.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Saturday, July 9, 2011

ထောင်ကျဖူးသူကို အုပ်ချုပ်ရေးမှူးခန့်အပ်

2011-07-09
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် (၁၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးနေရာမှာ မူးယစ်ဆေးဝါးမှု နဲ့ ထောင်ကျဖူးသူ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တဦးကို အစားထိုး ခန့်အပ်လိုက်တာနဲ့ ပတ်သက်ပြီး ရပ်ကွက်နေ လူတချို့က မကျေနပ်တဲ့အတွက် ပြည်ထဲရေး ဝန်ကြီးဌာနကို လက်မှတ်ထိုး တိုင်ကြား ကန့်ကွက်ထားတယ်လို့ သိရပါတယ်။
Photo: RFA
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရုံးခွဲတခုရှေ့တွင် ပါတီအမှတ်တံဆိပ် ချိတ်ဆွဲထားပုံ ဖြစ်ပါသည်။ (Photo: RFA)
လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျခဲ့ဖူးသူ ဦးပြေသိမ်းကို ရပ်ကွက်

အကြွေးယူထားပြီး ပြန်မဆပ်သည့် လွှတ်တော်ကိုယ်စားလှယ် အတိုင်ခံရ

2011-07-09(အာအက်အေ မှ ကူးယူဖော်ပြသည်)
၂ဝ၁ဝ ရွေးကောက်ပွဲအနိုင်ရ ရေနံချောင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဝင်းဟာ အရပ်သား လုပ်ငန်းရှင်တဦးကို ကျပ်ငွေ သိန်း ၁၃ဝ မပေးချေသေးတဲ့အတွက် နစ်နာသူလုပ်ငန်းရှင်က သက်ဆိုင်ရာကို တိုင်တန်းထားတယ်လို့ သိရပါတယ်။
(Photo: AFP)
မြန်မာစစ်အစိုးရက အားပေး ထောက်ပံ့ထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရန်ကုန်မြို့ရှိ မြို့နယ်ရုံးခွဲတခု ဖြစ်ပါသည်။ (Photo: AFP)
အာရှမြေသြဇာ အရောင်းကိုယ်စားလှယ် ဦးစန်းပွင့် ဆီက မြေသြဇာ သိန်း ၁၈ဝ ဖိုးကို ၂ဝဝ၉ ခုနှစ် ကတည်းက ရယူထားပြီး သိန်း ၅ဝ ဖိုးသာ ပေးချေထားတယ်လို့ ဆိုပါတယ်။ ကျန်တဲ့ငွေကို ဦးစန်းပွင့်က တောင်းတဲ့အခါ အာဏာနဲ့ ခြိမ်းခြောက်ခဲ့တယ်လို့ ဒီ အမှုနဲ့ ပတ်သက်လို့ သိရှိထားသူ တဦးက ပြောပါတယ်။

“အဲဒါကို သွားတောင်းတဲ့အခါ သူက ငါ့ကို ဘာကောင်ထင်သလဲ၊ ငါ ပြည်ခိုင်ဖြိုးအမတ် ဖြစ်နေပြီ မသိဘူးလား၊ နောက်တခါ ငါ့ဆီ လာတောင်းစရာ မလိုဘူးလို့ ကြိမ်းမောင်းပြီး တိုင်ချင်ရာတိုင်ဆိုတော့ ဝန်ကြီးချုပ်ဆီ လှမ်းတိုင်တာပေါ့။ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖုန်းမော်ရွှေထံကို

ရက်ပေါင်း ၁၀၀ သက်တမ်းရှိ မြန်မာအစိုးရ နှုတ်ဆိတ်နေခြင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

(အယ်ဒီတာ့အာဘော်) မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ကမ္ဘာ့တခုတည်းသော ပြောင်ပြောင်တင်းတင်း စစ်အာဏာရှင်စနစ်ကို စွန့်လွှတ်လိုက်သည်။ ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်က သမ္မတကြီးဦးသိန်းစိန်အဖြစ် ပြောင်းလဲတာဝန်ယူခဲ့သည်မှာ ရက်ပေါင်း ၁၀၀ ရှိခဲ့ပြီဖြစ်သည်။ ပါလီမန်အမတ်အများစုကြီး၏ ပြောကြားချက်များကို ဘာတွေများ လုပ်ပေးခဲ့ပြီးပြီလဲဆိုသည်ကို ယခုအချိန်တွင် မေးရတော့မည်ဖြစ်သည်။ အသစ်စက်စက်

