.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Tuesday, May 17, 2011

မဲ့ ပေါင်းများစွာ အတွက် အလင်းရောင်


တချို.ကလေးတွေက မိဘမဲ့နေကြတယ်
တချို.ကလေးတွေက စီးပွားမဲ့နေကြတယ်
တချို.ကလေးတွေက ကူညီမှု.တွေမဲ့နေကြတယ်
တချို.ကလေးတွေက ပညာဥာဏ်တွေမဲ့နေကြတယ်
တချို.ကလေးတွေက အားလုံးပဲ မဲ့နေကြတယ်

မဲ့ ပေါင်းများစွာနဲ.ကလေးတွေက တို.တွေရဲ.
ထွန်းညှိပေးမဲ့ အလင်းရောင်ကို
ဖြူစင်အပြစ်ကင်းစွာ လက်ကမ်းပြီးမျှော်နေကြတယ်
ဒီလို မဲ့နေတာတွေ လက်ကမ်းပြီးမျှော်နေတာတွေကို
တို.(ဒို.)တွေ မျက်နာလွှဲသင့် ပါသလား........

ဒီတော့ တို.(ဒို.)သူငယ်ချင်းတစ်စု
ဂရုဏာတွေစုလို.
ပေါင်းသင် မြက်နုတ်
လုပ်နိုင်သလောက်လုပ်ကြဖို. အလင်းရောင်ဆိုတာဖြစ်လာတယ်..

မိဘမဲ့ကလေးအတွက် မိဘနဲ.တူတဲ့အလင်း
စီးပွားမဲ့ကလေးအတွက် ထောက်ပံ့မှု.အလင်း
ကူညီမှု.မဲ့နေတဲ့ကလေးအတွက် ကူညီမှု.အလင်း
ပညာဥာဏ်မဲ့နေသူကလေးအတွက် ပညာအလင်း
အားလုံးပဲ မဲ့နေတဲ့ကလေးအတွက် အားလုံးသောအလင်း

ကဲ............ဒီတော့ တို.(ဒို.) သူငယ်ချင်းတွေရဲ.
စည်းလုံးမှု. တာဝန်ယူမှု. သနားကြင်နာမှု. စေတနာထားမှု.
မှု.ပေါင်းများစွားနဲ. ကိုယ်တတ်နိုင်တဲ့ဘက်က
အလင်းရောင်ကို ထွန်းညှိလို.
မဲ့ပေါင်းများစွားနဲ.
ကလေးငယ်တွေအတွက် မျှော်လင့်ချက် အလင်းရောင်
အနာဂတ်မှာ ထွန်းပြောင်ဖို.
သူငယ်ချင်းတို.ရေ တို.(ဒို.)တွေ လက်တွဲ ဆောင်ရွက်ရင်း
မှောင်မဲနေတဲ့ ကလေးတို.ဘ၀ ဖယောင်းတိုင်
တစ်တိုင် ဖိုးကစလို. ...တတ်အားသမျှ လှူဒါန်း ထွန်းညှိကြပါစို.လို.
မဲ့ပေါင်းများစွာနဲ. ကလေးများကိုယ်စား...
မဲ့ပေါင်းများစွာနဲ.ကြီးပြင်းလာရတဲ့ ကျွန်တော်
တိုက်တွန်း နှိုးဆော်လိုက်ရ ပါတယ်ဗျာ...........

မင်းလွမ်းနောင်(ပန်းတနော်)

ပန်းလေးများအတွက်


ပညာ့အရေး

လက်မနှေးပဲ .....

လှူရေးတန်းရေး ကူညီရေးက....

သနားဂရုဏာ စေတနာဖြင့်

နိုင်စွမ်းသည့်ဝန်

ထည့်ဝင်လှူဒါန်း

အပန်းမကြီးပါ

အနာဂါတ်ပန်း လန်းစေဖို. .................

လန်းသောပန်းတိုင်း မွှေးစေဖို. .....................

မွှေးသောပန်းတိုင်း စွမ်းစေဖို. ............................

စွမ်းသောပန်းတိုင်း သန်စေဖို. ..................................

သန်သောပန်းတိုင်း မြဲစေဖို. ....................

မြဲသောပန်းတိုင်း တိုးစေဖို. ............................

တိုးသောပန်းတိုင်း ပျိုးစေဖို. ...........................

ပျိုးသောပန်းတိုင်း ပွင့်စေဖို. ...................

ပွင့်သောပန်းတိုင်း လန်းစေဖို. ...............................

ဖွဲ.စည်းဆောင်ရွက်ကြပါစို. ..................

မင်းလွမ်းနောင်(ပန်းတနော်)

ညောင်ရွှေစော်ဘွားကြီး



ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံးသော ယာယီသမ္မတကြီးစ၀်ရွှေသိုက်
သန်းဝင်းလှိုင်
မတ် ၁၇၊ ၂၀၁၁
             ၁၉၄၇ခုနှစ် စက်တင်ဘာလ ၂၅ရက်နေ့တွင် တိုင်းပြည်ပြုလွှတ်တော် တတိယညီလာခံမှ နိုင်ငံတော်ယာယီ သမ္မတအဖြစ် ညောင်ရွှေစော်ဘွားကြီးစ၀်ရွှေသိုက်အား ရွေးကောက်တင်မြှောက်ခဲ့ကြသည် ။
              ၁၉၄၇ခုနှစ် စက်တင်ဘာလ၂၄ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော် တတိယအကြိမ်ညီလာခံအဋ္ဌမမြောက် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။  ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်ဖြစ်သောကြောင့် ငါးနှစ်တကြိမ် ပါလီမန်လွှတ်တော်နှစ်ရပ်ပေါင်း (ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်) အစည်းအဝေးမှလျှို့ဝှက်မဲစနစ်ဖြင့် ရွေးကောက်တင်မြှောက်ရသည်။ 
သမ္မတသည် နိုင်ငံတော်၏အကြီးအကဲဖြစ်သဖြင့် တတိုင်းတပြည်လုံး၏ ရိုသေလေးစားကိုင်းရှိုင်းမှုကိုခံယူရသည်။ နိုင်ငံတော်သမ္မတ၏ရာထူးသက်တမ်းသည် ငါးနှစ်ဖြစ်ပြီး၊ မည်သူမဆိုသမ္မတရာထူးသက်တမ်းကို နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခွင့်မရှိစေရဟု ဖွဲ့စည်းပုံတွင်အတိ အလင်းဖေါ်ပြထားသည်။ သမ္မတသက်တမ်းငါးနှစ်အတွင်း သမ္မတကိုဖြုတ်ချခွင့် မရှိပေ။ သို့သော်သမ္မတသည် နိုင်ငံတော်၏ကျေးဇူးသစ္စာကိုဖေါက်ဖျက်ခြင်း၊ အခြေခံဥပဒေကိုကျူးလွန်ခြင်း၊ အကျင့်သိက္ခာလွန်ကဲစွာ ပျက်ပြားမှသာ ပါလီမန်က သတ်မှတ်သည့်နည်းများအတိုင်း စွပ်စွဲပြစ်တင်စုံစမ်းစစ်ဆေးပြီး ခိုင်လုံမှသာ သမ္မတကိုရာထူးမှ ထုတ်ပယ်နိုင်သည်။
              နိုင်ငံတော်အစိုးရ၏ဆောင်ရွက်ချက်များကို သမ္မတနာမည်ခံပြီး ဆောင်ရွက်ရမည်။ ပါလီမန်၏ ပြ  ဌာန်းသည့်ဥပဒေများကို သမ္မတလက်မှတ်ထိုးမှသာ အတည်ဖြစ်သည်။ သမ္မတသည်အစိုးရအဖွဲ့၏ထောက်ခံချက်၊ အကြံပေးချက်တို့ကို လက်ခံပြီးမှသာ ကိစ္စအ၀၀ကိုဆောင်ရွက်ရမည်။ တဦးတည်း ထင်သလိုဆောင်ရွက်ခွင့် မရှိချေ။
ဥပဒေပြုရာ၌လည်း ပါလီမန်က သဘောတူအတည်ပြုထားသည့်ဥပဒေကြမ်းကို သမ္မတထံလက်မှတ် ရေးထိုးရန် ပေးပို့ရသည်။ သို့သော် ခုနှစ်ရက်အတွင်း သမ္မတက လက်မှတ်ရေးထိုးခြင်းမပြုလျှင် သမ္မတက လက်မှတ်ရေးထိုးပြီးသကဲ့သို့ အတည်ဖြစ်သည်ဟု မှတ်ယူရမည်။
            နိုင်ငံတော်ဝန်ကြီးချုပ်ကို ပါလီမန်က ရွေးချယ်တင်မြှောက်ပြီး  သမ္မတက ခန့်အပ်ပေးရမည်။ ၀န်ကြီးများနှင့် နိုင်ငံတော်ရှေ့နေချုပ်၊ နိုင်ငံတော်စာရင်းစစ်ချုပ်များကို ၀န်ကြီးချုပ်က ထောက်ခံပြီးမှ သမ္မတကခန့်အပ်ရမည်။ တရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော်ဝန်ကြီးများကိုလည်း အစိုးရအဖွဲ့က ရွေးချုပ်ပြီး နာမည်တင်သွင်းလာမှုကို ပါလီမန်က အတည်ပြုပြီးမှသာ သမ္မတက ခန့်အပ်ရမည်ဟူ၍ သမ္မတ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အပ်နှင်းထားလေသည်။
ထို့ပြင် နိုင်ငံတော်သမ္မတသည် တိုင်းပြည်၏ အထွဋ်အထိပ် နိုင်ငံတော်အကြီးအကဲ ဖြစ်သောကြောင့် နိုင်ငံတော်မှထောက်ပံသည့် အိမ်တဆောင်ဥပဒေအရ ပြဋ္ဌာန်းထားသော လစာငွေ ၅၀၀၀ကျပ်၊ တနှစ်ဧည့်ခံစရိတ် ၂၄၀၀၀ကျပ်၊ နိုင်ငံတော်အတွင်း လှည့်လည်ခရီးသွားစရိတ် ၇၅၀၀၀ကျပ်၊ ၀တ်စုံခ ၁၀၀၀၀ ကျပ် ၊ ဒုတိယအကြိမ် ထပ်မံရွေးကောက်ခံရလျင် ၀တ်စုံခ ငွေ ၅၀၀၀ ကျပ်သာ

