.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Saturday, May 4, 2013

အစိုးရ လူကြီးမင်းများ သိထားသင့်သည့် ကော့သောင်းမြို.လေးရဲ.အကြောင်း



ကျွန်တော်တို့ နေတဲ့ မြို့ကလေးကို ``ကော့သောင်း´´လို့ ခေါ်ပါတယ်…..။

ဒီမြို့ကလေးက အရင်က မြန်မာနိုင်ငံရဲ့ မြို့တော် ရန်ကုန်နဲမိုင်၁၀၀၀ ကျော် ဝေးပါတယ်…. လေယာဉ်ခရီးစဉ်ဖြင့် (၁)နာရီကျော်ကျော်… ကြယ်ငါးပွင့် သင်္ဘောခရီးစဉ်ဖြင့် (၂)ရက်မှ (၁၀)ရက်အထိ၊ ကားလမ်းဖြင့် ပုံမှန်(၃)ရက် လမ်းအခြေအနေပေါ် မူတည်ပြီး ဒိထက်လဲ ကြာပါတယ်….။

အခုလက်ရှိ မြန်မာနိုင်ငံရဲ့ မြို့တော် နေပြည်တော်နဲ့ကတော့ ရန်ကုန်ထက် ပိုဝေးသွားပြီ….

တစ်နိုင်ငံလုံးမှာ ကျွန်တော်တို့ မြို့လေးက မြို့တော်နဲ့ အဝေးဆုံး….၊ နောက်ပြီး တောင်ဘက်အစွန်းဆုံး… ။

ကျွန်တော်တို့ ကော့သောင်းမြို့လေးမှာ တစ်မြို့နယ်လုံး ဒေသခံလူဦးရေ (၆)သောင်းကျော်နေတယ်…။

ကမ်းရိုးတန်းမြို့တော် မြိတ်မြို့နဲ့လည်း မိုင်(၂၀၀)ကျော်ဝေးတယ်…၊ တိုင်းမြို့တော် ထားဝယ်နဲ့လည်း ဒီလိုပဲ အဝေးကြီး….။


နိုင်ငံတော်အစိုးရရော တိုင်းဒေသကြီး အစိုးရကရော…. ကော့သောင်းမြို့လေးမှာ ရှိတဲ့ ပြည်သူတွေကို ဘာမှ ထိထိရောက်ရောက်ထောက်ပံ့ပေးထားတာ မရှိဘူး…။

အခြေခံစားကုန်ကအစ…..

ဆန်… ဆန်ကုန်သည်ကြီးများ အသင်းရဲ့ အစီအစဉ်နဲ့ ပြည်မက တစ်ဆင့် တင်သွင်းတယ်… (သယ်ယူစရိတ်အရ

အနည်းငယ်ဈေးတင်ပြီး ပြန်ရောင်းတယ်…၊)

ဆီ….. ပြည်တွင်းကထုတ်လုပ်တဲ့ စားအုန်းဆီက (၁၀)ရာခိုင်နှုန်းလောက်ပဲ ရောက်တယ်… ကျန်တာကို တစ်ဘက်နိုင်ငံက ၀ယ်စားရတယ်….။

ဆား/ငြုပ်/ ကြက်သွန်….. ဒါတွေကတော့ ကြယ်ငါးပွင့်သင်္ဘောအစီအစဉ်၊ ပုဂ္ဂိက စက်လှေများဖြင့် တရားဝင်

ကုန်သွယ်ပြီး လာရောက်ရောင်းချနေကြတယ်။ လုံလောက်မှု မရှိပါဘူး…. (၄၀)ရာခိုင်နှုန်းကို တစ်ဘက်နိုင်ငံကို

