.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Showing posts with label FaceBook မှ အတွေးနှင့်အရေး. Show all posts
Showing posts with label FaceBook မှ အတွေးနှင့်အရေး. Show all posts

Sunday, October 19, 2014

" ကျွနုပ်သိသော အရေးများ "



ချစ်ကြည်ရေး ဆိုတဲ့ ခေါင်းစဉ် အောက် မှာ တို. နိုင်ငံသားတွေ အဖိနှိပ်ခံ ပြီးမတရားစွပ်စွဲတာကို အံ့ကြိတ်ပြီး ရုန်းကြွ အားကမမျှဘူးဖြစ်နေတယ် ။

ငြိမ်းချမ်းရေး ဆိုတဲ့ ခေါင်းစဉ် အောက်မှာလဲ လင်မဲ့မယား အဖမဲ့သား သားမဲ့ ဖေမေ တွေ မျက်ရည်တွေ ချောင်းဖြစ် ပြည်တွင်းစစ် ဆိုတာကြီးကလဲ မပြီးနိုင် ။

နိုင်ငံရေး ဆိုတဲ့ ခေါင်းစဉ်အောက် နေရာတစ်ခုမပျောက်စေဖို. အရာရာကိုချနင်း နှစ်ဦး သုံးဘက်ငြင်း ကြရင်း လုနေကြ ထိုင်ခုံ .... အသက်တွေလဲကုန်တော့မယ်။

အမျိုးသားရေးဆိုတဲ့ နဖူးစီး တအားသွေးနီးကြတာပေါ့ ဒါပေမဲ့ ဆွမ်းဆန်ထဲကြွက်ချေးရော အုတ်ရောရော ကျောက်ရောရောနဲ. နာမည်လို ငွေလို နေရာလို သူတွေအတွက် စားကျက် ဖြစ်
အမှန်စင်စစ်အမျိုးသားရေးသမားတွေအတွက် ဘေးဖြစ်စေခဲ့ရပြီ။

ဘာသာရေး ဆိုတဲ့ ခေါင်းစဉ်အောက် တို.သာသနာရောင်ဝါတောက်ပေမဲ့ လွတ်လပ်တဲ့ငါတို.မြေ သာသနာအရောင်တွေ လဲ အမျိုးမျိုး ရှိ ပဋိပက္ခဆိုတာကလဲ ခဏခဏ ၊ ခေါင်းဝင်ကိုယ်ဆန်.ကုလားအုပ်တွေနဲ. ဖြစ်လိုက်တဲ့ပြဿနာ အစကရှာမရ။

စီးပွားရေး ဆိုတဲ့ ခေါင်းစဉ် အကျင့်ပျက်ချစားမှု. ၊ ပိတ်ဆို.မှု. ၊ မွဲတေမှု. ၊ ချွတ်ခြုံကျမှု.တွေနဲ. တိုင်းရပ်ပြည်ခြား ထွက်သွားလို. ကျွန်ဖြစ် နွံနစ်ကြသူတွေကလဲ ဒုနဲ.ဒေ
မ ... စား၊ ပေါင်းစား ရင်းချမ်းသာသူတွေလဲရှိ ၊ အာဇိဝသမ္မာသမား အနည်းအပါးသာအဆင်ပြေ အဲ့ဒါ တို.တိုင်းပြည်ပါပဲ ။

ချစ်ကြည်ရေး ငြိမ်းချမ်းရေး နိုင်ငံရေး အမျိုးသားရေး ဘာသာရေး စီးပွားရေး ဒီ အရေး အရေး ဆိုတဲ့ အရေး မှန်သမျှ အားလုံးကို ခ၀ါချ
တစ်ကနေပြန်စချင်လိုက်တာ ။

မင်းလွမ်းနောင် (ပန်းတနော်)

Wednesday, September 17, 2014

ခွေးလောက်မှ တန်ဖိုးမထား ကြတာလား

ထိုင်းမှာ မြန်မာအလုပ်သမားတွေ အသတ်ခံရတာ မုဒိန်းကျင့်ခံရတာ ဓါးပြ တိုက်ခရတာ အနိုင်ကျင့်ခံရတာ တွေ ဖြစ်စဉ်တွေအများကြီးရှိပေမဲ့ တရားခံကို ဘယ်တော့မှ မိရိုးထုံးစံမရှိပါဘူး ။
အဲ ...မြန်မာအချင်းချင်းသတ်တာတို. မြန်မာက ထိုင်းကိုသတ်တို. ဆိုရင် ဖြစ်စဉ်က အတော်နည်းပေမဲ့ ၇ ရက်မကြာဘူး တရားခံကိုဖမ်းမိတတ်တယ် ခင်ဗျ
ဟော အခု ဗြိတိန် နိုင်ငံသား ၂ဦး အသတ်ခံရတော့ မြန်မာအလုပ်သမားတွေကိုလွှဲချ မီဒီယာတွေမှာ ဖော်ပြ နောက်တော့ ဗြိတိန် သံရုံးက ဒုတိယအတွင်းဝန်ကိုယ်တိုင် ကွင်းဆင်းအခြေချ ပြီး တရားခံကိုလိုက် နောက်ဆုံး မြန်မာလူမျိုးမဟုတ်ပါဘူးဆိုတဲ့ အဖြေကိုရ ခဲ့တယ်။
အခုတခါ လမ်းဘေးမှာ ခွေး ၂ ကောင်ကို ကြိုးဆွဲချ သတ်တဲ့အမှု.မှာ ၇ ရက်မပြည့်ဘူး တရားခံကို မိပြန်ရော ။
ဒါပေမဲ့ မြန်မာတွေအသတ်ခံရတဲ့အမှု.တွေကတော့ အမှန်အတိုင်းပေါ်ပေါက်တယ်ဆိုတာ အိပ်မက်တစ်ခုလိုပါပဲ ။

ရိုင်းရိုင်းပြောရရင် ထိုင်းမှာ မြန်မာအလုပ်သမားတွေ ကို ခွေးလောက်တန်ဖိုးမထားဘူးဆိုတာ ပြလိုက်တာပါပဲ ။

ဓါတ်ပုံ ။ ။ ခွေးသတ်သည့် ခွေးသတ်တရားခံ

မင်းလွမ်းနောင် (ပန်းတနော်)

Thursday, June 26, 2014

ထိုင်းနိုင်ငံရောက်ရွှေ.ပြောင်းမြန်မာအလုပ်သမားတို. သိသင့်သော ၄ နှစ်ပြည့်ဗီဇာအကြောင်း



27/6/2014

ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားကြသူ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ အနေနှင့် ၄ နှစ်တာ သက်တမ်းကာလကို ဖြတ်ကျော်ပြီး ယခုအခါ နောက်ထပ် သက်တမ်း (၂) နှစ်ကို ထိုင်းနိုင်ငံ အစိုးရမှ လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် တရားဝင် သက်တမ်းတိုးပေးလျှက်ရှိပါသည်။

ထိုသို. မိမိတို.နေထိုင်ခွင့် (ဗီဇာ) သက်တမ်းတိုးရာတွင် အထူးသတိပြုသင့်သည့်အချက်များ ( ၅ ) ချက်ရှိပြီး မှန်ကန်ပြည့်စုံရန် အထူးဂရုပြုဖို.လိုအပ်ပါသည်။

t မူရင်း
၂။ မိမိ ဓါတ်
၁။ Passporပုံ(၄) ပုံ
၃။ အလုပ်ရှင် ၏ မှတ်ပုံတင် မိတ္တူ ( ဘတ်ပရာချာချွန် နိုင်ကျန်.)
၎။ အလုပ်ရှင် ၏ အိမ်ထောင်စုမှတ်တမ်း (ထဗီယမ်ဘန်. နိုင်ကျန်.)
၅။ အလုပ်ရှင် ၏ နိုင်ငံခြားသားအလုပ်သမားခေါ်ယူခွင့်လျှောက်လွှာ ( ခိုတာ) (ယခုနှစ်အတွက်ဖြစ်ရပါမည်)

လုပ်ငန်းစဉ်အဆင့်ဆင့်တွင် အလုပ်ရှင်များ၏ ပါဝင်မှု. အားနည်းခြင်း လုပ်ဆောင်ရမည့် အဆင့်ဆင့်အတွက် နားလည်မှု.မရှိခြင်းတို.ကြောင့် မြန်မာအလုပ်သမား အများစုမှာ ကြားခံ ပွဲစားများ(အေးဂျင့်များ) မှတဆင့် ပြုလုပ်နေကြရပြီး ကုန်ကျစရိတ်များမှာလဲ နယ်မြေဒေသ အလိုက် ၆၅၀၀ ဘတ် / ၇၀၀၀ ဘတ်/ ၇၅၀၀ ဘတ် /၈၅၀၀ဘတ်/ ၁၂၀၀၀ ဘတ် စသဖြင့် ကွာခြားသည်ကိုတွေ.ရှိရသည်။

အမှန်တကယ် မှာမူ မိမိ၏အလုပ်ရှင်ကိုယ်တိုင် ပြုလုပ်ပါက ၄၀၀၀ ဘတ် ခန်.သာ ကုန်ကျနိုင်သော်လည်း လုပ်ငန်းစဉ် အဆင့်ဆင့် ဆောင်ရွက်ပြီးကိုယ်တိုင်ပြုလုပ်၇န် အခက်အခဲများ ရှိသောကြောင့် ကြားခံပွဲစားများကောက်ခံသည့် ငွေကြေးကိုပေးကာ ပြုလုပ်နေကြရခြင်းဖြစ်သည်။

ယင်းသို.ပြုလုပ်ရာတွင် အချို. မြန်မာအလုပ်သမားများမှာ အချက် (၅)ချက်အရ အချက် ၃/၄/၅ ကို မိမိအလုပ်ရှင်ထံမှ တောင်းယူခြင်းမရှိပဲ (သို.) အလုပ်ရှင်များ မှ မပေးသောကြောင့် ကြားခံ ပြုလုပ်ပေးသူများအား ၀ကွက် အပ်လိုက်ရသည်လဲရှိသည်။
ှ္ကုဤတွင် ကြားခံပြုလုပ်ပေးသူများ မှ အငှားအလုပ်ရှင် နှင့် အငှား နိုင်ငံခြားသားအလုပ်သမားခေါ်ယူခွင့် (ခိုတာ) တို. ကို အပိုငွေကြေး ကောက်ခံလျှက် အလွယ်တကူ ပြုလုပ်လျှက်ရှိသည်။
ထိုသို.ပြုလုပ်ခြင်း၏ ဆိုးကျိုးများ မှာ အလုပ်ရှင် အမည် ၊ နေရပ် မတူညီခြင်း ။ အလုပ်လုပ်ကိုင်ခွင့် မတူညီခြင်း တို. ဖြစ်စေပြီး သက်ဆိုင်ရာမှ မိမိ အလုပ်ခွင်တွင်း ၀င်ရောက်စစ်ဆေးသည့်အခါ ဖမ်းဆီးခံရနိုင်သည်ကိုသိရှိရန်လိုအပ်ပါသည်။

* အမှန်တကယ် ပြုလုပ်သင့်သည့်အချက်များမှာ *

၁။ မိမိအလုပ်ရှင်အား ခွင့်တောင်းလျှက် သဘောတူညီချက်ရယူပါ
၂။ မိမိအလုပ်ရှင်အတွက် နိုင်ငံခြားသားခေါ်ယူခွင့်လျှောက်လွှာ အား အလုပ်ရှင်ကိုယ်တိုင်မပြုလုပ်ပါက ကြားခံပွဲစားမှ တဆင့် မှန်ကန်အောင်ဆောင်ရွက်ပါ။

* အလုပ်ရှင် အတွက် နိုင်ငံခြားသားအလုပ်သမား ခေါ်ယူခွင့် လျှောက်လွှာတောင်းခံရန်လိုအပ်ချက်မှာ *