စာဆိုငွေတာရီ

စာဆိုငွေတာရီ
သန်းဝင်းလှိုင်
မတ် ၂၇၊ ၂၀၁၁
        မြန်မာကဗျာဆရာကြီးဒဂုန်တာရာက “ကဗျာဆိုတာ ရင်ခုန်သံကိုဖေါ်ညွန်းသည့်အရာ” ဟု အဓိပ္ပါယ်ဖွင့်ဆိုခဲ့ဖူးသည်။ မှန်ပေသည်။ ကဗျာဆိုသည်မှာ ရင်ခုန်သံကိုဖေါ်ညွှန်းသည့်အနုပညာ ပစ္စည်းတခုပါ။ ကောင်းပြီ….။ ကဗျာဆိုသည်မှာ ရင်ခုန်သံကိုဖေါ်ညွန်းသည့်အရာဆိုလျှင် အဆိုပါ ရင်ခုန်သံဆိုသည်မှာ မည်သူ၏ရင်ခုန်သံလဲ။ ကဗျာဆရာဖြတ်သန်းကြီးပြင်းရသည့် ခေတ်၊ တနည်း ကဗျာဆရာ၏ ခေတ်ပြိုင်လူထု၏ရင်ခုန်သံလူထုခံစားချက်ကိုဆိုလိုသည့် သဘောပင်ဖြစ်သည်။
         လူထု၏ခံစားချက်၊ လူထု၏ရင်ခုန်သံကို ကိုယ်စားပြုရေးဖွဲ့ထားသောငွေတာရီ၏ “ကြွေပွင့် ကောက်စဉ်က”ဟုခေါင်းစဉ်ပေးထားသော ကဗျာလေးကို ဖတ်ရှုခံစားကြည့်ကြပါစို့။ အဆိုပါပဗျာကို လွန်ခဲ့သော ၅၁ နှစ် ၁၉၆၈ပြည့်နှစ်က ထုတ်ဝေခဲ့သော“ငွေတာရီကဗျာ ၁၀၀ ”စာအုပ်ထဲ၌ ထည့်သွင်းထားသော ကဗျာဖြစ်သည်။

                ကြွေပွင့်ကောက်စဉ်က

              လေအဝှေ့မှာလ
              နေသွေ့ကာအညှာလိမ်တဲ့
              ပါမှိန်မှိန်ပွင့်လွှာဟောင်းငယ်တို့
              ရင့်ညောင်းကာ ဘ၀ကူးသည်ထင့်
              မူးဝေအောင်ချာချာလည်၍
             သည်မြေဆီရွှေရည်ပွင့်ငယ်လို့
              ကြွေလွင့်၍နေစဉ်ဝယ်
              အပင်အောက်တယောက်သည်စာဆိုဖြင့်
              ရွှင်မချိုမြေ့မချမ်းနိုင်ဘူ့
              ကြွေပန်းလွှာမြေမှာစီတော့
              သီကရီကောက်ယူနှမ်းမိငဲ့
              သြော်… အလွမ်းသည်လိုထွေတော့
             ပွင့်ဝါကြွေသူလေသိမှာလှ
             တွေးမိပြန်တယ်။
             အကြွေစောသူငယ်
              နှမြောတွယ်တာတာဖြင့်
             ဘယ်အခါဘယ်မှာဆုံးနိုင်လိမ့်
             နှလုံးဘ၀င်ဆူပေါ့
             မရွှင်သူနှုတ်ခြွေလွှတ်ပါလို့
            အတွတ်တွတ်ဆိုကာရယ်
            ဖြေဖွယ်ဖြင့်ရှိလိမ့်လား
            သည်အခိုက်မှာကို
            ပင်ထက်ငွေရောင်စိုတဲ့
            ဖူးငုံပျိုထိုတသင်းတွေက
            လေညင်းမှာ တကြိုင်ကြိုင်နဲ့
            ဘယ်ယိုင်ညာယိုင်ငဲ့ရာမှ
            “နောင်ရဲ့မငိုပါနှင့်
             ကြည်ညိုကာနောင်မြတ်နိုးတာဖြင့်
             ဝေဖြိုးအောင်ရေစင်ဖြာပါ့
             ကြွေပွင့်မတွယ်တာနဲ့
             ဖူးညာသာထူးစွာပွင့်အောင်လို့
             ပင်ဗွေကိုစဉ်အခြေမြှင့်ပါ”တဲ့
             ကူချင့်အောင်သူကပြောလေတော့
             ပင့်လေမှာပွင့်ကြွေနဲ့မျှောရာက
             ဖူးဆီကိုဦးလည်လို့စောမိရဲ့
             လှသောပင်ယံဗွေက
             ငုံတံတွေရွှေရည်လျှမ်းမှာဖြင့်
             စာဆိုမောင်မျှော်ယောင်မှန်းလို့ရယ်
              လွမ်းခဲ့မိတကား။

             စာဆိုငွေတာရီက သူ့ကဗျာတွင် အတန်ငယ်မြင့်သည့်ပန်းပင်ထက်မှ ပန်းကလေး တပွင့် ချာလည်ချာလည်နှင့်ကြွေကျသွားပုံ၊ ညှိုးငယ်စွာသောလူယောက် ပန်းပွင့်ကလေးကို နှမြောတသ ကာ ယုယုယယကောက်ယူနေပုံနှင့် အပင်ထက်ရှိဖူးငုံကလေးများကို မော့ကြည့်နေပုံ၊ ပန်းငုံက လေးများက သူ့ကို

              “ငိုမနေပါနဲ့၊ ပန်းပွင့်ကိုခင်မင်မြတ်နိုးရင် အပင်ကိုရေလောင်းပါ၊ ကြွေလေတဲ့အပွင့်ကို တွယ်တာမနေပါနဲ့တော့။ အပင်မှာကျန်တဲ့အဖူးကလေးတွေကားကားစွင့်စွင့်ပွင့်လန်းလာအောင် အပင်ကိုသာမြေတောင်မြှောက်ပေးပါ”ဟု ပြောနေဟန် စာဆို၏ခံစားချက်ကိုထင်ဟပ်ဖွဲ့ဆိုထားပေ သည်။

