.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Showing posts with label နယ်စပ်သတင်း. Show all posts
Showing posts with label နယ်စပ်သတင်း. Show all posts

Wednesday, September 19, 2012

လူသတ်မှုဖြင့်သံသယဖြစ်ခံရသူကို မဲဆောက်မှ မြ၀တီသို့ပို့


လူသတ်မှုဖြင့်သံသယဖြစ်ခံရသူ ဦးကျော်စိန်ကို ထိုင်းအာဏာပိုင်တို့က ဖမ်းပြီး မြန်မာဘက်သို့ ယနေ့ လွဲပြောင်းပေးလိုက်သည် (ဓာတ်ပုံများ - ဧရာဝတီ)
လူသတ်တရားခံဟု သံသယဖြစ်ခံရသူတဦးကို ထိုင်းအာဏာပိုင် တို့က မြန်မာအာဏာပိုင်များလက်သို့ မဲဆောက်-မြ၀တီတံတားမှတဆင့် ယနေ့ မွန်းလွဲ ၂ နာရီတွင် လွှဲအပ်လိုက်သည်။

ထိုပုဂ္ဂိုလ်သည် ဦးကျော်စိန် ဆိုသူ ဖြစ်ကြောင်း၊ ယခုလဆန်းပိုင်းက ကရင်ပြည်နယ်မြ၀တီမြို့နယ်တွင် လူသတ်မှုကျူးလွန်ပြီး ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း မြန်မာရဲဝန်ထမ်းတဦးကပြောသည်။


ဦးကျော်စိန်သည် ယခုလ ၅ ရက်နေ့က မြ၀တီမြို့နယ်၊ သင်္ကန်းညီနောင်၊ မဲကနယ်ကျေးရွာ ဆယ်အိမ်စုရပ်ကွက်ရှိ မုန့် ဟင်းခါးဆိုင်တွင် ရှိနေစဉ် တရပ်ကွက်တည်း နေထိုင်သူ မဂျူလီခိုင်နှင့် ခွန်းကြီးခွန်းငယ် အချင်းများကြကြောင်း၊ ဦးကျော်စိန်က အသင့်ပါလာသည့် ဓားမဖြင့် မဂျူလီခိုင်၏ လည်ပင်းကို ခုတ်လိုက်ကြောင်း မြန်မာရဲဝန်ထမ်းက ဆက်ပြောသည်။
အသက် ၂၇ နှစ်အရွယ် မဂျူလီခိုင်သည် ဓားဒဏ်ရာဖြင့် မြ၀တီဆေးရုံတွင် သေဆုံးခဲ့သည်ဟု ဆိုသည်။

ဦးကျော်စိန်သည် အခင်းဖြစ်ပွားပြီးနောက် ထိုင်းဘက်ခြမ်း မဲဆောက်မြို့သို့ ကူးသွားပြီး ထိုမှတဆင့် အသိမိတ်ဆွေများရှိရာ နခေါစ၀မ်ခရိုင်သို့ သွားရောက် တိမ်းရှောင်ကြောင်း၊ သေဆုံးသူ၏ ဆွေမျိုးသားချင်းများက ထိုဒေသတွင် အလုပ်လုပ်ကိုင်နေပြီး ၎င်းတို့က သတင်းပေးပို့ခဲ့သဖြင့် ထိုင်းရဲတပ်ဖွဲ့နှင့်ချိတ်ဆက်ကာ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
”မဂျူလီခိုင်က ကျွန်တော့သမီးနဲ့ ကျွန်တော့ကို ပေးစားပြီး ဆဲဆိုတဲ့အတွက် ဒေါသကို မထိန်းနိုင်လို့ ဖြစ်ခဲ့ရတာပါ” ဟု ဦးကျော်စိန်က ထွက်ဆိုကြောင်း သိရသည်။

မဲဆောက်ဘက်ရှိ တာ့ခ်ခရိုင် ထိုင်းလ၀က ရဲဗိုလ်မှူးကြီး ရို့မနီးစောင် ဦးဆောင်သည့်အဖွဲ့က မြ၀တီခရိုင်လ၀ကမှူး ဦးရှိန်ဝင်း၊ မြ၀တီခရိုင် ဒုတိယရဲမှူးကြီး ဦးအောင်မြင့် ဦးဆောင်သည့်အဖွဲ့ထံ ဦးကျော်စိန်ကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနှင့် ထိုင်း အာဏာပိုင်တို့သည် ယခုနှစ်မှ စတင်ကာ နယ်စပ်ဖြတ်ကျော်မှုခင်းကျူးလွန်သည်ဟု သံသယဖြစ်ဖွယ်ရှိသူများကို မဲဆောက်-မြ၀တီနယ်စပ်လမ်းကြောမှတဆင့် အပြန်အလှန် လွှဲပြောင်းပေး အပ်မှု ၅ ခုထက် မနည်း ရှိသည်ဟု ထိုင်းဘက်မှ တာဝန်ရှိသူတဦးက ပြောသည်။
From -ဧရာဝတီ

Monday, September 10, 2012

ဝါးရုံစွန်းမှ လူပွဲစား ပြဿနာ


မိုင်အဲမလီ
တဖက်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဘန်ကောက်မြို့ကြီးမှာအလုပ်အကိုင်ရမယ်ဆိုပြီး၂၀၁၂ ဇွန်လ ၂၁ ရက်နေ့ က မြ၀တီ ကို ပါသွားတဲ့ လှည်းကူးမြို့နယ် ၀ါးရုံစွန်းကျေးရွာက ရွာသား ၁၁ ဦးထဲမှာ ၆ ဦး ပြန်ရောက်လာ ပါတယ်။


ဒေါ်သန်းမော်ဆိုတဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသမီးကြီးက သူတို့ကိုခေါ်သွားတာပါတဲ့။ ဒေါ်သန်းမော်ဟာ ၀ါးရုံစွန်း ဇာတိဖြစ်ပေမယ့် ပဲခူးနဲ့ မြ၀တီမြို့တွေမှာလှည့်လည်နေတယ်လို့ သိရပါတယ်။


သူတို့ကို ဘန်ကောက်အထိ အရောက်ပို့ပေးမယ်၊ သူ့ကိုတော့ ၃ သိန်းစီ အကျိုးဆောင်ခ ပေးရမယ်လို့ဆို တာကြောင့် တယောက်ကို ၃ သိန်း နှုန်းနဲ့ ၁၁ ယောက်ဆိုတော့ ၃၃ သိန်းကို မြ၀တီရောက်တဲ့ နေ့မှာဘဲ ချက်ချင်းပေးလိုက်တယ်လို့ ပြန်ရောက်လာတဲ့ ရွာသား ကိုနိုင်ဦး ၊ ကိုစိုးခိုင် ၊ ကိုသန်းဇော် တို့ကပြောပြပါတယ်။