၁။ အလုပ်ရှင်၏ မှတ်ပုံတင် မိတ္တူ ( ဘတ်ပရာချာချွန် နိုင်ကျန်.)
၂။ အလုပ်ရှင်၏ အိမ်ထောင်စုမှတ်တမ်း (ထဗီယမ်ဘန်. နိုင်ကျန်.)
၃။ အလူုပ်အမျိုးအစားအလိုက် စာရွက်စာတမ်းများ
(က) ရော်ဘာခြံလုပ်သား ဆိုလျှင် ဥယျာဉ်ခြံပိုင်ဆိုင်မှု.အထောက်အထား (ထဗီယမ်ထိဒင်း)
(ခ ) ဆောက်လုပ်ရေး လုပ်သားဆိုလျှင် ဆောက်လုပ်ခွင့်ရရှိထားသည့် အဆောက်အဦးပုံစံ
(ဂ ) ပုဇွန် မွေးမြူရေး လုပ်သားဆိုလျှင် ပုဇွန်ကန် ပိုင်ဆိုင်မှု. အထောက်အထား

စသဖြင့် အလုပ်ရှင်၏ အထောက်အထားများအား အလုပ်ရှင်၏ လက်မှတ်နှင့်အတူ ပူးတွဲပြီး နယ်မြေ အလုပ်သမားဦးစီးဋ္ဌာန ရုံးများတွင် သွားရောက်လျှောက်ထားရမည်ဖြစ်သည်။

ထိုသို. ပြုလုပ်မှသာ မိမိ အလုပ်ရှင်အမည် နှင့် မိမိအလုပ်အကိုင် မှန်ကန်မည်ဖြစ်ပြီး သက်ဆိုင်ရာမှ ၀င်ရောက်စစ်ဆေးသည့်အခါ အရေးယူခြင်း ခံရမည်မဟုတ်ပါ။

* သက်တမ်းတိုးပြီးပါက ရရှိလာမည့် စာရွက်စာတမ်းများ *

၁။ မိမိPassport စာအုပ်ထဲတွင် အလုပ်ရှင်အမည် နေရပ် ဖြည့်စွက်ထားသည့် NAN-LA VISA စာမျက်နာ
၂။ အလုပ်လုပ်ခွင့်လက်မှတ်အတွက် ငွေပေးချေပြီးကြောင်း ပြေစာ စာရွက် တို.ကိုလက်ခံရရှိမည်ဖြစ်သည်။

အထက်ပါအတိုင်းအဆင့်ဆင့်ပြုလုပ်ပြီး ပါက သက်တမ်း တိုးပြီးသော မိမိ Passport နှင့် မိမိ Work Permit အားလက်ခံရရှိပြီးပါက မိမိနေထိုင်ရာ နယ်မြေ ဆေးရုံတွင် ကျန်းမာရေး အာမခံ (ဆေးရုံဘတ်) ပြုလုပ်ပြီး ဆေးရုံမှ ထုတ်ပေးသော သွေးစစ်လက်မှတ် နှင့် မိမိ Passport မိတ္တူ ၊အလုပ်လုပ်ခွင့်လက်မှတ် ငွေချေပြေစာWork Permit အတူ နယ်မြေ အလုပ်သမားရုံးသို. ပူးတွဲတင်ပြပြီး Work Permit စာအုပ် အားတောင်းခံရမည်ဖြစ်ပါသည်။

၎ နှစ်ပြည့် သက်တမ်းတိုး လုပ်ငန်းစဉ် အနေနှင့် စာရွက်စာတမ်းပြည့်ပြည့်စုံစုံ နှင့်ပြုလုပ်ပါက ကြာမြင့်ချိန် မှာ (၁၀) ရက်မှ (၁၅) ရက်အတွင်း ပြီးဆုံးပါသည်။

( မကြာမှီ ထိုင်းရောက်နိုင်ငံခြားသားအလုပ်သမားများ (လူသစ်) အတွက် ထိုင်းအစိုးရမှ တရားဝင် မှတ်ပုံတင် များထုတ်ပေးတော့မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။)

လေးစားမှု. ဖြင့် 


မင်းလွမ်းနောင် (ပန်းတနော်)

Friday, June 13, 2014

မေး၍ ဖြေသည်






မေး ။ ။လူ.အခွင့်အရေး ဂရုဏာရှင်ကြီးများ ထိုင်းရောက်မြန်မာတွေ အဖမ်းအဆီးခံရမှု.တွေ အခွင့်အရေးဖိနှိပ်မှု.တွေ အတွက် ပါးစပ်လေးတွေ စပါးလုံးလောက်တောင်မဟတာ ဘာကြောင့်ပါလဲ ။

ဖြေ ။ ။ ရခိုင်ဘက်က ခိုးဝင်ဘင်္ဂါလီတွေ အရေးအော်မှ လူ.အခွင့်အရေးသမားအစစ်မို.ပါ။
----------------------------------------------------------------------------------------------------------

မေး ။ ။ထိုင်းရောက်မြန်မာလုပ်သားတွေအတွက် မြန်မာသံရုံး အနေနဲ. စာတစောင် မထုတ် ၊ သံရုံးအပြင်ကို ခြေတစ်လှမ်း မထွက်တာ ဘာကြောင့်ပါလဲ ။

ဖြေ ။ ။ စာထုတ်ဖို.မပြောနဲ. အခွန်ကောက်တာနဲ. ၊ MOU အကျိုးတူလုပ်နေရတာနဲ. တင်မအားဘူး ၊ သံရုံးအပြင် ခြေတစ်လှမ်း မှမထွက်တာကကတော့ ကားနဲ. သွားလို.ပါ ရှော့ပင် သွားတာတို. သားသမီးတွေ ကျောင်းသွားပို.တာတို. MOU ကုမ္ပဏီတွေနဲ. ညစာချိန်းစားတာတို. တော့ထွက်ပါတယ် မထွက်ဘူးဆိုတဲ့အပိုစကားမပြောပါနဲ. ။

---------------------------------------------------------------------------------------------------------
မေး ။ ။ ထိုင်းရောက်မြန်မာအလုပ်သမားတွေအတွက် ဘာတွေလုပ်ပေးခဲ့ပြီးပြီလဲ

ဖြေ ။ ။ အများကြီးပေါ့ ပါတ်စပိုစ်တွေ လုပ်ပေးတယ် MOU နဲ.လူသွင်းနိုင်ဖို.တွေလုပ်ပေးတယ် လေကွာ
မင်းတို.အတွက် အဲ့လိုတွေလုပ်ပေးပြီးမှ ငါတို.က ငွေထုပ်ပိုက်ပြီးအိမ်ပြန်ရတာကွ ။

----------------------------------------------------------------------------------------------------------

Add caption
မေး ။ ။ ပြည်ထောင်စု အလုပ်သမားဝန်ကြီးဌာနအနေနဲ. ရော ပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာန ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အနေနဲ.ရော အခုလို စစ်အုပ်ချုပ်ရေး ကာလကျရောက်နေတဲ့ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားထုကြီးကို ဘာများ မှာချင်ပါသလဲ။

ဖြေ ။ ။ မှာချင်တာက တော့ အများကြီးပါ ခိုင်းတာလုပ်ပါ ခံမပြောပါနဲ. ကိုယ်ဖြစ်ကိုယ်ခံပါ
တစ်နေ. ၂၀၀၀ နဲ.ဖူလုံအောင်နေနိုင်ရင် ပြန်လာပါ ။ မင်းတို. အခွင့်အရေးချိုးဖောက်ခံရတာ တွေဟာ အစိုးရနဲ.မဆိုင်ပါဘူး မင်းတို.နဲ.ပဲဆိုင်ပါတယ် ။

တိန်.......................တော်...............တန်...................တိတ်

ဝေမင်း(ထိုင်း/တောင်)

Monday, March 3, 2014

ဟုတ်ကဲ့ ဟုတ်ကဲ့


(ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ  ပွဲစားများ ကျင်လည်ရာ နေရာတစ်ခု)





ထိုင်းရောက်မြန်မာအလုပ်သမားတွေအတွက် အကောင်းဆုံးစဉ်းစားပြီး နိုင်ငံကူးလက်မှတ်တွေ လုပ်ပေးထားပါတယ်

( ဟုတ်ကဲ့ မြင့်မားလှတဲ့ နိုင်ငံကူးလက်မှတ်တွေ လုပ်ခ နဲ. ၀န်ဆောင်ခတွေကြောင့် မြန်မာအလုပ်သမားတွေ အရင်ကထက်ခက်ခဲ အကာကွယ်က ယခင်ကအတိုင်း မရှိ ဟုတ်ကဲ့ ဟုတ်ကဲ့ ကိုယ်ဖြစ်ကိုယ်ခံပါခဗျ)

ထိုင်းရောက်မြန်မာတွေအတွက် အကောင်းဆုံးအကာအကွယ်ပေးဖို.အတွက် အလုပ်သမားသံအရာရှိစေလွှတ်ထားပါတယ်

( ဟုတ်ကဲ့ မကြာခဏ အသတ်ခံနေရပါတယ် ဓါးပြအတိုက်ခံနေရပါတယ် အနိုင်ကျငိ့ခံနေရပါတယ်
လုပ်အားလစာတွေ ခေါင်းပုံဖြတ် တာကတစ်မျိုး မပေးတာကတဖုံ အမျိုးမျိုး ဒုက္ခတွေ.နေရပါတယ် ဟုတ်ကဲ့ ဟုတ်ကဲ့ မြန်မာသံရုံး နှာစေးနေတယ်ခင်ဗျ)

ထိုင်းရောက်မြန်မာအလုပ်သမားတွေ ယာယီနိုင်ငံကူးလက်မှတ်နဲ. လွတ်လွတ်လပ်လပ် ထိုင်းနိုင်ငံအတွင်းမှာ ခရီးသွားနိုင်ပါတယ် ဒါက အစိုးရရဲ.စေတနာတွေပါ

(ဟုတ်ကဲ့ မြ၀တီဘက်သွားရာလမ်း ဘုရားသုံးဆူဘက်သွားရာလမ်း တွေမှာ ထိုင်းရဲတွေ ဂိတ်ချပြီး တစ်ယောက်ဘတ် 100 ကောက်ခံနေတာ မနည်းဘူးခဗျ တခြားနိုင်ငံခြားသားတွေ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားရင် အောက်ဆင်းစရာမလို ဘတ်ငွေ 100 ပေးစရာမလို ဟုတ်ကဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုရင်တော့ အောက်ဆင်းတန်းစီ ဘတ်ငွေ100 ထည့် ပေးရတယ်ခင်ဗျ ဗျာ ဒီကိစ္စလား မြန်မာသံရုံးသိပါတယ်ခင်ဗျ ဟုတ်ကဲ့ ဘာထူးလဲ ဆိုတော့ ဘာမှမထူးပါဘူး ခင်ဗျာ ကောက်ခံနေဆဲဖြစ်သလို ဂိတ်တွေကလဲ အရင်ထက်ပိုများလာတယ်ခင်ဗျ ဟုတ်ကဲ့ ဟုတ်ကဲ့ သံရုံး မအားဘူးဗျ အလုပ်ရှုပ်နေတယ် နောက်ထပ် MOU ဂွင်တွေ ထပ်ရိုက်ဖို.ပါတဲ့ခင်ဗျ  )

လက်ရှိအစိုးရက သန်.ရှင်းတဲ့အစိုးရ ဖြစ်အောင်ဖော်ဆောင်နေသလို သံရုံးကလဲ ဖော်ဆောင်နေပါတယ်

(ဟုတ်ကဲ့ သံရုံးထဲမှာလေ ခုံတွေ မအားဘူးခင်ဗျ ဗျာ လာရောက် အခွန်ဆောင် သက်တမ်းတိုး ထောက်ခံချက်ယူ တာတွေ မဟုတ်ဘူး ခင်ဗျ   ၊  ပွဲစားတွေ သံရုံးထဲပြည့်နေလို.ပါခင်ဗျ   ။ ဗျာ သံရုံးဝန်ထမ်းတွေ လား ဟုတ်ကဲ့ ပွဲစားတွေနဲ.လက်ဝါးချင်းရိုက်ထားတာတဲ့ခဗျ သံရုံးအ၀င်မှာတင် ပွဲစားပေါင်း များစွာ ပိတ်ဆို.နေလို. အထဲကို မနည်းဝင်ရတယ် ခင်ဗျ အထဲရောက်ပြန်တော့လဲ စားပွဲကိုယ်စီနဲ. ပွဲစားတွေ အခန်.သား မိန်.မိန်.ကြီးထိုင်လို.ပေါ့ဗျာ သြော် ဟုတ်ကဲ့ဟုတ်ကဲ့ သန်.ရှင်းတဲ့ သံရုံးကြီးပါခင်ဗျ )