              ငွေတာရီသည် ဤကဗျာကလေးကို အဘယ်အခါကရေးစပ်သီကုံးခဲ့လေသနည်း။ သူ ကိုယ်တိုင် ပန်းပွင့်ကြွေကလေးများကို ကောက်ရင်းဤကဗျာကို စပ်ခဲ့ခြင်းဖြစ်လေသလား။ အမှန် စင်စစ် ပြောရလျှင် ထိုစဉ်အခါက ငွေတာရီမှာ မြန်မာစာပေပန်းဥယျာဉ်ထဲတွင် ရှန်သန်ကြီးထွားဆဲ အသက်(၃၃) နှစ်အရွယ်၁၉၅၈ ခုနှစ်မတ်လ ၁၉ ရက်နေ့တွင် အကြွေစောခဲ့ရလေသည်။
စာဆို ငွေတာရီသည် ပန်းကလေးငွေတာရီကို “အကြွေစောသူငဲ့” ဟုတသဖွဲ့ဆိုခြင်းဖြစ်လေသလား။ ငွေတာ ရီက ငွေတာရီကို အကြွေစောသူငဲ့ဟု တသခဲ့သလား။ ကဗျာဆုံးသွားသောလည်း ကျွှန်ုပ်၏အတွေးများမှာ မဆုံနိုင်အောင် ချာချာလည်နေလေသည်။
               ယင်းကဗျာကိုလေးကို ရေးဖွဲ့ခဲ့သော ငွေတာရီ၏အမည်အရင်းမှာ ဒေါ်ခင်ရီဖြစ်သည်။ ၁၉၂၅ခုနှစ် ဖောဖေါ်ဝါရီလ (၁၆)ရက်နေ့၌ ရန်ကုန်မြို့တွင် ဖွားမြင်ခဲ့သည်။ မိဘများမှာ ဗြိတိသျှ ဘားမားဦးညွန့်၊ ဒေါ်ချစ်တင်တို့ဖြစ်သည်။ ငွေတာရီအသက် ၁၈နှစ်အရွယ်တွင် မိခင်ကွယ်လွန်၍ အသက် (၃၂) အရွယ်တွင်ဖခင်ကွယ်လွန်ခဲ့သည်။
ငွေတာရီသည် ရန်ကုန်မြို့မြို့မမိန်းကလေးအ ထက်တန်းကျောင်း(ယခုဒဂုံအ ထ က- ၃)၌ ပညာသင်ယူသည်။ ၁၉၃၉ခုနှစ်အသက် (၁၄) နှစ်အ ရွယ်(၉) တန်းအရောက်တွင် ကျန်းမာရေးမကောင်းသဖြင့် ကျောင်းထွက်လိုက်ရသည်။ ဂျပန်ခေတ် နှင့်စစ်ပြီးခေတ်တွင် ရှေးဟောင်းမြန်မာစာပေကို ဗိုလ်မူးဘသောင်း (မောင်သုတ)ထံမှ သင်ယူ သည်။ ထို့နောက် အင်္ဂလိပ်စာကို ဆရာမကြီးမစ္စက်မန်ရိုးထံမှသင်ယူသည်။
              ငွေတာရီသည် ၁၉၅၂ ခုနှစ်အသက်၂၇ နှစ်အရွယ်တွင် ဦးဝင်းမောင်(မင်းယုဝေ)နှင့် အိမ်ထောင်ပြုခဲ့သည်။ မင်းယုဝေနှင့်အိမ်ထောင်ပြုသည်ကို အကြောင်းပြု၍ ငွေတာရီက “လှည်း ယဉ်ကလေးစီးကာလည်” ကဗျာနှင့် “တောသူရွာဝင်”ကဗျာတို့ကို ဖွဲ့ဆိုခဲ့သည်။
                ငွေတာရီသည်မြန်မာနိုင်ငံအရပ်ရပ်သို့သာမက နိုင်ငံခြားတိုင်းပြည်များသို့ပါ ခရီးလှည့် လည်သွားခဲ့သည်။ ၁၉၄၈ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ သွားခဲ့၏။ ၁၉၅၆ ခုနှစ်တွင် ခင်ပွန်းသည်မင်း ယုဝေပညာဆည်းပူးရာ လန်ဒန်တက္ကသိုလ် အင်္ဂလန်ပြည်သို့လိုက်ပါ သွားခဲ့သည်။ ငွေတာရီသည် မင်းယုဝေနှင့်အတူ အင်္ဂလန်ပြည်အတွင်းလက်လှမ်းမီရာအရပ်များသို့ အချိန်ရလျှင် ရသလိုခရီး ဆန့်ခဲ့သည်။ ထို့ပြင် နယ်သာလန်၊ ဘယ်ဂျီယမ်၊ ပြင်သစ်၊ အီတလီ၊ ဆွစ်ဇာလန်စသည်နိုင်ငံများ သို့လည်း သွားရောက်လည်ပတ်ခဲ့သည်။
               မြန်မာပြည်သို့သဘောင်္ဖြင့်အပြန်တွင် အီဂျစ်၊ သီဟို၌ (သီရိလကာင်္)နိုင်ငံများသို့ ခေတ္တ ၀င်ရောက်လည်ပတ်ခဲ့သေးသည်။
              ထို့နောက် ၁၉၅၈ ခုနှစ်မတ်လ ၁၉ရက်နေ့တွင် ရုတ်တရက် အမျိုးသမီးရောဂါဖြစ်ပွား ကာ ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်၌ အသက်(၃၃)နှစ်မျှသာ ရှိသေးသည်။ တဦးတည်း သောသမီးကလေးခင်နီဝင်း(ယခုကျိုင်းထုံတက္ကသိုလ်မြန်မာစာတွဲဖက်ပါမောက္ခ)ကျန်ရစ်ခဲ့သည်။
              ငွေတာရီသည် ကဗျာကို ငယ်စဉ်ကပင် ၀ါသနာထုံခဲ့သည်။ အသက် ၁၂ နှစ်အရွယ် ခုနှစ်တန်း မှစ၍ ကဗျာကို စတင်ဖွဲ့ဆိုသည်။ ၁၉၄၁ခုနှစ်တွင် ဆရာဇော်ဂျီနှင့်ဆရာမင်းသုဝဏ်တို့ ၏ ကဗျာများကို သေချာစွာ လေ့လာ၍ စနစ်တကျဖွဲ့ဆိုနိုင်ခဲ့သည်။ ကဗျာပုဒ်ရေ (၈၀၀) ကျော်ရေး ဖွဲ့နိုင်ခဲ့ပြီး ပုဒ်ရေ(၄၀၀) ကျော်ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။
              ငွေတာရီသည် စာပေဗိမာန်ဆုကို နှစ်ကြိမ်ဆွတ်ခူးရရှိခဲ့သည်။ အီစွတ်ပုံပြင်ကိုလည်း မင်းယုဝေနှင့်တွဲဖက်၍ဘာသာပြန်ဆိုထုတ်ဝေရာ၊ ၁၉၅၄ခုနှစ်တွင် စာပေဗိမာန် ဘာသာပြန်ဆု ရရှိ ခဲ့သည်။ ငွေတာရီကွယ်လွန်ပြီးနောက် မင်းယုဝေရွေးချယ်ထုတ်ဝေခဲ့ရာ ၁၉၆၀ ပြည့်နှစ်အတွက် စာပေ ဗိမာန်(ကဗျာ) ဆုကို ရရှိခဲ့သည်။
              ငွေတာရီသည် သူ့စာများ၊ ကဗျာများကို စာနယ်ဇင်းအမျိုးမျိုးတို့၌ ရေးသားဖေါ်ပြခဲ့ သည်။ ငွေတာရီရေးသားထုတ်လုံးချင်းစာအုပ်များမှာ (၁) “မင်ဆေးရည်ပဲမှုန်သလား နှင့် ကဗျာရှင် ၀တ္ထုတိုများ” (၁၉၄၄)၊ (၂) “မာလာမြိုင်ကဗျာများ” (၁၉၄၇)၊ (၃) “ရတနာကဗျာများ” (မင်းယုဝေ နှင့် တွဲ၍ ၁၉၅၄)၊ (၅) “ကဗျာ ၁၀၀” (၁၉၆၀) ၊ (၆) “ဆုနှင့် အခြားဝတ္ထုတိုများ” (၁၉၆၅) တို့ဖြစ် သည်။
              ငွေတာရီကဗျာပေါင်းချုပ်ကို ၁၉၆၈ခုနှစ်တွင်စုစည်း ထုတ်ဝေခဲ့သည်။ ခင်ပွန်းဖြစ်သူ မင်းယုဝေက ကွယ်လွန်သူ ငွေတာရီအထိမ်းအမှတ်အဖြစ် “ငွေတာရီ” မဂ္ဂဇင်းကိုတည်ထောင်၍ ၁၉၆၀ ပြည်နှစ်ဇူလိုင်လ (၁)ရက်နေ့မှ စတင်ထုတ်ဝေခဲ့သည်။ ၁၉၆၁ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ အထိပုဂ္ဂလိက ပိုင် အဖြစ် ထုတ်ဝေ၍ ၁၉၆၁ ခု နိုဝင်ဘာလမှ စ၍ မြ၀တီပုံနှိပ်တိုက်ပိုင် အဖြစ်သို့ပြောင်း ပေးခဲ့ရာ ယနေ့တိုင် လစဉ်ထုတ်ဝေနေဆဲဖြစ်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဒုတိယမြောက် နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦး

Wednesday, 30 March 2011
  ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဒုတိယမြောက် နိုင်ငံတော်သမ္မတကြီး  ဒေါက်တာဘဦး
သန်းဝင်းလှိုင်
မတ် ၃၁၊ ၂၀၁၁
          ၁၉၅၂ ခုနှစ် မတ်လ၃ရက်မှ ၂၁ နေ့အထိ ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါလီမန် ပြည်သူ့လွှတ်တော်ညီလာခံ ပထမအကြိမ်အစည်းအဝေးကို ကျင်းပနေစဉ်၌ မတ်လ ၁၂ ရက် နေ့ တွင် ပြည်သူု့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်နှစ်ရပ်တွဲဖက် ညီလာခံမှ နိုင်ငံတော် တရား ရေး ၀န်ကြီးချုပ်ဟောင်းဒေါက်တာဘဦးအား ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတ အဖြစ် ရွေးကောက်တင်မြောက်ခဲ့ကြသည်။
       သို့ဖြင့် မတ်လ ၁၃ရက်နေ့တွင်ပြည်သူ့လွတ်တော်အစည်း အဝေးခန်းမ ကြီး၌ ဒေါက်တာဘဦးသည် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုသည့်အခမ်းအနားကို ကျင်းပခဲ့သည်။ ယင်းနေ့၌ပင် နိုင်ငံတော် သမ္မတကြီးအဖြစ် ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၅ ရက်မှ ၁၉၅၂ ခုနှစ်မတ်လ ၁၂ ရက်နေ့ အထိ ထမ်းရွက်ခဲ့သော သမ္မတဟောင်း ညောင်ရွှေ စော်ဘွားကြီး စ၀်ရွှေသိုက်အား လူမျိုးစုလွှတ်တော် နယက အဖြစ် ရွှေးကောက်တင်မြောက်ခဲ့ ကြသည်။ 
 