သူနဲ့ အတူပါသွားတဲ့ လူတွေထဲမှာ အမျိုးသမီး ၂ဦးလည်းပါပါတယ်။ မှတ်ပုံတင် လုပ်ဖို့ အသက်မပြည့်သေးတဲ့ လူငယ် လေး ၂ ဦးတောင် ပါပါသေးတယ်။ မြ၀တီမှာ အနည်းဆုံး ၁၅ ရက်ဘဲကြာမယ်၊ ယာယီ နိုင်ငံကူးလက်မှတ် ရတာနဲ့ ဘန်ကောက်ကို သွားရမယ်လို့ ရွာက

Friday, April 13, 2012

ဆူနာမီ သတိပေးချက် မြန်မာအလုပ်သမားများကို ရိုက်ခတ်


ထိုင်းနိုင်ငံ တောင်ပိုင်း ပင်လယ်ကမ်းခြေနှင့် ထိစပ်လျက်ရှိသော ရနောင်းမြို့တွင် ယနေ့မွန်းလွဲပိုင်းက အရေးပေါ် ဆူနာမီ သတိပေးချက် ထုတ်ပြန်လိုက်သဖြင့် ယာယီနိုင်ငံကူး

လက်မှတ် သက်တမ်းတိုးမြှင့်ရန် ရောက်ရှိနေသည့် ထောင်နှင့်ချီသော မြန်မာ အလုပ်သမားများ အခက်အခဲ ဒုက္ခ ဖြစ်ကြရကြောင်း သတင်းရရှိသည်။



ရနောင်းမြို့ ပေါက်ခေါင်းရပ်ကွက် ယာယီနိုင်ငံကူးလက်မှတ်ရုံးတွင် မြန်မာအလုပ်သမားများက နေထိုင်ခွင့် သက်တမ်း တိုးမြှင့်ခြင်း လုပ်ကိုင်နေစဉ် ဖြစ်သည်ဟု ရနောင်းဒေသခံများက ပြောသည်။

“ဆူနာမီ သတိပေးချက်ကြေညာလိုက်တော့ အဲဒီရုံးမှာရှိတဲ့ ထိုင်း-မြန်မာ အစိုးရ ဝန်ထမ်းတွေက ဆက်လုပ်မပေးတော့ဘဲ ရုံးပိတ်ပြီးပြေးသွားတယ်။ အလုပ်သမားတွေက ဘယ်သွားလို့ ဘာလုပ်ရမလဲ မသိဘူး။ ရေတက်လာမယ်ဆိုတော့ သူတို့လဲ မြို့ထဲလမ်း တွေမှာ ခြေဦးတည့်ရာသွားကြတာပဲ”ဟု ရနောင်း မြို့တွင်နေထိုင်သူ ကိုထိုက်ထိုက် က ဧရာဝတီသို့ပြောသည်။

သက်တမ်းတိုးရန်ရောက်ရှိလာကြသော မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံတွင်း အနယ်နယ်အရပ်ရပ်၌ ပန်းရံ၊ စားသောက် ဆိုင်၊ အိမ်အကူလုပ်ငန်း၊ ခြံလုပ်ငန်း၊ ဈေးရောင်းခြင်းလုပ်ငန်းများနှင့် အခြားသောလုပ်ငန်းများတွင် လုပ်ကိုင်ကြသူများဖြစ်ပြီး ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိရေးအတွက် ယာယီနိုင်ငံကူးလက်မှတ် သက်တမ်း လာရောက်တိုးမြှင့်ကြခြင်းဖြစ်သည် ဟု အလုပ်သမားများက ပြောသည်။

အဆိုပါ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးရေးရုံးတွင် ထိုင်းအစိုးရ လူဝင်မှုကြီးကြပ်ရေးဌာန ဝန်ထမ်းများနှင့် မြန်မာအစိုးရ ပြည် ထဲရေးဌာန လက်အောက်ဝန်ထမ်းများ က တာဝန်ယူလုပ်ကိုင်ပေးနေခြင်းဖြစ်ပြီး ဆူနာမီသတိပေးချက်ထုတ်ပြန်ချိန်တွင် ရုံးပိတ် ကာ ပြန်သွားကြသဖြင့် အလုပ်သမားအများစုက သက်တမ်းတိုးမြှင့်ခြင်းရှေ့ဆက်လုပ်ဆောင်ရမည့် အစီအစဉ်ကို မသိရှိဘဲ ဖြစ်နေ သည်။

“ဒီကိုတကူးတက လာရတာ။ စာအုပ် နေထိုင်ခွင့်သက်တမ်းက မနက်ဖြန်ဆိုကုန်ပြီ ဘာဆက်လုပ်ရမယ်ဆိုတာလဲ မသိဘူး။ ဒီည လည်း ဘယ်မှာတည်းခိုရမလဲ မသိဘူး။ ထိုင်းရောမြန်မာအစိုးရရောက သူတို့ပဲ လွတ်အောင်ပြေးသွားတာ အခုဘာဆက်လုပ် ရ မလဲမသိဘူး၊ လမ်းဘေးမှာပဲ ထိုင်စောင့်ရတော့မယ်”ဟု အလုပ်သမ တဦးက ပြောသည်။

အလုပ်သမားတချို့က ဆူနာမီသတိပေးချက်ကြောင့် စိုးရိမ်စိတ်ဖြင့် စာအုပ်သက်တမ်းတိုးမြှင့်ခြင်းမပြုတော့ဘဲ လာရင်းနေရပ်များသို့ ပြန်သွားခဲ့ကြပြီးအများစုမှာ ရနောင်းမြို့ပေါ်လမ်းမကြီးများဘေးနှင့် နားခိုနိုင်မည့်နေရာများကိုရှာဖွေနေကြောင်း မြို့ခံများကပြော သည်။

“မြို့ထဲလမ်းမကြီးပေါ်မှာ မြန်မာတွေချည်းပဲ လမ်းလျှောက်သွားနေကြတာ၊ တချို့ကလည်း ကလေးတွဲလောင်းနဲ့ ပြေးလွှား ကြရင်းနဲ့ ယာဉ်တိုက်မှုတွေပါဖြစ်ကုန်တယ်လေ။ ဒီအချိန်က အစိုးရတွေကလည်း ဘာအာမခံချက်မှမရှိဘူး”ဟု ကိုထိုက်ထိုက် က ပြောသည်။

မြို့ခံထိုင်းလူမျိုးများက အသင့်အနေအထားဖြင့် ထိုင်းအစိုးရက ထပ်မံ ထုတ်လွှင့်မည့် ဆူနာမီသတိပေးချက် အခြေအနေများကို သတိဖြင့် စောင့်ဆိုင်းနေကြသည်ဟု ဆိုသည်။ ဆူနာမီစောင့်ကြည့်ရေးဌာနများ၏ နောက်ဆုံးထုတ်ပြန်ချက်အရ ဆူနာမီလှိုင်းများ ဖြစ်ပေါ်လာနိုင်ခြင်း မရှိတော့ဟု သိရသည်။