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဖုန်းတွေ ထိုင်းရောက်မြန်မာအလုပ်သမားတွေအတွက် 24 နာရီ ၀န်ဆောင်မှု.ပေးတယ်ခင်ဗျ

( ဟုတ်ကဲ့ ဒီကိစ္စ က သံရုံးက ဘာမှမတတ်နိုင်ဘူး ကိုယ့်ဘာသာအစဉ်ပြေအောင် ညှိနိုင်းလိုက်ပါ ဆိုတဲ့ အသံတွေ က နားဝမှာ ရိုးအီလာပြီခင်ဗျ ဟုတ်ကဲ့ တကယ့် ကို ကိုယ့်နိုင်ငံသား တွေအတွက် အကျိုးဆောင်ပေးနေတဲ့ ရုံးကြီးပေါ့ဗျာ)

ဟုတ်ကဲ့ ...ဟုတ်ကဲ့ ...ဟုတ်ကဲ့

ကိုယ်ဖြစ်ကိုယ်ခံပါခင်ဗျ

မင်းလွမ်းနောင် (ပန်းတနော်)


Sunday, December 1, 2013

ထိုင်းဘုရင့်သမီးတော်ရဲ.မှတ်သားဖွယ်စကား

ထိုင်းတီဗီ 9 လိုင်းက အင်တာဗျူး ကောင်းတဲ့ တစ်ယောက်နဲ. ထိုင်းဘုရင့် သမီးတော်(တတိယ) စကားပြောကြတဲ့နေရာမှာ မှတ်သားလောက်တဲ့ စကားတစ်ခွန်း ကြားလိုက်မိတယ်

" ယခင်က ကုမ်စီအယုဒ္ဓယ ကို ဗမာတွေ ၀င်တိုက်လို.တစ်ကြိမ် ပြိုကွဲပျက်စီးခဲ့ဖူးပြီ ခုလဲ နောက်တစ်ကြိမ်ပျက်စီးရလေအုန်းမယ် ဒီတစ်ခါဖြစ်တာက ပိုဆိုးတယ် ဒီလို ပိုပြိုကွဲပျက်စီးရတာက ထိုင်းလူမျိုးအချင်းချင်းကြောင့်ပဲ ဖြစ်တယ် ထိုင်းလူမျိုးက ထိုင်းနိုင်ငံကို ပြန်ဖျက်တာပဲ "

ဒီစကားအဆုံးမှာ အင်တာဗျူးတဲ့ သတင်းထောက် မျက်ရည်ကျ တာကိုလဲ တွေ.လိုက်ရတယ်။

( ဟုတ်ပါတယ် သံကိုသံကဖျက်တာ ပိုပြီးဆိုးလှပါတယ်။ နိုင်ငံရေး /လူမျိုးရေး/ဘာသာရေး/လူမှု.ရေး စသဖြင့်ပေါ့လေ )

မင်းလွမ်းနောင်(ပန်းတနော်)

:------> ရေးချင်ရာရေးတယ် ဖတ်ချင်သူတဲ့သူဖတ် <------::



ဖသိုက် လို.ခေါ်တဲ့ ထိုင်းတောင်ပိုင်း အနီ ကိုထောက်ခံတယ်ဆိုတာ မှန်ပါတယ် သို.သော် အားလုံးမဟုတ်ပါ အမဲတွေလဲရှိပါတယ် အနီဆိုတာကတော့ ဖွေ.ထိုင်း အမဲက ဒီမီုကရက် လို.ပြောရင်လဲရတယ် ။
ဒါပေမဲ့ ဖန်ငခရိုင်(ဖသိုက်နယ်)မှာ အမဲဘက်က ဆန္ဒပြပွဲတောင် ပြီးခဲ့တဲ့သောကြာနေ.က မြို.တော်ဝန် ရုံး ရှေ. ကွင်းပြင်မှာ ဆန္ဒပြပွဲ လုပ်နေကြတာမြင်ရသေးတယ် နည်းတဲ့လူအုပ်မှမဟုတ်ဘဲ
ဟော ခု ဒီနေ.. တနင်္ဂနွေဈေး နေ.ဆိုတော့ အိမ်အတွက် စားစရာလေးတွေ ၀ယ်ရင်းဈေးထဲရောက်တော့ အမဲ သင်္ကေတ ထိုင်းအလံ လက်ပါတ်တွေ ထိုင်းအလံ ဘီးကုတ် တွေ ထိုင်းအလံဆွဲပြားတွေ ဆွဲပြီး ကုန်စိန်း ကုန်ခြောက် ငါးစိမ်းငါးခြောက် ရောင်းနေကြတာ နည်းမှမနည်းပဲ ။
ဒါ့ကြောင့် တောင်ပိုင်းသားတိုင်း အနီမဟုတ်ဘူးလို. ဆိုရပါတယ်။
တစ်ခုတော့ သတင်းပျံ.နေတယ် မဲမဲတွေက ငွေကြေးနဲ. ခေါ်တာမဟုတ်ဘူးတဲ့ နီနီတွေကနေ.စားတွေများတယ်ဆိုပဲ ။
ဟုတ်သော်ရှိ မဟုတ်သော်ရှိပေါ့နော် မြန်မာတွေကိုတောင်အနီက ငွေကြေးပေးပြီး အင်အားဖြည့်ပေးခိုင်းတယ်လို. အကိုတစ်ယောက်တင်ထားတာတွေ.တယ်။
ဒီဘက်မှာတော့ အဲ့သတင်းမကြားမိဘူး မြန်မာတွေလဲစိတ်မ၀င်စားဘူး သူတို.စိတ်ဝင်စားတာ ၄ နှစ်ပြည့်သမားတွေအတွက် ဘယ်လို ။ အထောက်အထားမရှိသူတွေအတွက်အသစ်ဖွင့်ပေးမလား ။
ဒီလ လုပ်အားခ ဘယ်လောက်ကျန်မလဲ ။
အိမ်ကို ဒီလ ဘယ်လောက်ပို.နိုင်မလဲ ။ဆိုတာတွေလောက်ပဲစိတ်ဝင်စားတယ်ဗျ။
ထိုင်းလို သေနတ် ပေါတဲ့ နိုင်ငံ မှာ ဒီလို နေ.စားသွားလုပ်ရင် အရင်ဆုံးမသာပေါ်မှာ ကိုလဲ သိကြတယ်လေ။ ချွင်းချက်တော့ရှိတာပေါ့ဗျာ ဟိုစပ်စပ် ဒီစပ်စပ် ( ဝေမင်းလိုပေါ့) အဲ့လိုလူတွေတော့ သွားချင်သွားမှာ (မသေချာဘူး)
ကြားကနေ မြင်ရမယ်ဆိုတော့ အမဲက အနီထက် အင်အာပိုသာသလို အောက်ခြေ အဆင့်လူထု အထိ ကိုယ်စရိတ်ကိုယ်စားပြီး ထောက်ခံနေတာဆိုတော့ အင်း မကြာခင် ဒီနိုင်ငံလဲ အစိုးရအပြောင်းအလဲ ဖြစ်လာမှာ သေချာသလောက်ပဲ ။
ထိုင်းမှာလဲ အစိုးရတစ်ခါချိန်းရင် ကုန် ဈေးနှုန်းကတစ်ခါတက်တယ် ( မြန်မာပြည်လိုပဲ)

ဒီတစ်ခါ ကုန်ဈေးနှုန်းတွေတက် အထောက်အထားဖိုးတွေတက် အဖမ်းအဆီးနဲ. ၇ဲတွေ အတောင်းအ၇မ်းထူ လာတာတွေ ဖြစ်လာရင်တော့ မြန်မာနိုင်ငံသားရွှေ.ပြောင်း အလုပ်သမားအများစု မကြာခင် အထုတ်ပြင်ပြီး ပြည်တော်ပြန်ဖို. သေချာတယ်။

ထိုင်းဘတ်ငွေ ၁ ဘတ် = မြန်မာကျပ်ငွေ ၃၀.၂၅ ကျပ် (လက်ရှိဈေးပါ)
အကယ်လို.
ထိုင်းဘတ်ငွေ ၁ ဘတ်= မြန်မာကျပ်ငွေ ၂၀ ကျပ် ဖြစ်လာခဲ့ရင်
ထိုင်းမှာလိုပဲ မြန်ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေပေါများလာခဲ့ရင်
(လုပ်ခလစာ ထိုင်းထက်နည်းပါစေအုန်း)

ထိုင်းတွေလဲ နှင်ထုတ်စရာမလိုဘူး မြန်မာအစိုးရလဲ ပြန်လာဖို.ခေါ်စရာမလိုဘူး
အားလုံးကိုယ့်နိုင်ငံ ကိုယ်ပြန်ရောက်မဲ့သူတွေချည်းပဲ ။


မင်းလွမ်းနောင် (ပန်းတနော်)

Saturday, September 28, 2013

""""""""သားကိုလွတ်လပ်ခွင့်ပေးပါအမေ """""""""

Photo: """"""""သားကိုလွတ်လပ်ခွင့်ပေးပါအမေ """""""""

(ဖြစ်ရပ်မှန်အား ပြန်လည်ရေးသားဖော်ပြခြင်းဖြစ်ပါသည်)

အသစ်စက်စက်  မြေရှင်း မြေညှိလုပ်ထားသည့်တောင်ကုန်း  သစ်ရိပ်ဝါးရိပ်တို.ကမရှိတော့  တပ်တည်စကတည်းက  တပ်ခွဲရုံးဆောက်ဖို. အားလုံးကိုပြောင်းသလင်းခါအောင် မြေလှန်ပြီးရှင်းလင်းထားတဲ့အတွက် အရိပ်ရသစ်ပင်ဆိုတာမရှိ စိုက်ပျိုးထားသည့် တပ်ဝင်လမ်းတစ်လျှောက်ရေတမာပင်တို.က ခြောက်ခြောက်သွေ.သွေ. နှင့်ရှိလှသည်။   ဆောက်လက်စ တပ်ခွဲရုံး အတွင်းမှာကလဲ ပူစပ်ပူလောင်ရှိလှသည်။ 

လေကလဲမတိုက် တိုက်သည့်လေကလဲ လေပူ ဖြစ်သည့်အတွက် တပ်ခွဲရုံးအတွင်း ရှိ တပ်ခွဲမှူးအပါအ၀င်  အခြားအဆင့် ရုံးဝန်ထမ်းတွေပါ ချွေးတစီစီနှင့် ယပ်မခပ်အား  လကုန်ခါနီးမို.  နပခ သို. ရိက္ခာတောင်း၇န် ကိစ္စ  ၊  တပ်ရင်းသို. လစာတောင်းမည့်ကိစ္စ ၊ ပဲဇင်းငုံ စိုက်ခင်းစီမံချက် ၊ တပ်တစ်ခွဲ စပါး ဧက ၅၀ စိုပျိုးရေးစီမံချက် စသည့်  လက်တွေ. ရော လက်တွေ.မပါသည့် စီမံချက်များကို  တပ်ခွဲမှူးနှင့်အတူ ပြုစုနေသည်က တပ်ကြပ်ကြီးစာရေး ဘဦး၏ လစဉ်ပြုလုပ်နေကြ လုပ်ငန်းဆောင်တာတစ်ခုဖြစ်သည်။

" ကဲ ဘဦး  ...... ငါ တပ်မကိုခဏသွားအုန်းမယ်  ဒီအချက်အလက်တွေကို မင်းပဲ ဆက်ပြီး အချောသတ်ပြီး  စာအုပ်လုပ်ထားလိုက် ........ငါပြန်လာမှ လက်မှတ်ထိုးတော့မယ် "

" ဟုတ်  တပ်မှူး ကျနော် ကြည့်ပြီးစီစဉ်ထားလိုက်ပါမယ် "
တပ်ခွဲမှူးး  တစ်ယောက် မီးဖိုးတအူအူထွက်သည့်  တရုတ်ထုတ် Dream ဆိုင်ကယ် အစုတ်လေးဖြင့် တပ်မဘက်သို.ထွက်သွား သည့်တိုင် ဘဦးတစ်ယောက် ချွေးတစီစီနှင့် အလုပ်ရှုပ်ဆဲ