Friday, July 8, 2011

လုံထိန်းများက အန်အယ်ဒီရုံးချုပ်ကို ၀င်ရောက် စီးနင်းမည်ဟု သတင်းများ ထွက်ပေါ်


မိုးမခ အထောက်တော်၊ ရန်ကုန်
၂၃း၀၀ နာရီ ဇူလိုင် ၈၊ ၂၀၁၁
ရန်ကုန်မြို့ ရွှေဂုံတိုင်ရပ်ရှိ  NLD ရုံးချုပ် အနီးတ၀ိုက်တွင် ယနေ့ညနေပိုင်းတွင် လုံထိန်းအင်အား ချထားသည်ဟု ပြောဆိုလျက်ရှိပြီး ၀င်ရောက် စီးနင်းမည် ဆိုသည့် စိုးရိမ် ပူပန်မှုများလည်း ထွက်ပေါ်နေသည်ဟု သိရှိရသည်။
“ညနေကတည်းက သတင်း ထွက်နေတယ် ပြောတယ်။ ရုံးမှာ လူငါးယောက် စောင့်အိပ်နေပါတယ်။ သူတို့နဲ့ အခုချိန်ထိ အဆက်အသွယ် ရတယ်။ ဘာကြောင့် ထွက်တယ်တော့ မသိဘူး သူတို့ဘက်က သတင်းပေါက်လို့ ပြန်ဆုတ်သွားတာလားလို့လဲ တွေးမိတယ်”
 ဟု NLD လူငယ်တစ်ဦးက ပြောပြသည်။
ရုံးတွင် စောင့်အိပ်နေသည့်သူများ ပြောပြချက်အရ ရုံးရှေ့ လုံခြံရေး ယခင်ထက် အနည်းငယ် ပိုသည်မှ လွဲပြီး မည်သည့် ထူးခြားချက်မှ မတွေ့ရကြောင်းလဲ အဆိုပါ လူငယ်ကပင် ပြောပြခဲ့သည်။
“ဦးအုန်းကြိုင်ကို ဖုန်းဆက် မေးကြည့်တော့လဲ သူလဲ အဲဒီ သတင်းတွေပဲ

တပ်မ (၇၇) အောက်ခြေစစ်သည်များ စားဝတ်နေရေး အကြပ်တွေ့နေ

2011-07-08
ပဲခူးတိုင်းအတွင်း အခြေစိုက်တဲ့ တပ်မ (၇၇) ရဲ့ တပ်ရင်းတွေမှာ အောက်ခြေ စစ်သည်တွေဟာ သူတို့  ရရှိတဲ့ လစာနဲ့ အခြေခံ ရိက္ခာ လုံလောက်မှု မရှိတဲ့ အတွက် စားဝတ်နေရေး ကြပ်တည်း ဆိုးဝါးနေတယ်လို့  စုံစမ်း သိရှိရပါတယ်။
(Photo: AFP)
မြို့တွင်း လုံခြုံရေး အစောင့်တာဝန်ကျ စစ်သားတဦး ဖြစ်ပါသည်။ (Photo: AFP)
တပ်မ (၇၇) လက်အောက်ခံ တပ်ရင်းတွေက တောင်ငူ အခြေစိုက် တိုင်းမှူးနဲ့ နေပြည်တော် အထိ အကျိုးအကြောင်း တင်ပြခဲ့ပေမယ့် အထက် အဆင့်ဆင့်က တပ်တွင်း စားဝတ်နေရေး ဖူလုံအောင် ဖြေရှင်းပေးခြင်း မရှိသေးဘူးလို့  အဲဒီတပ်က တပ်ကြပ်ကြီးတဦးက အာရ်အက်ဖ်အေကို ပြောပြပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းက တပ်မတော် အတွင်း အခြေခံ လစာတွေ တိုးပေးခဲ့ပါတယ်။ ဒါပေမဲ့ ရရှိတဲ့ လစာအပေါ် ဖြတ်တောက်တာတွေ များတာ၊ တပ်တွင်း ရိက္ခာ အခြေခံ ရိက္ခာတွေကို လျှော့ချတာတွေ အပြင် အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေ ကြီးမြင့်တာကြောင့် အောက်ခြေ အဆင့်ဆင့်မှာ စားဝတ်နေရေး အခက်အခဲ ဖြစ်နေပြီး တပ်ပြေးတွေ များလာနေတယ်လို့ သိရပါတယ်။ အဲဒီ တပ်မ ၇၇ အောက်ခြေ တပ်ရင်းတွေရဲ့ စားဝတ်နေရေး ခက်ခဲမှု အကြောင်း အပြည့်အစုံ တင်ပြချက်ကို နားဆင်ပါ။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