အားကိုးနေရတယ်… ကျန်တာတွေ အကုန်လုံးကို ရနောင်းကိုပဲ အားကိုးနေရတယ်……။


ဒေသမှာက အဓိကသက်မွေးဝမ်းကျောင်းမှုက ရေလုပ်ငန်း….၊

ပြီးတော့ ကုန်သွယ်ရေးလုပ်ငန်း…..။

ဒေသမှာ အချိန်မရွေး ၀ယ်စားနိုင်တာ… ငါးတစ်မျိုးပဲရှိတယ်…။ ဒါတောင် ပုစွန်ကောင်းကောင်း ငါးကောင်းကောင်းတွေကို တစ်ဘက်နိုင်ငံကို ရောင်းတယ်….။


ဟင်းသီး ဟင်းရွက်ကအစ ဒေသထွက် လုံလောက်မှု မရှိဘူး… အကုန်လုံးနီးပါး ရနောင်းက ၀ယ်စားရတယ်…

အားလုံးဆိုမှ အားလုံးပဲဗျာ…. အခြေခံစားကုန်ကနေ အစ အကုန် ၀ယ်စားရတယ်…..။


သို့သော် ကျွန်တော်တို့ မြို့လေးကို ခေတ်မီအောင် ဖွံ့ဖြိုးတိုးတက်အောင်ကိုတော့ ကျွန်တော်တို့ မြို့ကလူတွေပဲ


လုပ်ဆောင်ကြရတယ်…။ ကျန်းမာရေး…၊ ပညာရေး…. အစရှိသဖြင့် အားလုံးကို အစိုးရရဲ့ မတည်ငွေလေး မစို့မပို့နဲ့ ဒေသက လုပ်ငန်းရှင်ကြီးတွေရော… လုပ်ငန်းရှင်လေးတွေရော… မြို့သူမြို့သားတွေရော… တတ်နိုင်သမျှ ထည့်ဝင်ပြီး တည်ဆောက်ခဲ့ကြတယ်… လှူဒါန်းခဲ့ကြတယ်…။


ဒီစနစ်လေးက ဟိုးယခင်ကလည်း ဒီအတိုင်း….

အခုလည်း ဒီအတိုင်းပါပဲ…..။


ဒါပေမဲ့…. အခု ခေတ်စနစ်တွေ ပြောင်းလဲလာတော့ လူတွေ စားဝတ်နေရေး အဆင်မပြေကြတော့ဘူး….


ပိုပြီး နွမ်းပါးလာကြတယ်… မနက်စာစားဖို့ထက် နေ့လည်စာကို ပိုပြီး ဦးစားပေးလာရတယ်….

လူတွေလည်း တဖြည်းဖြည်းလျော့ပါးလာတယ်…။ ၀င်ငွေတွေလည်း ကျဆင်းလာတယ်…

ဘာမှ မပြောင်းလဲတာဆိုလို့ အခွန်ကောက်ခံတာရယ်… အခွန်တိုးလာတာရယ်ပဲရှိတယ်…။


ဒီကြားထဲမှာ အခုတစ်ခါ အကောက်ခွန်စည်းမျဉ်း ဥပဒေအရ….

ပို့ကုန် စိစစ်မှုစနစ်…. ကို ထိန်းကျောင်းလာကြတယ်…

ပို့ကုန်ဆိုတာက ရေထွက်ပစ္စည်းတစ်မျိုးတည်း ရှိတာလေ….

သွင်းကုန်ဆိုတာကတော့ စက်သုံးဆီကနေ လူသုံး၊ အိမ်သုံး၊ အခြား စက်မှုလုပ်ငန်းသုံး၊ ဆောက်လုပ်ရေးပစ္စည်း၊ ဓါတုဗေဒ(ကုန်ကြမ်း)ပစ္စည်းတွေ တန်ပေါင်းများစွာ…. (ဒေါ်လာ သန်းပေါင်းများစွာ) ပြည်တွင်းကို တင်သွင်းနေ ကြတယ်။ ဒါက ရနောင်းကသွင်းသွင်း.. စင်္ကာပူကသွင်းသွင်း၊ မလေးကသွင်းသွင်း…. သွင်းချင်တဲ့ နေရာကသွင်း ကြိုက်တဲ့ အခွန်ဆောင်….၊ ကြိုက်သလောက်ဆောင်…. ကျွန်တော်တို့ မြို့နဲ့ မဆိုင်ဘူး… မြို့မှာလည်း အခွန်မရဘူး….။ ဒါကြောင့် သွင်းကုန်နဲ့ ပတ်သက်ပြီး မြို့အတွက် ဘာမှအကျိုးမရှိဘူးလို့ပဲ ဆိုချင်ပါတယ်။