         မြန်မာနိုင်ငံ၏ဒုတိယမြောက် နိုင်ငံတော်သမ္မတကြီးအဖြစ် ရွှေူးကောက် တင် မြောက် ခြင်းခံ ရသော ဒေါက်တာဘဦးကို ခရစ် ၁၈၈၇ ခုနှစ် မေလ ၂၆ရက် ကြာသာပတေးနေ့တွင် ပုသိမ်မြို့၌ အဖ အရေးပိုင် ဦးဖိုးလှ (C.I.E, K.S.M, A.T.M) အမိ ဒေါ် ညွန့်တို့မှ ဖွားမြင်ခဲ့သည် မွေးချင်းကိုးယောက်အနက်  အကြီးဆုံးဖြစ်သည်။ မွေးချင်းကိုးယောက် အနက် ညီငါး ယောက် နှင့် ညီမ ၁ ယောက်တို့မှာ ငယ်စဉ်ကပင် ဆုံးပါးသွား ခဲ့ရာ ဒေါက်တာဘဦး၊ ညီကပ္ပတိန်လှဘူး နှင့် ဦးမြဘူး တို့သာ ကျန်ရစ်ခဲ့သည်။
       ဖခင်ဖြစ်သူ အရေးပိုင် ဦးဖိုးလှ မှာ ၁၉၂၁ ခုနှစ်တွင် အငြိမ်းစားယူပြီးနောက် ပုသိမ်မြို့မှ အောက်လွှတ်တော် အမတ်အဖြစ် ရွေးကောက်တင်မြောက်ခံရသည်။ အောက်လွတ်တော် အမတ် အဖြစ် သက်တန်းတကြိမ်ဆောင်ရွက်ပြီးနောက် ၁၉၃၆ ခုနှစ်တွင် အထက် လွှတ်တော် ဒုဥက္ကဌအဖြစ် ဒုတိယကမ္ဘာစစ် မဖြစ်မီအထိ ဘုရင်ခံ၏ ခံ့အပ်ခြင်းခံခဲ့ရသည်။
          ဒေါက်တာဘဦးသည် ပုသိမ် တိုင်းရင်းမြန်မာကျောင်း၊ မအူပင် အစိုးအလယ်တန်း ကျောင်း အေတီအမ် အလယ်တန်းကျောင်း၊ ပုသိမ်အစိုးရအထက်တန်းကျောင်း၊ ရန်ကုန်းအစိုး ရအထက်တန်းကျောင်း တို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် ရန်ကုန်အစိုးရ အထက်တန်းကျောင်းမှ မက်ထရစ် စာမေးပွဲ (တက္ကသိုလ်ဝင်တန်း) ကို ဒုတိယ အဆင့်မှ အောင်မြင်၍ ပညာသင်စုရခဲ့သည်။ ရန်ကုန်ကောလိပ်၌ ဆက်လက်ပညာသင်ရာအက်ဖ်အေ စာမေးပွဲ မဖြေမီ ၁၉၀၇ ခုနှစ် စက်တင်ဘာလတွင် အင်္ဂလန်ပြည်သို့ ဥပဒေပညာ သွားရောက် သင်ယူသည်။
        ထို့နောက် ကိန်းဘရစ် တက္ကသိုလ် ထရီနတီ ကောလိပ် မှ ၁၉၁၂ တွင် ဥပဒေဘွဲ့ (L.LB) မဟာဝိဇ္ဇာဘွဲ့ (M.A) ၁၉၁၃တွင် ၀တ်လုံဘွဲ့ (Barrister) ဘွဲ့များရရှိခဲ့သည်။ အင်္ဂလန် ၌ပညာသင်နေစဉ်အတွင်း မြန်မာ - ကိန်းဘရစ်တက္ကသိုလ်ကလပ်အသင်း တွင် အတွင်းရေးမှုး အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၁၃ခုနှစ်တွင် မြန်မာပြည်သို့ပြန်လာခဲ့သည်။
         ၁၉၁၃ မှ ၁၉၂၀ထိ ရန်ကုန်လွှတ်တော် ရှေ့နေအဖြစ် ဆောင်ရွက်၍ ၁၉၂၁ ခုနှစ်မှ စတင်ကာ အစိုးရ၀န်ထမ်းလောကသို့ ၀င်ရောက်ခဲ့သည်။ ၁၉၂၁- ၂၂ တွင် ဖျာပုံခရိုင် စက်ရှင် တရားသူကြီး၊ ၁၉၂၂-၂၃တွင် ရန်ကုန်အစိုးရ ရှေ့နေ ၊ ၁၉၂၃ - ၃၀ တွင်တောင်ငူ၊ မကွေး၊ မြောင်းမြ ခရိုင်စက်ရှင် တရားသူကြီး။ ၁၉၃၀ - ၃၂ တွင် တရားလွှတ်တော် တရားဝန်ကြီး၊ ရန် ကုန်ခရိုင်နှင့် အင်းစိန်ခရိုင် စက်ရှင်တရားသူကြီး အဖြစ်ဆောင်ရွက်ခဲ့သည်။ ခရိုင်နှင့် စက်ရှင် တရာသူကြီးအဖြစ် အင်းစိန်ခရိုင်တွင် တာဝန်ချထားခံရစဉ် ၁၉၃၀ ပြည့်နေ့ ဒီဇင်ဘာလတွင် ဆရာစံ ဦးဆောင်သော တောင်သူလယ်သမား အရေးတော်ပုံကြီး ဖြစ်ပွားခဲ့ရာ အထူးခုံရုံး တရာသူကြီး ဂျေအာအီးကန်းလစ်၊ အေဂျေဒါဝတ် တို့နှင့်အတူ အထူးခုံရုံးအဖွဲ့ဝင် တရားသူကြီးအဖြစ်ဆောင်ရွက်ခဲ့ပြီး ဆရာစံဦဆောင်သော တောင်သူလယ်သမား အရေးတော် ပုံ ဂဠုန်တပ်သားများကို အိန္ဒိယ ရာဇသတ် ပုဒ်မ ၁၂၁ အရ သေဒဏ် အပြစ်ပေးခဲ့သည်။ 
 
         သို့သော် နောင်တွင် ၄င်းရေးသားခဲ့သော ‘ ကျွှန်ုပ် ၏ ပြည်မြန်မာခေါ် သမ္မတတစ်ဦး၏ ကိုယ်ရေး အတ္ထုပ္ပတ္တိ’ (My Burmaး The autobiography of a president ) စာအုပ်တွင် တောင်သူလယ်သမားများဘက်မှ တတ်နိုင်သမျှ ဖေးမ ခဲ့ကြောင်း၊ ပြစ်ဒဏ်ထင်ရှားသူများကို သာ အထက်မှ ဖိအားပေး၍ တာဝန်အရ ပြစ်ဒဏ်စီရင် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း ခုခံ ရေးသားထားလေသည်။
        ထို့ပြင် မြန်မာ့လွတ်လပ်ရေး လမ်းပြဆရာတော် ဦးဥတ္တမ သည် ဒေးဒရဲမြို့ စုကလပ်ရွှာ တရားပွဲတွင် နယ်ချဲ့ ဗြိတိသျှ အစိုးရအား ပြင်းပြင်းထန်ထန် ဆန့်ကျင်တရားဟောပြောမှုဖြင့်ပုဒ်မ ၁၂၄(က) နှင့်  ၁၅၃ (က) အရ ထောင်ဒဏ်သုံးနှစ်နှင့် ၈ လ ချမှတ်ခဲ့သည့် ကိစ္စနှင့်ပတ် သက်၍ ဆရာတော်ဦဥတ္တမကို ပြစ်ဒဏ် ချမှတ်ခဲ့သူမှာ ၄င်း၏ဦးလေး မအူပင်အရေးပိုင် ဦးဖိုးဘေ (K.S.M, A.T.M)ဖြစ်ပြီးအမှုကို ကိုင်တွယ်ရမည့် ဖျာပုံ ခရိုင်အရေးပိုင်မှာ သူ၏ဖခင် ဦးဖိုးလှဖြစ်ကြောင်း၊ ၄င်း၏ဖခင်ဖြစ်သူ ဦးဖိုးလှက အမှုကို မကိုင်တွယ်လို၍ အခြားတစ်ဦးအား လွှဲပြောင်းခွင့်တောင်းခဲ့ရာ မအူပင် ခရိုင်အရေးပိုင် ဦးဖိုးဘေအား တရားလွှတ်တော်မှ လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်ကြောင်း၊ တဖန် ဦးဖိုးဘေကလည်း လွှဲပြောင်းခွင့်ထပ်မံတောင်းရာ တရားလွှတ် တော်ချုပ်မှ ခွင့်မပြု၍ ဆရာတော်ဦးဥတ္တမအား စီရင်ချက်ချခဲ့ရခြင်း ဖြစ်ကြောင်း စီရင်ချက်ချခဲ့ သော်လည်း ဆရာတော်အား ထောင်တွင်း၌သက်တောင့်သက်သာ နေစေရန် ၄င်း၏ဖခင်က စီမံပေးခဲ့၍ ဆရာတော်ဘက်မှလည်း ကျေးဇူးတင်ရှိကာ ဆရာဒကာ ဆက်ဆံရေး ရှိခဲ့ကြောင်း၊ သူ၏ဖခင်နှင့် ဦးလေးတို့၏ သဘောထားကို ဆရာတော် နားလည်၍ ဆရာတော်ထောင်မှ လွှတ်ချိန်တွင် ၄င်း၏ညီများနှင့် အလွန်ရင်းနှီးသွားပြီး အထူးသဖြင့် ကပ္ပတိန် လှဘူး၏ နေအိမ်တွင် အခါအားလျော်စွာ ဆွမ်းဘုန်းပေးခဲ့သည်မှာ ဆရာတော်ပြန်လွန်တော် မမူခင် ၂ နှစ် ၃ နှစ်မျှ ထိပင် ကြာမြင့်ခဲ့ကြောင်း ရေးသားခဲ့လေသည်။ 
 