မကြာပါ  တပ်ဝင်ဂိတ်တွင် တပ်ရဲ တာဝန်ယူထားရသည့် စီနီယာရဲဘော်ကြီး ရခိုင်လူမျိုး  ဦးသန်းကျော် နှင့် အ၀တ်အစားခပ်နွမ်းနွမ်း အသက်ကြီးကြီး လင်မယားတစ်တွဲပါပါလာ သည်ကိုတွေ.ရသည်။

" ဆရာဘဦး ဒီ ဦးလေးကြီး လင်မယားက တပ်မှူးနဲ.တွေ.ခွင့်တောင်းနေလို. ခေါ်လာတာ   တပ်မှူးက တပ်မဘက်သွားလို. ဆရာဆီခေါ်လာတာ  ဆရာပဲ ကြည့်ပြီ စီစဉ်ပေးပါ "  ပြောပြီးသည်နှင့် တာဝန်ကျရာ တပ်ဂိတ်ကို ပြန်သွားလေသည်။

"  ဦးလေးတို. တပ်ကိုလာတာ ဘာကိစ္စများပါလိမ့် ခင်ဗျာ .ကျနော်က တပ်ခွဲရုံး က ဘဦးပါ ...တပ်မှူးး ပြန်လာရင် တင်ပြပေးပါမယ် "

" ရပါတယ် တူကြီးရယ် ဦးကြီးတို.က တောင်ငူဘက်က ရွာကပါ ........လာရင်းကတော့ ..ဦးတို.သား ကွယ်လွန်ပြီး ..မကျွတ်မလွတ်ဖြစ်နေပြီး မာကြာမကြာ  အိပ်မက်ပေး လိုက် ခြောက်လှန်. လိုက် လုပ်နေလို. ဒီကိုရောက်လာတာပါ ကွယ် " 
ဘဦးတစ်ယောက်   ခေါင်းကုတ်လိုက်ပြီး
" ဟိုလေ .......ဦးကြီး တို.သား သေပြီး မကျွတ်မလွတ်ဖြစ်တာနဲ.  ကျနော်တို.တပ်နဲ.ဘာများ ပါတ်သတ်နေလဲမသိဘူး ..ဟိုလေ ..ကျနော် မသိလို.မေးတာပါ ခင်ဗျ"

ဦးလေးကြီး မှာ ငိုင်ကျသွားပြီး မျက်ဝန်းတို.မှာမျက်ရည်များဝဲနေသည်ကိုတွေ.လိုက်ရသည်။  အဒေါ်ကြီး မှ ၀င်ရောက်ရှင်းလေသည်။
" ဒီလိုပါ တူကြီးရယ်  အဒေါ်တို.သား က အရင်က ဒီတပ်မှာ တာဝန်ကျတဲ့ စစ်သားတစ်ယောက်ပါ ...နောက်တော့ ထွက်ပြေးပြီး အဒေါ်တို.နဲ. အတူ လယ်ပြန်လုပ်စားရင်း  လယ်ထဲမှာ ပိုးထိပြီးဆုံးသွားတာပါကွယ်"..." အဲ့ဒ အိပ်မက်ထဲမှာ သားကပြောတယ်  သားကိုလွတ်လပ်ခွင့်ပေးပါအမေတဲ့....." 

" နာမည်က ဘယ်သူများလဲ အဒေါ်  .....နောက်ပြီး ဘယ်လောက်ကြာခဲ့ပြီလဲ ခင်ဗျ "

" အင်း ..စိုးမိုးပါ ...အဒေါ်တို.ဆီ သူရောက်တာ လွန်ခဲ့တဲ့ ၆ နှစ်လောက်ကတည်းက ပါ ကွယ် "

" ကောင်းပါပြီဗျာ  တပ်မှူးလာရင် ကျနော် တင်ပြပေးပါမယ် ..ခုတော့ ဦးကြီးတို.  အနားယူလိုက်ကြပါအုန်း "  
ဦးလေးကြီးတို. လင်မယားအား မပြီးစီးသေးသော တပ်ခွဲစည်းဝေးခန်းထဲသို. လိုက်ပြပြီး  နေရာချပေးခဲ့သည်။
----------------------------------------------------------------------------------------------
" ဘဦး  မင်း ဖိုင်ဟောင်းတွေထဲပြန်ရှာကြည့်စမ်းကွာ  ရှိလိုရှိငြား  ....မရှိရင်လဲ တပ်ရင်းရုံးကို ကြေးနန်းနဲ.   လှမ်းမေးကွာ  "

" ဟုတ် ..တပ်မှူး  ကျနော် ခွဲရုံး ဖိုင်တွေထဲမှာရှာပြီးပါပြီ လက်ခံစာရင်းလဲမရှိဘူး ခင်ဗျ........ပြီးတော့ လွန်ခဲ့တဲ့ ၆ နှစ်က ဖြစ်ခဲ့တာဆိုတော့ ... ကျနော်တို. ဒီကိုမလာခင် ...တပ်မမှာ တွဲဘက် ထားထားတဲ့ တပ်စု ထဲက  တစ်ယောက် ဖြစ်နိုင်ပါတယ် ... တပ်ရင်းကိုလှမ်းမေးတာပိုကောင်းပါတယ် ခင်ဗျ "

" ကောင်းပြီ ဘဦး ဒီကိစ္စကို အမြန် ဆက်လုပ်ကွာ ..စီမံချက်တွေလဲ စာအုပ်လုပ်ပြီးပြီပဲ တပ်မကို ဆက်သားနဲ. ပို.ခိုင်းလိုက်လို.ရတယ်  ....ဒီ ဦးလေးတွေ  ကိစ္စ အဆင်ပြေအောင်  ၀ိုင်းကူပေးလိုက် ကွာ ."

"ဟုတ် တပ်မှူး   ...လေးစားပါတယ်ခင်ဗျ "
----------------------------------------------------------------------------------------
"   တပ်မှူးး  ...... တပ်ရင်းက ကြေးနန်းပြန်လာတယ်......1997 ခု သြဂုတ်လ မှာ ရင်းက ခွင့်မဲ့ပျက်ကွက်ကျေ ငြာခဲ့တဲ့  ကပ- ၉၆xxxx တသ - စိုးမီုးပါ ....ပညာသည်အတန်း ၂ (အထူးအုတ်စီ) ပါ ......ဖြစ်စဉ်က တပ်မတွဲဘက် တပ်စု ၁ ကနေ ခွင့်မဲ့ဖြစ်ခဲ့တာပါ ခင်ဗျ"

" ဟုတ်ပြီ ..ဘဦး..... ဒါဆိုရင်  ..တို.တပ်က ဆိုတာသေချာပြီ ပေါ့ .....ဒီတော့ ဟိုဦးလေး
လင်မယား၇ဲ.ဆန္ဒ ကိုမေးကြည့်ရအောင် သွားခေါ်ခဲ့ကွာ "

" ဟုတ် တပ်မှူး "

_____________________________________________________________

တပ်မှူး ရုံးခန်းသို. ရောက်ရှိလာသည့် ဦးလေးကြီးတို.လင်မယား ၂ ဦးအား တပ်မှူးမှ  

"  ဦးလေး တို. သား ကိစ္စ ကို ကျနော်တို.တပ်က ဘာများအကူအညီပေးရမလဲ ဆိုတာပြောပါ .ကျနော်တို.ကတော့   ရုံးလုပ်ထုံးအတိုင် လုပ်ဆောင်ပြီးပါပြီ ..ဦးလေးတို.ဆန္ဒကိုပြောပါ  ကျနော်တို. တတ်နိုင်သလောက် ကူညီပေးပါမယ်"

"ဗိုလ်မှူးး ရယ် ကျနော်တို.ဆန္ဒကတော့ သားကလေးဟာ တပ်ကထွက်ပြေးလာပြီး  ပိုးထိတယ်ဆိုတော့   ရွာထဲကလူတွေကလဲ ပြောကြတယ်  တပ်က အမိန်.စာကျေငြာပေးမှ ရယ်တဲ့.......နောက်ပြီး သားလေး ကလဲ အိပ်မက်ထဲမှာ ယူနီဖောင်းကြီးနဲ. ပြီး သားကိုလွတ်လပ်ခွင့် ပေးပါဆိုပြီးပြောနေတာပဲ တွေ.ရတယ် ဗိုလ်မှူးရယ် ...ဖြစ်နိုင်ရင်ကူညီပေးပါ "

တပ်မှူးး ခေတ္တမျှ စဉ်းစားလိုက်ပြီး " ဒီလိုလုပ်ဗျာ ကျနော်ဘက်က ..အမိန်.ပြန်တမ်းကို  ဒီက ဆရာကြီး တစ်ယောက်နဲ.အတူ ထည့်ပေးလိုက်မယ်  .... ဦးလေးတို.ကလဲ အမိန်.စာကျေငြာပြီးတာနဲ.  သူ.အတွက်ရည်မှန်းပြီး အလှူလေးဘာလေး လုပ်ပေးလိုက်ကြ ...ဟုတ်ပြီလား "

ဦးလေးကြီးတို.လင်မယား ၏မျက်လုံးအိမ်တို.တွင် ၀မ်းသာခြင်းကြောင့် မျက်ရည်များလျှံလျှက် 
"  ဟာ.......ကျေးဇူးတင်လိုက်တာ ဗိုလ်မှူးး ရယ် ...ကျေးဇူးတင်လိုက်တာ "

--------------------------------------------------------------------------------------------
" ကဲ ...ဘဦး   ဆရာကြီး ထွန်း၇ီ ကို ဒီနေ.ပဲ ဟိုဦးလေးကြီးတို.နဲ. တစ်ခါတည်း လိုက်ဖို. မင်းစီစဉ်ပေးလိုက်အုန်း .....ပြီးတော့ အမိန်.ပြန်တမ်းကို တစ်ခါတည်းလုပ်လာခဲ့ ငါ တပ်ရင်းမှူးကိုယ်စာလက်မှတ်ထိုးပေးလိုက်မယ် ..." " နောက်ပြီး  ညက ၁၁ နာ၇ီလောက် ...မင်း ရုံးခန်းထဲမှာ စာရိုက်သေးလား ဘဦး."

" မရိုက်ပါဘူး တပ်မှူးး  .....ကျနော် အခန်းသော့လဲခတ်ထားပါတယ် ...ဘာဖြစ်လို.လဲ တပ်မှူးး "

"  အေးကွ .......ညက မင်းလက်နှိပ်စက်ကို  လူကစာရိုက်နေသလို ..စာရိုက်သံတွေ ကြားနေရတယ်  ..ငါလဲ ထမကြည့်ဖြစ်ပါဘူးကွာ  ..မင်အလုပ်လုပ်နေတယ်ထင်လို. "" နောက်ပြီး ငါတစ်ယောက်တည်းကြားတာမဟုတ်ဘူးကွ .... ဆရာကြီးယာဉ်မောင်းလဲ မနက်က ငါ့ကိုလာပြောသွားတယ် ..."