ဆူနာမီစောင့်ကြည့်ရေး ဗဟိုဌာနများ၏ ယနေ့ ထုတ်ပြန်ချက်အရ မြန်မာစံတော်ချိန် ၃ နာရီခန့်က အင်ဒိုနီးရှားနိုင်ငံ ဆူးမားတြား ကျွန်း၏ အနောက်တောင်ဘက် ၂၆၈ မိုင်အကွာ ပင်လယ်အောက် မြေပြင်တွင် အင်အား ရစ်ခ်ျစ်တာစကေး ၈.၉ ရှိ အင်အားပြင်း ရေအောက်ငလျင် လှုပ်ခတ်ခဲ့ကြောင်းကြေညာအပြီး ထိုင်း-မြန်မာ ကမ်းရိုးတန်းဒေသများကို

Monday, April 9, 2012

မြန်မာနိုင်ငံသား ၁၇ ဦး ထိုင်းစစ်တပ်က ဖမ်းဆီး


2012-04-09 အာအက်အေမှ ကူးယူဖော်ပြသည်
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်မယ့် ကလေးငယ် ၃ ဦးအပါအ၀င် မြန်မာနိုင်ငံသား ၁၇ ဦးကို ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်မြို့အနီးမှာ ထိုင်းစစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
မယ်ဟောင်ဆောင်မြို့အနီး မယ့်စကစ်ဆိုတဲ့ ရွာနားက တောလမ်းတစ်နေရာမှာ ထိုင်းအထူးလျှို့ဝှက်တပ် အမှတ် ၁၇ တပ်ဖွဲ့က ဒီကနေ့ နေ့လည်ပိုင်းက ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မယ်ဟောင်ဆောင်မြို့နယ် ရဲစခန်းက ရဲအရာရှိတစ်ဦးက-
"သူတို့ အားလုံးဟာ ဟိုမိန်းနဲ့ လွိုင်ကော်ဘက်က လာကြတာဖြစ်ပါတယ်။ တောလမ်းအတိုင်း လမ်းလျှောက်လာချိန်မှာ ထိုင်းစစ်တပ်နဲ့တွေ့ပြီး ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်။ သူတို့ဟာ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်ဖို့အတွက် ကြားပွဲစားကို တစ်ယောက် ထိုင်းဘတ်ငွေ ခြောက်ထောင်စီ ကုန်ကျခဲ့ရပြီး ကရင်နဲ့ ရှမ်းလူမျိုးတွေ ဖြစ်ကြတယ်" လို့ပြောပါတယ်။
ဖမ်းဆီးရမိသူတွေဟာ ကလေးငယ် ၃ ဦးအပါအ၀င် အမျိုးသမီး ၉ ဦး၊ အမျိုးသား ၃ ဦးနဲ့ ကိုရင် ၂ ပါး တို့ ဖြစ်ပြီး သူတို့တွေထဲမှာ ရှမ်းပြည်နယ် မိန်းနိုင်း၊ မောက်မိုင်၊ မိန်းကိန်း စတဲ့မြို့နယ်တွေမှာ နေထိုင်သူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
သူတို့အားလုံးဟာ မြန်မာနိုင်ငံ ဟိုမိန်းမြို့ကတဆင့် ထိုင်းမြန်မာနယ်စပ် ဟွေ့ဖိန့်ရွာကနေ တောလမ်းအတိုင်း ၅ ရက်ကြာ လမ်းလျှောက်ခဲ့ပြီးနောက် အခုလို ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ထိုင်းနိုင်ငံသားတစ်ဦးရဲ့ အကူအညီနဲ့ ချင်းမိုင်မြို့ကို သွားရောက် အလုပ်လုပ်ကိုင်ဖို့ တစ်ယောက်ကို ထိုင်းဘတ်ငွေ ခြောက်ထောင်နဲ့ ညီမျှတဲ့ မြန်မာငွေ ကျပ် ၂ သိန်းစီ ကုန်ကျထားတယ်လို့ သိရပါတယ်။

Saturday, March 31, 2012

မြန်မာသင်္ကြန်ပြန်ဆင်နွဲမည့် ရွှေ့ပြောင်းအလုပ်သမားများ အကြပ်ကိုင် ငွေညှစ်ခံရ


သင်္ကြန်ပွဲ ဆင်နွဲရန် ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီလမ်းကြောမှတဆင့် နေရပ်ပြန်ကြသည့် ဘန်ကောက်မှ မြန်မာအလုပ်သမားများကို နှစ်ဖက်နယ်စပ်တွင် အုပ်စုဖွဲ့ကျက်စားနေကြသည့် မြန်မာအချို့က လိုရာခရီး ပို့ဆောင် ပေးမည်ဟု စည်းရုံးသိမ်းသွင်းပြီး အကြပ်ကိုင် ငွေညှစ် ခြိမ်းခြောက်မှုများ ပြုလုပ်နေကြာင်း မြန်မာအလုပ်သမား များက ပြောသည်။
မဲဆောက်ကမ်းနားမှ မြ၀တီဘက် ယနေ့မနက် ပြန်ကူးကြမည့် မြန်မာအလုပ်သမားများ (ဓာတ်ပုံ - KIC)
မဲဆောက်ကမ်းနားမှ မြ၀တီဘက် ယနေ့မနက် ပြန်ကူးကြမည့် မြန်မာအလုပ်သမားများ (ဓာတ်ပုံ - KIC)
ဘန်ကောက်ပြန် မြန်မာအလုပ်သမား ကိုဌေးအောင်က “မဲဆောက်တံတားထိပ်ကို မနက် ၃နာရီကျော်မှာ ရောက်တော့ ဘယ်သွားရမှန်း မသိသေးဘူး။ မြန်မာပွဲစားတွေလာပြီး ယာယီနိုင်ငံကူးလက်မှတ် စာအုပ်တုံးထု ရမယ့်ကိစ္စ၊ မြ၀တီဘက်ကူးမဲ့ကိစ္စ၊ မြ၀တီကနေ ရန်ကုန် မော်လမြိုင် ဘားအံကို ကားနဲ့ဆင်းမဲ့ကိစ္စတွေ အကျိုးဆောင်ပေးမယ်ဆိုပြီး လက်တွေ့မှာတော့ ကုန်ကျငွေထက် အဆမတန်ပိုယူတဲ့အပြင် လူကိုပါ ခြိမ်းခြောက်လာတဲ့အတွက် အခြား မြန်မာအလုပ်သမားတွေ နယ်စပ်က အနေအထားတွေကို သိနိုင်ဖို့ သတိပေးချင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းမြန်မာအလုပ်သမားများသည် ယာယီနိုင်ငံကူးလက်မှတ် အထွက်တံဆိပ်တုံးအတွက် ထိုင်းလူဝင်မှုကြီးကြပ် ရေး-လ၀ကရုံးတွင် တုံးထုခ တရားဝင်ဘတ် ၁,၁၀၀ကို ဘတ် ၁,၆၀၀ပေးရခြင်း၊ မြ၀တီသို့ လှေဖြင့်ကူးရာတွင် ကျပ် ၅၀၀ကို ကျပ် ၁၀၀၀ အထက်တောင်းခြင်း၊ အထုပ်အပိုးများကို တအိတ်လျှင် ကျပ် ၂,၀၀၀ခန့် တောင်းယူ ခြင်းများအပြင် နေရပ်ပြန်မည့်ကားခကိုလည်း ပုံမှန်ထက် ၂ဆနီးပါး တောင်း ယူခြင်းများ ကြုံတွေ့ရသည်ဟု ကိုဌေးအောင်က ပြောကြားသည်။