          ထို့နောက် ဒေါက်တာဘဦးသည် ၁၉၃၂-၄၂တွင် တရားလွှတ်တော် တရားဝန်ကြီး၊ ၁၉၄၂-၄၅ ဂျပန် ခေတ်တွင် တရားလွှတ်တော်ဝန်ကြီး ၊ ၁၉၄၅ -၄၈ တွင် တရားလွှတ်တော်ချုပ်၏ တရားဝန်ကြီး ချုပ် ၊ ၁၉၅၂ ခုနှစ် မတ်လ ၁၃ရက်နေ့မှ ၁၉၅၇ မတ်လ ၁၂ရက်နေ့အထိ နိုင်ငံတော်သမ္မတ ၊ ၁၉၆၀ပြည့်နေ့ ဧပြီလ ၂၅ရက်နေ့ မှ ၁၉၆၂ မတ်လ ၁ရက် နေ့အထိ နိုင်ငံတော်အစိုးရ အကြံပေးအဖွဲ့ဥက္ကဌအဖြစ် အသီးသီး ဆောင်ရွက်ခဲ့သည်။
         ဒေါက်တာဘဦးသည် ၁၉၁၃ ခုနှစ်တွင် ဖခင်၏ အစ်မ ကြီး ဒေါ်ရှင်နှင့် ခရိုင်စက်ရှင် တရားသူကြီး ဦးအောင်ဇံ (K.S. M) သမီးဖြစ်သူ ဒေါ်ငြိမ်းငြိမ်းနှင့်လက်ထပ်၍ သားနှစ်ယောက် ထွန်းကားခဲ့သည်။ ထို့နောက် ၁၉၂၁ ခုနှစ်တွင် ဇနှီးဖြစ်သူ ဒေါ်ငြိမ်းငြိမ်း အဆုတ်ရောဂါဖြစ် ကွယ်လွန်ခဲ့ပြီးနောက် ၁၉၂၃ ခုနှစ်တွင် ဖခင်၏ ညီဖြစ်သူ အရေးပိုင် ဦးဖိုးဘေ (K.S.M, A.T.M)၏ သမီးထွေး ဒေါ်အေးနှင့် ဒုတိယအိမ်ထောင် ထူခဲ့သည်။ ဒေါ်အေးနှင့် သားနှစ် ယောက်  သမီး ၃ ယောက် ထွန်းကားခဲ့သည်။ ၁၉၄၁ ခုနှစ်တွင်ဒေါ်အေး ကွယ်လွန်ခဲ့သည်။ ဒေါ်အေးကွယ်လွန်ပြီးနောက် ၆လအကြာတွင် ပထမအိမ်ထောင်မှ ဒုတိယ သား နှင့်ဒုတိယ အိမ်ထောင်မှ သမီးနှစ်ယောက်တို့ အဆုတ်ရောဂါဖြစ် ကွယ်လွန်သွားခဲ့လေသည်။
         တရားလွှတ်တော် တရားဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့စဉ်က ရွှေးကောက်ပွဲ စုံစမ်းရေး ကော်မတီများ၊ ၁၉၃၈ ဒီဇင်ဘာလတွင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရသည့် ကျောင်းသားသ ပိတ်တွင် စုံစမ်းရေးကော်မတီဝင်၊ ၁၉၃၁ ခုနှစ်တွင် ဆရာစံနှင့် ဂဠုန်တပ်သားများအား အမှု့စစ် ဆေး၍ အပြစ်ဒဏ်ချမှတ်ခဲ့သည့် အထူးခုံရုံး တရားသူကြီးအဖွဲ့ဝင်၊ ၁၉၄၇ခုနှစ်တွင် ဖွဲ့စည်းပုံ  အခြေခံဥပဒေ ရေးဆွဲရေးကော်မတီ၏ တရားရေးကော်မတီ၌ အကြံပေး၊ ၁၉၄၈ -၅၂ ဒေသ အုပ်ချုပ်မှု စုံစမ်းရေးကော်မတီနှင့် ရွေးကောက်ပွဲ ကြီးကြပ်ရေးကော်မရှင်ဥက္ကဌ စသည့်တာဝန် များကိုထမ်းရွက်ခဲ့သည်။
        လူမှုရေးလုပ်ငန်းများအနေဖြစ် အိုးရီးရင့်ကလပ် ဥက္ကဌ၊ မြန်မနိုင်ငံကြက်ခြေနီအသင်း၊ သူနာပြုတပ်ဖွဲ့၊တက္ကသိုလ်ရန်ပုံငွေအဖွဲ့၊ပန်းဥယျာဉ်အသင်းဥက္ကဌအဖြစ်စသည့်အဖွဲ့အ စည်းများကို   ဦးဆောင် ပါဝင်ခဲ့သည်။
         ၁၉၄၇ ခုနှစ် ဇန်န၀ါရီလတွင် ဗြိတိသျှအစိုးရမှ ချီးမြင့်သောဆာဘွဲ့ ရရှိခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြောက်ခံရသည့်အခါ ဆာဘွဲ့ကို စွန့်လွှတ်ခဲ့ရ သည်။
         နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦးအား နိုင်ငံတော်အစိုးရက အဂ္ဂမဟာသရေစည် သဘွဲူ့၊ အဂ္ဂမဟာ သီရိသူဓမ္မဘွဲ့များ ချီးမြင့်ခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က ဂုဏ် ထူးဆောင်ဥပဒေပညာ ပါရဂူ (L. LD) ဘွဲ့ ချီးမြှင့်ခံရသည်။၁၉၅၅ တွင် ယိုးဒယား(ထိုင်း) ဘုရင်၏ ဂုဏ်ထူးဆောင် ဆင်ဖြူဘွဲ့ တဆိပ် ၊ ယူဂိုစလားဗီးယား နိုင်၏ ဂရိတ်စတားတဆိပ် များ ချီးမြင့်ခံရသည်။
ဒေါက်တာဘဦးသည် ၁၉၆၃ ခုနှစ်နိုဝင်ဘာလ ၉ ရက်နေ့တွင်ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်စဉ် က သားကြီးဦးကျော်ဦး၊ ဦးမြဦး၊ ဦးမြင့်ဦး နှင့်သမီး ခင်စောဦး ကျန်ရစ်ခဲ့သည်။
         နိုင်ငံတော်သမ္မတဟောင်းဒေါက်တာဘဦးသည် ၁၉၅၉ခုနှစ်က ကျွှန်ုပ်၏ ပြည်မြန်မာခေါ် သမ္မတတဦး၏ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်ကိုအင်္ဂလိပ်ဘာသာဖြင့် ရေးသား၍ ထုတ်ဝေခဲ့သည်။ အဆိုပါစာအုပ်ကို ၂၀၁၀ ပြည်နေ့ ဇွန်လတွင် စာရေးဆရာ စိန်ဝင်းစိန်က ကျွှန်ုပ်၏မြန်မာနိုင်ငံ အမည်ဖြစ် ဘာသာပြန်၍ လောကသစ်စာပေတိုက်မှ ထုတ်ဝေဖြန့်ချိခဲ့သည်။

ဝိဓူရ သခင်ချစ်မောင်


သန်ဝင်းလှိုင်
ဧပြီ ၁၁၊ ၂၀၁၁

သခင်ချစ်မောင်(ဝိဓူရ)ကို ၁၉၁၅ ခုနှစ်နိုဝင်ဘာ ၁၅ ရက်သောကြာနေ့ ညနေ ၃ နာရီတွင် ဝံသာနုအသင်းခေါင်းဆောင် မြေပိုင်ရှင် စပါးကုန်သည် ဦးသာဂေါင်နှင့် အမိဒေါ်လှဖြူတို့မှ ဟင်္သာတခရိုင် ကွင်းကောက်ရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ သန်းမောင်ဖြစ်သော်လည်း၊ ချစ်မောင်အမည်သာ တွင်ခဲ့သည်။
          ငယ်စဉ်က ၁၉၂ဝ ပြည့်နှစ်တွင် ကွင်းကောက်မူလတန်းကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။ ၁၉၂၃ အသက် ၇ နှစ်အရွယ်တွင် ကွင်းကောက်မူလတန်းကျောင်း၌ ဒုတိယတန်းပညာသင်ကြားနေစဉ် ဖခင်ကြီးကွယ်လွန်သွားခဲ့သည်။ ထို့နောက် ကွမ်းသီးတပင် မူလတန်းကျောင်းမှ စတုတ္ထတန်း၌ စကောလားရှစ် (ပညာသင်ဆု) ဖြင့် အောင်မြင်၍ အင်္ဂလိပ်အစိုးရ၏ အထောက်အပံ့ငွေ ၁၆ ကျပ်နှင့် ၅ နှစ် အထိ စတိုင်ပင် (ပညာသင်စရိတ်) ရခဲ့သည်။ ၁၉၂၃ သာယာဝတီခရိုင်သုံးဆယ် အာစီအမ် (ဗရင်ဂျီ) အထက်တန်းကျောင်းနှင့် နော်မံကျောင်းတို့၌ အထက်တန်းပညာသင်ကြားသည်။
          ကျောင်းသားဘဝ၌ ၁၉၃၆ ခုနှစ်ထုတ် စာဆိုတော်မဂ္ဂဇင်း ဝတ္တုတိုတပုဒ်ရေးသား၍ ပြိုင်ပွဲဝင်ခဲ့ရာ ပထမဆု ရရှိခဲ့သည်။ ဒုတိယ ကျောင်းသားသပိတ် ပေါ်ပေါက်စဉ် သုံးဆယ်မြို့ အာစီအမ် ခေါ် ဗရင်ဂျီသာသနာပြုကျောင်းမှ သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်တဦးအဖြစ် ပါဝင်လှုပ်ရှားခဲ့၏။ သပိတ်လှန်သောအခါ တက္ကသိုလ်ဝင်တန်းစားမေးပွဲကို မြန်မာစာဂုဏ်ထူးဖြင့် အောင်မြင်သော်လည်း တက္ကသိုလ်ကျွန်ပညာရေးစနစ်ကို မသင်ချင်တော့၍ တို့ဗမာအစည်းအရုံး (သခင်ပါတီ) သို့ ဝင်ရောက်ခဲ့သည်။ ယင်းနောက် တို့ဗမာအစည်းအရုံး ခေါင်းဆောင်ကြီးများဖြစ်ကြသော သခင်မြ၊ သခင်ဗစိန်၊ သခင်ခင်အောင် တို့နှင့်တွဲဖက်၍ နိုင်ငံရေးနယ်ပယ်သို့ ခြေစုံပစ်ဝင်ရောက်ခဲ့သည်။
          သို့ကလို နိုင်ငံရေးဆောင်ရွက်ရင်း ၁၉၃၇ ခုနှစ်ထုတ် ဒီးဒုတ်ဂျာနယ်တွင် ‘အပြူး’ ကလောင်အမည်ဖြင့် “ထိုထိုဤဤ အလီလီ” ဟူသော အခန်းဆက်ဆောင်းပါး ရေးသားခဲ့သည်။
          ၁၉၃၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ၁၃ဝဝ ပြည့်အရေးတော်ပုံအစတွင် သာယာဝတီခရိုင် တောင်သူလယ်သမား ညီလာခံကြီးမှ ခရိုင်အလုပ်အမှုဆောင်အဖွဲ့ဝင်တဦးအဖြစ် ရွေးချယ်တင်မြောက်ခြင်း ခံခဲ့ရသည်။ ၁၉၄ဝ ပြည့်နှစ်တွင် သာဝတီခရိုင် တို့ဗမာအစည်းအရုံး၏ တောင်သူလယ်သမား ဌာနမှူးအဖြစ် လည်းကောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံး (ဗတလစ) ၏ အမှုဆောင် အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။
          သာယာဝတီခရိုင် တို့ဗမာအစည်းအရုံးတွင် ၁၉၄၁ ခုနှစ်ဒီဇင်ဘာလ ၉ ရက်နေ့၌ မတရားအသင်း ကြေငြာခံရသည်အထိ ဥက္ကဋ္ဌ သခင်လင်းနှင့်အတူ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် တို့ဗမာအစည်းအရုံး မတရားအသင်းအဖြစ် ဖျတ်သိမ်းခံရပြီးနောက် မြေအောက်တော်လှန်ရေးကာလ၌ ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးအတွက် သာယာဝတီခရိုင် မြေအောက်တော်လှန်ရေး အဖွဲ့ချုပ်တွင် အဖွဲ့ဝင် ခေါင်းဆောင်တဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ သာယာဝတီအနောက်ပိုင်းမှ တော်လှန်ပုန်ကန်မှုကို ခေါင်းဆောင်ခဲ့သည်။ သာရဝေါ၊ ထိန်တောနယ်တလျှောက်သိမ်းယူခဲ့ပြီး သာယာဝတီခရိုင် ဘီအိုင်အေ ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို စတင်ဖွဲ့စည်းခဲ့ရာတွင်လည်း ခေါင်းဆောင်တဦးအဖြစ် ပါဝင် လှုပ်ရှားခဲ့သည်။
          ဂျပန်ခေတ်တွင်အစိုးရ ရာထူးပေးသည်ကိုလက်မခံဘဲ ၁၉၄၂ သြဂုတ်လတွင် သာယာဝတီခရိုင် တို့ဗမာဆင်းရဲသားအစည်းအရုံး၏ ခရိုင်မှူးအဖြစ် ထမ်းဆောင်ရင်း ဖက်ဆစ်တော်လှန်ရေးအတွက် မြေအောက်စည်းရုံးရေးများကို ဆောင်ရွက်ခဲ့သည်။
          ၁၉၄၇ ခုနှစ် နယ်သာလန်နိုင်ငံတွင် ကျင်းပခဲ့သော ကမ္ဘာ့စိုက်ပျိုးရေးကွန်ဂရက်သို့