မြို့နဲ့ ဆိုင်တဲ့ အကျိုးရှိတဲ့လုပ်ငန်းက ပို့ကုန်…. ကော့သောင်းကနေ ရနောင်း ဈေးကွက်ကို တင်ပို့နေတဲ့ ရေထွက်

ပစ္စည်းပဲ….။ ဒေသခံတွေ အနေနဲ့ တစ်နယ်လုံးနီးပါးမှာ ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတာ (၅၅)

ရာနှုန်းလောက်ရှိတယ်။ ဒီလုပ်ငန်းကို အမှီသဟဲပြုပြီး စီးပွါးရှာ လုပ်ကိုင်စားသောက်နေရတာက တစ်မြို့လုံး

နီးပါးပါပဲ…။


ဥယျာဉ်ခြံထွက်ပစ္စည်းတွေရှိတယ်.. ကွမ်းသီးလိုဟာမျိုးတွေပေါ့…. ဒီလုပ်ငန်းတွေကတော့ ဥယျာဉ်ခြံပိုင်ရှင်တွေ

ရယ်… သူတို့ရဲ့ ဆယ်ဂဏန်းမပြည့်တဲ့ အလုပ်သမားတွေ အတွက်ပဲ ဘ၀ကို တည်ဆောက်နိုင်ယုံ အကျိုးရှိ ပါတယ်…။


ကော့သောင်းမှာ အမှန်တကယ် လယ်စိုက်ဧက ဘယ်လောက်ရှိတယ် ထင်ပါသလဲ…. တစ်ခေါက်လောက် အလည်လာပြီး ဖြစ်ဖြစ် လေ့လာကြည့်စေချင်ပါတယ်….။


အခု ခေတ်တွေ စနစ်တွေ ပြောင်းလာတော့ ကျွန်တော်တို့ မြို့လေးမှာ…. Mobile Teams လို့ ခေါ်တဲ့ ကုန်သွယ်မှု

စစ်ဆေးရေး အဖွဲ့တွေက စပိဘုတ်(ဂျွန်ဆင်)နဲ့ လှည့်ကင်းလှည့်ပြီး လှေငယ်လေးတွေ အ၀င်အထွက်ကို စစ်ဆေး

ပါတယ်….။


သွင်းကုန်ထုတ်ကုန် နည်းစနစ် မှန်ကန်စေရေးအတွက် ဒီလုပ်ရပ်လေးက သဘောကျစရာပါ…..

အမှန်တကယ်လုပ်ဆောင်နေတဲ့ ၀န်ထမ်းတွေကိုလည်း လေးစားစရာပါ….။

ဒါပေမဲ့ဗျာ…. ကျွန်တော်တို့ ကော့သောင်းမှာ ထူးခြားတာလေးတစ်ခုရှိတယ်ဗျ…..

ဒါကဘာလဲဆိုတော့…. `` အခြေခံစားကုန်မှအစ လိုအပ်သည့်ပစ္စည်းမှန်သမျှကို ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ယူ ပို့ဆောင်ပေးခြင်းမရှိ´´ တာပါခင်ဗျာ….။

ဆိုလိုတာက ပြည်မက ဘာတစ်ခုမှ ကော့သောင်းဒေသကို ပို့ဆောင်ပေးခြင်း မရှိပါဘူး….