ယာယီ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများသည် မြန်မာဘက်သို့ကူးနိုင်ရန်အတွက် ထိုင်းလ၀ကရုံးတွင် သမရိုးကျအတိုင်း အထွက်တုံး ထုရန် တရားဝင်သတ်မှတ်ချက်ဘတ်ငွေ ၁၁၀၀ ဖြင့်သွားရောက်ပါက ၀န်ထမ်းများက လွယ်လင့်တကူ လုပ်ဆောင်ပေးခြင်းမရှိသည့်အ တွက် မြန်မာအလုပ်သမားအားလုံးနီးပါးမှာ အထွက်တုံး အမြန်ဆုံး ထုရိုက်ပြီးနိုင်ရန်အတွက် ပွဲစားများကို အဆမတန် ပေးနေရခြင်းဖြစ် သည်ဟု မြန်မာအလုပ်သမားများအရေး ဆောင်ရွက်နေသည့်အဖွဲ့များက ပြောသည်။

မော်လမြိုင်သူ မိငွေကျင်က “အဲဒီပွဲစားတွေက သူတို့ကိုယ်သူတို့ ကားသမားတွေလို့ လိမ်ပြောတာ။ မြ၀တီနဲ့ မော်လမြိုင်ကို ပုံမှန် ကျပ် ၁သောင်းပဲ။ အဲဒါ သင်္ကြန်နီးလို့ဆိုပြီး ၂သောင်းတောင်းတယ်။ ကားသမားကို ၁၅၀၀၀ပေးပြီး သူတို့က ၅၀၀၀ ယူပြီး ပျောက်သွားတယ်။ ကားသမားက အဲဒီလူတွေကို သူတို့မသိဘူးလို့ ပြောတယ်။ ပါလာတဲ့ထိုင်းဘတ်ငွေတွေကို မြ၀တီက မြန်မာငွေလဲခုံတွေမှာ သွားလဲတော့ တစ်သိန်းအုပ်က ကိုးသောင်းပဲပါတယ်။ သွားပြန်ပြောတော့ ပြဿနာရှာပြီး ရိုက်မယ်ပုတ်မယ်နဲ့လုပ်တယ်။ အဲဒီနားမှာရှိတဲ့ ရဲကိုသွားပြော တော့လည်း ကိုယ့်ကိုတောင် အပြစ်ပြန်ပြောလိုက်သေးတယ်”ဟု ဆိုသည်။

ယခုလ ၂၅ရက်နေ့က ထိုင်းနိုင်ငံ၊ ပထုံဌာနီအရပ်မှပြန်လာသည့် မြန်မာအလုပ်သမ မရီရီနှင့် မသင်းသင်းတို့ သည့် မကွေးသို့ ပြန်ရန်အ တွက် မြ၀တီကားဂိတ်တွင် ပွဲစားမှတဆင့် မြန်မာငွေ ၅သိန်းလဲရန် ဘတ်ငွေပေးခဲ့ရာ ပွဲစားထွက်ပြေးသွား၍ ၎င်းအလုပ်သမနှစ်ဦးမှာ မြ၀ တီရှိ တောရဘုန်းတော်ကြီးတွင် လာရောက်တည်းခိုနေရ သည်ဟု ဘုန်းတော်ကြီးအရှင်ကုသလက မိန့်ကြားသည်။

သင်္ကြန်မတိုင်မီ တစ်လနှင့် သင်္ကြန်အပြီး တစ်လအတွင်း မြ၀တီမှ မော်လမြိုင်၊ ဘားအံ၊ ရန်ကုန်ပြေးဆွဲနေ ကသည့် မော်တော်ယာဉ်လိုင်း များသည် ထိုင်းနိုင်ငံမှ ပြန်လာကြသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမားများကို သင်္ကြန်ကာလအကြောင်းပြချက်ဖြင့် ယာဉ်စီးခများကို အဆမတန် ကောက်ခံကြသဖြင့် အလုပ်သမားများ နစ်နာကြရသည်ဟု မြ၀တီမြို့ခံတစ်ဦးက ပြောသည်။

၎င်းမြို့ခံ၏ အဆိုအရ သင်္ကြန်ကိုအကြောင်းပြကာ မြ၀တီမှ မော်လမြိုင် ပုံမှန်ကျပ် ၁၀၀၀၀ကို ၁၅၀၀၀ ဘားအံ သို့ ပုံမှန်ကျပ် ၅၀၀၀ကို ၁၀၀၀၀၊ ရန်ကုန်သို့ ကျပ် ၁၀၀၀၀ ကို ၁၂၀၀၀အထိ တရားမ၀င် တိုးမြှင့်ကောက်ခံပြီး အထုပ်အပိုး အကြီးအသေးပေါ်ကြည့်၍ ကျပ် ၁၅၀၀မှ ၂၀၀၀အထိ ကောက်ခံကြသော်လည်း ၎င်းကိစ္စကို မော်တော်ယာဉ်လိုင်းတာဝန်ရှိသူများက တစုံတရာ အရေးယူခြင်းမရှိဟုလည်း သိရသည်။

မတ်လလယ်မှစ၍ မြ၀တီလမ်းကြောအတိုင်း ထိုင်းနိုင်ငံတွင်းမှ နေရပ်ပြန်လာကြသည့် ရွှေ့ပြောင်းမြန်မာအလုပ် သမား အရေအတွက်မှာ ပျမ်းမျှအားဖြင့် နေ့စဉ် ၅၀၀ဦးခန့်ရှိသည်ဟု ချစ်ကြည်ရေးတံတားတွင် တာဝန်ကျသည့် ထိုင်းနယ်ခြားစောင့်တပ်မှူးတဦးက ပြောသည်။

ထိုင်းနိုင်ငံရောက် လက်ရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမား အရေအတွက်မှာ ၂သန်းကျော်ရှိသည်ဟုထိုင်းနိုင်ငံ အခြေစိုက် မြန်မာအလုပ် သမားများအရေး ဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက ပြောသည်။

Friday, March 30, 2012

မြန်မာကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ထိုင်းဘက်မှနယ်စပ်လုံခြုံရေးတိုးမြှင့်