ကာနယ်ချစ်ကောင်း

မြန်မာ့သမိုင်းတကွေ့မှ နိုင်ငံရေးခေါင်းဆောင်များ
ကာနယ်ချစ်ကောင်း
သန်းဝင်းလှိုင်
ဧပြီ ၂၀၊ ၂၀၁၁
          အနှစ် ၂ဝ မျှ တိုင်းပြည်အတွက်လုပ်လာပြီးနောက် ကျနော်သည် ကိုယ့်ကိုယ်ကိုပြန်၍ ကြည့်လိုက်သောအခါ ကြိုးတိုက်ထဲသို့ရောက်နေသည်ကို တွေရလေသည်’’
          အထက်ပါစာပိုဒ်ကား ၁၉၆၁ ခုနှစ်ဇွန်လ ရက်နေ့က စတင်ထုတ်ဝေခဲ့သောအနှစ် နှစ်ဆယ်စာအုပ်ထဲ ဗိုလ်ချစ်ကောင်း၏ နိုင်ငံတော်ပုန်ကန်မှုဖြင့် သေဒဏ်အမိန့်ချထားခြင်းခံရပြီး ကြိုးတိုက်ထဲရောက်နေပုံကို ရေးခဲ့သည့် စာပိုဒ်ဖြစ်သည်။
          ဗိုလ်ချစ်ကောင်း၏ အမည်ရင်းမှာ ကိုစိုးမောင် ဖြစ်သည်။ သခင်သန်းထွန်း ဦးဆောင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) တောတွင်းလက်နက်ကိုင်တပ်ဖြစ်သည့် ပြည်သူ့တပ်မတော်တွင် ဗိုလ်မှူးကြီး (ကာနယ်) ရာထူးဖြင့် နိုင်ငံရေးမှူးကြီး ခန့်ထားခြင်းခံရသည့် အတွက် အမည်ရင်းပျောက်ပြီး ကာနယ်ချစ်ကောင်း (သို့မဟုတ်) ဗိုလ်မှူးချစ်ကောင်းဟူ၍ သူ့အား ခေါ်ဝေါ်ခဲ့ကြသည်။ ဗိုလ်မှူးချစ် ကောင်းသည်အနှစ်နှစ်ဆယ်´အမည်ရှိ စာအုပ်ကို ပထမအကြိမ်ထုတ်ဝေစဉ်က ဗိုလ်ချစ်ကောင်းအမည်တပ်ခဲ့သော်လည်း နောက်ပိုင်း ထုတ်စာအုပ်များတွင် ဗိုလ်မှူးချစ်ကောင်းဟု သုံးနှုန်းခဲ့လေသည်။
          ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်တဦးဖြစ်သော ကာနယ်ချစ်ကောင်း ခေါ် ရဲဘော်စိုးမောင်အား ၁၉၂ဝ ပြည့်နှစ်တွင် မြင်းခြံမြို့နယ် လယ်သစ်ရွာ၌ မြေတိုင်းစာရေး ဦးအုံးဖေ၊ အမိ ဒေါ်အိတို့မှ ဖွားမြင်ခဲ့သည်။ ငယ်စဉ်က မြင်းခြံမြို့ အေဘီအမ်ကျောင်းတွင် စတင်ပညာသင်ကြားခဲ့ပြီး ၁၉၃၈ ခုနှစ်တွင် မန္တလေးဥပစာကောလိပ်တွင် ဥပစာအထက်တန်း (I.S.C-Intermediate Senior Class) အောင်သည်အထိ ပညာသင်ကြားခဲ့သည်။
          သူသည် စစ်ကြိုခေတ် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်၍၊ မြင်းခြံခရိုင်ကျောင်းသားသမဂ္ဂဥက္ကနှင့် မြေအောက်တော်လှန်ရေး အင်အားစုခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ကိုစိုးမောင်သည် မျိုးချစ်စိတ်ရှိသူဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသည့် ဗမာ့လွတ်လပ်ရေးတပ်မတော် (B.I.A) သို့ဝင်ရန် မြင်းခြံမှ သခင်အုန်းတင် (နောင် ဗိုလ်အုန်းတင်) သခင်ဗိုလ်၊ ကိုဘကွန်း၊ ကိုထွန်းမြင့်တို့နှင့်အတူ သူတို့ငါးယောက် မြင်းခြံဘူတာမှ မီးရထားစီးလျှင် ပုလိပ် (ရဲ) များရိပ်မိမည်စိုးသဖြင့် မန္တလေးမြို့သို့ ဘတ်စ်ကားစီး၍သွားပြီး မန္တလေးဘူတာမှ မီးရထားစီးကြသည်။
          သူတို့အစီအစဉ်အရ ညောင်လေးပင်မြို့သို့ဝင်၍ သခင်ဇင် (နောင် ဗကပ ဥက္က) နှင့်တွေပြီး သခင်ဇင်က သူတို့ကို ရွှေကျင် (သို့မဟုတ်) ယိုးဒယား (ယခု ထိုင်းနိုင်ငံ) သို့လွှတ်ပေးရန်ဖြစ်သည်။ ညောင်လေးပင်တွင် သခင်ဇင်ကို စုံစမ်း၍ မရ၊ ထိုအချိန် (၁၉၄၁ ခုနှစ်) က သခင်များကို အင်္ဂလိပ်နယ်ချဲ့အစိုးရက လိုက်လံဖမ်းနေချိန်ဖြစ်၍၊ သခင်ဇင်မှာ တိမ်းရှောင်နေရသည်။ ညောင်လေးပင်တွင်