" ဗျာ .......ကျနော်မဟုတ်တာတော့သေချာတယ် တပ်မှူးး  ..ဒါဆို......ဟိုကောင်  စိုးမိုးများလား "

" ထားလိုက်ပါတော့ ဘဦး ဆရာကြီးထွန်း၇ီ ခ၇ီးသွားဖို. အဆင်သင့်ဖြစ်ရင်ငါ့ဆီလွှတ်လိုက်ကွာ .."
----------------------------------------------------------------------------------------
ဆရာကြီးထွန်း၇ီ  တောင်ငူမြို.မှ  စိုးမိုးတို.ရွာ သို. ရောက်ပြီး  ရွာဦးကျောင်းဆရာတော်ကို သွားဖူး ကာ အကျိုးအကြောင်းလျှောက်တင်ပြီး ဆရာတော် နှင့်အတူ  စိုးမိုး၏ မိဘများနှင့်အတူ  
စိုးမိုး အားမြုပ်နှံထားသော သုသာန်သို. သွားရောက်ကာ အမိန်.ပြန်တမ်းကို ဖတ်လေသည်။ 

" ကိုယ်ပိုင်အမှတ်  ၉၆ +++ + တသ စိုးမိုး ယနေ.စ၍ သင်သွားလိုရာသွားနိုင်ပြီ..."
သုသာန်ရှိ ညောင်ကျတ်ပင်မှ  လေမတိုက်ပဲ အသံထမြည်လာပြီး  ပုပ်အက်အက် အနံ.ကို စိုးမိုး၏မိဘ၂ ပါး ရွာဦးကျောင်းဆရာတော် နှင့် ဆရာကြီးထွန်း၇ီတို. အပါအ၀င် လာရောက်ကြည့်၇ှူ.ကြသူ ရွာသားအချို.လဲ ရရှိလိုက်ကြသည်။
----------------------------------------------------------------------------------------
အချိန်လင့်နေသောကြောင့် ဆရာကြီးထွန်း၇ီ တစ်ယောက်  စိုးမိုး တို.အိမ်မှာ တည အိပ်ပြီး  နောက်နေ. ပြန်ရန် ပြင်ဆင်နေချိန်တွင် စိုးမိုး၏ မိခင်ဖြစ်သူမှ
"ဆရာကြီးရယ် ညက သားလေးကို အိပ်မက်မက်တယ် ..သူလွတ်လပ်သွားပြီတဲ့ ..သူ.မျက်နာလေးကလဲ လန်းလို.ပဲ ....ကျေးဇူးတင်ပါတယ်ဆရာကြီးရယ်  ..ဆရာကြီးတို. တွေ ကျမ်းမာချမ်းသာပါစေကွယ် " 

" ဟုတ်ပါတယ် အမကြီး ..ကျနော်လဲ ညက အိပ်မက်လိုလိုဘာလိုလိုပါပဲ စိုးမိုးကို တွေ.လိုက်ပါတယ် ....သူခုလို လွတ်လပ်သွားတဲ့အတွက် ကျေးဇူးတင်ကြောင်းလာပြောတာပါ ...သူ.အတွက်တော့ ရွာဦးဆရာတော်နဲ.တိုင်ပင်ပြီး အလှူလေးလုပ်အမျှလေးဝေပေးလိုက်ပါ ဗျာ...တပ်မှူး က အဒေါ်တို.အလှူလုပ်ရင် အလှူငွေထည့်ပေးဖို.ကျနော်ကို ငွေ ၁၀၀၀၀ ကျပ် ပေးခိုင်းထားတာရှိတယ် လက်ခုံလိက်ပါဗျာ "

" စိတ်ချပါဆရာကြိးရယ် ကျမတို.သားလေး ကောင်းရာမွန်ရာရောက်ဖို. ကျမတို. အလှူအတန်းလုပ်ပြီးအမျှပေးဝေပါမယ် ..ကျေးဇူးလဲတင်ပါတယ် ဆရာကြီးရယ်"
-----------------------------------------------------------------------------------------
ဆရာကြီးထွန်းရီ၏ အပြန် ရွာပြင်လမ်းလေးက လယ်ကွင်းထဲက အေးမြတဲ့လေနုအေးအေးလေးတွေတိုက်ခတ်ရင်း ခရေပန်းနံ.လေးတွေ သင်းပျံ.လို.ပါ 
ဆရာီ့းထွန်းရီး၏ စိတ်ထဲမှာတော့    တစ်ခါမှ မကြုံစဖူး ကြုံခဲ့ရတဲ့ ဒီဖြစ်စဉ်အတွက် တစ်သက် မေ့ပျောက်လို.ရမည် မထင်တော့ပါ ။


မင်းလွမ်းနောင် (ပန်းတနော်)

(ဖြစ်ရပ်မှန်အား ပြန်လည်ရေးသားဖော်ပြခြင်းဖြစ်ပါသည်)

အသစ်စက်စက် မြေရှင်း မြေညှိလုပ်ထားသည့်တောင်ကုန်း သစ်ရိပ်ဝါးရိပ်တို.ကမရှိတော့ တပ်တည်စကတည်းက တပ်ခွဲရုံးဆောက်ဖို. အားလုံးကိုပြောင်းသလင်းခါအောင် မြေလှန်ပြီးရှင်းလင်းထားတဲ့အတွက် အရိပ်ရသစ်ပင်ဆိုတာမရှိ စိုက်ပျိုးထားသည့် တပ်ဝင်လမ်းတစ်လျှောက်ရေတမာပင်တို.က ခြောက်ခြောက်သွေ.သွေ. နှင့်ရှိလှသည်။ ဆောက်လက်စ တပ်ခွဲရုံး အတွင်းမှာကလဲ ပူစပ်ပူလောင်ရှိလှသည်။

လေကလဲမတိုက် တိုက်သည့်လေကလဲ လေပူ ဖြစ်သည့်အတွက် တပ်ခွဲရုံးအတွင်း ရှိ တပ်ခွဲမှူးအပါအ၀င် အခြားအဆင့် ရုံးဝန်ထမ်းတွေပါ ချွေးတစီစီနှင့် ယပ်မခပ်အား လကုန်ခါနီးမို. နပခ သို. ရိက္ခာတောင်း၇န် ကိစ္စ ၊ တပ်ရင်းသို. လစာတောင်းမည့်ကိစ္စ ၊ ပဲဇင်းငုံ စိုက်ခင်းစီမံချက် ၊ တပ်တစ်ခွဲ စပါး ဧက ၅၀ စိုပျိုးရေးစီမံချက် စသည့် လက်တွေ. ရော လက်တွေ.မပါသည့် စီမံချက်များကို တပ်ခွဲမှူးနှင့်အတူ ပြုစုနေသည်က တပ်ကြပ်ကြီးစာရေး ဘဦး၏ လစဉ်ပြုလုပ်နေကြ လုပ်ငန်းဆောင်တာတစ်ခုဖြစ်သည်။

" ကဲ ဘဦး ...... ငါ တပ်မကိုခဏသွားအုန်းမယ် ဒီအချက်အလက်တွေကို မင်းပဲ ဆက်ပြီး အချောသတ်ပြီး စာအုပ်လုပ်ထားလိုက် ........ငါပြန်လာမှ လက်မှတ်ထိုးတော့မယ် "

" ဟုတ် တပ်မှူး ကျနော် ကြည့်ပြီးစီစဉ်ထားလိုက်ပါမယ် "
တပ်ခွဲမှူးး တစ်ယောက် မီးဖိုးတအူအူထွက်သည့် တရုတ်ထုတ် Dream ဆိုင်ကယ် အစုတ်လေးဖြင့် တပ်မဘက်သို.ထွက်သွား သည့်တိုင် ဘဦးတစ်ယောက် ချွေးတစီစီနှင့် အလုပ်ရှုပ်ဆဲ

Friday, August 23, 2013

သတိပြုကြရန်


သူငယ်ချင်းများ ကျေးဇူးပြု၍ share ပေးကြပါ။

ကမ္ဘောဇဘဏ် (မကွေးဘဏ်ခွဲ) တွင် 07/01/2013 နေ့က ကျွန်တော်၏ဇနီးဖြစ်သူ မအေးအေးမာသည် ငွေလွှဲ ၃၅သိန်းအား သွားရောက်ထုတ်ယူခဲ့ပါသည်။ ၁သိန်းအုပ် တစ်အုပ်ထဲတွင် စက္ကူများ ရောညှပ်ထားသည်ကို ပုံပါအတိုင်း တွေ့ရပါသည်။ ငွေသား ၅ သောင်းကျပ်သာ ပါရှိပါသည်။ ဘဏ်သို့ သွားရောက်ပြောသောအခါ ဘဏ်မန်နေဂျာနှင့် ၀န်ထမ်းများက ၀ိုင်းဝန်းပြောဆိုပြီး ငြင်းခဲ့ပါသည်။ လူသိများသော ဘဏ်ကြီးမှ ဤကဲ့သို့ ပြုလုပ်သည်မှာ လွန်စွာ သိက္ခာ ကျသော လုပ်ရပ်ဖြစ်ပါသည်။ အကြောင်းစုံအသေးစိတ် သိရှိလိုပါက မအေးအေးမာ (hp: 09 40156 2108) သို့ ခေါ်ဆိုမေးမြန်းနိုင်ပါသည်။ အခြားသူများအားလုံး သတိထားနိုင်စေရန် အသိပေးခြင်းဖြစ်ပါသည်။

ထွန်းထွန်းလွင်
065 81898434 မှ ko Tun Tun lwin facebook

ဧရာဝတီမှ တာဝန်ရှိ သူများ အနေနဲ.သတင်းကိုသေချာစီစစ်သင့်ကြောင့်အကြံပြုပါတယ်.......



ဧရာဝတီမှ တင်ထားသောသတင်းမှာ ((( ထိုင်းအစိုးရက ထိုသို့တောင်းဆိုလာခြင်းသည် ထိုင်းတောင်ပိုင်း ဖန်ငခရိုင် လူဝင်မှုကြီးကြပ်ရေး ရဲအဖွဲ့ ရုံးဝင်းအတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စောင့်ဆိုင်းနေသော မွတ်စလင် ၇၀၀ အနက် ၂၆၁ ယောက် ထွက်ပြေး လွတ်မြောက်သွားသည့် ဖြစ်ရပ်ကြောင့်ဟု ယူဆရသည်။)))) ဆိုသည့်အချက်မှာ အင်မတန်မှ လွဲချော်လျှက်ရှိတာကို တွေ.ရပါတယ်.........

ဟုတ်ကဲ့ ကျနော်ပြောပြပါ့မယ် ခင်ဗျ

၁။ ဖန်ငခရိုင် လူဝင်မှု.ကြီးကြပ်ရေးရဲစခန်းမှာ လူ (၇၀၀) ဆန်.သည့်အချုပ်မရှိ ။
၂။ ဖန်ငခရိုင် လူဝင်မှု.ကြီးကြပ်ရေးရဲစခန်းတွင် ဘင်္ဂါလီ (၂၆၁) ထွက်ပြေးလွတ်မြောက်ဖူးခဲ့ခြင်းအလျှင်းမရှိ ( ဆန္ဒပြသည့်အနေနှင့် ဆူပူသောင်းကျန်းကာ အချုပ်ဖျက်ပြီးပြေးရန်ကြံစည်ခဲ့ခြင်းဖြစ်ပြီးအထိမမြောက်ခဲ့ပါ)

ဖန်ငခရိုင် လူဝင်မှု.ကြီးကြပ်ရေးရဲစခန်းမှာ အချုပ်သား ၂၀၀ ယောက်ကျော် ကို အပေါ်ထပ် အချုပ်ခန်းအတွင်းအပြင်နဲ. အပြင်ဝရံတာ အထိ ၊အောက်ထပ် လှေကား တစ်လျှောက် အထိ သံဘာဂျာ တံခါး ပိတ်ပြီးထားရှိသည့် အခန်းနှင့် လူအင်အားမမျှတသည့်အချုပ်ခန်းဖြစ်ပါတယ်။ (၇၀၀) ဆိုတာကတော့ လုံးဝမှားပါတယ်။

နောက်တစ်ချက်က ဖန်ငခရိုင်မှာ ထွက်ပြေးလွတ်မြောက်တဲ့ ဘင်္ဂါလီ စာရင်းကို ၂၆၁ ယောက်လို. ဖော်ပြထားတာကလဲ မှားနေပြန်ပါတယ်.။ (ပထမ ၆ ယောက် ထွက်ပြေးခဲ့ဖူးပြီး ပြန်လည်ဖမ်းဆီးရမိပါတယ်၊ ) (ဒုတိယ ၄ ယောက်ပြေးပြန်ပါတယ် ပြန်လည်ဖမ်းမိခဲ့ပြန်ပါတယ် (မကြားသေးခင်မှာ တတိယ မြောက် ၁၁ ယောက် ပြေးကြပြန်ပါတယ် ခုတိုင်ပြန်လည်ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး)
ခုနောက်ဆုံး (၂၆၁) ယောက် ဆူပူပြီး အချုပ်ဖောက်ဖို.အကြမ်းဖက်စဉ်မှာ အထူးရဲတပ်ဖွဲ.၀င်တွေကိုင်တွယ်မှု.ကြောင့် အထမမြောက်ခဲ့ပါ။