မတ်လ ၃၀၊ ရွှေသိုက်တော(ကေအိုင်စီ) မှ ကူးယူဖော်ပြသည်
လာမည့် ဧပြီလ ၁ရက်နေ့တွင် စတင်မည့် မြန်မာနိုင်ငံကြားဖြတ်ရွေးကောက်ပွဲ အတွက် ထိုင်း-မြန်မာနယ်စပ် မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်အတွင်း ထိုင်းဘက်မှ နယ်စပ်လုံခြုံရေးတိုးမြင့်ထားမှုကို ထိုင်းနိုင်ငံ ပြည်တွင်းလုံခြုံရေးဌာန ညွန်ကြားရေးမှူး ဗိုလ်ချုပ် ၀ီလဆတ်လောင်ဝုန် ယနေ့လာရောက်စစ်ဆေးခဲ့သည်။
ယနေ့မဲဆောက်သို့ ရောက်ရှိလာသည့် ဗိုလ်ချုပ် ၀ီလဆတ်လောင်ဝုန်က “မြန်မာနိုင်ငံကြားဖြတ် ရွေးကောက်ပွဲနီးချိန်မှာ ထိုင်းဘက်က နယ်စပ်ဒေသ လုံခြုံရေးတိုးမြင့်ထားတဲ့အခြေအနေတွေကို လာရောက်စစ်ဆေးတာဖြစ်တယ်၊ မြန်မာဘက်မှာ အပြောင်းအလဲ ဖြစ်ပေါ်လာရင် နိုင်ငံရေး၊ စီပွားရေးတွေနဲ့ လူထုတွေလည်း စားဝတ်နေရေးတွေလည်း ပြေလည်လာမှာဖြစ်တယ်”ဟု သတင်းထောက်များကို ပြောသည်။
ယနေ့ခရီးစဉ်တွင် နယ်စပ်လုံခြုံရေးအပြင် မြန်မာဒုက္ခသည်များနှင့် လူမျိုးစုလက်နက်ကိုင်အဖွဲ့များ၏ အခြေအနေများကိုလည်း လာရောက်စစ်ဆေးခဲ့သည်ဟုလည်း ပြောသည်။

၎င်းက”မြန်မာလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရကြားမှာ လက်ရှိ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်တွေဟာ အင်မတန်ကောင်းမွန်တဲ့ လုပ်ရပ်တွေဖြစ်တဲ့အတွက် မကြာခင် နယ်စပ်တစ်လျှောက်မှာရှိတဲ့ လူမျိုးစု ဒေသတွေမှာလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တယ်”ဟုလည်း ဗိုလ်ချုပ် ၀ီလဆတ်လောင်ဝုန်က ပြောကြားသည်။
ညွန်ကြားရေးမှူးက မြန်မာဒုက္ခသည်များ ဌာနေပြန်မည့် အရေးနှင့် ပက်သက်၍ အစိုးရမဟုတ်သော အဖွဲ့အစည်းများအပါအဝင် နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးပြီးမှသာလျင် လုပ်ငန်းစဉ်များ စတင်နိုင်မည်ဟုလည်း သတင်းထောက်များကို ပြောသည်။
ထိုင်းနိုင်ငံပြည်တွင်း လုံခြုံရေးဌာန ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် ယနေ့ မွန်းတည့်ချိန်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကမ်းနားရှိ ချစ်ကြည်ရေးတံတားသို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မွန်းလွဲပိုင်းတွင်ပြန်လည်ထွက်ခွာသွားသည်။
မြန်မာရွေးကောက်ပွဲ မတိုင်မီ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်၊ မယ်လမ၊ ထာ့ဆောင်ရမ်း၊ ဖို့ဖ၊ အုန်းဖန်စသည့် မြို့နယ်များ၏နယ်စပ်တစ်လောက်တွင် ထိုင်းဘက်မှ လုံခြုံရေးတိုးမြင့်ထားသည်။

Tuesday, March 20, 2012

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရာမှပြန်လာသူများကိုထိုင်းရဲမှတားဆီးစစ်ဆေးခြင်းများရှိလာမည်




 တားဆီးစစ်ဆေးသော ခူရပူရီရဲစခန်း ထိုင်းတောင်ပိုင်း ဖန်ငခရိုင်







ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ သည် မိမိတို.ချွေးနဲစာလေးဖြင့် မဖြစ်မနေ ယာယီနိုင်ငံကူးလက်မှတ်များကို ပြုလုပ်လျှက်ရှိကြပြီး အများစုမှာ အလုပ်ရှင်အမည်မတူခြင်းနေရာဒေသမတူခြင်း တို.ကြောင့် အလုပ်ရှင်ဧ။်ကိုယ်စာလှယ်လွှဲစာကို မရရှိပဲ နီးစပ်ရာ စိတ်ချရသော ကိုယ်စာလှယ်ရုံးများတဆင့် ပြုလုပ်ကြရသည်။
ဖန်ငခရိုင် နှင့်ကဘီခရိုင်မှ အလုပ်သမား ၁၀ဦးနှင့် ကိုယ်စာလှယ်ထိုင်းလူမျိုးတစ်ဦးမြန်မာတစ်ဦး အပါအ၀င် ၁၂ ဦးတို.သည် ရနောင်းမြို.သို. ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ပြီး အပြန်ခရီးတွင် ခူရပုရီ မြို. ဈေးကြီးအနီး နယ်မြေခံရဲစခန်းမှ ဂိတ်ချကာ တာဆီးပြီးစစ်ဆေးခြင်းများကိုပြုလုပ်လျှက်ရှိသည်။
စစ်ဆေးသည်ဆိုသော်လည်း ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသော စာများ ကိုယ်ရေးအချက်အလက်များနှင့် ယာယီနိုင်ငံကူးလက်မှတ် များ အားစစ်ဆေးပြီးသည့်တိုင်  ဆက်လက်သွားခွင့်မပြုပဲ အချိန်ကြာမြင့်စွာ ရဲစခန်းဝင်းအတွင်း အချိန်ကုန်စေသည်။



တားဆီးစစ်ဆေးခြင်းခံရသော မြန်မာအလုပ်သမားများ

အမှန်စင်စစ် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ စာများနှင့်ယာယီနိုင်ငံကူးလက်မှတ်တို.ကို ပြသနိုင်လျှင် ဆက်လက်ထွက်ခွာခွင့်ပေးရမည်ဖြစ်သည်။ သို.သော် ခူရပူရီရဲစခန်းမှာမူဆက်လက်ထွက်ခွာခွင့်မပြုခဲ့ပါ။
မြန်မာအလုပ်သမားအများစုမှာ သားသမီးကလေးငယ်များ ပါ လိုက်ပါခြင်းကြောင့် အချို.မှာ စိတ်ဒုက္ခရောက်လျှက်ရှိကြသည်။ ထိုသို.တားဆီးစစ်ဆေးပြီး ၃ နာရီခန်.အကြာမှ ပြန်လည်ကာထွက်ခွာခွင့်ပြုခဲ့သည်။


အတူလိုက်ပါလာသောကိုယ်စားလှယ်မှ ထိုစခန်းတွင် ဘတ်ငွေ ၂၀၀၀ ဘတ် ပေးခဲ့ရကြောင်းသိရှိရသည်။

မင်းလွမ်းနောင်(ပန်းတနော်)