PTK ဖိနပ်ရုံ ဆန္ဒပြ မြန်မာလုပ်သားများ လုပ်ခတိုးရ


အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ လုပ်ခတိုးပေးရန် ထိုင်း-မြန်မာနယ်စပ် ကန်ချနပူရီခရိုင် စံခလပူရီမြို့နယ်
 စေတီစမ်အွန်းမြို့ရှိ PTK ဖိနပ်ချုပ်ရုံမှ မြန်မာလုပ်သား ၄ဝဝ ကျော် ကြာသပတေးနေ့ ဆန္ဒပြခဲ့ရာမှ တရက်လျှင် လုပ်ခငွေ ထိုင်းဘတ် ၁၅ ဘတ် တိုးရသဖြင့် သောကြာနေ့တွင် ပြေလည်မှု ရရှိသွားသည်။

အလုပ်သမား ခေါင်းဆောင်များ၊ လုပ်ငန်းရှင်များနှင့် ထိုင်း-မြန်မာ နယ်ခြားကော်မတီတို့က သောကြာနေ့ မနက် ၈ နာရီခန့်တွင် စေတီစမ်အွန်းမြို့ တနေရာ၌ တွေ့ဆုံညှိနှိုင်းခဲ့ရာ တနာရီလုပ်ခကို ထိုင်းငွေ ၁ ဘတ်ခွဲ တိုးမြှင့်ပေးခဲ့သည်။

လုပ်ခကို တနာရီ ၂ ဘတ်နှုန်း တိုးပေးရန် အလုပ်သမားများ တောင်းဆိုသည်ကို အလုပ်ရှင်က ၁ ဘတ်သာ တိုးပေးသဖြင့် မကျေနပ်ရာမှ ကြာသပတေးနေ့ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

တနေ့လျှင် အလုပ်ချိန် ၁ဝ နာရီသတ်မှတ်ထားပြီး၊ ယခင်က တရက်လျှင် ၇ဝ ဘတ်မှ ၁၁၅ ဘတ်သာ ရရှိကြကာ ညှိနှိုင်းပြေလည်မှုအရ တရက်လျှင် ၈၅ ဘတ်မှ ၁၃ဝ ဘတ်ထိ ရရှိလာမည်။

“နယ်မြေခံ တပ်ရင်းမှူးလည်း သွားပြီး ညှိနှိုင်းပေးလို့ အခု အဆင်ပြေသွားပါပြီ” ဟု အလုပ်သမားတဦးက မဇ္ဈိမကို
 ပြောသည်။

PTK ဖိနပ်ချုပ် အလုပ်ရုံမှ လုပ်ငန်းရှင်တဦးဖြစ်သူ စောမန်းသိန်းကလည်း “ပြေလည်သွားပါပြီ၊ မနက်ဖြန် (စနေနေ့) က စပြီး အလုပ်ပြန်ဆင်းဖို့ သဘောတူထားတယ်” ဟု မဇ္ဈိမကို ပြောသည်။

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့နှင့် ကပ်လျက်ရှိသည့် စေတီစမ်အွန်း တွင် PTK ဖိနပ်ချုပ် အလုပ်ရုံ ၃ ရုံ ရှိပြီး၊ မြန်မာလုပ်သား ၂ဝဝဝ ကျော် လုပ်ကိုင်နေသည်။ တမြို့လုံးတွင် ဖိနပ်ချုပ်၊ အထည်ချုပ်နှင့် အခြားစက်ရုံများ၌ အလုပ်လုပ်သည့် မြန်မာ ၅ဝဝဝ ကျော် ရှိပြီး၊ အလုပ်ရုံပေါင်းမှာ ၄ဝ ကျော်သည်။