ပြောရရင်တော့ မြန်မာနိုင်ငံထဲက မြို့…. မြန်မာနိုင်ငံသားစစ်စစ်တွေ နေတဲ့မြို့….. အစိုးရရုံးစိုက်ရာမြို့… ခရိုင်အဆင့် သတ်မှတ်ပေးထားတဲ့ မြို့ကလေးက အစစ အရာရာ တစ်ဘက်နိုင်ငံကို မှီခိုနေရတယ်ဆိုတာပါပဲ….။


ဒါကလည်း ကိစ္စမရှိပါဘူး…. ဒီကလူတွေ နေတတ်ပါတယ်….။ ရှာစားတတ်ပါတယ်…။ ကျေနပ်ပါတယ်…။ ရိုးလည်း ရိုးနေပြီလေ….။


ပြီးတော့ မြို့ကိုလည်း ခေတ်မီတိုးတက်အောင် တည်ဆောက်စေတယ်… ရပါတယ်…. ကိစ္စမရှိဘူး…။ ဒီကလူတွေ

ကျေနပ်ပါတယ်… လုပ်တတ်ပါတယ်…။ လုပ်လည်း လုပ်နေပါတယ်…။


ခက်နေတာက ရန်ကုန်မှာ ဆန်တစ်ပြည်(၁၀၀၀)ဖြစ်နေတဲ့ အချိန်မှာ… ကျွန်တော်တို့ သယ်ယူစရိတ်ပိုဆောင်းထားတဲ့ (၁၂၀၀)နဲ့ ၀ယ်စားရတယ်ဗျာ…..။ ဒါက ဆန် တစ်ခုတည်းကို ပြောတာပါ….။

ဒါမှ မလောက်ရင်လည်း တစ်ဘက်နိုင်ငံက ဈေးတင်ရောင်းတဲ့ ဆန်ကို ဈေးကြီးပေး ၀ယ်စားခဲ့ရတယ်…။

ကျန်တာတွေလည်း အတူတူပါပဲ…. အားလုံး တစ်ဘက်နိုင်ငံက ၀ယ်စားရပါတယ်…

ဒေသထွက်ပစ္စည်းကို ဟင်းသီး ဟင်းရွက် အနည်းငယ်မှ အပ တစ်ခါမှ ၀ယ်မစားဖူးပါဘူး..

စိုက်ပျိုးရေးခြံတွေ လုံလုံလောက်လောက် မရှိဘူး….၊

မွေးမြူရေးခြံတွေ လုံလုံလောက်လောက် မရှိဘူး….၊

ဆန်စပါး လုံလုံလောက်လောက် မထွက်ဘူး….၊

ငြုပ်/ကြက်သွန် စတဲ့ အခြေခံစားကုန် စိုက်ခင်းတွေ တစ်ခုမှ မရှိဘူး…..

အစိုးရကလည်း တာဝန်ယူ ဖြန့်ဖြူးပေးခြင်း မရှိဘူး…. ကုန်သည်တွေ ဈေးတင် ဈေးချသမျှ ဒေသခံတွေက

လည်စီးခံရင်း…. ရင်ဆိုင်ရင်း… ငြီးငြူရင်း ကျွန်တော်တို့ မြို့လေးကို ခင်တွယ်နေကြရတယ်…။


ကုန်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံ တစ်ရုံမှ မရှိဘူး….။ စဉ်းသားစဉ်းစားကြည့်ကြပါတော့ဗျာ…..


အခု …. Mobile Teams တွေရဲ့ Moves တွေ များလာတော့ အရင်ဆုံးဖြစ်လာတာက ဒေသတွင်း ကုန်ပစ္စည်းတွေ ဈေး စ တက်ပါပြီ….. တစ်ဆ… တစ်ဆခွဲ…. နှစ်ဆ ပေါ့….။

စီးပွါးရေးကျဆင်းပြီး အဆင်မပြေဖြစ်နေတဲ့ အချိန်မှာ ကုန်ဈေးနှုန်း တက်လာတယ်ဗျာ….

မလောက်မငှတွေ ဖြစ်လာတယ်….။


ဒေသတွင်း ကုန်စည်စီးဆင်းမှုလေးကို နည်းနည်း ရှင်းပြပါ့မယ်….

