.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Tuesday, May 17, 2011

ကာနယ်ချစ်ကောင်း

မြန်မာ့သမိုင်းတကွေ့မှ နိုင်ငံရေးခေါင်းဆောင်များ
ကာနယ်ချစ်ကောင်း
သန်းဝင်းလှိုင်
ဧပြီ ၂၀၊ ၂၀၁၁
          အနှစ် ၂ဝ မျှ တိုင်းပြည်အတွက်လုပ်လာပြီးနောက် ကျနော်သည် ကိုယ့်ကိုယ်ကိုပြန်၍ ကြည့်လိုက်သောအခါ ကြိုးတိုက်ထဲသို့ရောက်နေသည်ကို တွေရလေသည်’’
          အထက်ပါစာပိုဒ်ကား ၁၉၆၁ ခုနှစ်ဇွန်လ ရက်နေ့က စတင်ထုတ်ဝေခဲ့သောအနှစ် နှစ်ဆယ်စာအုပ်ထဲ ဗိုလ်ချစ်ကောင်း၏ နိုင်ငံတော်ပုန်ကန်မှုဖြင့် သေဒဏ်အမိန့်ချထားခြင်းခံရပြီး ကြိုးတိုက်ထဲရောက်နေပုံကို ရေးခဲ့သည့် စာပိုဒ်ဖြစ်သည်။
          ဗိုလ်ချစ်ကောင်း၏ အမည်ရင်းမှာ ကိုစိုးမောင် ဖြစ်သည်။ သခင်သန်းထွန်း ဦးဆောင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) တောတွင်းလက်နက်ကိုင်တပ်ဖြစ်သည့် ပြည်သူ့တပ်မတော်တွင် ဗိုလ်မှူးကြီး (ကာနယ်) ရာထူးဖြင့် နိုင်ငံရေးမှူးကြီး ခန့်ထားခြင်းခံရသည့် အတွက် အမည်ရင်းပျောက်ပြီး ကာနယ်ချစ်ကောင်း (သို့မဟုတ်) ဗိုလ်မှူးချစ်ကောင်းဟူ၍ သူ့အား ခေါ်ဝေါ်ခဲ့ကြသည်။ ဗိုလ်မှူးချစ် ကောင်းသည်အနှစ်နှစ်ဆယ်´အမည်ရှိ စာအုပ်ကို ပထမအကြိမ်ထုတ်ဝေစဉ်က ဗိုလ်ချစ်ကောင်းအမည်တပ်ခဲ့သော်လည်း နောက်ပိုင်း ထုတ်စာအုပ်များတွင် ဗိုလ်မှူးချစ်ကောင်းဟု သုံးနှုန်းခဲ့လေသည်။
          ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်တဦးဖြစ်သော ကာနယ်ချစ်ကောင်း ခေါ် ရဲဘော်စိုးမောင်အား ၁၉၂ဝ ပြည့်နှစ်တွင် မြင်းခြံမြို့နယ် လယ်သစ်ရွာ၌ မြေတိုင်းစာရေး ဦးအုံးဖေ၊ အမိ ဒေါ်အိတို့မှ ဖွားမြင်ခဲ့သည်။ ငယ်စဉ်က မြင်းခြံမြို့ အေဘီအမ်ကျောင်းတွင် စတင်ပညာသင်ကြားခဲ့ပြီး ၁၉၃၈ ခုနှစ်တွင် မန္တလေးဥပစာကောလိပ်တွင် ဥပစာအထက်တန်း (I.S.C-Intermediate Senior Class) အောင်သည်အထိ ပညာသင်ကြားခဲ့သည်။
