လုပ်ကိုင်ကြရသည်။
ထိုသို့ ပြည်ပထွက်ခွာ အလုပ်လုပ်ရန်အတွက် ၄င်းအလုပ်သမားတို့၏ ရင်းနှီးမြှုပ်နှံမှုမှာလည်း မနည်းလှချေ။ အလုပ်သမား အများစုသည် အိမ်ရောင်း၊ လယ်ရောင်းရာမှ ရသောငွေဖြင့် အေဂျင့်ကိုပေးကာ စွန့်စားထွက်ခွာ လာသူများ ဖြစ်သည်။ တရားမဝင်နှုန်းထားများအရ အလုပ်သမားတစ်ဦးလျှင် သွားရောက်လိုသော နိုင်ငံအလိုက် US$4000~6000 အထိ အေဂျင့်ကို ပေးရသည်ဟု ဆိုသည်။ တရားဝင်နှုန်းထားမှာ US$ 1200~1500 ဝန်းကျင်သာ ရှိသော်လည်း နိုင်ငံအများစုမှ ဘင်္ဂလား အလုပ်သမားများကို ပါမစ်ထုတ်ပေးခြင်း မရှိတော့သောကြောင့် အခြားသော
နည်းလမ်းများကိုသုံး၍ ပြည်ပသို့ ထွက်ခွာကြရသည်။ ပြည်ပနိုင်ငံများတွင် တစ်လလျှင် လစာငွေ US$ 120~150 အတွင်း ရနိုင်သည်ဟု ဆိုသည်။
အလုပ်သမားအများစုတွင် တရားဝင်နေထိုင်ခွင့် ဗီဇာ မရှိပေ။ စစ်တမ်းများအရ Malaysia နိုင်ငံတွင် တရားဝင်၊ တရားမဝင် နေထိုင်သူ ဘင်္ဂလားဒေ့ရှ် အလုပ်သမားဦးရေသည် ၂၀၀၉ခုနှစ်တွင် ၅၀၀ ၀၀၀ ရှိပြီး ၂၀၁၁ခုနှစ်တွင် ၇၀၀ ၀၀၀ ဦး ဖြစ်သည်။ Malaysia နိုင်ငံသည် ၂၀၀၉ခုနှစ်မှ စတင်၍ ဘင်္ဂလားဒေ့ရှ်အလုပ်သမားများအား တင်သွင်းခြင်းကို တရားဝင်ရပ်ဆိုင်းခဲ့သည်။ ၂၀၀၉ခုနှစ်တွင် အလုပ်သမား ၅၀ ၀၀၀ အား ဗီဇာသက်တမ်းတိုးခွင့်ကို ပယ်ချခဲ့ပြီး ပါမစ်အသစ်လျှောက်ထားခြင်းများကိုလည်း ပိတ်ပင်ခဲ့သည်။ Malaysia မီဒီယာများ၏ ရေးသားချက်အရ ၁၉၉၁-၁၉၉၆ အတွင်း ဝင်ရောက်လာသော ဘင်္ဂလားဒေ့ရှ်များသည် မလေး မိန်းကလေးများနှင့် တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ အိမ်ရာထူထောင်ပြီးနောက်နိုင်ငံသားအဖြစ် ခံယူကာ လူကုန်ကူးမှုကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နေပါကြောင်း သိရပါသည်။
မည်သို့ပင် ဖြစ်စေကာမူ နိုင်ငံအများအပြားတွင် ဘင်္ဂလားဒေ့ရှ်လူမျိုးများ ပိုမိုများပြားလာသည် အမှန်ပင် ဖြစ်သည်။ ယခုလက်ရှိ ပြည်ပရောက် ဘင်္ဂလားဒေ့ရှ်ဦးရေသည် Saudi Arabia တွင် ၁ ၀၀၀ ၀၀၀၊ UAE တွင် ၅၀၀ ၀၀၀၊ Pakistan တွင် ၃ ၀၀၀ ၀၀၀ ၊ South Korea တွင် ၁၃၀ ၀၀၀၊ Malaysia တွင် ၇၀၀ ၀၀၀ နှင့် Maldives တွင် ၅၀ ၀၀၀ ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း တရားဝင်သာ စစ်တမ်းကောက်ယူရလျှင် မည်ရွေ့မည်မျှ တိုးပွားနေမည်လဲဟု ဝေခွဲမရဖြစ်ရင်း နိဂုံးချုပ်အပ်ပါသည်။
(ဗဟုသုတအဖြစ် ဖြည့်စွက်ပြောလိုပါသည်။ ဘင်္ဂလားဒေ့ရှ်မှ ထိုင်းနိုင်ငံသို့ တရားမဝင် ရေကြောင်းမှ ဝင်ရောက်သော ပေါက်ဈေးမှာ ရင်းဂစ် ၂၂၀၀၀ဖြစ်ပြီး ထိုင်းမှ မလေးရှားအရောက် ပေါက်ဈေးမှာ ရင်းဂစ် ၂၅၀၀ ခန့် ဖြစ်ကြောင်း မလေးရှားရောက် ဘင်္ဂလား အလုပ်သမားများထံမှ ကြားသိရပါသည်။)
..

  Qing Minya

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