ဗန်မော်တင်အောင်

ဗန်းမော်တင်အောင် (သို့မဟုတ်) ပြည်သူ့ဘက်ကရပ်တည်ခဲ့သော စာရေးဆရာကြီ
သိပ္ပံချစ်သူ
ဧပြီ ၂၂၊ ၂၀၁၁
          ပြည်သူ့ဘက်က ရပ်တည်၍ ပြည်သူကို လေးစားတန်ဖိုးထားသူအား ပြည်သူက ပြန်လည် လေးစားတန်ဖိုးထား ချစ်ခင်သည်မှာ အလွန်ရိုးစင်းသော  ဒါနတရပ်ပင် ဖြစ်ပေသည်။
          သူ မကွန်လွန်မီ သူ့သားအားပြောခဲ့သည့်လူတယောက်ရဲတန်ဖိုးဟာ သူ ဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူ ဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ် ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲဆိုသည့်စကားအတိုင်း ဆရာ ဗန်းမော်တင်အောင်သည် သမိုင်း၏တာဝန်တွေကို ရဲရဲရင့်ရင့် ထမ်းဆောင်ခဲ့သလို၊  သူ့ခေတ်ကြီးက သူ့ပုခုံးပ်ါတင်ပေးလိုက်သော သမိုင်းပေးတာဝန်ကိုလည်း ကျေပွန်စွာ ထမ်းရွက်ခဲ့သူ ဖြစ်သည်။
          ယခုအခါ ဆရာဗန်းမော်တင်အောင်ကွယ်လွန်ခဲ့သည်မှာ ၂ဝ၁ဝ ပြည့်နှစ် အောက်တိုဘာလ ၂၇ ရက်နေ့ဆိုလျှင် ၃၂ နှစ် တင်းတင်းပြည့်ပြီဖြစ်သော်လည်း သမိုင်းတာဝန်ကျေပွန်ခဲ့သော၊ လူချစ်လူခင်ပေါများသော၊ ပြည်သူချစ်သော အနုပညာရှင်မို့ ယနေ့တိုင် သူ့ကိုလွမ်းဆွတ် တသသတိရနေကြဆဲပင်။
          ဆရာ့ကို ကျနော်သည် လူကိုယ်တိုင်မတွေဖူး၊ မရင်းနှီးခဲ့သော်လည်း ဆရာ့စာများကိုတော့ ကျွမ်းဝင်ခဲ့သည်။ ဆရာ ရေးခဲ့သည့် လွမ်းရစ်တော့ သက်လှယ်ရယ်မမထားငသြပြည်တော်သာခင်ခင်ဦး’ ‘ဘုန်းမောင်တယောက်ထဲရယ်စသည့် ဝတ္ထုများသည် တချိန်က ကျနော် အရူးအမူးစွဲမက်ခဲ့သည့်စာအုပ်များ ဖြစ်သည်။
          ၂ဝ ရာစုစာပေသမိုင်း၌ ဆရာဗန်းမော်တင်အောင်သည် ထွန်းလင်းတောက်ပခဲ့သော အနုပညာကြယ်ပွင့် ဖြစ်ခဲ့သည်။ ၁၉၉၁ ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာန စာပေဗိမ္ဗာန်က ကြီးမှူးကျင်းပသည့် ဂန္တဝင်စာပေစာတမ်းဖတ်ပွဲတွင် ဆရာကျော်အောင် ကခေတ်ပေါ် မြန်မာ့ ဂန္တဝင်စာပေစာတမ်း၌ ဆရာ ရေးသားခဲ့သည့်ဘုန်းမောင်တယောက်ထဲရယ်’ (၁၉၄၇)ဒေါက်တာရေချမ်း’ (၁၉၅ဝ)သူပုန်နယ်ကြီး(၁၉၅၂)ပြည်တော်သာခင်ခင်ဦး’ (၁၉၅၇)မြိုင်’ (၁၉၅၈)ငသြ’ (၁၉၆၁) တို့ကိုခေတ်ပေါ်ဂန္တဝင်ဝတ္ထုများအဖြစ် ကိုးကား ဖတ်ကြားတင်ပြသွားသည်။
          ဆရာသည် ခေတ်ပေါ်ဂနျွှဝင်ဝတျွှုများရေးခဲ့သလိုမြန်မာနိုင်ငံတော်သမိုင်းကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်းကဲ့သို့ သမိုင်း စာအုပ်များ၊သဘာဝတ္ထ ()’ ‘ရုပ်ကမ္ဘာကဲ့သို့ ဒဿနကျမ်းများ၊ အနုစကြဝဠာနှင့် မဟာစကြဝဠာ သဘာဝသိပ္ပံ တစေ့တစောင်း လေ့လာခြင်း အိုင်းစတိုင်းနှင့် သူ၏ဓမ္မတရား  လူကဲ့သို့ သိပ္ပံကျမ်းများ၊ ဆိုရှယ်လစီဋီကာ ဆိုရှယ်လစ်အဘိဓာန် ဒုတိယကမ္ဘာစစ်နှင့် ဘာလင်အရေးတော်ပုံ တရုတ်ဆိုဗီယက် အရေးတော်ပုံ လောပြဿနာ ကမ္ဘာ့နိုင်ငံများနှင့် တတိယ ကမ္ဘာစသည့် နိုင်ငံရေးစာပေများကိုလည်း ရေးသားခဲ့သူ ဖြစ်သည်။ ထို့ပြင် ဆီမီးခွက်၊ တင်ဦး၊ မောင်တင်အောင်၊ ထွန်းလင်း၊ မဟာအောင်၊ မောင်မောင်လတ်၊ မောင်ရေချမ်း၊ လင်းယုန်၊ မောင်အေးသွင် စသည့် ကလောင်ကွဲများဖြင့် စာနယ်ဇင်းမျိုးစုံတွင် ဆောင်းပါးများ၊ ဝတ္ထုတိုများ ရေးသားခဲ့သည်။
          သို့သော် သူ့သဘာဝလျှောက် အပြင်လောကတွင် နေရသည်ထက် အကျဉ်းထောင်ထဲတွင်နေရသည့် ကာလက များနေပေသည်။ သူသည် စစပြီးခေတ်ကာလတွင် စာပေအရေးအသားကြောင့် အဖမ်းခံရသော ပထမဆုံး စာရေးဆရာတဦးဖြစ်သည်။
          ဆရာဗန်းမော်တင်အောင်သည် လူနှင် စာထပ်တူကျအောင်နေခဲ့သူလည်း ဖြစ်သည်။ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲစဉ်တလျှောက်၌ ကလောင်စွမ်းအားဖြင့် တိုင်းပြည်နှင့်လူမျိုးအပေါ် တာဝန်ကျေပွန်ခဲ့သော စာရေးဆရာတဦး ဖြစ်သည်။ သူသည် ပြည်သူ့ဘက်မှ ခိုင်မာစွာရပ်တည်၍ မိမိယုံကြည်ချက်အပေါ် မသွေဖီဘဲ ရဲရင့်ပြတ်သားစွာ ကလောင်ဖြင့် တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ သူ့ဘ ကျနော့်ဘဝမှာ အတ္တဆိုလို့ မခင်ဦးကိုချစ်တဲ့ အချစ်တခုထဲပဲ ရှိပါတယ်ဗျာဟုပြောခဲ့သလို၊ ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့သူဖြစ်သည်။
          သူ့ဘဝတလျှောက် အချိန်ပြည့် စာပေနှင့် နိုင်ငံရေး နှစ်ခုကိုသာ သူ့ဘဝကို အပ်နှင်းမြှုပ်နှံထားရာ၊ သူ့မိသားစု အပေါ် တာဝန်ပျက်ခဲ့သလို ဖြစ်ခဲ့ရသည်။ ထို့ကြောင့် မိသားစု၏နားလည်မှုကို မရခဲ့ချေ။ နောက်ဆုံးမိသားစုက နားလည်ချိန်တွင် ဆရာသည် သိနိုင်စွမ်းမရှိတော့ပေ။ ဆရာ၏နောက်ဆုံးခရီးဈာပန၌ ဆရာ့ဇနီး ဒေါ်ခင်ဦးက ...
          ကျမ သူ့ကိုစောစောပိုင်းက အတော်လေး အထင်သေးခဲ့တယ်။ သူ့ကို ပွင့်ပွင့်လင်းလင်းလည်း ဝေဖန်ခဲ့တယ်။ သူဟာ သူ့သား မယား၊ သူ့အိမ်ထောင်ကို ဂရုမစိုက်ဘူး။ သူ့နိုင်ငံရေး၊ သူ့စာပေနဲ့သာ ပျော်မွေနေခဲ့တယ်။ စီးပွားရေးတို့၊ ဘာတို့ဆိုတာကို လုံးဝ ထည့်မတွက်ဘူး။ ကျမ သူ့အပေါ် အတော်မကျေမနပ်ဖြစ်ခဲ့တယ်။ အခုတော့ ကျမ မှားမှန်းသိရပါပြီ။ သူ့ကို အခုလို ပြည်သူလူထုက လေးစားကြည်ညိုမှုကို ကျမအရင်က အထင်ကြီးခဲ့တဲ့ ငွေကြေးနဲ့ စီးပွားရေးနဲ့ ဝယ်လိုမရဘူးဆိုတာ ကျမအခု သဘောပေါက်ပါပြီ။ သူ့အပေါ်လည်း အမြင်မှန်ရပါပြီဟု ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ကြီးမားစွာပေးဆပ်မှုများနှင့် ရင်းပြီးရခဲ့သည့် ဇနီး၏နားလည်မှုကို ဆရာသာကြားခဲ့မည် ဆိုလျှင် အဘယ်မျှ ဝမ်းမြောက်ဝမ်းသာဖြစ်နေမည် မသိ။
          သို့ကလိုပင် စာပေနှင့်နိုင်ငံရေးကိုသာ မြှုပ်နှံထားသော ဆရာ ဗန်းမော်တင်အောင်အား ၁၉၂ဝ ပြည့်နှစ် ဇွန်လ ရက်နေ့တွင် ပဲခူးမြို့၌ အဖကျောင်းဆရာ၊ တရားဟောဆရာ ချင်းအမျိုးသား ဦးမောင်နေနှင့် အမိ မော်တင်လိန်း ဂျက်ဆင်ကျောင်းထွက် ဒေါ်စောမြိုင် (ပဲခူးမြို့သူ) တို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်းသုံးဦးတွင် အကြီးဆုံးဖြစ်၍၊ ၎င်းအောက်တွင် ညီမ ဒေါ်ခင်ကြည်မာ နှင့် ညီ ဦးညို တို့ရှိလေသည်။ ဆရာ ဗန်းမော်တင်အာင်၏ ငယ်မည်မှာ မောင်တင်ဦး ဖြစ်သည်။