လက်ရှိ အခြေအနေမှာတော့ ဖန်ငခရိုင်လူဝင်မှု.ရဲစခန်းတွင်းမှာ ၂၆ ယောက် သာထားရှိပြီး ကျန် ၂၀၀ ကျော်ကိုတော့ နယ်မြေအသီးသီးက ရဲစခန်းတွေမှာ အုပ်စူခွဲပြီး ချုပ်နှောင်ထားပါကြောင်းသိရပါတယ်ဗျာ။


link မှာ    http://burma.irrawaddy.org/archives/46508

တွေးမိတာလေးတွေ

မကြာသေးခင်က EMG မှာ ပါလာတဲ့ အကြမ်းဖက်သမား ၃ယောက် ကော့သောင်း ဘုတ်ပြင်း မြိတ် သို.၀င်ရောက်လာ ဆိုတဲ့ သတင်းကိုဖတ်ပြီး အတွေးလေးတစ်ခုဝင်လာတာလေးကို ပြောပါရစေဗျာ

ပြောရမယ်ဆိုရင် ကော့သောင်းမြို.ဟာ နိုင်ငံရဲ. တံခါးပေါက် တစ်ခုဖြစ်သလို တံခါးမှူး ကောင်းများစွာရှိသင့်တဲ့မြို.လဲဖြစ်ပါတယ်။

တံခါးမှူး ဆိုရာမှာ လ၀က တစ်ခုတည်းသာမဟုတ်ပဲ တပ်မတော်ရေ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ.ရေကင်း ၊ ပဲ့ချိတ်မောင်းသူ ၊ကုန်လှေမောင်းသူ နှင့် မြို.နေလူထု များလဲ ပါဝင်ပါတယ် ။
ကျနော်ပြောချင်တဲ့အကြောင်းအရာကတော့ လ၀ကအနေနဲ.လူဝင်လူထွက်ကို တိကျစွာစစ်ဆေးသည်မှန်သော်လည်း အောက်လမ်းမှာ ခိုးဝင်သူ များကိုတော့ စစ်ဆေးရန်မဖြစ်နိုင်ပြန်ပါဘူး

ခိုးဝင်သူများကို ပဲ့ချိတ် မောင်းသူများမှတဆင့်ခေါ်ဆောင်လာမှသာ ၀င်ရောက်နိုင်တဲ့အတွက် တပ်မတော်ရေ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ.ရေကင်း တို.မှ အမြဲသတိရှိစွာ မြန်မာရေပိုင်နက်ကို အထူးစောင့်ကြပ် ရန်လည်းလိုအပ်ပါတယ်။

ပဲချိတ်မောင်းသူများအနေနဲ.လည်း နိုင်ငံရဲ.လုံခြုံမှု.၊ မိမိတို.နေထိုင်ရာမြို.ရဲ. လုံခြုံမှု.ကို အလေးပေးပြီး လက်ခံသင့်မခံသင့် ကို စဉ်းစားသင့်ပါတယ်။
(ပဲချိတ် နှင့် ကုန်လှေ များကို အခကြေးငွေ ပေးပြီး တရားမ၀င် မြန်မာနိုင်ငံကို ၀င်ရောက်နိုင်တယ်လို.သိရတဲ့အတွက်ပါ)

နောက် မြန်မာနဲ.ထိုင်း နယ်ချင်းအနီးစပ်ဆုံးနေရာတွေမှာရှိတဲ့ ဂိတ်တွေ မှာလဲ ငွေကြေးထက် နိုင်ငံတော်လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်သင့်ပါတယ်။

နောက်ဆုံးအနေနဲ.ကတော့ မြို.ခံ နယ်ခံ ရွာခံ လူထု တွေအနေနဲ. မသင်္ကာဖွယ်ရာ လူတွေကို တွေ.ရင် သတိပြုပြီး သက်ဆိုင်ရာကို အကြောင်းကြားသင့်မကြားသင့် စဉ်းစားဆုံးဖြတ်ပြီး လုပ်ဆောင်သင့်ပါတယ် ။

ကျနော်ပြောချင်တာကတော့ အားလုံးမှာတာဝန်ရှိသလို အားလုံးဟာလဲ တံခါးမှူးကောင်းတွေ ဖြစ်နိုင်ကြပါတယ်ဆိုတာပါပဲ

( ကျနော့်၇ဲ.အတွေးအမြင် လိုအပ်ချက်ရှိပါက ဖြည့်စွက်ပေးကြပါ)

မင်းလွမ်းနောင်(ပန်းတနော်)

ဇရာအိုနဲ.ကညာပျို



တကယ်ပါ
ငါ့မှတ်ဥာဏ်တွေသေဆုံး
နုပျိုခြင်းတွေပျက်ပြုန်းရင်း
မခုန်တတ်တော့တဲ့နှလုံးသား
အသစ်တဖန်ပျော်မြူး
အချစ်ရူးလို.ဆိုချင်ဆို။

တကယ်ပါ
ဇရာရွယ်ထောက်တရားမပေါက်ပေမဲ့
မင်းရဲ.ရှေ.မှောက်မှာ
ဒူးတုပ်လို.ခစား
ငါ့နှလုံးသားကိုဆက်သလျှက်ပါ။

တကယ်ပါ
ချစ်တတ်တဲ့အကြောင်း
နွဲ.နှောင်းပြီးလဲမဆိုတတ်
အနက်ရှိုင်းဆုံးဆိုတဲ့နေရာက
တလှပ်လှပ်နဲ.ဖိုတဲ့ရင်
မင်းကိုမြင်မှ ဖြစ်တည်လာရတာတွေပေါ့။

တကယ်ပါ
ဇရာသက်ကြားနဲ. ကညာနှမတစ်ပါး
ဇရာအိုနဲ.ကညာပျိုဆိုတဲ့ဇာတ်ကားကြည့်ဖူးရင်
သက်ကြားအိုရဲ.ခံစားရင်ဖိုရတာလေးတွေလဲ
အပြစ်လိုမဆိုသာပါဘူးကွယ်။

တကယ်ပါ
ခေါင်းကဖြူ သွားကကျိုး
အဖိုးကြီးလိုမြင်ချင်မြင်
ငါ့ရင်ကိုဝင်ကြည့် ပျိုမျစ်တဲ့နှလုံးသား
မင်းအတွက် ပြန်မွေးဖွားလာခဲ့တယ်ဆိုတာတော့ယုံပါ ။

တကယ်ပါ
နွားအိုမြက်နုကြိုက်ဆိုတဲ့စကား
ရှေးလူတွေပြောခဲ့ကြပေမဲ့
ချစ်ခြင်းရဲ.ဆန်းကျယ်မှု.
အိုခြင်းကိုအံတုလိုရနိုင်ပါ့မလားကွယ်။

တကယ်ပါ
အချစ်ခြင်းပြိုင်ရင်
အသူရာနဲ.တောင်စစ်ခင်းနိုင်တဲ့
သက်ကြားအိုရဲ.မေတ္တာစကား
မင်းနားမှာခါးသွားခဲ့ရင်တော့
ခွင့်လွှတ်ပါ မိန်းကလေးရယ်....ခွင့်လွှတ်ပါ

(မိတ်ဆွေ လူပျိုသိုးကြီးများသို. မေတ္တာလက်ဆောင်)
 
မင်းလွမ်းနောင်(ပန်းတနော်)
.

သီအိုရီ (007)



အရက်ကို ရေရော သောက်ရာ၏ ။
(ရေရောမသောက်ပါက ရင်ပူ၏)

မိန်းမကိုမူ ရေများများလောင်းပေးရာ၏ ။
(ရေများများမလောင်းပေးပါက နားပူ၏)
 
မင်းလွမ်းနောင်(ပန်းတနော်) 

Saturday, May 4, 2013

အစိုးရ လူကြီးမင်းများ သိထားသင့်သည့် ကော့သောင်းမြို.လေးရဲ.အကြောင်း



ကျွန်တော်တို့ နေတဲ့ မြို့ကလေးကို ``ကော့သောင်း´´လို့ ခေါ်ပါတယ်…..။

ဒီမြို့ကလေးက အရင်က မြန်မာနိုင်ငံရဲ့ မြို့တော် ရန်ကုန်နဲမိုင်၁၀၀၀ ကျော် ဝေးပါတယ်…. လေယာဉ်ခရီးစဉ်ဖြင့် (၁)နာရီကျော်ကျော်… ကြယ်ငါးပွင့် သင်္ဘောခရီးစဉ်ဖြင့် (၂)ရက်မှ (၁၀)ရက်အထိ၊ ကားလမ်းဖြင့် ပုံမှန်(၃)ရက် လမ်းအခြေအနေပေါ် မူတည်ပြီး ဒိထက်လဲ ကြာပါတယ်….။

အခုလက်ရှိ မြန်မာနိုင်ငံရဲ့ မြို့တော် နေပြည်တော်နဲ့ကတော့ ရန်ကုန်ထက် ပိုဝေးသွားပြီ….

တစ်နိုင်ငံလုံးမှာ ကျွန်တော်တို့ မြို့လေးက မြို့တော်နဲ့ အဝေးဆုံး….၊ နောက်ပြီး တောင်ဘက်အစွန်းဆုံး… ။

ကျွန်တော်တို့ ကော့သောင်းမြို့လေးမှာ တစ်မြို့နယ်လုံး ဒေသခံလူဦးရေ (၆)သောင်းကျော်နေတယ်…။

ကမ်းရိုးတန်းမြို့တော် မြိတ်မြို့နဲ့လည်း မိုင်(၂၀၀)ကျော်ဝေးတယ်…၊ တိုင်းမြို့တော် ထားဝယ်နဲ့လည်း ဒီလိုပဲ အဝေးကြီး….။


နိုင်ငံတော်အစိုးရရော တိုင်းဒေသကြီး အစိုးရကရော…. ကော့သောင်းမြို့လေးမှာ ရှိတဲ့ ပြည်သူတွေကို ဘာမှ ထိထိရောက်ရောက်ထောက်ပံ့ပေးထားတာ မရှိဘူး…။

အခြေခံစားကုန်ကအစ…..

ဆန်… ဆန်ကုန်သည်ကြီးများ အသင်းရဲ့ အစီအစဉ်နဲ့ ပြည်မက တစ်ဆင့် တင်သွင်းတယ်… (သယ်ယူစရိတ်အရ

အနည်းငယ်ဈေးတင်ပြီး ပြန်ရောင်းတယ်…၊)

ဆီ….. ပြည်တွင်းကထုတ်လုပ်တဲ့ စားအုန်းဆီက (၁၀)ရာခိုင်နှုန်းလောက်ပဲ ရောက်တယ်… ကျန်တာကို တစ်ဘက်နိုင်ငံက ၀ယ်စားရတယ်….။

ဆား/ငြုပ်/ ကြက်သွန်….. ဒါတွေကတော့ ကြယ်ငါးပွင့်သင်္ဘောအစီအစဉ်၊ ပုဂ္ဂိက စက်လှေများဖြင့် တရားဝင်

ကုန်သွယ်ပြီး လာရောက်ရောင်းချနေကြတယ်။ လုံလောက်မှု မရှိပါဘူး…. (၄၀)ရာခိုင်နှုန်းကို တစ်ဘက်နိုင်ငံကို

အားကိုးနေရတယ်… ကျန်တာတွေ အကုန်လုံးကို ရနောင်းကိုပဲ အားကိုးနေရတယ်……။


ဒေသမှာက အဓိကသက်မွေးဝမ်းကျောင်းမှုက ရေလုပ်ငန်း….၊

ပြီးတော့ ကုန်သွယ်ရေးလုပ်ငန်း…..။

ဒေသမှာ အချိန်မရွေး ၀ယ်စားနိုင်တာ… ငါးတစ်မျိုးပဲရှိတယ်…။ ဒါတောင် ပုစွန်ကောင်းကောင်း ငါးကောင်းကောင်းတွေကို တစ်ဘက်နိုင်ငံကို ရောင်းတယ်….။


ဟင်းသီး ဟင်းရွက်ကအစ ဒေသထွက် လုံလောက်မှု မရှိဘူး… အကုန်လုံးနီးပါး ရနောင်းက ၀ယ်စားရတယ်…

အားလုံးဆိုမှ အားလုံးပဲဗျာ…. အခြေခံစားကုန်ကနေ အစ အကုန် ၀ယ်စားရတယ်…..။


သို့သော် ကျွန်တော်တို့ မြို့လေးကို ခေတ်မီအောင် ဖွံ့ဖြိုးတိုးတက်အောင်ကိုတော့ ကျွန်တော်တို့ မြို့ကလူတွေပဲ

Friday, May 3, 2013

မိအေးအော်တာပဲ ပြမနေကြပါနဲ. ဂဏာန်းလှပ်တာလေးလဲမြင်အောင် ပြပေးကြပါ......

