.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Sunday, May 15, 2011

မင်းလွမ်းနောင်

နင့်  ရဲ.   ငါ 

နွေးဆိုသော မိန်းခလေးရေ  နင့်ကိုငါ ဟိုးးးး ငယ်ငယ်လေးထဲက အလဲထိုးခံရပြီးချစ်ခဲ့တာပါဟာ....
နင့်ကိုငါချစ်တဲ့အကြောင်း တွေကို ကိုးတန်း နှစ်ရဲ. ကျောင်းဖွင့်ချိန်မှာ အရိပ်ယောင်ပြခဲ့တယ်လေဟာ...ဒါပေမဲ့နင်က
 မသိတာလားမမြင်ချင်ယောင်ဆောင်တာလား ငါမသိတာတော့အမှန်ပါ..တနေ. ကျောင်းဆင်းချိန် မိုးရွာတော့  နင့်ထီးလေးနဲ. နှစ်ယောက်အတူဆောင်းမယ်ပြောတဲ့နင့်ကို ငါ ရင်ထဲမှာနင့်နေအောင် ပိုချစ်သွားခဲ့ရတာနင်သိမယ်မထင်ပါဘူးဟာ...
.ဒါပေမဲ့ ငါအရမ်းချစ်တဲ့နင့်ကို မိုးစက်လေးတွေထိမှာဆိုးလို.
 လွယ်အိတ်ပဲပေးပြီး ငါကတော့ နင့်ဘေးက သက်တော်စောင့်တစ်ယောက်လို
 မိုးရေထဲမှာ လိုက်လာခဲ့သူပါဟာ....နင်သိပါတယ်  ငါနင့်ကိုအရမ်းချစ်ခဲ့တာကိုလေ ...နင့်ရဲ.မွေးနေ.  နှစ်စဉ် ဧပရယ် လ ၁၂ ရက်နေ.တိုင်းမှာ မွေးနေ.လက်ဆောင်ကဗျာလေးတွေပေးတော့ နင်ဂရုတစ်စိုက်ဖတ်ပြီး ရိုရိုသေသေသိမ်းတတ်တဲ့ နင့်ကို ငါ ခိုးကြည့်နေတာ နင်သိသွားခဲ့တယ် နော်....။  ငါရှက်မှာစိုးလို. နင်မပြောခဲ့ပေမဲ့ နင့်ရဲ. မျက်တာင်ကော့ကော့လေးတွေရဲ.အောက်က မျက်ဝန်းနက်တစ်စုံ ရဲ.အကြည့်ကို ကဗျာ ရူးဖြစ်တဲ့ ငါ ဖတ်လို.ရခဲ့ပါတယ်.....
ဒီလိုနဲ.ပဲ နင့်အိမ်ကိုခဏခဏလာတတ်တဲ့ငါဟာ နင့်ကိုမှမမြင်ရရင် မနေနိုင်တော့တဲ့ သူဆိုတာကိုနင်သိပြီပေါ့နော်......ကာရံမညီတဲ့ကျောတွေင့ါကဗျာတွေကိုဖတ်ပြီးအားပေးတတ်တဲ့နင့်ကို ပိုပိုပြီးချစ်ခဲ့မိတာလဲငါပါပဲဟာ........။
ဆယ်တန်းနှစ်ရောက်တော့  နင့်ကိုငါ ဖွင့်ပြောဖို.ကြိုးစားသေးတယ်လေ...နင်ဆီက တားမြစ်တဲ့စကားတွေကြောင့် ငါစကားမဆုံးခဲ့ရပါဘူးဟာ.....
ငါချစ်တဲ့နင့်ကိုစိတ်ဆင်းရဲမှာဆိုးလို.ပါ....ငါနင့်ကိုစပြီးချစ်ခဲ့တာ ငယ်ငယ်လေးထဲကပါဟာ...
ဒါပေမဲ့နင် ငါ့အချစ်တွေကို အသိအမှတ်မပြုခဲ့ဘူးနော်...ငါအရမ်းကြေကွဲခဲ့ရတာ
နင်သိလားဟင်...နင်ငါ့ကိုပြောခဲ့တဲ့စကားလေဟာ  မှတ်မိသေးလား
တို.ဟာငယ်ပါသေးတယ်  ပညာစုံတဲ့အခါ နင်က ငါ့ဖူးစာပဲဖြစ်မှာပါလို. ချစ်ရည်ရွှမ်းတဲ့ မျက်နက်ဝန်းတွေနဲ. ငါ့မျက်လုံးကိုသေသေချာချာကြည့်ပြီးပြောခဲ့တာလေဟာ....