ဒဂုံမြို့သစ် စက်မှုဇုံက ယာခူဆာ ချစ်တီး (ပေးစာ)


ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ စက်မှုဇုံ (၃) မှ ခေတ်သစ် ချစ်တီးသူဋ္ဌေး ဦးမူသီး နှင့် အာဏာပါးကွက်သားများ ရမ်းကားပုံက ဦးမူသီး ဆိုသူမှာ အမှတ် (၁၉) ၊ ကင်းတားလမ်း၊ စက်မှုဇုံ (၃) ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ပိုက်နှင့် သံဆိုင်ဖွင့်ထားပြီး စက်မှုဇုံတခုလုံးကို ၁၅% တိုးဖြင့် ငွေတိုးချေးစားနေသူ၊ ခေတ်သစ် ချစ်တီပေါ့၊ ဦးမူသီး ရဲ့ လက်စွဲတော်က အမှုအတွေ့ကြုံရင့်ကျက်ပြီး အာဏာပိုင်အဖွဲ့အစည်းများနှင့် အကျွမ်းတ၀င်ရှိနေသော ဥပဒေအရည် ကျို သောက်နေသည့် အမှတ် (၇) ၊ သံသုမာလမ်းသွယ် ၊ စီမံကိန်း (၂)၊ (၁၄) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ် တွင်နေသည့် ဦးစိုးမောင် နှင့် လိုအပ်လျှင် လိုသလိုသုံးဘို့ ရေတပ်အရာရှိ အငြိမ်းစား အမှတ် (၃၂၃) ၊ စံပြ ၂ လမ်း၊ စံပြရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်နေသူ ဦးသိန်းဝင်းကို အပါးတော်မြဲခန့်ထားပြီး ထောင်ထွက်နဲ့ လူမိုက်တွေကိုလည်း အုပ်စုလိုက် လူမိုက်မွေး တပည့်မွေးနဲ့ ယခုလို ခြွေရံသင်ပင်းများဖွဲ့ကာ နေထိုင်လျက်ရှိပါတယ်။
ဦးမူသီး လောလေလတ်လတ်  ရမ်းကားပုံတခုကတော့ မောင်တင်လှ (အမှတ် (၁၈၆) ၊ ဆင်တဲလမ်း ၊ စက်မှုဇုံ (၃)၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်) ကို ၁၅% တိုးဖြင့် ငွေချေးခဲ့တယ်။ အတိုးမှန်မှန်မပေးနိုင်တော့ ရေတပ်အငြိမ်းစားနဲ့ ဦးသိန်းဝင်းနဲ့ ခြိမ်းခြောက်၊ စာချုပ်လက်မှတ်ထိုးခိုင်း၊ စာချုပ်လက်မှတ်ရတော့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စက် မှုဇုံ (၃) ကော်မတီရုံးကို ဗိုလ်မှူးယူနီဖေါင်းနဲ့ ကိုတင်လှ ကို ပါးရိုက်ပြီးခေါ်လာတယ်။ မူလက ဇုံကော်မတီက မျှမျှတတ ညှိနှိုင်းပေးခဲ့လို့ လစဉ်အရစ်ကျပေးသွင်းပါမယ်လို့ ကိုတင်လှ က ၀န်ခံကတိရေးထိုးပေးခဲ့ပြီး၊ ပထမဆုံးလ ၁၂,၈၈၄၀၀ိ ပေးသွင်းခဲ့တယ်။
နောက်တော့ ဇုံကော်မတီအတွင်းရေးမှူး ဦးရဲမြင့်လှိုင် အပါအ၀င် ဇုံရုံးဝန်ထမ်းများ ဦးမူသီးရဲ့ အာဏာပါးကွက်သား များဖြစ်သွားကာ မူသီးရဲ့လက်ပါးစေ ကိုစိုးမောင်ကို တရားလိုထား ကိုတင်လှကို ၀န်ခံကတိအတိုင်း တပြားတချပ်မျှ ပြန်မပေးပါဘူးဆိုပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) ရဲစခန်းတွင် ပထမသတင်းပေးပြီး အမှတ် ၃၄၅/၂၀၁၁ ဖြင့် တိုင်တန်း ကြတယ်။ မူသီးရဲ့လက်ပါးစေ ဇုံကော်မတီအတွင်းရေးမှူးက ငွေးပေးသွင်းပြီးဖြစ်ကြောင်း