          သူသည် စစ်ကြိုခေတ် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်၍၊ မြင်းခြံခရိုင်ကျောင်းသားသမဂ္ဂဥက္ကနှင့် မြေအောက်တော်လှန်ရေး အင်အားစုခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ကိုစိုးမောင်သည် မျိုးချစ်စိတ်ရှိသူဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသည့် ဗမာ့လွတ်လပ်ရေးတပ်မတော် (B.I.A) သို့ဝင်ရန် မြင်းခြံမှ သခင်အုန်းတင် (နောင် ဗိုလ်အုန်းတင်) သခင်ဗိုလ်၊ ကိုဘကွန်း၊ ကိုထွန်းမြင့်တို့နှင့်အတူ သူတို့ငါးယောက် မြင်းခြံဘူတာမှ မီးရထားစီးလျှင် ပုလိပ် (ရဲ) များရိပ်မိမည်စိုးသဖြင့် မန္တလေးမြို့သို့ ဘတ်စ်ကားစီး၍သွားပြီး မန္တလေးဘူတာမှ မီးရထားစီးကြသည်။
          သူတို့အစီအစဉ်အရ ညောင်လေးပင်မြို့သို့ဝင်၍ သခင်ဇင် (နောင် ဗကပ ဥက္က) နှင့်တွေပြီး သခင်ဇင်က သူတို့ကို ရွှေကျင် (သို့မဟုတ်) ယိုးဒယား (ယခု ထိုင်းနိုင်ငံ) သို့လွှတ်ပေးရန်ဖြစ်သည်။ ညောင်လေးပင်တွင် သခင်ဇင်ကို စုံစမ်း၍ မရ၊ ထိုအချိန် (၁၉၄၁ ခုနှစ်) က သခင်များကို အင်္ဂလိပ်နယ်ချဲ့အစိုးရက လိုက်လံဖမ်းနေချိန်ဖြစ်၍၊ သခင်ဇင်မှာ တိမ်းရှောင်နေရသည်။ ညောင်လေးပင်တွင်
သခင်ဇင်ကိုမတွေရသဖြင့် စိတ်ပျက်ပြီး သူတို့ငါးဦး မြင်းခြံသို့ ပြန်လာခဲ့ကြသည်။
          ၁၉၄၂ ဇန်နဝါရီတွင် စိတ်မကျေနပ်သဖြင့် ကိုစိုးမောင်သည် မြင်းခြံမှ ကိုဘဆက်၊ ကိုကိုကြီးတို့နှင့်အတူ မန္တလေးမြို့သို့သွားပြီး ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ ဝင်ခဲ့ကြသည်။
          ကိုစိုးမောင်တို့ ဘီအိုင်အေတပ်ထဲဝင်စဉ်က ဗမာ့လွတ်လပ်ရေးတပ်မတော်သည် အင်အား ၃၂,ဝဝဝ ထိရှိခဲ့သည်။ ယင်းသို့ အင်းအားရှိ ဘီအိုင်အေတပ်ကို ဂျပန်အာဏာပိုင်တို့ကစည်းကမ်းမရှိဆိုကာ ဖျတ်သိမ်းပစ်လိုကပြီး ဗိုလ်ချုပ်အောင်ဆန်းကိုလည်း အဆင့်နှိမ့်ကာ ဗိုလ်မှူးကြီး (ကာနယ်) ရာထူးသာပေးပြီး တပ်အင်အားကိုလည်း တပ်ရင်းသုံးရင်းစာ ,ဝဝဝ အထိ ချုံပစ်လိုက်သည်။ စစ်ဌာနချုပ်ကိုလည်း  ပျဉ်းမနားမြို့တွင် ဖွင့်လှစ်ခဲ့သည်။ ကိုစိုးမောင်၊ ကိုဘဆက်နှင့်ကိုကိုကြီးတို့သည် ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) သို့ ဆက်ဝင်ကြသည်။ ပျဉ်းမနားတွင် တပ်ရင်း သို့ ကိုစိုးမောင်တို့သည် ရိုးရိုးတပ်သားများအဖြစ် ဝင်ကြရသည်၊။ သူတို့၏ လခမှာ ဂျပန်ဒေါ်လာ ကျပ်သာ ရသည်။