ကျွန်တော်တို့ ကော့သောင်းမြို့ရဲ့ ဒေသသုံး ကုန်ပစ္စည်းတွေကို တစ်ဘက်နိုင်ငံက ၀ယ်ယူသုံးစွဲပါတယ်…

အကောက်ခွန် ကန့်သတ်ကုန်ပစ္စည်းတွေ ဖြစ်တဲ့ အရက်၊ ဘီယာ၊ အချိုရည် စတာတွေအထိ တင်သွင်းပါတယ်။


ဒါဆိုရင် ကော့သောင်းက သွင်းကုန်ထုတ်ကုန် လိုင်စင် လျှောက်ထားခြင်းမရှိပါပဲ… တင်သွင်းနေခြင်းကြောင့်

သွင်းကုန် ထုတ်ကုန် ဥပဒေ ပုဒ်မ (၅၁)နဲ့ ငြိနေတယ် ထင်ပါသလား……။


မငြိပါဘူးခင်ဗျာ….. ဘာကြောင့် မငြိသလဲ ဆိုရင်…. အရင်က တာဝန်ရှိသူတွေက ဒေသကို ပြည်တွင်းက ကုန်

စည်စီးဆင်းမှု မရှိတဲ့ အတွက် ဒေသခံများ အနေဖြင့် တစ်ဘက်နိုင်ငံမှ ကုန်ပစ္စည်းများကို ၀ယ်ယူသုံးစွဲခွင့် ပြုခဲ့

ပါတယ်…။ အခေါ်လေးလည်း ရှိပါတယ်… `` တစ်ဆွဲ တစ်ပိုး…´´ တဲ့။

ရှင်းရှင်းပြောရရင် ဒေသသုံးပစ္စည်းလေးတွေ လှေငယ်နဲ့ သယ်လာရင် မဖမ်းကြနဲ့…. သူတို့ တခြားကိုပို့နေတာ

မဟုတ်ရင် မတားနဲ့ ….. လို့ မှာထားခဲ့လို့ပါ….။


ဒီလို တင်သွင်းခွင့်မရရင် ၀ယ်မစားရရင် ဒေသခံတွေ ဘာသွားစားရမလဲ…. ဒါကို စဉ်းစားပေးခဲ့ကြတာပါ….။


ဒီလို တစ်ဆွဲတစ်ပိုး ကနေ ပြည်တွင်းကို သယ်ယူနိုင်တာပဲလို့လည်း မတွေးပါနဲ့ဗျာ…

ဒေသမှာ ကုန်သည်ကြီးများ အသင်းရှိပါတယ်…. နယ်စပ်ကုန်သွယ်ရေးရုံးကြီးလည်း ဖွင့်ထားပါတယ်…

နောက်ပြီး တစ်ပိုင်တစ်နိုင် လှေနဲ့ အနီးဆုံးမြိတ်ကို ပို့ရင်တောင်မှ ရတဲ့ အမြတ်က ပို့ဆောင်ခ(ဆီဖိုး)မကျေ

ပါဘူး……။ ဒါကြောင့် ဘယ်သူမှ မပို့ပါဘူး…. လှေကြီးနဲ့ တင်ရင်လည်း တရားဝင်အခွန်ဆောင်ထားတဲ့

ကုန်သည်ကြီးတွေက သည်းမခံပါဘူး… တိုင်ကြားကြမှာပါ…..။ နယ်စပ်ကုန်သွယ်ရေးနဲ့ အကောက်ခွန်ကလည်း

လျာထားချက်အခွန်အတွက် ဖမ်းဆီးကြမှာပါ…..။

ဒီတော့ဗျာ… ဆိုလိုချင်တာက ပြည်မက ကုန်စည် စီးဆင်းမှု အားနည်းတဲ့ ကျွန်တော်တို့ ကော့သောင်းမြို့က

