ရွှေမြန်မာ ဥယာဉ် က ကူးလာတာပါ...
ဗဟုသုတ / သံဝေဂပေါ့  .............
(နတ်နွယ်ရဲ့ မြန်မာပြည် မြောက်ပိုင်းမှာလဲ..ရေးထားတယ်...)
ရက်စက်ပြီးတော့ စိတ်ပျက်စရာကောင်းတဲ့ အသုဘချနည်းသာဖြစ်ပါတယ်။ဒါပေမယ့် မြေမြှုပ် မီးသဂြိုလ်မဲ့အတူတူ လင်းတတွေကို အစာကြွေးလိုက်ခြင်းဟာ ပိုပြီးတော့ကောင်းတယ်လို့ ခံယူထားသူတွေဖြစ်ပါတယ်။လင်းတငှက်တွေကတော့ အမြဲတမ်းပဲ တိဘက်နှိင်ငံရဲ့တောင်ထိပ်တွေမှာ ပျံဝဲလျှက်ရှိနေပါတယ်။လူသေအလောင်းကိုတောင်ပေါ်ယူသွားပြီး အခေါင်းဖွင့်ကာ ဓါးဖြင့်မွန်းပြီး လင်းတများကို ကျွေးမွေးခြင်းဖြစ်ပါတယ်။များသောအားဖြင့် တိဘက်များဟာ ဗုဒ္ဒဘာသာဝင်များဖြစ်ပြီး နောင်ဘဝကိုယုံကြည်သူများလည်းဖြစ်ပါတယ်။ဒီအတွက်ကြောင့် ဝိဥာဉ်မရှိတော့တဲ့ ဒီခန္ဒာကိုယ်ကြီးဟာ ဘာမှတန်ဖိုးမရှိတော့ပါဘူး။ဒါကြောင့် အကောင်းဆုံး သဘာဝသားကောင်းများကို ကျွေးမွေးခြင်းဖြစ်ပါတယ်။နောက်ပြီး ထိုသို့ပြုလုပ်ရခြင်းအကြောင်းရင်းတစ်ခုကတော့ သူတို့(လူသေအလောင်း)တွေကိုမြေမြှုပ်ဖို့အတွက်ကျင်းတူးရင် တိဘက်နှိင်ငံရဲ့ပထဝီမြေအနေအထားအရ မြေသားအောက်ခံတွေဟာ ကျောက်သားတွေဖြစ်တဲ့အတွက့်ကြောင့် လူတစ်ကိုယ်စာမြေမြှုပ်နှိင်ရန်အတွက် လုံလောက်တဲ့အနက်ပေရအောင်တူးဖို့အတွက်တောင် အလွန်ခက်ခဲသလို မီးသင်းဂြိုလ်ဖို့အတွက်ကျတော့လည်း သစ်သားကအလွန်ရှားပြီး တန်ဖိုးကြီးတဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်။နောက်ဆုံးလူဟာသေဆုံးသွားသည့်တိုင်အောင် သူခန္ဒာနဲ့ သတ္တဝါတွေကို ကောင်းမူ့ကုသိုလ်ပြုပြီး ကျွေးမွေးသွားတာဟာ မွန်မြတ်တယ်လို့ တိဘက်လူမျိုးတွေက ခံယူချက်ရှိလို့လည်းဖြစ်ပါတယ်..။
ဤ POST နဲ့ပက်သက်ပြီး မိတ်ဆွေတို့ ခံယူချက်အမြင်ကို သုံးသပ်ပေးစေခြင်ပါတယ်..။
မှတ်ချက်/
ဤ POST ကို မလေးရှားနှိင်ငံတွင်မြန်မာဘာသာဖြင့် ထုတ်ဝေသော "ခေါင်းလောင်းသံ ရသစုံ သတင်းနှင့် ရုပ်သံဂျာနယ်
အတွဲ(၁)၊အမှတ်(၁၅)ပါဝင်သော ထူးဆန်းထွေလာ ကဏ္ဍမှ ကိုးကားပြီး ဓာတ်ပုံများအား အင်တာနက်စာမျက်နှာများတွင် ရှာဖွေကူးယူ
ပြီး ပြန်လည်ဖေါ်ထားပါသည်...။
အပြည့်အစုံအား ဤနေများမှ ဝင်ရောက်ကြည့်ရူ့နှီင်ပါသည်..။
http://factsanddetails.com/china.php?itemid=210&catid=6&sub...
http://fractalenlightenment.com/729/culture/the-tibetan-sky-burial

No comments:
Post a Comment