          ကိုစိုးမောင်၊ ကိုဘဆက်နှင့် ကိုကိုကြီးတို့သုံးယောက် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်သို့တက်ရန် အရွေးခံကြရသည်။ ဗိုလ်သင်တန်းတက်ရန် ရွေးချယ်ရာတွင် စာမေးပွဲအမျိုးမျိုးဖြင့် စစ်ဆေးသည့်အပြင် "ဇွဲစမ်း" သည်ဆိုကာ အုတ်ခဲများကို တညလုံး သယ်ခိုင်းသည်။ နံနက်အာရုံတက်ခါနီးတွင်မှ "ဇွဲစမ်းပွဲကြီး" ပြီးတော့သည်။
          ကိုစိုးမောင်တို့သုံးယောက်ကို ပျဉ်းမနားမှ ရန်ကုန်ဘူတာကြီးသို့ မီးရထားဖြင့်ပို့ကာ ဘူတာကြီးမှ မင်္ဂလာဒုံသို့ ကားများဖြင့်ပို့ပေးသည်။ မင်္ဂလာဒုံရှိ ဗိုလ်သင်တန်းကျောင်းကို ဂျပန်လို "ခံဘုတောဝေါစေ" ဟု ခေါ်သည်။
          ကိုစိုးမောင်တို့တက်ရသည့်အပတ်မှာ စစ်တက္ကသိုလ် ဒုတိယပတ်ဖြစ်သည်။ ဤဒုတိယပတ်တွင် ကျောင်းသား ၃ဝဝ ရှိ၍ တပ်ခွဲ နှစ်ခု ခွဲထားသည်။ ကျောင်းပြီးသည့်နောက် လအကြာတွင် ကိုစိုးမောင်သည် ဒုဗိုလ်ဖြစ်လာသည်။ မင်္ဂလာဒုံဗိုလ်သင်တန်း ကျောင်းတွင်ရှိစဉ် ကိုစိုးမောင်သည် မြေအောက် ကွန်မြူနစ်ပါတီကေဒါများဖြစ်ကြသည့် ဗိုလ်သိန်းတန် (ပထမပတ်ကျောင်းဆင်း) နှင့် ရဲဘော်ချစ်လှိုင် (ယခု ကိုကိုမောင်ကြီး) တို့၏ စည်းရုံးမှုကြောင့် မြေအောက် ကွန်မြူနစ်ပါတီဝင်တဦး ဖြစ်လာသည်။
          ထို့နောက် ၁၉၄၄ ခုနှစ်တွင် စစ်ဦးစီးဌာနချုပ်ရုံးတွင် အမှုထမ်းနေစဉ် အိန္ဒိယနိုင်ငံကာလကတ္တားမြို့သို့ လျှို့ဝှက်စေလတ်၍ အင်္ဂလိပ်တို့ဖွင့်လှစ်ထားသော စစ်ကျောင်း၌ ဂျပန်တိုက်ခိုက်ရေးနှင့်ပတ်သတ်သည့် ပညာရပ်များကိုသင်ကြားရန် တာဝန်ပေးအပ်ခြင်းခံရသည်။ ကိုစိုးမောင်နှင့်အတူ သွားရောက်ခဲ့သူများမှာ သခင်ဗိုလ် (ဂျပန်တော်လှန်ရေးကာလ လေယာဉ်ပျက်ကျကာ သေဆုံးခဲ့သူ) မန်းဝင်းမောင် (နောင် နိုင်ငံတော်သမ္မတကြီး) ကိုကျော်ရင် (ကထိက ဦးကျော်ရင်) ကိုအုန်းမောင် (လေထီးဦးအုန်းမောင်) ကိုစောဟန်၊ ကိုသန်း၊ ကိုဘသောင်းတို့ ဖြစ်ကြသည်။