          ဖခင်သည် နှစ်ချင်းအသင်းတော်၏ တရားဟောဆရာဖြစ်သောကြောင့် တမြို့ပြီးတမြို့ ပြောင်းရွှေ့နေထိုင်ခဲ့ရာ သူသည် မိမိဇာတိမြို့အပြင် အခြားမြို့များတွင် ပညာသင်ယူခဲ့လေသည်။ ငယ်စဉ်က ဇာတိပဲခူးမြို့ အေဘီအမ်ကျောင်း တွင် သူငယ်တန်းမှ ဒုတိယတန်း ၁၉၂၆ - ၁၉၂၉ အထိ ပညာဆည်းပူးခဲ့သည်။ ထို့နောက် တောင်ငူ အေဘီအမ် ကျောင်းတွင် ၁၉၂၉ မှ ၁၉၃၁ အထိ ပညာသင်ယူခဲ့ပြီး စတုတ္ထတန်း အောင်မြင်ခဲ့သည်။ ၁၉၃၁ မှ ၁၉၃၂ အထိ ဗန်းမော် အေဘီအမ်ကျောင်းမှ အစိုးရစစ် သတ္တမတန်း အောင်မြင်ခဲ့သည်။ သူပညာ ဆည်းပူးခဲ့သော ဗန်းမော် အေဘီအမ် ကျောင်းသည် အေဘီအမ်အသင်းတော်မှ ၁၈၉၂ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့သော အင်္ဂလိပ်-မြန်မာ အလယ်တန်းကျောင်း ဖြစ်သည်။ ၁၉၃၄-၃၅ စာသင်နှစ်တွင် နောက်ဆုံးဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းအသင်းတော်မှ ထောက်ပံ့ခြင်းမရှိတော့သဖြင့် ကျောင်းပိတ်လိုက်ရသည်။ ထို့နောက် ယင်းကျောင်း၌ပင် မြို့မိမြို့ဖများ၏ တောင်းဆိုမှုကြောင့် အစိုးရဟိုက်စကူး ကျောင်းကို ဖွင့်လှစ်ပေးခဲ့ရသည်။
          ဗန်းမော်တင်အောင်သည် အလယ်တန်းအောင်မြင်ပြီးနောက် ရန်ကုန်မြို့ အစိုးရဟိုက်စကူးကျောင်းတွင် ပညာ ဆက်လက်ဆည်းပူးသည်။ ယင်းသို့ ပညာဆည်းပူးရင်း မြန်မာ့ရုပ်ရှင်စာစောင်၊ ဘားမားဂျာနယ်၊ မြန်မာ့တာဝန် မဂ္ဂဇင်းများတွင် မောင်တင်အောင် (အစိုးရ ဟိုက်စကူးကျောင်း ရန်ကုန်) ကလောင်အမည်ဖြင့် ဝတ္ထုတိုများ ရေးသားခဲ့လေသည်။ ယင်းကာလမတိုင်မီ ဗန်းမော်အေဘီအမ်ကျောင်းတွင် အလယ်တန်းပညာ သင်ယူစဉ်ကပင် ဝတ္ထုတိုများ အရေးလေ့ကျင့်ခဲ့သည်ဟု သိရသည်။
          ထိုနောက် ၁၉၃၈ တွင် မဟာအောင်ကလောင်အမည်ဖြင့် မုန်းမေ့ရက်ဘူးအမည်ဖြင့် တမူးတန် လုံးချင်း ဝတ္ထုကို ရေးသားခဲ့ပေသည်။ ထိုအချိန်က မြန်မာနိုင်ငံကျော်စာရေးဆရာကြီး မဟာဆွေကိုအားကျ၍ မဟာအောင် ကလောင်အမည်ကို ယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
          ဗန်းမော်တင်အောင်သည် ၁၉၃၇-၃၈ တွင် ရန်ကုန် ဟိုက်စကူးကျောင်းမှ အင်္ဂလိပ်-မြန်မာ တန်းစာမေးပွဲ အောင်မြင်ပြီးနောက် ဗန်းမော်သို့ပြန်လာကာ ကချင်တိုင်းရင်းမြန်မာ အထက်တန်းကျောင်းတွင် ဆက်လက် ပညာသင်ကြားသည်။ ထိုကျောင်း၏ကျောင်းအုပ်ကြီးမှာ နောင်တွင် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် ကချင် အမျိုးသားခေါင်းဆောင် ဒူးဝါးဇော်လွန်း ဖြစ်သည်။
          ဗန်းမော်တင်အောင်သည် ဗန်းမော်အေဘီအမ် ကချင်တိုင်းရင်းမြန်မာ အထက်တန်းကျောင်းတွင် ပညာဆည်းပူးရင်း မြန်မာ့အလင်းသတင်းစာတွင် အလုပ်သင်သတင်းထောက်အဖြစ် နယ်သတင်းများ ရေးသားပေးပို့ နေပေပြီ။ ဗန်းမော်တင်အောင်သည် ဆယ်တန်းတက်နေဆဲ ၁၉၃၈ ခု၊ ဒီဇင်ဘာလတွင်  ၁၃ဝဝ ပြည့်အရေးတော်ပုံနှင့် ဆက်သွယ်သည့် နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားကြီးတရပ် တနိုင်ငံလုံးတွင်ပေါ်ပေါက်ခဲ့ရာ၊ ဗန်းမော်မြို့တွင်လည်း ကျောင်းပေါင်းစုံမှ ကျောင်းသားတို့သည် နယ်ချဲ့ဆန့်ကျင်ရေးဆန္ဒပြကာ ပါဝင်လှုပ်ရှားခဲ့ကြသည်။
          ယင်းကာလတွင် အထက်တန်ကျောင်းသား ကိုတင်အောင်အဖို့ နှလုံးသားရေးရာနှင့်ပတ်သက်၍ ကြေကွဲစရာ ကြုံတွေလာရလေသည်။ ကိုတင်အောင်သည် ကချင်အမျိုးသမီးကျောင်းသူလေး နန်းဇိန်ကော့နှင့် လူငယ်ဘာဝ မေတ္တာမျှခဲ့ကြသည်။ နှစ်ဦးစလုံး  နှစ်ချင်းခရစ်ယာန်ဘာသာဝင်ချင်းမို့ ဘာသာတူသော်လည်း အခြား အကြောင်းအမျိုးမျိုးကြောင့် မိန်းကလေးရှင်၏မိဘများက သဘောမတူသဖြင့် မိမိတို့သမီးကို ကိုတင်အောင်နှင့်ဝေးရာ အခြားတမြို့တရွာသို့ ပို့လိုက်လေသည်။ ဤတွင် ကိုတင်အောင်သည် အသည်းကွဲရာ ၁၃ဝဝ အရေးတော်ပုံကာလ အတွင်း ဗန်းမော်မှ ရန်ကုန်သို့ ထွက်ခွာသွားခဲ့လေသည်။ ယင်းနှစ် ဆယ်တန်းစာမေးပွဲလည်း မဖြေတော့ပေ။
          ယင်းနောက် ဗန်းမော်တင်အောင်သည် ရန်ကုန်ရောက်သည့်အခါ အစိုးရဟိုက်စကူးကျောင်းတွင် ဆွေမျိုးများ၏ အထောက်အပံ့ဖြင့်  ၁၉၃၉-၄ဝ စာသင်နှစ်၌ ကျောင်းပြန်တက်သည်။ ဂျာနယ်ကျော်တွင် နော်မူဂေးအပါအဝင် ဝတ္ထုတိုများရေးသည်။ ယင်းနှစ်တွင် ကိုတင်အောင်သည် အင်္ဂလိပ်-မြန်မာနှစ်ဘာသာ ဆယ်တန်းအောင်မြင်ပြီး ပြည်မြို့တွင် စတီးဘရားသား ကိုယ်စားလှယ်အဖြင့် ဝင်ရောက်လုပ်ကိုင်သည်။
          သို့ကလို လုပ်ကိုင်နေစဉ် ကိုတင်အောင်သည် ပြည်မြို့သူ မခင်ခင်နှင့် မေတ္တာသက်ဝင် ချစ်ခင်မိကြသည်။ မခင်ခင်က ဗုဒ္ဓဘာသာဝင်ဖြစ်၍ မိဘများက သဘောမတူကြသော်လည်း နှစ်ဦးသဘောတူ ရုံးတက်လက်မှတ် ရေးထိုးကာ လက်ထပ်ခဲ့လေသည်။ ထို့နောက် အထက်မြန်မာပြည် အင်္ဂလိပ်စစ်တပ်တွင် အမှုထမ်းသည်။ တပ်စုမှူး ဒုဗိုလ်တင်အောင် ဖြစ်လာသည်။ ဤတွင် မခင်ခင်နှင့်လမ်းခွဲကာ အဆက်အသွယ် ပြတ်သွားသည်ဟု ဆိုသည်။
          ဒုတိယကမ္ဘာစစ်ဖြစ်လာ၍ အင်္ဂလိပ်အစိုးရ အိန္ဒိယသို့ဆုတ်ခွာသွားရပြီး ဂျပန်တို့ဝင်ရောက်လာသည့်အခါ ဒုဗိုလ်တင်အောင်သည် အိန္ဒိယသို့မလိုက်ပါဘဲ ဗန်းမော်သို့ ပြန်လာခဲ့သည်။ ဖခင်ကြီးဦးနေသည် ဗန်းမော်မြို့တွင် ကွယ်လွန်သွားပြီဖြစ်၍ မိခင်ကြီးနှင့် ညီ၊ ညီမတို့ကို စောင့်ရှောက်ခဲ့ရသည်။ မိခင်ကြီး ဒေါ်စောမြိုင်က သားကြီး ကိုတင်အောင်ကို ပြည်မြို့သူ မခင်ခင်နှင့် လက်ထပ်ခဲ့သည်ကို အသိအမှတ်မပြုခဲ့ပေ။ ကိုတင်အောင်အား မိခင်ကြီး သဘောတူသည့် မခင်ဦးနှင့် ၁၉၄၂ ခုနှစ်တွင် ဗန်းမော်မြို့တွင်လက်ထပ်ပေးခဲ့သည်။ မခင်ဦးသည် တောင်ငူဇာတိဖြစ်၍ ဦးလေးမိသားစုနှင့်အတူ ဗန်းမော်သို့ လိုက်ပါလာခြင်းဖြစ်သည်။
          ကိုတင်အောင်သည် ဂျပန်ခေတ်အတွင်း ၁၉၄၂ မှ ၄၅ ထိ ပြည်မြို့သိုပြန်သွားကာ သစ်တောဌာနတွင် သစ်ဖြတ် ဝန်ထောက် တာဝန်ထမ်းဆောင်သည်။ ထို့နောက် ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော်တို့တွင် ပါဝင်လှုပ်ရှားခဲ့သည်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးပြီးသည့်အခါ ဗန်းမော်တင်အောင်သည် စတီးဘရားသားကုမ္ပဏီတွင် အဝယ်တော်၊ သစ်ကုန်သည်အဖြစ် ဆောင်ရွက်ခဲ့သည်။
          ဗန်းမော်တင်အောင်သည် စစ်ပြီးခေတ် ပထမဆုံးလုံးချင်းဝတ္ထုဖြစ်သည့် ဘုန်းမောင်တယောက်ထဲရယ်တ္ထုကို ၁၉၄၇ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ကလောင်အမည်ကို ဗန်းမော်တင်အောင် ဟု ယူခဲ့သည်။
          အဆိုပါတ္ထုကို တိုးတက်သော တက္ကသိုလ်ကျောင်းသားများက ကြိုဆိုလက်ခံခဲ့ကြသည်။ ယင်းတ္ထုထဲမှ ဘုန်းနိုင်ကွိုဲလမ်း နှစ်ခြိုက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုခင်မောင်တင့်သည် တက္ကသိုလ်ဘုန်းနိုင်ကလောင်အမည်ကိုယူ၍ ရှုမဝမဂ္ဂဇင်းတွင် ကဗျာများ ရေးသားခဲ့သည်။ ထို့နောက် တက္ကသိုလ်ဘုန်းနိုင် ကလောင် အမည်ဖြင့် ဝတ္ထုများရေးခဲ့သော တက္ကသိုလ်ကျောင်းဆရာ ကိုခင်မောင်တင့်သည် မုန်းရစ်လေဦး သူငယ်ချင်းလို့ ဆက်၍ခေါ်မည်ခိုင် တပြည်သူမရွှေထား ညီမလေးရယ် စိုးရိမ်မိတယ်

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