လူတွေ ကုန်ဈေးနှုန်းမြင့်တက်လာပြီး ဒုက္ခရောက်အောင် မလုပ်ပါနဲ့….. အခြေအနေအမှန်ကို နားလည်ပေး

ပါလို့…. …. Mobile Teams ကို တောင်းဆိုချင်ပါတယ်…။


နောက်တစ်ခုက ၀င်ငွေ ထိန်းချုပ်မှု ဖြစ်နေတဲ့ ပို့ကုန်လို့ ခေါ်တဲ့ ကမ်းနီး ရေထွက်ပစ္စည်းရောင်းချမှုနဲ့ ဆိုင်တာလေး တင်ပြချင်ပါတယ်….။


ကမ်းဝေးငါးလုပ်ငန်း….

မှတ်ပုံတင်ထားပြီးသား ရေယာဉ် ၀င်ထွက်ခွင့်ပြုပြီးသား…။ စစ်ဆေးပြီးသား ငါးဖမ်း/သယ်လှေကြီးတွေ လုပ်တဲ့ လုပ်ငန်းပါ…..။

သူ့ကိုတော့ ဒေါ်လာပြတ်စနစ် ကျင့်သုံးပါတယ်…

GRT တိုင်း…. သတ်မှတ် တန်ဘိုးသင့်ပြီး… ငါးဖမ်းကွက်ကိုထွက် ပြီးရင် တစ်ဘက်နိုင်ငံကို သွားရောင်း….

တိုင်းတာပြီးသား လှေပေါ်မှာ အပြည့်တင်တင် တစ်ဝက် တင်တင် ကြိုက်သလောက်တင်….

GRT သတ်မှတ်ချက်အတိုင်း အမြင့်ဆုံး အခွန်ကောက်ခံထားတယ်… တစ်လကို ဒေါ်လာ (၈၀၀၀)/(၁၀၀၀၀)/(၁၂၀၀၀) စသည်ဖြင့်ပေါ့ခင်ဗျာ….။

ဆိုလိုတာက ``တစ်လကို ဒီလှေက ဒေါ်လာ (၁၀၀၀၀)၊ ဒီလှေက ဒေါ်လာ(၁၂၀၀၀) မင်းကြိုက်သလောက်ဖမ်း

ဖမ်းနိုင်သလောက်သယ်ကွာ…. ´´လို့ ခွင့်ပြုပေးထားတာပါ….။

လှေမှာ ဘယ်လောက်ပါတယ်….. ဒါကြောင့် ပို့ကုန် တန်ဘိုး ဘယ်လောက်ကျတယ်လို့ ပြန်ပြီး မသတ်မှတ်ဘူး…

ပို့ကုန် ဒေါ်လာတစ်သောင်းဆိုရင် တစ်သောင်းပဲ…. ဘာမှ ပြောစရာမလိုဘူး… ဘယ်ဌာနကမှလည်း မစစ်ဘူး…

မကျစ်ဘူး…. မညစ်ဘူး…. ဘာTeams မှလည်း မလာဘူး….။ သူကတော့ တနင်္သာရီဆိုရင် ကမ်းဝေးဧရိယာ

(၁၀)မိုင်နဲ့ မြောက်ဘက် (လတ္တီတွဒ် ၁၁ ဒီဂရီ အထက်)ပေါ့…။ ရခိုင်မှာဆိုရင်တော့ ကမ်းဝေးဧရိယာ (၅)မိုင်ပါ။

ဘာကြောင့်လည်းဆိုတော့ တနင်္သာရီမှာက ကျွန်းပေါင်း (၈၀၀)ကျော်ရှိတယ်လေ…. ငါးစားကျက်နဲ့ ငါးသားပေါက်

ဒေသပေါ့……။ ရခိုင်မှာတော့ ကျွန်းရှားတယ် ဒါကြောင့် (၅)မိုင်သတ်မှတ်တာပါ။


တစ်ခါ ဒေသလုပ်ငန်းဖြစ်တဲ့ ကမ်းနီး….