 ငါသိနေပါတယ်  နင်လဲ ငါ့ကိုချစ်နေပါတယ်  ဆိုတာလေ...တို.ရဲ.ကျောင်းတွင်းထဲမှာနင်နဲ.ငါဟာ အရမ်းချစ်ကြတဲ့ ချစ်သူတွေအဖြစ်နာမည်ကြီးခဲ့ကြတာတော့ နင်လဲသိပါတယ်..ဒါပေမဲ့ တို.နှစ်ယောက်ကတော့ တကယ့်ချစ်သူတွေမဖြစ်ခဲ့ကြဘူးနော်..ဒီလိုနဲ...  နင်ငါ့ကို  အဖြေမပေးသေးပဲ စောင့်ခိုင်းလာလိုက်တာ ... (၉)နှစ်နီးပါဖြစ်လာခဲ့ပြီပေါ့နော် ...နောက်တော့ ငါ့ရည်ရွယ်ချက်ဖြစ်တဲ့ အစိမ်းရောင်ယူနီဖောင်းကိုငါဝတ်မယ် လို.တိုင်ပင်တော့ နင်ငါ့ကို မျက်ရည်ကျပြီးတားမြစ်ခဲ့တယ်နော်...ဒါဟာ နင့်ကိုငါချစ်လာထဲက ငါ့အတွက်နဲ. နင်မျက်ရည်ကျရတာတာလေးပါဟာ..ငါကတော့ နင့်အတွက် မျက်ရည်အကြိမ်ကြိမ် ကျခဲ့ဖူးပါတယ်....ခုတော့နှလုံးသွေးနဲ.ရင်းပြီးငါဝါသနာပါတာကို လုပ်ဖို. နင့်ကိုကျောခိုင်းခဲ့တာပါဟာ...နင့်ရဲ. တားမြစ်ချက် ကို ငါပျော်ရွှင်ကျေနပ်ခဲ့ပါတယ် ...နင်ငါ့ကိုချစ်တယ်ဆိုတာသိလိုက်ရလို.လေ ..ဒါပေမဲ့  ကိုယ်တိုင်ပြောတာလေးကိုငါကြားချင်ပေမဲ့ နင်ခွင့်မပြုခဲ့ပါဘူးဟာ.....ဒီလိုနဲ. နင်မကြိုက်တဲ့
အစိမ်းရောင်းကို ၀တ်မိလို. နင်ငါ့ကိုဒဏ်ခတ်တာလား ဒါမှမဟုတ် နင့်ရဲ.တာမြစ်မှု.ကို ငါက မလိုက်နာခဲ့လို.နင်က ထားရစ်ခဲ့တာလား ငါ့ထက် နင်က သူ.ကိုပိုချစ်ခဲ့လို.လား ဆိုတာ  ခုထိငါသိချင်တဲ့အဖြေပါဟာ....ခုတော့လဲ  .နွေး  မိုး ဆောင်း  တွေ လဲအလီလီ ပြောင်းလို.
တို.အသက်တွေလဲ ၂၅ ကျော်လို. ၃၀ နားရောက်ကုန်ကြပြီနော်...ဒါပေမဲ့ ငယ်ငယ်က ချစ်တဲ့ငယ်ချစ်ဦးနင့်ကိုတော့ ငါလေ  ဘယ်တော့မှ မေ့မယ် မဟုတ်ပါဘူးဟာ...ငါလေ နင့်မွေးနေ.တိုင်းအတွက် ကဗျာ တွေလဲ ရောက်တဲ့နေရာကနေ ပို.ပေးခဲ့တာ..နင်အသိပါဟာ..
နောက်ဆုံးနင့်ဆီက  ငါ့ဆီပို.လာပေးတဲ့ မင်္ဂလာဆောင်ဖိတ်စာ အစိမ်းရောင်လေး ကြောင့သာ ငါ နင့်ဆီ နောက်ဆုံး လက်ဖွဲ.ကဗျာ လေးကို မျက်ရည်စက်ပေါင်းများစွာနဲ. စာလုံးတွေ ပျက်လုမတတ် ဒာရွက်လေးကို ပို.ပေးခဲ့တာပေါ့.....ဒါပေမဲ့ ဟာ  နင် ဘာကြောင့် အစိမ်းရောင် ဖိတ်စာ လုပ်ရသလဲဆိုတာတော့ ငါ့အတွက် မဟေဠိ တစ်ပုဒ်ပါပဲဟာ....  ခုတော့လဲ လေ
နင်နဲ့ငါ့အကြောင်းတွေက မိုးရွာတိုင်း နေပူတိုင်း နှင်းကျတိုင်း အမှတိရစရာတွေနဲ. ပြည့်နေတာတော့အမှန်ပါဟာ.....ဒီတော့ ငါလေ  ခုဆို အလွမ်းသီချင်းလေးတွေကြိုက်တတ်နေသလို   ငါကိုယ်တိုင်လဲ အလွမ်းကဗျာလေးတွေ စပ်တတ်လာပါပြီဟာ.....ဒီစာကိုရေးနေတဲ့အချိန်ကလဲ ငါ့ရဲ.လက်က နှလုံးသားခိုင်းစေတဲ့အတိုင်း ရိုက်ရေးနေတာပါဟာ...ငါ့ရင်ထဲကစကားတွေသာ နင်ကြားနိုင်မယ်ဆိုရင်လေ ဒါမှမဟုတ် သက္ကရာဇ်တေါနောက်ပြန်လှည့်လို.ရရင်လေ
နင်တာမြစ်တဲ့အတိုင်း ငါနေပါ့မယ်လို.  ပြောချင်လို.ပါဟာ.......

ခုတော့ခုတော့   နင်တို. မိသားစုတွေ ကျန်းမာလို.ချမ်းသာကြပါစေဟာ.....

နင့်ရဲ.  ငါ ........

(မင်းလွမ်းနောင်)

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