Wednesday, March 14, 2012

မဲဆောက်-မြ၀တီ ကမ်းနား ပြေးဆွဲနေသည့် ထိုင်းမော်တော်ယာဉ်လိုင်းများ ဆန္ဒပြအရေးဆိုမှု ပြုလုပ်တော့မည်


မဲဆောက်-မြ၀တီ ကမ်းနား ပြေးဆွဲနေသည့် ထိုင်းမော်တော်ယာဉ်လိုင်းများ
ဆန္ဒပြအရေးဆိုမှု ပြုလုပ်တော့မည်
သတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
မတ်လ ၁၂ ရက်၊ ၂၀၁၂ ခုနှစ်

မဲဆောက်မြို့တွင် မြန်မာနိုင်ငံ မြ၀တီဘက်မှ ခရီးသည်တင်မော်တော်ယာဉ် အစီးရေ ၁၀၀ ကျော် နေ့စဉ် ၀င်ရောက် ပြေးဆွဲနေသည့်အတွက် ထိုင်းမော်တော်ယာဉ်လိုင်းများ နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသဖြင့် ဆန္ဒပြအရေးဆိုမှုများ ပြုလုပ်တော့မည်ဟု မဲဆောက်-မြ၀တီ ကမ်းနား ပြေးဆွဲနေသည့် ထိုင်းယာဉ်မောင်းများက ပြောသည်။

ထိုင်းယာဉ်မောင်းတဦးဖြစ်သည့် နိုင်စုံချိုင်းက “ကျနော်တို့ ယာဉ်လိုင်းက အစီးရေ ၆၀ နီးပါး ရှိတယ်။ ကားတစီး တနေ့ သုံးလေးခေါက်ရဖို့ မလွယ်ဘူး။ ဒီအနေအထားနဲ့ ရေရှည်ရပ်တည်ဖို့ ခက်တယ်။ မဲဆောက်ကို လာတဲ့ မြန်မာခရီးသည်တင်ကားက တနေ့ကို အစီးရေ ၁၀၀ အထက်မှာ ရှိတယ်။ မြန်မာကားတွေ စနစ်တကျ ပြေးဆွဲဖို့ ထိုင်းတာဝန်ရှိသူတွေကို တင်ပြထားတာရှိပေမယ့် ဒီနေ့အထိ အဆင်ပြေအောင် စီစဉ်ပေးတာ မရှိသေးဘူး။ ဒီရက်ပိုင်းမှာမှ အဆင်မပြေရင် ကျနော်တို့ဘက်က မြန်မာကားတွေကို ဆန္ဒပြဖို့ အစီအစဉ်ကို လုပ်ရတော့မယ်” ဟု ပြောသည်။

ထိုင်းယာဉ်မောင်းများ၏ အဆိုအရ စည်းကမ်းတကျ သွားလာပြေးဆွဲခြင်းမရှိဘဲ မဲဆောက်မြို့တွင်းမြို့ပြင်ရှိ

Wednesday, November 9, 2011

Home » သတင်း » ထိုင်းနယ်စပ် ဗုံးကွဲမှု စက်လှေ သုံးစင်းပျက်စီး

ထိုင်း-မြန်မာ နယ်စပ် မယ့်စံမလဲ့ (ခေါ်) သော်လဲ့ထကျေးရွာ ဆိပ်ကမ်းတွင် အင်အားပြင်းသော ဗုံးပေါက်ကွဲမှုတခု တနင်္ဂနွေနေ့ က ဖြစ်ပွားခဲ့ပြီး အကြီးစားစက်လှေတစင်း အပါအ၀င် စက်လှေသုံးစင်း ထိခိုက်ပျက်စီးသွားသည်ဟု မျက်မြင်သက်သေနှင့် ဒေ သ ခံ စီးပွားရေးသမားများက ပြောသည်။
မယ့်စံမလဲ့ (ခေါ်) သော်လဲ့ထကျေးရွာ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ကုန်တင်စက်လှေများ (ဓာတ်ပုံ - ရဲနည် / ဧရာဝတီ)
ဘတ်ငွေ တသိန်းရှစ်သောင်း ခန့် တန်ဖိုးရှိသော စက်လှေကြီးတစင်းနှင့် ဘတ်ငွေ တသိန်းနှစ်သောင်းခန့် တန်ဖိုးရှိသည့် စက်လှေငယ် နှစ်စင်းတို့ ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
နံနက် ၉ နာရီခန့်တွင် ပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရမှု မရှိကြောင်း သိရသည်။ သော်လဲ့ထ ကျေးရွာသည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင် မယ့်စရီးယမ်း မြို့နယ်၊ ထိုင်း-မြန်မာ နယ်စပ် သံလွင်မြစ်ကမ်း နံဘေးတွင် တည်ရှိသည်။
သော်လဲ့ထရွာနှင့် မျက်နှာချင်းဆိုင်တွင် မြန်မာ အစိုးရက တပ်စွဲထားသည်။ ပျက်စီးသွားသည့် လှေကြီးမှာ ကုန်တင်စက်လှေ ဖြစ်ပြီး နွားအကောင်ရေ ၃၀ နှင့် ၄၀ ခန့် တင်ဆောင်နိုင်သည်ဟု သိရသည်။ စက်လှေကြီးသည် ခါးလယ်မှ နှစ်ပိုင်းကျိုး သွားပြီး အနီးအနားရှိ လှေငယ် နှစ်စီးလည်း အနည်းအငယ် ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။
ထိုင်းနိုင်ငံ သော်လဲ့ထရွာတွင် နေထိုင်သည့် ဖိုးသောကြာ ဆိုသူက ပျက်စီးသွားသော စက်လှေကြီးကို ပိုင်ဆိုင်ကြောင်း ဒေသခံ ကုန်သည် နော်ဒါးက ဧရာဝတီသို့ ပြောသည်။
“အသံကတော့ အကျယ်ကြီးပဲ၊ မနက် ၉ နာရီလောက်မှာ ပေါက်တယ်၊ အိမ်ထဲမှာ နေတာတောင်မှ အိမ်က တုန်သွားတယ်”ဟု ၎င်းက ဆိုသည်။
ဖိုးသောကြာသည် သော်လဲ့ထ တဖက်ကမ်းတွင် တပ်စွဲထားသည့် မြန်မာအစိုးရတပ်များနှင့် ရင်းနှီးပြီး စားနပ်ရိက္ခာများကို လည်း သယ်ယူပို့ဆောင်ပေးလေ့ ရှိသည်။
အခင်းဖြစ်ပွားသည့် နေ့တွင် အစိုးရတပ် အပြောင်းအလဲ လုပ်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ အစိုးရပ်တပ်များ အပြောင်း အလဲလုပ်ရန်အတွက် ဖိုးသောကြာကို အကူအညီ တောင်းထားကြောင်းလည်း သိရသည်။
သို့သော် ယင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းများ၏ လက်ချက်ဖြစ်ကြောင်း ၀န်ခံပြောဆိုခြင်း မရှိပေ။
“တချို့ကလည်း KNU လုပ်တာလား၊ စီးပွားရေးသမား အချင်းချင်း မကျေနပ်လို့ ပေါင်းပြီးတော့ခွဲတာလား ဆိုပြီးတော့ အမျိုးမျိုး
ပြောနေကြတယ်”ဟု ဒေသခံတဦးက ပြောသည်။
ထိုင်း ဒေသခံ အာဏာပိုင်များကလည်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။ စစ်အစိုးရတပ် အပါအ၀င် ကရင်အမျိုးသား အစည်းအရုံး(KNU) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အဖွဲ့တို့ကလည်း ယင်း နယ်မြေတွင် လှုပ်ရှားနေကြသည်။
 