ညှိနှိုင်းမှုမှတ်တမ်းကို ဖျောက်ဖျက်၊ ဇုံကော်မတီရုံး ၀န်ထမ်းများက အတွင်းရေးမှူးကို ကြောက်ရွံ့တော့ အားလုံး ရေငုံနှုတ်ပိတ် နေ နေကြ တယ်။ အတွင်းရေးမှူး ရဲမြင့်လှိုင် သတိလစ်သွားတာက ကိုတင်လှ ရဲစခန်းတွင် ငွေမပေးသွင်းသေးကြောင်း မဟုတ်မ တရားစွပ်စွဲချက်ကို သိရတဲ့အချိန်က ဇုံ ဥက္ကဋ္ဌဆီမှ ၁၂,၈၈၄၀၀ိ/ ပေးသွင်းခဲ့သော မှတ်တမ်း မိတ္တူတောင်းယူ ရရှိထား တာကို အကောက်ကြံတဲ့ အတွင်းရေးမှူးမသိရှာခဲ့။
ကိုတင်ဦး မှ ဇုံအတွင်းရေးမှူး ဦးရဲမြင့်လှိုင် ထံ ငွေပေးသွင်းခဲ့သော မှတ်တမ်းထောက်ခံချက် သွားတောင်းခဲ့သော် လည်း ဇုံအတွင်းရေးမှူးမှ မှတ်တမ်းမရှိ၍ မပေးနိုင်ကြောင်း ငြင်းဆိုသော်လည်း ဥက္ကဋ္ဌထံမှ ရယူထားသောမှတ်တမ်း မိတ္တူကြောင့် မသမာသော လက်ပါးစေ ဇုံကော်မတီအတွင်းရေးမှူး ဘူးပေါ်သလိုပေါ်မှာပါ၊ နောက်လူတွေ မခံစားရ အောင် အများအကျိုးအတွက် ၀ိုင်းဝန်းဖေါ်ထုတ် အရေးယူပေးကြပါ။
ဒါထက်ပိုဆိုးတာက မူသီးနှင့် စိုးမောင် က မူသီး ထံမှ ငွေချေးထားသူ ဒေါ်စန္ဒာဝင်း အမှတ် (၅၄၂)၊ မေတ္တာလမ်း၊ (၂၁) ရပ်ကွက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် နေအိမ်အတွင်းဝင်ရောက်ပြီး စာချုပ်တွင် ခြိမ်းခြောက်လက်မှတ် ထိုးခိုင်း၊ ငွေတိုးပမာဏမပါတာကြောင့် ဒေါ်စန္ဒာဝင်းမှ လက်မှတ်မထိုးတာကြောင့် ဆဲဆိုကြိမ်းမောင်း ရမ်းကားပြီး ပြန်သွား၊ ဒေါ်စန္ဒာဝင်း မှ ဒဂုံမြို့သစ် (တောင်ပိုင်း) ရဲစခန်းမှာ အမှုသွားဖွင့်လည်း စိုးမောင်နှင့် မူသီးမှာ အချုပ်မခံရဘဲ၊ ရပ်ရွာထဲမှာ နေမြဲအတိုင်း ဖြစ်နေပါတယ်။
အချုပ်အခြာအာဏာပိုင်အောက်က ယာခူဆာခေါင်းဆောင် မူသီးနဲ့ စိုးမောင် တို့က ၂၈-၆-၂၀၁၁ ရက်နေ့  နေလည် ၁၁ နာရီအချိန် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စက်မှုဇုံ ၂ ရှိ ဒေါ်စန္ဒာဝင်း ရဲ့ သမီး မမြတ်သန်းစိုး (ခ) အမူသာရဲ့ စား သောက်ဆိုင်ကို လူမိုက် ၁၂ ယောက် လွှတ်လိုက်ကာ ပိုက်ဆံမပေးဘဲ စားသောက်ပြီး ဖွင့်ထားတဲ့အမှု ပိတ်ပေး၊ ဦးမူသီး ရဲ့ အတိုးနဲ့ အရင်းငွေကို ၅-၇-၂၀၁၁ ရက်နေ့ နောက်ဆုံးထားမပေးရင် သတ်ဖြတ်ပစ်လို့ ခြိမ်းခြောက်ခဲ့၊ အာ ဏာပိုင် အဖွဲ့အစည်းတွေကို တိုင်တန်းသော်လည်း ယနေ့ထိ အရေးယူဆောင်ရွက်ပေးခြင်း မရှိခဲ့ပါ။ ခေတ်သစ်ချစ်တီး ယာခူဆာ မူသီး နဲ့ အာဏာပါးကွက်သားတွေကို အမြန်ဆုံးအရေးယူနိုင်ဘို့ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ဖေါ်ပြ ပေးလိုက်ပါတယ်။
တရားဥပဒေသည် နစ်နာသူပြည်သူအတွက် ဖြစ်စေလိုသော
စက်မှုဇုံမှ လူငယ်တဦး