          အင်္ဂလိပ်တို့ဖွင့်လှစ်ထားသော ဗမာပြည်ဌာနခွဲ (B.C.S) တွင် ဂျပန်တိုက်ခိုက်ရေးနဲ့ ပတ်သက်သည့် စည်းရုံးရေး ပညာ ဝါဒဖြန့်ချိရေး၊ ရုပ်ဖျက်နည်း၊ စကားဝှက်ရေးနည်း၊ စာလုံးမပေါ်အောင်ရေးနည်း၊ ဖတ်နည်း၊ ပြောက်ကျားတပ် ဖွဲ့နည်း၊ ဖောက်ခွဲဖျက်ဆီးနည်း၊ လက်နက်ငယ်များကို ကိုင်စွဲပစ်ခတ်နည်း စသည်တို့ကို သင်ကြားခဲ့ရသည်။ ၁၉၄၅ ဇန်နဝါရီ ၁၃ ရက်နေ့တွင် သင်တန်းဆင်းပြီးသောအခါ လေ့ကျင့်ခန်းဆက်ယူရန် ကိုစိုးမောင်၊ သခင်ဗိုလ်၊ မန်းဝင်းမောင်၊ ကိုအုန်းမောင်၊ ကိုသန်းတို့ ဦးအား သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံသို့ ပို့ခဲ့သည်။
          ထို့နောက် စစ်ဘက်ဆိုင်ရာတို့၏ စီစဉ်ချက်အရ မြန်မာနိုင်ငံတွင် ဂျပန်တို့သိမ်းပိုက်ထားသော နယ်မြေများ အတွင်းသို့ လေထီးဖြင့်ဆင်း၍ ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး (ဖတပလ) တွင် ဝင်ရောက်ကာ ဖက်ဆစ်ဂျပန်တော်လှန်ရေး၌ ပါဝင်ခဲ့သည်။
          ထို့နောက် ၁၉၄၅ စက်တင်ဘာလတွင် ချုပ်ဆိုခဲ့သော ကန္ဒီစာချုပ်အရ ဗမာ့တပ်မတော်ကို မြန်မာနိုင်ငံစစ်တပ် (ဘားမားရိုင်ဖယ်) အဖြစ် ပြောင်းလဲဖွဲစည်းသောအခါ ဗိုလ်မှူးချစ်ကောင်းသည် တပ်မတော်တွင် အမှုမထမ်းတော့ဘဲ ကွန်မြူနစ်ပါတီ၏ကြွေးကြော်သံ အာဘော်ဖြစ်သော "ပြည်သူ့အာဏာဂျာနယ်" ထုတ်ဝေရေးအတွက် ကိုဗဟိန်းနဲ့အတူ စိုင်းပြင်းခဲ့သည်။ ၁၉၄၅ စက်တင်ဘာ ၂၉ ရက်နေ့တွင် ပြည်သူ့အာဏာဂျာနယ် စတင်ထုတ်နိုင်ခဲ့သည်။
          ၁၉၄၆ ခု၊ မေလတွင် အင်းစိန်ခရိုင်ထန်းတပင်မြို့၌ လူထုတန်းစီလှည့်လည် အင်အားပြပွဲအား ပုလိပ်များက သေနတ်နှင့်ပစ်ရာ လယ်သမားကြီး ဦး ထိမှန်သေဆုံးခဲ့ရသောကြောင့် "ထန်းတပင် သေနတ်ပစ်မှုကြီး" အုံကြွမှုကြီး ဖြစ်ပေါ်လာသည်။ ဗိုလ်မှူးချစ်ကောင်းသည် အဆိုပါ သေနတ်ပစ်မှုကြီးနှင့်ပတ်သက်၍ ပြည်သူ့အာဏာဂျာနယ်မှနေ၍ ပြင်းပြင်းထန်ထန် ကန့်ကွက်ရေးသားခဲ့သည်။
          ထို့ပြင် ရမည်းသင်းအရှေ့ဘက်တွင်ရှိသော နန်းစွဲရာတောင်ပေါ်မှရေကို ရမည်းသင်းအထိ ဖောက်ယူနိုင်ရေး စီမံကိန်းတွင် ဒေသဆိုင်ရာ ပါတီအဖွဲအစည်းပေါင်းစုံနှင့်ပူးပေါင်း၍ တက်တက်ကြွကြွဆောင်ရွက်ခဲ့သည်။ ၁၉၄၈ ခု၊ မတ်လ ၂၈ ရက်နေ့တွင် ဗမာပြည် ကွန်မြူနစ်ပါတီ တောခိုသောအခါ ဗိုလ်မှူးချစ်ကောင်းသည် ပျဉ်းမနားမှတဆင့် လိုက်ပါသွာခဲ့သည်။ ထို့နောက် မကြာမီမှာပင် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်တဦး ဖြစ်လာခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ ပြည်သူ့တပ်မတော်တွင် ဗိုလ်မှူးကြီး (ကာနယ်) ရာထူးဖြင့် နိုင်ငံရေးမှူး ခန့်ထာခြင်းခံရသည်။