Wednesday, November 2, 2011

မဲဆောက်မြို့ရှိ မြန်ဘုန်းတော်ကြီးကျောင်းအား ထိုင်းတချို့က အဓ္မပြု မောင်းချနေခြင်း

မဲဆောက်မြို့ရှိ မြန်ဘုန်းတော်ကြီးကျောင်းအား ထိုင်းတချို့က အဓ္မပြု မောင်းချနေခြင်း

မဲဆောက်မြို ဘာဝနာနိရာမတောရကျောင်းဆရာတော် ဘဒ္ဒန္တမဟိန္ဒ အား ထိုင်းသတင်းစာအယ်ဒီတာတစ်ဦးက ဦးဆောင်၍ ခြိမ်းခြောက်နေမှု အား ဗုဒ္ဓဘာသာဝင် ထိုင်း-မြန်မာ အပေါင်းတို့ မှာ စိုးရိမ်ပူပန်နေရသည်။ ထိုကြောင်းမှာ အလွန်ကျယ်ဝန်းပြီး ဟိုးယခင်ကတည်းက မြန်မာ ဆရာတော်ကြီးများကိုယ်ပိုင် ပိုင်ဆိုင်ခဲ့သောကျောင်းဖြစ်ပါတယ်။ ဆရာတော်
ကျောင်းထိုင်းလာသည်မှာလည်းနှစ်ပေါင်း ၄၀ရှိပြီဖြစ်ပါတယ်။ ဆရာတော်ကြီးဟာကရင်လူမျိုးဖြစ်ပြီး
မဲဆောက်ရှိ မြန်မာ၊ ကရင်၊မွန်၊ မူစလင်၊ဟင်ဒီ ကျောင်းသား၊ အပေါင်းတို့ အားကိုးမှီခိုနေရသောတခုတည်းသောကျောင်းဖြစ်ပါတယ်။ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့စဉ်က
ဆရာတော်ဦးစီးပြီး အလျူငွေများကောက်ခံပေးခြင်း၊ သပိတ်အိုင်ဆရာတော်ဦးညဏသာရ ကိုယ်တိုင်
လာရောက်တရားဟောခဲ့သောကြောင်းလည်းဖြစ်ပါတယ်။

အကြောင်းမှာ လက်၇ှိကျောင်းထိုင်ဆရာတော်သည် ထိုင်းနိုင်ငံသားလက်မှတ်မရှိသည်ကို အကြောင်းပြ၍ ဖေါ်ပြပါထိုင်းနိုင်ငံသားအချို့ 
(ရယောက်ဝန်းကျင်)မှ ထိုင်းနို်င်ငံသားလက်မှတ် ကိုင်ဆောင်ထားသည့် ထိုင်းကရင် လူမျိုး ဆရာတော်ကြီးထက် ၀ါတော်များစွာငယ်သည့် ကိုယ်တော်တပါး
အား ကျောင်းထိုင်တင်ရန် ကြိုးစားခဲ့ကြသည် ။ ၄င်းကိစ္စနှင့် ပတ်သတ်၍ ၂၅-၁၀-၂၀၁၁ တွင် မဲဆောက်ရှိထိုင်းအာဏာပိုင်များ သံဃာ့
နာယက ဆရာတော် ကြီးများ မှ လာရောက်ဖြေရှင်းပေးခဲ့ကြပါသည် ။
ဆုံးဖြတ်ချက်မှာ - မူလကျောင်ထိုင်ဆရာတော်ကြီးဘဒ္ဒန္တမဟိန္ဒ ကိုသာဆက်လက် တစ်နှစ်ခြောက်လ ကျောင်းထိုင်အဖြစ် ဆက်လက် တာဝန်ယူစေပြီး ထိုင်နိုင်ငံတွင် နှစ်ပေါင်း၄၀ နီးပါ သာသနာေ၇းကို ဆောင်ရွက်ခဲ့သည့်အတွက် ထိုင်းဒကာတို့ နှင့် သံဃာတော်များမှ ထိုင်နိုင်ငံသား လက်မှရရှိရန်ဝိုင်းဝန်းကြိုးစားပေးကြရန် နှင့် ထိုင်းလက်မှတ်အပြည့်အစုံရလျှင်ဘဒ္ဒန္တမဟိန္ဒ အား ကျောင်းထိုင်ဆရာတော်ကြီးအဖြစ် ထပ်မံအသိအမှတ်ပြုအောင်ပွဲကျင်းပရန် မဲဆောက်သာသနာပိုင်များမှ ဆုံးဖြတ်ခဲ့ကြသည်။