သူက နည်းနည်း ကန့်သတ်ချက်များတယ်…. မြင်းအား(၂၀)အောက်… စက်တစ်လုံးပဲ ပါရမယ်… ငါးဖမ်းရက် (၁၅)ရက်…၊ ပို့ကုန်လိုင်စင်လျှောက်ရတယ်…၊ ပြီးရင် ပို့ကုန် အစစ်ဆေးခံရမယ်လို့ သတ်မှတ်ထားတယ်…..။

ကမ်းနီးလှေငယ်တွေ အနေနဲ့က ကြီးမားတဲ့ သတ်မှတ်ချက် တစ်ခုရှိတယ်… ဒါက ဘာလဲဆိုတော့… ငါးသွားရောင်းတဲ့ အခါမှာ ရနောင်းမြို့ရဲ့ ငါးလေလံ ဈေးကွက်ကို အချိန်မီသွားရတယ်…နောက်ကျရင် ဈေးကျတယ်…။

ဒါပေမဲ့ ကမ်းနီးလုပ်ငန်းကလည်း ကမ်းဝေး လုပ်ငန်းလိုပဲ… GRT တွက်ပြီး ဒေါ်လာ အခွန်ဆောင်ရတာပဲ…..


ဒီတော့ဗျာ… တကယ် ဒေသကို အကျိုးအပြုဆုံးက ကမ်းနီးလုပ်ငန်း….

အခု ကမ်းနီးကို ငါးဦးစီးက GRT တိုင်းထွာမှုအရ ဒေါ်လာပြတ်စနစ် ကျင့်သုံးထားပေမဲ့….. အကောက်ခွန်က

ပို့ကုန် စစ်ဆေးမှုဆောင်ရွက်မယ်…. ပါလာတဲ့ ကုန်ပစ္စည်း တန်ဘိုးအရသာ…. ပို့ကုန် တန်ဘိုး သတ်မှတ်မယ်

ဖြစ်လာတယ်….။ သူ့ရဲ့ အကြောင်းပြချက်ကတော့ ``ပို့ကုန်တန်ဘိုး အတိုင်း သွင်းကုန် လျှောက်ထားခွင့်ရတဲ့

အတွက်… သွင်းကုန်တန်ဘိုးသည် ပြည်တွင်းသို့ စီးဝင်သော ငွေဖြူဖြစ်သည်တဲ့….၊ နောက်တစ်ခုက

အကောက်ခွန် လုပ်ထုံးလုပ်နည်း စည်းမျဉ်း ဥပဒေအရ… ဆောင်ရွက်ခြင်းဖြစ်သည်….´´တဲ့။

မှန်ပါတယ်….. ဥပဒေအတိုင်းဆောင်ရွက်တာကိုလေးစားပါတယ်….

တစ်ခုသိချင်တာက ကမ်းဝေးနဲ့ ကမ်းနီး အခွန်ပေးဆောင်ပုံချင်း တူညီပါလျှက် ဘာကြောင့် လုပ်ငန်းဆောင်ရွက်မှု

မတူညီပါသလဲ… ?။


ဥပဒေ၏ အထက်တွင် မည်သူမျှ မရှိ ဟူသော စကားကိုလည်း ထောက်ခံပါတယ်….။

တရားစီရင်ရေး ကဏ္ဍတွင် ဥပဒေ၏ အထက်တွင် မည်သူမျှ မရှိပါ…..

သို့သော်….