          နိုင်ငံတော်အစိုးရသည် ဗိုလ်မှူးကြီးချစ်ကောင်းအား အရှင် (သို့မဟုတ်) အသေဖမ်းဆီးမိပါက ဆုငွေ ငါးသောင်း ကျပ်ချီးမြှင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ ထို့နောက် ၁၉၅၇ ခု၊ မတ်လ ရက်နေ့တွင် ဗိုလ်မှူးချစ်ကောင်း နှင့် ကိုမောင်ကို (ပမညတ အမတ် ဦးမောင်ကို) တို့ အဖမ်းခံရသည်။ ကိုမောင်ကိုသည် ဗိုလ်မှူးချစ်ကောင်းနှင့် ကျောင်းနေဖက်သူငယ်ချင်း ဖြစ်သည်။
          ဗိုလ်မှူးချစ်ကောင်းတို့ ဖမ်းမိသောအချိန်နှင့် လွှတ်တော်တွင် ပမညတက ဖဆပလအစိုးရအပေါ် အယုံအကြည်မရှိအဆိုတင်ချိန်နှင့် တိုက်ဆိုင်နေသလို၊ သူနှင့်အတူ လေထီးဆင်းဖက် မန်းဝင်းမောင်ကို နိုင်ငံတော်သမ္မတကြီးအဖြစ်တင်မြှေက်ကြ သောအချိန်နှင့် လည်းတိုက်ဆိုင်နေသည်။ ထို့ကြောင့်ပင် နေးရှင်းသတင်းစာက မန်းဝင်းမောင်က သမ္မတအိမ်တော်သို့ပြောင်းပြီး ချစ်ကောင်းက ထောင် သို့သွားသည် ဟု ရေးသားခဲ့လေသည်။
          ဗိုလ်မှူးချစ်ကောင်းအားဖမ်းမိပြီးနောက် (၁ဝ) လအကြာ (၁၉၅၈ ဇန်နဝါရီ ၃ဝ) မှ ရုံးတင်တရားဆွဲခဲ့လေသည်။ သူ့အား အစိုးရက () ၁၉၄၈ မတ်လတွင်တောခိုခဲ့သည်။ () ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု ဗဟိုစည်းရုံးရေးကော်မတီ ခေါင်းဆောင် တဦးဖြစ်သည်။ () ပြည်သူ့လွတ်မြှောက်ရေးတပ်မတော် ဗဟိုစစ်ဦးစီးဌာနချုပ်တွင် နိုင်ငံရေးမှူးကြီးဖြစ်သည်။ () ၁၉၅ဝ ပြည့်နှစ်တွင် ဖွဲ့စည်း သည့် ပြည်သူ့တပ်မတော်တွင် နိုင်ငံရေးမှူးကြီးဖြစ်သည်။ () သူပါဝင်ဖွဲ့စည်းထားသည့် ဗဟိုစစ်ဦးစီးဌာနချုပ်၏ ဦးဆောင်မှုဖြင့် ပျဉ်းမ နားနယ်အတွင်းရှိ လက်နက်ကိုင်တပ်သားများသည် ၁၉၅၂ တွင်အစိုးရတပ်များကို တိုက်ခဲ့သည်၊ () ၁၉၅၃ တွင်မြောက်ပိုင်း ဌာနချုပ် နိုင်ငံရေးမှူးကြီးဖြစ်သည်၊ () တော်လှန်ရေးဂျာနယ် အယ်ဒီတာဖြစ်သည်။ () ကလော့စ်ဂစ်၏ On War စာအုပ်ကိုစစ်၏ အခြေခံဥပဒေသများအမည်ဖြင့် ဘာသာပြန်မှတ်စုရေးခဲ့သည်။ () အလင်းရောင်သတင်းစဉ်တွင်လူယောင်ဆောင်နေသော ဘီးလူး များ၏လှည့်ဖျားမှုကို သတိပြုဆောင်းပါးနှင့်ပြည်သူ့တပ်မတော်ဆိုတာဘာလဲဆောင်းပါးတို့ကို ရေးသားခဲ့သည်။ (၁ဝ) မသုံးလုံး (မန္တလေး၊ မိတ္ထီလာ၊ မြင်းခြံ) ဒေသသို့သွား၍ နိုင်ငံရေးလမ်းစဉ်ကို ဝါဒဖြန့်ခဲ့သည်။ (၁၁) ရဲဘော်လှဖေကို ရန်ကုန်သို့လွှတ်ပြီး ကွန်မြူနစ် ဝါဒဖြန့်စာရွက် စာတမ်းများကိုရိုက်ဝေရန် တာဝန်ပေးခဲ့သည်ဟူ၍ စွဲချက်တင်ခဲ့သည်။
          ထို့နောက် ၁၉၅၉ ခု၊ ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် ရန်ကုန်ခရိုင် ရာဇဝတ်တရားသူကြီး ဦးသန်းနွဲ့သည် ကာနယ် ချစ်ကောင်း (ခေါ်) ဦးစိုးမောင်အား နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ရာဇသတ်ကြီးပုဒ်မ ၁၂၂ () အရ သေဒဏ်ကျခံစေရန် အမိန့် ချမှတ်ခဲ့သည်။ ယင်းနောက် ၁၉၆ဝ ပြည့်နှစ်သြဂုတ်လ () ရက်၊ တနင်္လာနေ့ () နာရီအချိန်တွင် ကာနယ်ချစ်ကောင်းနှင့် ဂျပန်တော်လှန်ရေး၌ အတူတကွဆောင်ရွက်ခဲ့သော သမ္မတကြီးမန်းဝင်းမောင် (၁၉၁၆-၁၉၈၉) လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ကြိုးဒဏ်မှလွတ်မြှောက်ကာ ထောင်မှလွတ်မြောက်သွားခဲ့လေသည်။ ကာနယ်ချစ်ကောင်းသည် ထောင်ထဲ၌ စုစုပေါင်း ဘားလမ်းအချုပ်ခန်း၌ တစ်နှစ်နီးပါးနှင့်ကြိုး တိုက်ထဲတွင် ရှစ်လနီးပါးအပါအဝင် () နှစ်နှင့် () လတိတိကြာခဲ့သည်။ ထို့နောက် ပြည်လမ်းဘူတာရုံအနောက်တွင်နေထိုင်၍ "အနှစ် နှစ်ဆယ်" စာအုပ်ရေးသားနေစဉ်အတွင်း ၁၉၆၁ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့တွင် ပုဒ် () ဖြင့် ထပ်မံဖမ်းဆီးခံရပြန်သည်။ ၁၉၆၃ ခုနှစ်၊ ဧပြီ () ရက်နေ့တွင် ထောင်မှပြန်လည်လွတ်မြောက်လာခဲ့သည်။
          ၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့တွင် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်သွားသောအခါ ကာနယ်ချစ်ကောင်းသည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပြန်လည်ဆက်သွယ်ကာ တောခိုသွားခဲ့သည်။