ထိုဆုံးဖြတ်ချက်ပြီးနောက် ၂၅-၁၀-၂၀၁၁ ည ၇း၀၀ အချိန်တွင် ဖေါ်ပြပါ သတင်းဂျာနယ် အယ်ဒီတာ မှဦးဆောင်၍ ရဲများကို ခေါ်ပြီးနိုင်ငံသားလက်မှတ်မရှိသည့် ကျောင်းထိုင်အား သံဒေါက်မှု (လက်မှတ်မရှိ သည့်အမှု) နှင့်ဖမ်းဆီးရန် ကျောင်းရှေ့ ပရ၀ဏ်တွင်
ဝိုင်းထားကြသည် ။ဆရာတော်မှ ၀ရန်းမပါသည့်အတွက် အဖမ်းမခံပဲ ကျောင်းပေါ်တွင်ပင် သီတင်းသုံးလျှက်ရှိနေသည် ဆရာတော်အတွက်စိုးရိမ်သော ဒကာဒကာမများ ၅၀ ၀န်းကျင်းဝန်းရံ လာသဖြင့် ရဲများ ပြန်သွားကြသည်။ထိုညတွင်ပင် ၂း၀၀၀န်းကျင်၌ သတင်းအယ်ဒီတာ စစ်စမ် ဦးဆောင်၍ ဆရာတော် ကောင်းမွန်စွာ မကျိမ်းနိုင်ရန် အနှောက်အယှက်မျိုးစုံပြုခဲ့ကြသည် ။မြန်မာဒကာများထိုင်းဒကာအချို့ က ဆရာတော်အား အကာအကွယ်ပေးပြီးကျောင်း၌ပင် ညမအိပ်ပဲစောင့်ခြ့ကြရသည်။ ၂၆-၁၀-၂၀၀၁၁ ည ၁၀း၀၀ ကျော်တွင် ၄င်းသတင်းအယ်ဒီတာနှင့်အတူ နောက်လိုက်တပည့်များ က ဆရာတော်ကြီးသီတင်းသုံးသောကျောင်းပတ်လည်သေနတ်ရှည်တစ်လက်ကိုင်ပြီး လမ်းလျောက် ၍ ခြိမ်းခြောက်သမှုပြုခဲ့ကြသည် ။တပည့်ဒယကာများမှ ဆရာတော်ကြီးအား ဆက်လက်၍ မအိပ်မနားဝိုင်းဝန်းစောင့်ရှောက်နေကြသည်။၂၇-၁၀-၂၀၁၁ ည ၁၀း၃၀တွင်
၎င်းသတင်းစာအယ်ဒီတာမှ ရဲ ၁၀ယောက်ခန့် ခေါ်ပြီး ဆရာတော်ကြီးအားလာရောက်စောင့်ရှောက်နေသည့်ဒကာများအားဖမ်းဆီးခိုင်းခဲ့သည်။ရဲမှ ဘတ်များစစ်ဆေးပြီး မပြန်လျှင် ဖမ်းသွားမည်ဟုခြိမ်းခြောက်ခဲ့ရာ မြန်မာဒကာများမှ တဦးချင်းဖန်းဆက်၍ အကြောင်းကြားခဲ့ရာ ဒကာ ၅၀ကျော်ဝန်ရံလာပြီး ဆရာတော်ကြီး၏ကျောင်းဒကာ ထိုင်းအဖိုးအိုမှ လာရောက်ဖြေရှင်းပေးခဲ့သဖြင့် ရဲများပြန်သွားခဲ့သည်။ ဤကဲ့သို့  ညအချိန်မတော်မှ ဆရာတော်ကြီးအား နည်းပေါင်းစုံဖြင့် ခြိမ်းခြောက်နေခြင်း ဆရာတော် အာကာကွယ်စောင့်ရှောက်နေသည့် ဒကာဒကာမများအား ရန်လိုခြိမ်းခြောက်နေခြင်း တို့ နေ့ စဉ်ရက်ဆက် ပြုလုပ်နေသည်မှာ ဗုဒ္ဓဘာသာဝင်များ အမြင်ဖြင့်အင်မတန် အရုပ်ဆိုး အကျည်းတန် လှပါသည်။ သို့ အတွက်ကြောင့် မဲဆောင်တွင်ရှိနေသော မြန်မာအလုပ်သမားများ တော်လှန်ရေး အဖွဲ့ အစည်း များမှ မခံမရပ်နိုင် ဖြစ်သဖြင့် နေ ည အလှည့်ကျ ကျောင်းရှေ့ဝန်းကျင်တွင်စောင့်ကြည့်ပေးနေရပါသည် .နေ့  ၂၈-၁၀-၂၀၁၁ တွင် ၄င်းသတင်းစာအယ်ဒီတာ နှင့် အဖွဲ့ မှ ပြင်ပသို့ ထွက်သွားပြီး ဆရာတော်နှင့်အတူ ဆရာတော်အားစောင့်ရှောက်နေကြသော အဖွဲ့ အစည်းအသီးသီး နှင့် ရွှေ့ ပြောင်းအလုပ်သမား အချို့ အား ဖမ်းဆီးရန် အကြမ်းဖက်မောင်းထုတ်နိုင်ရန် အစီအစဉ်ရှိကြောင်းသတင်းရရှိပါသည်။
ပုံတွင်ပါသော နှုတ်ခမ်းမွေး နှင့် ကုတ်အကျီ င်္အနက်ဝတ်၍ လက်နှင့်ညွန် ပြနေသူ (Get Wind of News ) သတင်းစာ အယ်ဒီတာစစ်(ခ်)စမ် (ဖုန်း-- ၀၈၁၄၀၄၂၀၀၂) ဦးဆောင်သည့် ၄င်းသတင်းစာတိုက် အဖွဲ့ ဝင် တစ်ချို့ပါသော ထိုင်းနိုင်ငံသားများမှ တောရကျောင်းမဲဆောက်မြို့တွင်နှစ် ၄၀နီးပါး သီတင်းသုံးခဲ့ပြီး၂၂နှစ်ကြာ တောရကျောင်းထိုင် အဖြစ် သီတင်းသုံးခဲ့သော ဆရာတော် ဘဒ္ဒန္တမဟိန္ဒ
အား မြန်မာနိုင်ငံသား ဘုန်းကြီးဖြစ်သည်ကို အကြောင်းပြု၍ တောရကျောင်းထိုင်အဖြစ်မှ ၄င်းတောရကျောင်းမှ လည်းကောင်း မောင်းထုတ်နိုင်ရန် ဥပဒေအားဖြင့်တနည်း ခြိမ်းခြောက်သောအားဖြင့်တနည်း ကြိုးစား အားထုတ်နေသည်မှာ ဗုဒ္ဓဘာသာဝင် တို့ အဖို့ အရှက်ရဖွယ် ကိစ္စဖြစ်သလို ထိုင်းမြန်မာဗုဒ္ဓသာသနာ အတွက် လည်း ဂုဏ်သိက္ခါငြိုးနွမ်းစေသည့်ဖြစ်ရပ်ဖြစ်သည်။

သူဖုန်းကိုခေါ်ပြီး ကန်ကွက်ပေးကြပါရန်ပန်ကြားပါတယ်။
ဆရာတော်ကြီးကိုနှောက်ယှက်နေသူနာမည်- စစ်(ခ်)စမ် (ဖုန်း-- ၀၈၁၄၀၄၂၀၀၂)
ကလေးကိုဖက်ထားသူ ဟာ စစ်ခ်စမ်း ဖြစ်တယ်။

မြန်မာပြည်တွင်းရှိသူများက ထိုင်းသံရုံးကိုကန့် ကွက်စာပို့ ပါ။
အမေရိကန်နိင်ငံဆိုင်ရာထိုင်းသံရုံးကိုဖုံးဆက်ကြပါ။ ကန်ကွက်ကြပါ။

Thursday, August 4, 2011

နယ်စပ်ချစ်ကြည်ရေးအတွက် မြန်မာတောင်းဆိုမှု ထိုင်းလိုက်လျောမည်

ထိုင်း၊ မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးတွေ ပြန်ကောင်းလာစေဖို့အတွက် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ရှိနေတဲ့ ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်တွေကို ဖယ်ရှားပေးဖို့နဲ့ မြန်မာပြည်တွင်းမှာ ဗုံးခွဲတယ်လို့ အစိုးရက စွပ်စွဲထားတဲ့ အတိုက်အခံတွေကို ဖမ်းဆီးပေးဖို့ မြန်မာအစိုးရက ထိုင်းအစိုးရကို ပြောလာပါတယ်။ ဒါကို ထိုင်းနိုင်ငံ တပ်ခ် အုပ်ချုပ်ရေးမှူးက အဲဒီကိစ္စနဲ့ ပတ်သက်ပြီး လိုက်လျောဖို့ အဆင်သင့် ရှိနေပြီလို့ ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက်

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