( ပရော်ဖက်ဆာဒေါက်တာကြွက် စာမျက်နာမှ ကူးယူဖော်ပြသည်)

မိအေးအော်တာပဲ ပြမနေကြပါနဲ. ဂဏာန်းလှပ်တာလေးလဲမြင်အောင် ပြပေးကြပါ......
 မြန်မာတွေ မြန်မာတွေ တော်တော်လဲ ခက်ကြတဲ့ မြန်မာတွေ .............

ဂဏာန်းညှပ်တာကို လူမြင်အောင် မပြကြဘူး .............မိအေး အော်နေတာပဲ ထပ်ခါတလဲလဲ မမြင် မြင်အောင် ပုံဖော် ပြနေကြတယ်..............

ပြည်ပ အတင်းဖွ သတင်းဋ္ဌာနတွေကလဲ မိအေး ငယ်သံပါအောင် အော်နေတာပဲ ထုတ်လွှင့်ပြသနေတာ ခုချိန်ထိ

ခေါတော မုတ်ဆိတ်တွေက ဒါမျိုးကြတော့ အပိုင် ကိုလုပ်တတ်ကြတယ်........ ဂဏာန်းညှပ်တာကို မမြင်အောင် ဖုံးပြီး မိအေး အော်တာပဲ မြင်အောင် ပြတတ်ကြတယ်............

ပြောပြန်ရင်လဲ ကိုယ်ပေါင်ကိုယ်လှန်ထောင်းသလိုပဲ ...........ရခိုင်အရေး /မိတ္ထီလာအရေး တွေကို မြင်အောင်ကြည့် ..........

နောက်တခါ ဘာပဲ လုပ်လုပ် ဂဏာန် ညှပ်တာကို မြင်အောင် ပြနိုင်မှ မိအေး အော်တာတွေကို မြင်အောင် ပြကြပါလို. တိုက်တွန်းချင်ပါတယ်......

ခေါတောတွေ သတ်လို.သေခဲ့တဲ့ မသီတာထွေး နဲ. အခြားရခိုင်တိုင်ရင်းသားတွေ ပုံ အပါအ၀င်
ခေါတောတွေ သတ်လို. သေသွားတဲ့ ဘုန်းကြီးပုံကို တင်တော့ ခေါတော များရဲ. ၀ိုင်းပြီး( အချို. မြန်မာတွေလဲပါရဲ.) ရီပိုစ် တင်မှု.ကြောင့် ပုံတွေ ပျက်ခဲ့ရပြီး ခုချိန်မှာ လုံးဝကိုပျောက်ကွယ်နေတာတွေ.ရတယ်.........

မြန်မာတွေ က ခေါတောတွေကို ရိုက်နှက်နေတဲ့ ပုံတွေ Youtube ဖိုင်တွေကတော့ ခုထိ အွန်လိုင်းမှာ နေရာယူ ပဋိပက္ခ ကို တာစူနေဆဲ ဖြစ်နေတာ တွေ.ရတော့ ..လူများစု ဖြစ်တယ်လို. ပြောတဲ့ ရွှေမြန်မာတွေက တယ်လဲ လူသားချင်းစာနာတတ်ပါလားလို. တွေးမိတယ်......( ပြောချင်တာက လူမညီတာကိုပါပဲ)

နောင်အခါ ဖြစ်လာခဲ့ရင် မိမိတို.ဘက်က ကြိုတင် ပြင်ဆင်နိုင်အောင် .......သူတို.ရဲ. တရားလွန်မှု.တွေကို ထုတ်ဖော်ပြသနိုင်အောင် ပြောပြရခြင်းဖြစ်တယ်လို. သိထားရင်ပဲ ကျေနပ်လှပါပြီ.....

(((((ဂဏာန်းညှပ်တာကို မပြနိုင်ရင်တော့ မိအေး ရေ နင်တော့ ၂ခါပြန် နာမယ်ဆိုတာ သေချာသလောက်ပါပဲ ))))

ကြွက်

တွေ.ရင် အကြောင်းကြားပေးကြပါ

ဤ ဓါတ်ပုံပိုင် ရှင် သည် မြင်းခြံမြို့  အမှတ် (၁၆) ရပ်ကွက်နေ ဒေါ်စိန်စိန်မြင့် ၏ သားမောင် လှိုင် မင်းထွန်း ဖြစ်ပါသည် ကျမ မချိုသဲစုအောင် ၏ အကို တစ်ဝမ်းကွဲ ဖြစ်ပါသည် မ လေးရှား သို့  သွားရောက် အလုပ် လုပ်ကိုင် ရာ အဆက် အသွယ် မရပါ သဖြင့် တွေ့ ရှိပါက ဆက်သွယ် အ ကြောင်းကြားပေးပါရန် မေတ္ထာ ရပ်ခံအပ်ပါသည် (ကျေးဇူးပြု၍ Share ပေးပါ )

ဆက်သွယ် ရန် achitnatsoe23@gmail.com
ဖုန်း ၀၉၄၀၂၇၁၅၂၈၆

Thursday, January 17, 2013

သိတဲ့သူတွေ ဖြေပေးဖို.နဲ. မသိတဲ့သူတွေအတွက် စဉ်းစားသင့်တဲ့ မေးခွန်း (၅) ချက်

ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမားတွေကြား ဂယက်ရိုက်နေသည့် နှစ်နိုင်ငံနားလည်မှု. သဘောတူညီချက် Passport အား လေ့လာ ကြည့်သောအခါ 

တကယ်တမ်း MOU လုပ်ပြီ ဆိုတာနဲ. .........လက်ရှိအနေအထားအရ .......... မြန်မာ အလုပ်သမားက BIO ဖောင်ဖြည့်ပြီး ဓါတ်ပုံကပ် လက်မှတ်ရေးထိုးရမယ်...နောက်..အလုပ်ရှင်ရဲ. ...မှတ်ပုံတင်မိတ္တူ / အိမ် ထောင်စုစာရင်း/နိုင်ငံခြားသား အလုပ်သမား ခေါ်ယူခွင့်လျှောက်လွှာ / ကိုယ်စားလှယ်လွှဲစာ (အလုပ်ရှင်ကိုယ်တိုင် မလုပ်သူများ) စတဲ့ အရာတွေ လိုအပ်တယ်လို. သိရပါတယ်................... နောက်ပြီး အလုပ်ရှင်နဲ. အလုပ်သမား နားလည်မှု. လက်မှတ် (MOU) ရေးထိုးရမယ်လို. သိထားပါတယ်

ကျနော် စဉ်းစားမိတာလေးက ......MOU နဲ. W.P အပြီးအစီး ဈေးကဘယ်လောက် ဆိုပြီး လုပ်တယ် ဆိုပေမဲ့ ........Passport ကတော့ ထားပါတော့လေ.. မြန်မာ နိုင်ငံသား ဖြစ်ကြောင်းစီစစ်ပြီးတာနဲ. ထုတ်ပေးမှာပါ ........ဒါဆိုရင် ပါမစ်လို. ခေါ်တဲ့ အလုပ်လုပ်ခွင့် လက်မှတ်ကို ရော အလုပ်ရှင် ရဲ. အထောက်အထား ဘာမှ မပါပဲ ဘယ်လို လုပ်ကြမလဲ ဆိုတာ ကျနော်ကို သိတဲ့သူရှိရင်ပြောပြကြပါခင်ဗျာ..............

၁။ အချက်အနေနဲ. လက်ရှိ မြန်မာ အလုပ်သမား ဟာ သူရွေးချယ်ထားတဲ့ အလုပ်ရှင်နဲ. MOU လုပ်မယ်ဆိုရင် ....အလုပ်ရှင်ရဲ. အထောက်အထားတွေ မပါနိုင်ဘူးလား။

၂။ အချက်က အလုပ်ရှင်ရဲ. အထောက်အထား မလိုပဲ လိုင်စင်ရ ကုမ္ပဏီတွေက လုပ်ပေးမယ်ဆိုပါက ... မြန်မာ အလုပ်သမားတွေရဲ. လက်ရှိအလုပ်ရှင် နာမည် ထည့်ပြီး မည်သို. W.P လုပ်ကြမှာလဲ

၃။ အချက်က အလုပ်ရှင် (မြန်မာအလုပ်သမားရွေးချယ်ထားသူ) ရဲ.အထောက်အထား မယူပဲ ပြုလုပ်တဲ့ ပါမစ် W.P ကို မူလ အလုပ်ရှင် (မြန်မာအလုပ်သမားရွေးချယ်ထားသူ) ၏ အမည်ကို ဘယ်လို ပြောင်းလဲနိုင်ပါသလဲ။

၎။ အချက်က မြန်မာအလုပ်သမား ကိုယ်တိုင် ရွေးချယ်ရပြီး အလုပ်ရှင်ကိုယ်တိုင်ကလဲ သဘောတူ ၂ဦး သဘောတူ ပြုလုပ်ရမယ်လို. အခုလက်ရှိMOU မှာ ပါရှိတယ်ဆိုတာ ဟုတ်မဟုတ် .....

၅။ အချက်က MOU ပြုလုပ်မဲ့ မြန်မာ အလုပ်သမား တေတွေဟာ အလုပ်ရှင်မရှိပဲ (သို.) အစားထိုး အလုပ်ရှင် အမည်များသုံးစွဲပြီး ပြုလုပ်ပါက ..အလုပ်နေရာ နှင့် အလုပ်ရှင် အမည် လွဲမှားခြင်းကြောင့် ပြဿနာ မဖြစ်နိုင်ဘုးလား

စတဲ့ အချက် (၅) ချက်ကို သိတဲ့ သူတွေ ဖြေပေးစေချင်သလို မသိတဲ့သူတွေအနေနဲ.လဲ ကိုယ်ပိုင် စဉ်းစား ဝေဖန် နိုင်ကြစေရန် အတွက် ကျနော်  မင်းလွမ်းနောင် မှ တိုက်တွန်းအပ်ပါတယ်
 
(အမှန်တကယ်  လိုအပ်ချက်များ နှင့် လုပ်ရမည့် လုပ်ငန်းစဉ် များအား ဆက်လက် ဖော်ပြသွားပါမယ် )
အလိမ်အညာ ဒဏ်များမှ ကင်းဝေးကြပါစေ
မင်းလွမ်းနောင် (ပန်းတနော်)

Wednesday, January 2, 2013

တရားဝင်ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ မူဝါဒနှင့် ဥပဒေ ကွဲလွဲမှုကြောင့် နစ်နာမှုများ