ဒုက္ခများကြားမှ ကိုရီးယားရောက် မြန်မာအလုပ်သမားများရဲ့ဘ၀ (ပေးစာ)

မင်္ဂလာပါဗျာ …
(ဒေါကိတာလွဏ်းဆွေ ဘလောဂ်မှ ကူးယူဖော်ပြသည်)
ကျနော်ကတော့ ကိုရီးယားနိုင်ငံမှာ အလုပ်သမားအဖြစ် လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မောင်နေရောင်လို့ ခေါ်ပါတယ်။ ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်နေတာ (၅) လလောက်ရှိပါပြီ။ လုပ်ရတဲ့ အလုပ်ကတော့ ဓာတု ဗေဒအရည်များကို အသုံးပြုကာ အ၀တ်စရှည်များကို ဆေးကြောရပါတယ်ခင်ဗျာ။ လစာကတော့ အခြေခံလ စာ ၀မ် (၉) သိန်းလောက် ရပါတယ်။ လက်အိတ်နဲ့ ခြေအိတ်များ ပေးသော်လည်း ကြာတော့ လက်များ၊ ခြေ ထောက်များမှာ ပေါက်ပြဲလာပါတယ်။ မျက်နှာများမှာလည်း အဖုများပေါက်လာပါတယ်။ ရတဲ့လစာမှာ ငွေဈေး ကြောင့် ထင်သလောက်မဖြစ်သလို အစားအသောက်မှာလည်း ကင်မချီဟင်းရည်သာ စားရပေမယ့် မြန်မာနိုင် ငံထက်သာတယ်ဆိုပြီး သည်းခံလုပ်ပါတယ်။ သို့သော် အလုပ်ရှင်မှ စိတ်တိုင်းမကျတိုင်း ဆဲဆို၊ မြန်မာနိုင်ငံကို ပြန်ပို့မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို အမြဲခံရပါတယ်။

မေလရဲ့ တနင်္ဂနွေတရက်မှာ မြန်မာလူမျိုးများ အမြဲဆုံနေကျ အင်ချွန်မြို့တော်ရဲ့ ဘူဗြောင်းမြို့ရှိ ဘုန်းကြီး ကျောင်းမှာ အလုပ်သမားတွေ ဆုံဖြစ်ကြတဲ့အခါ အခက်အခဲများကို အချင်းချင်းပြောကြရင်း လွန်ခဲ့တဲ့ (၂) နှစ် လောက်က ရောက်နေခဲ့တဲ့ မြန်မာအစ်ကိုများက အခက်အခဲရှိက သံရုံးသို့ အကြောင်းကြားပါက အကူအညီ ပေးကြောင်း၊ ထိုအထဲမှ တယောက်မှာ မိမိတို့အား အလုပ်ပြောင်းရန် ကူညီပေးသည့်အပြင် သံရုံးမှ အလုပ်သ မားဝန်ကြီးဌာနအထိ ကားဖြင့် လိုက်ပို့ကာ အလုပ်ရှာပေးခဲ့ကြောင်း ပြောသဖြင့် အလွန်ပဲ ၀မ်းသာခဲ့ရပါတယ်။