အုပ်ချုပ်ရေးကဏ္ဍနှင့် ဥပဒေပြုရေး ကဏ္ဍတို့တွင် တရားဥပဒေ၏ အထက်၌ နိုင်ငံတော်နှင့် ပြည်သူ ရှိပါသည်။

ဥပဒေပြုရေးအာဏာ…၊ တရားစီရင်ရေးအာဏာ…နှင့် အုပ်ချုပ်ရေးအာဏာတို့ ချိတ်ဆက်နိုင်မှ ပုံမှန်လည်ပတ်

နိုင်မှသာ တိုးတက်သော… ပျော်ရွှင်ဖွယ်ရာကောင်းသော…. အေးဆေးတည်ငြိမ်သော နိုင်ငံတော်နှင့် နိုင်ငံသား

များ ဖြစ်ကြပါလိမ့်မည်….။


နိုင်ငံတော်နှင့် ပြည်သူများအတွက် ရေရှည် အကျိုးဖြစ်ထွန်းနိုင်ပါက ဥပဒေကို ပြင်ဆင်ရန်…၊ သီးခြား ချွင်းချက်

ဖြင့် သတ်မှတ်ရန် မဆိုထားနှင့် ဖျက်သိမ်းရန် လိုအပ်ပါကလည်း ဖျက်သိမ်းပစ်ရမည်ဖြစ်သည်ဟု ထင်မြင်မိပါ

သည်။


ဒေသတွင်း ပြည်သူများ နစ်နာလျှက်ရှိသော အထက်ပါ အခြေအနေများအတွက် မည်သူ့တွင် တာဝန်ရှိပါသနည်း?

ဤနစ်နာမှုများအတွက် မည်သူ့ကို တင်ပြရပါမည်နည်း…။

ငြိမ်သက်နေသော ကန်ရေပြင်အတွင်း ကျောက်ခဲလုံးလေးများကို စတင် ပစ်ချနေကြပါပြီ……


အားလုံးတန်းတူ သတ်မှတ်ဆက်ဆံ၍ မရပါ…..


ညီမျှခြင်း ကြီးစိုးလျှင် တရားမျှတခြင်း လျော့ပါးပါသည်….။

တရားမျှတခြင်း သာလွန်ပါက ညီမျှခြင်း အားနည်းပါမည်….။

အသက်(၂၀)အရွယ် လူတစ်ဦး ဆန်အိတ်ထမ်းနေသဖြင့် အသက်(၁၀)နှစ်သားကို ဆန်တစ်အိတ် သယ်ခိုင်း၍

မဖြစ်ပါ…..။ ရအောင်သယ်ခိုင်းလျှင် ညီမျှသော်လည်း တရားမျှတမှု မရှိပါ….။


ရသည်ဆိုလျှင် ကယားပြည်နယ် လွိုင်ကော်မြို့တွင် နိုင်ငံတကာရေယာဉ်များ ဆိုက်ကပ်နိုင်သော ဆိပ်ကမ်း

အကြီးစား တစ်ခု ဆောက်လုပ်ပေးပါ……။


ထို့အတူ သူဌေးကျွန်းပေါ်တွင် အင်တာနေရှင်နယ်လ် လေဆိပ်ကြီးတစ်ခု တည်ဆောက်ပေးပါ….။


ဝန်ထမ်းများအားလုံးကို လစာ တစ်ညီတစ်ညွတ်တည်း ပေးပါ….။


တစ်တိုင်းတစ်ပြည်လုံး နေ့စဉ်စားသုံးရန် မီနူး ရေးဆွဲပေးပါ….။


တစ်ရက်လျှင် ရေ မည်မျှသာ သောက်ရမည်ဟု ဥပဒေပြဌာန်းပေးပါ….။


ဤသို့ ပြုလုပ်၍ မရလျှင်…..


ပြည်မနှင့် အလှမ်းဝေးသော ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပစ်ပယ်ခြင်း….

လျစ်လျူရှုခြင်း ခံထားရသော ကျွန်တော်တို့ မြို့လေးအတွက်…….

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုယ်ပိုင် တိုင်းဒေသအတွင်း…. မူလ ဥပဒေပြဌာန်းချက်များနှင့် ဆန့်ကျင်မှုမရှိသော

ဒေသလိုအပ်ချက်အရ သင့်လျော်သည့် ဥပဒေများ ပြင်ဆင် ပြဌာန်းပေးရန် လိုအပ်ပါကြောင်း…. တင်ပြရင်း……။

( posted by  ကွန်ဆူးမား)


No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