အဲ ...မြန်မာအချင်းချင်းသတ်တာတို. မြန်မာက ထိုင်းကိုသတ်တို. ဆိုရင် ဖြစ်စဉ်က အတော်နည်းပေမဲ့ ၇ ရက်မကြာဘူး တရားခံကိုဖမ်းမိတတ်တယ် ခင်ဗျ
ဟော အခု ဗြိတိန် နိုင်ငံသား ၂ဦး အသတ်ခံရတော့ မြန်မာအလုပ်သမားတွေကိုလွှဲချ မီဒီယာတွေမှာ ဖော်ပြ နောက်တော့ ဗြိတိန် သံရုံးက ဒုတိယအတွင်းဝန်ကိုယ်တိုင် ကွင်းဆင်းအခြေချ ပြီး တရားခံကိုလိုက် နောက်ဆုံး မြန်မာလူမျိုးမဟုတ်ပါဘူးဆိုတဲ့ အဖြေကိုရ ခဲ့တယ်။
အခုတခါ လမ်းဘေးမှာ ခွေး ၂ ကောင်ကို ကြိုးဆွဲချ သတ်တဲ့အမှု.မှာ ၇ ရက်မပြည့်ဘူး တရားခံကို မိပြန်ရော ။
ဒါပေမဲ့ မြန်မာတွေအသတ်ခံရတဲ့အမှု.တွေကတော့ အမှန်အတိုင်းပေါ်ပေါက်တယ်ဆိုတာ အိပ်မက်တစ်ခုလိုပါပဲ ။
ရိုင်းရိုင်းပြောရရင် ထိုင်းမှာ မြန်မာအလုပ်သမားတွေ ကို ခွေးလောက်တန်ဖိုးမထားဘူးဆိုတာ ပြလိုက်တာပါပဲ ။

ဓါတ်ပုံ ။ ။ ခွေးသတ်သည့် ခွေးသတ်တရားခံ
မင်းလွမ်းနောင် (ပန်းတနော်)
No comments:
Post a Comment