                   နိုင်ငံတော်မှ စားသုံးသူအကာအကွယ်ပေးရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအတွက် တရားမ၀င် ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရန် မူဝါဒချမှတ်အကောင်အထည်ဖေါ် ဆောင်ရွက်လျှက်ရှိနေချိန်တွင်           ( ၃၀.၁၂.၁၂ ) ရက်နေ့က မြ၀တီကုန်သွယ်ရေးဇုန်ကျင်းပသည့် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် တရားဝင် ကုန်သွယ်မှုပြုလုပ်ရေး အလုပ်ရုံဆွေးနွေးပွဲတင်ပြချက်များအရ အောက်ခြေအဆင့်ဝန်ထမ်းများလုပ်ဆောင်ချက် များသည် တရားဝင်ကုန်သွယ်မှုပြုနေသော ကုန်သည်များအတွက် နစ်နာမှုများဖြစ်ပေါ်နေရကြောင်းသုံးသပ်တင်ပြ လိုက်ပါသည်။
                   နိုင်ငံတော်ချမှတ်ထားသော ကုန်သွယ်မှုလုပ်နည်းစနစ်အရ မြ၀တီကုန်သွယ်ရေးဇုန်မှတဆင့် တရားဝင်ကုန်သွယ်မှုပြုသည့် ကုန်သည်အနေဖြင့် သတ်မှတ်ညွှန်ကြားချက်အရ ကျပ်ငွေဖြင့် အခွန်ငွေအကြေ ပေးဆောင်ကာ တရားဝင်ယာဉ်စစ်ဆေးမှုခံယူပြီး မြ၀တီမှ ရန်ကုန်သို့ ထွက်ခွါလာသည့် စက်သုံးဆီတင် မော်တော် ယာဉ် ( ၂ ) စီးသည် ( ၂၂.၁၂.၁၂ ) ရက်နေ့တွင် ညောင်ခါးရှည်ရှိ Mobile Team စစ်ဆေးမှုခံယူပြီး ခရီး ဆက်လက်ထွက်ခွါရာ ဝေါမြို့ ရထားလမ်းကူးနေရာအရောက်တွင် တင်ပြပါ Mobile Team မှ ကားဖြင့်လိုက်လာပြီး ကျပ်လိုင်စင်ဖြင့်သွားမရကြောင်း ပြောဆိုတားဆီးခြင်းခံရပါသည်။
                   ကုန်သည်များအနေဖြင့် သတ်မှတ်ညွှန်ကြားချက်အား ကျော်လွန်ကျပ်ငွေ သို့မဟုတ် နိုင်ငံခြား ငွေဖြင့် မိမိသဘောဆန္ဒအလျောက် အခွန်ပေးဆောင်ချင်တိုင်း ပေးဆောင်မရပါ။ မြ၀တီကုန်သွယ်ရေးဇုန်မှ သတ်မှတ်သည့် နည်းလမ်းဖြင့်သာ အခွန်ပေးဆောင်ရပါသည်။ သို့ပါသော်လည်း စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနလက်အောက်ရှိ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနတစ်ခုတည်းတွင်ပင် မြ၀တီကုန်သွယ်ရေးဇုန်မှ ကျပ်ငွေဖြင့်အခွန်ပေးဆောင်ခွင့်ပြုသော်လည်း Mobile Team တွင် ကျပ်ငွေဖြင့် အခွန်ဆောင်ခြင်းကြောင့် ခွင့်မပြု နိုင်ကြောင်းတားဆီးခြင်းသည် နားလည်ရခက်ခဲသည့် ဌာနတွင်း ၀ိဝါဒကွဲလွဲမှုဖြစ်နေသဖြင့် တရားဝင်ကုန်သွယ်မှု လမ်းကြောင်းအမှန်ပေါ်သို့ တက်ရောက်ရန်ကြိုးစားနေသည့် ကုန်သည်များအတွက် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနအမျိုးမျိုးသော ကွဲပြားခြားနားသည့် ညွန်ကြားချက်များအပေါ် ယုံကြည်စိတ်ချစွာ တရားဝင်ကုန်သွယ်မှုပြုနိုင်ရေး အတွက် အဟန့်အတားတစ်ခုသဖွယ် ဖြစ်နေပါသည်။
                   ကုန်သည်များအနေဖြင့် မြန်မာနိုင်ငံအတွင်း ကုန်သွယ်မှုပြုကြခြင်းအတူတူ အရပ်ဒေသကိုလိုက်ကာ မူဝါဒအမျိုးမျိုးကွဲပြားနေမှုအဖြစ် Sea Trade တွင်မပေးဆောင်ရသည့် ပြည်တွင်းအခွန် ၁.၅ ရာခိုင်နှုန်းအား မြ၀တီ ကုန်သွယ်ရေးဇုန်မှ သွင်းကုန်လုပ်ငန်းဆောင်ရွက်ရာတွင် ကြိုတင်ပေးဆောင်ကြရပါသည်။
                   မြ၀တီကုန်သွယ်ရေးဇုန်မှ သတ်မှတ်အခွန်ထမ်းဆောင်ပြီး တရာဝင်ယာဉ်အစစ်ဆေးခံကာ ခရီး ဆက်လာသည့် ကုန်တင်ယာဉ်များအား ဒေါနတောင်ခြေ (မြ၀တီဘက်အခြမ်း) ရှိ တံတားကျိုးဂိတ်တွင် အကြောင်းမရှိအကြောင်းရှာ စစ်ဆေးခြင်း၊ အခကြေး ( တောင်းသမျှ ) ငွေပေးဆောင်ပြီးမှ ယာဉ်ဖြတ်သန်း ခွင့်ပြုခြင်းများ ပြုလုပ်နေသောကြောင့် အခွန်ထမ်းကုန်သည်များအပေါ် အခွန်ပေါ်အတုပ်ဆင့်နေခြင်းနှင့် တိုင်းပြည်နယ်မြေအေးချမ်း သာယာနေပြီဖြစ်သောကြောင့် ၄င်းဂိတ်အား ရုပ်သိမ်းပေးပါရန် ( ၁၇.၁၁.၁၂ ) ရက်နေ့တွင် မြ၀တီကုန်သွယ်ရေးဇုန်ကျင်းပသည့် Mobile Team စစ်ဆေးမည့်လုပ်ငန်းစဉ် ရှင်းလင်းသည့် အစည်းအဝေးကျင်းပစဉ် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များထံ ကုန်သည်အများမှ တင်ပြခဲ့သော်လည်း ယခုအချိန်အထိ ရုပ်သိမ်းပေးခြင်းမရှိသေးသဖြင့် တရားဝင် ကုန်သည်များသည် အခွန်ပေါ် အခွန် ဆင့်ပြီးရင်းဆင့်ကာ အပိုငွေကြေးပေးဆောင်နေကြရပါသည် ။
ကုန်သည်များ အနေဖြင့် တိုင်းပြည်နယ်မြေ အေးချမ်းသာယာနေပါလျှက်နှင့် အလားတူ ကော့ကရိတ်မြို့ ၀င်ဂိတ်သည် ည ( ၆ ) နာရီမှ နံနက် ( ၆ ) နာရီအထိလည်းကောင်း၊ ဂျိုင်းတံတားဂိတ်သည် ည ( ၈ ) နာရီ မှ နံနက်   ( ၆ ) နာရီအထိလည်းကောင်း ဖားအံ သံလွင်တံတားဂိတ်သည် ည ( ၁၀ ) နာရီခွဲမှ နံနက်( ၃ ) နာရီ အထိ လည်းကောင်း ပိတ်ထားသောကြောင့် ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန် လွယ်ကူချောမွေ့စေရေးအတွက် အဟန့်အတား တစ်ရပ်ဖြစ်နေပါသည်။
                   ကုန်တင်ယာဉ်များအတွက် တံတားကြေးအနေဖြင့် ဖားအံသံလွင်တံတားသည် သင့်လျော်သော နှုန်းထားဖြင့်ကောက်ခံသော်လည်း မြ၀တီကုန်သွယ်ရေးဇုန်မှ ထွက်ခွါပြီးနောက် သင်္ကန်းညီနောင်ရှိ ထိုင်းနိုင်ငံမှ ဆောက်လုပ်ပေးထားသည့် သင်္ကန်းညီနောင်တံတားကြေး၊ လမ်းမပြုပြင်ဘဲ မတရားကောက်ခံနေသည့်လမ်းကြေး၊ ကိုယ်ပိုင်ခြံဝင်းအတွင်း အိပ်စက်ရပ်နားသော်လည်း ဓါးပြတိုက်သကဲ့သို့တောင်းခံသည့် ညအိပ်ခွန်၊ မော်တော်ယာဉ် စည်းကမ်းထိန်းသိမ်းရေးတာဝန် ထမ်းဆောင်ခြင်းမရှိသော်လည်း မထသကြေးကောက်ခံခြင်း၊ ကော့ကရိတ်ဂိတ် စစ်ဆေးရေး တာဝန်ရှိသူများမှအပ ဓါးပြတိုက်သကဲ့သို့ စိတ်ထင်သလို ငွေကြေးကောက်ခံနေသည့် ကတ္တား၊ နယ်မြေအေးချမ်းနေသော်လည်း ကုန်တင်ယာဉ်တိုင်းသူခိုးထင် နှစ်ထပ်မောင်းတံခါးဆင်ကာ ငွေကြေးရယူလိုသည့် ဂျိုင်းတံတား တပ်မတော်သားများရဲ့ ဖွင့်ချင်သလို မဖွင့်ချင်သလို မောင်းတက်ဂိတ်များသည်  နိုင်ငံတော်မှကြိုဆိုသည့် တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်ရောက်ရှိလာရေး ရည်မှန်းချက်အား ကြီးစွာသော အနှောက်အယှက်ဖြစ်နေ ရပါသည်။
                   တရားဝင်ကုန်သွယ်မှုဖြစ်စေရန် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကြပ်မတ်စစ်ဆေးလျှက် သတ်မှတ် ကုန်တင်ဆောင်လာသည့် မော်တော်ယာဉ်များအား Mobile Team မှ ထပ်ဆင့်စစ်ဆေးဆောင်ရွက်ပြီးပါလျှက်နှင့် အင်းတကော်အဖွဲ့စုံဂိတ်မှ မော်တော်ယာဉ်များမှ အခကြေးငွေတောင်းခံနေသည်မှာလည်း တရားဝင်ကုန်သွယ်သူများ အနေဖြင့် အခွန်၊ အတုပ် နှင့် အကောက်ကြေးမျိုးစုံ ပေးဆောင်နေရသည်မှာ တရားမျှတမှုမရှိပါ။
မိမိကြိုးပမ်းရှာဖွေ ထားသည့် အကျိုးစီးပွားထဲမှ မည်သူမျှ အလကားမပေးချင်ပါ။ သို့သော် အခွင့်အာဏာ အမျိုးမျိုးသုံး တောင်းသည့်ငွေအား မပေးလျှင် ခရီးကြန့်ကြာအောင် ပညာပြခြင်းများသည် နိုင်ငံတော် သမ္မတကြီးလမ်းညွှန်ချက်နှင့်ကိုက်ညီမှုမရှိလင့်ကစား ကုန်သည်များမှ အမှန်တကယ်ပေးဆောင်နေရပါသည်။
ယင်းကဲ့သို့သော မသမာမှု ဖြစ်စဉ်များအား အမြန်ဆုံး ပြုပြင်ဆောင်ရွက်ပေးနိုင်ပါရန် ကုန်သည်များ ကိုယ်စား အကူအညီတောင်းခံတင်ပြအပ်ပါသည်။

အောင်နေကြည်အောင်

Saturday, October 20, 2012

မြေအောက်ရထားပေါ်က မအောင့်နှိုင်လို့  အပေါ့စွန့်ခဲ့တဲ့ မိန်းကလေး ယူကျုပေါ်မှာ ပျံ့နှံ(ရုပ်သံ)



အင်တာနက် ယူကျုပေါ်မှာ ပျံ့နှံနေတဲ့ ရုပ်
သံဖိုင် တခုပါ။ အမေရိကန် ပြည်ထောင်စု 
နယူးယောက် မြို့ မြေအောက်ရထား တခုပေါ်မှာ ဖြစ်ပွားသွားတဲ့ ဖြစ်ရပ်

ကလေးတခုပါ။ ပုံပါ အမျိုးသမီးမှာ မအောင့်နိုင်ဖြစ်ရပြီး လူအများကြားမှာပဲ အပေါ့စွန့်ခဲ့ပါတယ်။
နောက် အဲဒီအနံ့ မခံနိုင်လို့ သူ့မှာ ပါလာတဲ့ ရေဗူးထဲ ပါလာတဲ့ ရေနဲ့ လူပုံအလယ်မှာ ဆပ်ပြာတိုက်၊ ရေချိုး၊ နောက် ပေါင်ဒါတွေနဲ့ သန့်ရှင်းနေခဲ့လိုက်တာကို ခရီးသွား
 တဦးက ရိုက်ပြီး ယူကျုပေါ် တင်လိုက်တာဖြစ်ပါလိမ့်မယ်။

Monday, June 11, 2012

မျိုးချစ်ဟက်ကာ များဧ။် အစွမ်းပြချက်

Cyber သူရဲကောင်းတို့ရဲ့
တိုက်ခိုက်မှုတွေကိုလဲလေးစားပါသည်။
သူတို့အတွက်လဲ လက်ခုပ်တီးပေးကြပါဦး။

ဒါနောက်တစ်ခု....http://www.etl.gov.bd/

လင့်တစ်ခုချင်းဆီနှိပ်ပြီးကြည့်လို့ရသည်။

http://www.786info.net/

http://www.romaidi.com/

http://www.suhaimitakaful.com/

http://greentvseries.com/

http://www.fauziahahmaddaud.com/

http://www.striderzclients.com/

http://kalbalia.me/

http://www.securelineindia.com/life_secureline.php

http://janasampark.com/main/index.php
 
ဖေ့ဘွတ်စာမျက်နာမှ ကူးယူဖော်ပြသည်။

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