တားဆီးစစ်ဆေးသော ခူရပူရီရဲစခန်း ထိုင်းတောင်ပိုင်း ဖန်ငခရိုင်
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ သည် မိမိတို.ချွေးနဲစာလေးဖြင့် မဖြစ်မနေ ယာယီနိုင်ငံကူးလက်မှတ်များကို ပြုလုပ်လျှက်ရှိကြပြီး အများစုမှာ အလုပ်ရှင်အမည်မတူခြင်းနေရာဒေသမတူခြင်း တို.ကြောင့် အလုပ်ရှင်ဧ။်ကိုယ်စာလှယ်လွှဲစာကို မရရှိပဲ နီးစပ်ရာ စိတ်ချရသော ကိုယ်စာလှယ်ရုံးများတဆင့် ပြုလုပ်ကြရသည်။
ဖန်ငခရိုင် နှင့်ကဘီခရိုင်မှ အလုပ်သမား ၁၀ဦးနှင့် ကိုယ်စာလှယ်ထိုင်းလူမျိုးတစ်ဦးမြန်မာတစ်ဦး အပါအ၀င် ၁၂ ဦးတို.သည် ရနောင်းမြို.သို. ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ပြီး အပြန်ခရီးတွင် ခူရပုရီ မြို. ဈေးကြီးအနီး နယ်မြေခံရဲစခန်းမှ ဂိတ်ချကာ တာဆီးပြီးစစ်ဆေးခြင်းများကိုပြုလုပ်လျှက်ရှိသည်။
စစ်ဆေးသည်ဆိုသော်လည်း ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသော စာများ ကိုယ်ရေးအချက်အလက်များနှင့် ယာယီနိုင်ငံကူးလက်မှတ် များ အားစစ်ဆေးပြီးသည့်တိုင် ဆက်လက်သွားခွင့်မပြုပဲ အချိန်ကြာမြင့်စွာ ရဲစခန်းဝင်းအတွင်း အချိန်ကုန်စေသည်။
တားဆီးစစ်ဆေးခြင်းခံရသော မြန်မာအလုပ်သမားများ
အမှန်စင်စစ် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ စာများနှင့်ယာယီနိုင်ငံကူးလက်မှတ်တို.ကို ပြသနိုင်လျှင် ဆက်လက်ထွက်ခွာခွင့်ပေးရမည်ဖြစ်သည်။ သို.သော် ခူရပူရီရဲစခန်းမှာမူဆက်လက်ထွက်ခွာခွင့်မပြုခဲ့ပါ။
မြန်မာအလုပ်သမားအများစုမှာ သားသမီးကလေးငယ်များ ပါ လိုက်ပါခြင်းကြောင့် အချို.မှာ စိတ်ဒုက္ခရောက်လျှက်ရှိကြသည်။ ထိုသို.တားဆီးစစ်ဆေးပြီး ၃ နာရီခန်.အကြာမှ ပြန်လည်ကာထွက်ခွာခွင့်ပြုခဲ့သည်။
အတူလိုက်ပါလာသောကိုယ်စားလှယ်မှ ထိုစခန်းတွင် ဘတ်ငွေ ၂၀၀၀ ဘတ် ပေးခဲ့ရကြောင်းသိရှိရသည်။
မင်းလွမ်းနောင်(ပန်းတနော်)
No comments:
Post a Comment