          ထို့နောက် ကာနယ်ချစ်ကောင်းခေါ် ရဲဘော်စိုးမောင်သည် ၁၉၆၆ ခု၊ နိုဝင်ဘာလတွင် ဟင်္သတခရိုင် လေးမျက်နှာမြို့နယ်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲတနေရာတွင် ကျဆုံးသွားခဲ့သည်။
          ကာနယ်ချစ်ကောင်းသည် သာယာဝတီခရိုင်၊ စစ်ကွင်းမြို့နေ ဦးသာဖေ၊ ဒေါ်ယုတို့၏သမီးဖြစ်သူ ဒေါ်ခင်မျိုးညန့် (ဗမာပြည် ကွန်မြူနစ်ပါတီဝင်) နှင့် ၁၉၄၈ ခုနှစ်၊ မေလတွင်လက်ထက်ကာ သားသမီးသုံးဦးထွန်းကားခဲ့သည်။ သားသမီးများမှာ စိုးချစ်ထွန်း၊ ခင်မာအေးချစ်၊ ခင်မေထွန်းချစ် တို့ဖြစ်သည်။
          ဗိုလ်မှူးကြီးချစ်ကောင်းသည် ပြည်သူ့အာဏာဂျာနယ်၊ အလင်းရောင်သတင်းစဉ်၊ ဒဂုန်မဂ္ဂဇင်းနှင့် အခြားစာနယ်ဇင်းများတွင် "မြင်းခြံစိုးမောင်" "အောင်ထွန်း" "ဗိုလ်မှူးချစ်ကောင်း"  "ဗိုလ်ချစ်ကောင်း" စသည့် ကလောင်ကွဲများဖြင့် နိုင်ငံရေးဆိုင်ရာစာပေများ မြောကများစွာ ရေးသားခဲ့သည်။ ၁၉၄ဝ ပြည့်နှစ် ဒဂုန်မဂ္ဂဇင်းတွင် မြင်းခြံစိုးမြင့် ကလောင်အမည်ဖြင့် ရေးသားခဲ့သောနွားသိုးလောကဆောင်းပါးကြောင့် အစိုးရက ဒဂုန်မဂ္ဂဇင်းကို အာမခံငွေတောင်းရာ၊ ဒဂုန်ကအာမခံငွေမတင်ဘဲ နှစ်ပေါင်းများစွာ ထုတ်ဝေခဲ့သောမဂ္ဂဇင်းကို ရပ်၍ပစ်လိုက်လေသည်။ အဆိုပါဆောင်းပါးမှာ တော်လှန်ရေးအတွက်စည်းလုံး ညီညတ်ကြရန်လှုံ့ဆော်ထားပြီး၊ ခေတ်နောက်ကြသော လူကြီးများကို သရော်ထားသည်။ လူငယ်များကိုမူ အားအေးအားမြောက်ပြုထားသည်။ ထို့ပြင် မင်းမဲ့ဝါဒ သဘောထားများကိုလည်း ရေးသားဖော်ပြထားသည်။
          ကာနယ်ချစ်ကောင်း၏ ထင်ရှားသောစာအုပ်များမှာ "သိန်းဖေစခန်း မှ သန်းထွန်းစခန်း သို့" (၁၉၄၅) "လေးဆယ့်တစ်" (၁၉၅၈)  "အနှစ်နှစ်ဆယ်"(၁၉၆၁) "နိုင်ငံရေးအဘိဓာန်"(၁၉၆၃) "လူမူလအစ" (၁၉၆၃) တို့ ဖြစ်သည်။ ဂျာမန်စစ်ဗိုလ်ချုပ်ကြီးကားလ် ဖွန်ကလော့စ်ဝစ် Karl Von Causewtg (၁၇၈ဝ-၁၈၃၁) On War စာအုပ်ကို "စစ်၏အခြေခံဥပဒေသများ" အမည်ဖြင့် တောတွင်း၌ ဘာသာပြန်ဆိုခဲ့သော်လည်း အစိုးရ၏ သိမ်းဆီခြင်းခံရကာ စာအုပ်အဖြစ် မထုတ်ဝေဖြစ်ခဲ့ချေ။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