တနင်္လာနေ့ မနက်စောစော သံရုံးကို ဖုန်းဆက်လိုက်တဲ့အခါ အရင်က အကူအညီပေးသော်လည်း အခုအခါ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ခံ ရောက်ရှိနေကြောင်း၊ ထိုအမျိုးသမီးဆီ ဖုန်းဆက် အကူအညီတောင်းပါ က ကူညီမှာဖြစ်ကြောင်း ပြောပြတဲ့အတွက် ထိုဖုန်းနံပါတ်ကို ဆက်ခဲ့ပါတယ်။ ဖုန်းဆက်လိုက်တဲ့အခါ ထိုအမျိုး သမီး ပထမဆုံး ပြောတဲ့စကားကတော့ အလုပ်ပြောင်းလို့မရကြောင်း၊ အလုပ်ပြောင်းခြင်းကို မြန်မာနိုင်ငံမှ လူ ကြီးများက မနှစ်သက်ကြောင်း၊ စာချုပ်သက်တမ်း မပြည့်ခင် မြန်မာနိုင်ငံ ပြန်ပါကလည်း ပြန်ရောက်ပါက မြန် မာအလုပ်သမားဝန်ကြီးဌာနကို ကျပ်သိန်း (၃၀) ပေးလျော်နေရမည်ဖြစ်ကြောင်း ပြောပါတယ်။

အခုအခါ အလုပ်အဆင်မပြေတဲ့အတွက် မြန်မာနိုင်ငံကို ပြန်ချင်သော်လည်း သိန်း (၃၀) ပေးလျော်ရမည်ကို မြန်မာအလုပ်သမားများ အလွန်ပဲ ကြောက်ရွံ့နေကြပါတယ်။ အရင်ရောက်နေတဲ့ အစ်ကိုတွေ ပြောသလို သံ ရုံးကလည်း မကူညီ၊ တာဝန်ခံ အလုပ်သမားအရာရှိ မမကလည်း ခြိမ်းခြောက်နဲ့ ကျနော်တို့ မြန်မာများ ဒုက္ခ ရောက်နေတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကူညီဖြေရှင်းပေးစေလိုပါတယ်ခင်ဗျာ။

လေးစားစွာဖြင့် …

မြန်မာအလုပ်သမားများကိုယ်စား
မောင်နေရောင်

Thursday, July 7, 2011

မြန်မာစစ်ကားတန်း ဗုံးခွဲခံရ၊ လူအများအပြား ထိခိုက်သေကျေနိုင်

Published on July 7, 2011 by ဒီဗွီဘီ   ·   No Comments
မြန်မာအစိုးရတပ်ရဲ့ စစ်ကားတန်းတခုကို ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဘက်က မိုးမောက်မြို့နယ်အတွင်း ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၃ဝ ထက်မနည်း ထိခိုက်သေကျေဒဏ်ရာရဖွယ် ရှိတယ်လို့ ကေအိုင်အိုနဲ့ နီးစပ်တဲ့သတင်းရပ်ကွက်အရ သိရပါတယ်။
ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေး ကွပ်ကဲမှု (စကခ) ရဲ့ စစ်ထရပ်ကား (၃) စီး ဗန်းမော်-မြစ်ကြီးနား လမ်းကြောင်းအတိုင်း ချီတက်လာရာ မိုးမောက်မြို့နယ်

တောင်ပိုင်း တိုင်းမှူးသစ် ရာထူးမှ အနားပေးခံရ

E-mail Print
ရန်ကုန်တိုင်း တိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် ထွန်းသန်းကို ဇူလိုင်လ ၅ ရက်နေ့က တာဝန်မှ ရပ်စဲလိုက်ကြောင်း နေပြည်တော် စစ်ဘက် သတင်းရပ်ကွက်မှ သိရသည်။

News_Tun_Than_July_7_2011_Yan_Pai
ယမန်နှစ် အောက်တိုဘာလက မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း၏ နှစ်ပတ်လည်အစည်းအဝေးတွင် တွေ့ရသော ဗိုလ်မှူးချုပ် ထွန်းသန်း (ဓာတ်ပုံ - ဧရာဝတီ)
ဗိုလ်မှူးချုပ် ထွန်းသန်းအား ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ပဲခူးတိုင်းတောင်ငူ အခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ပြောင်းရွေ့စေခဲ့ပြီး ၂ ရက်အကြာတွင် နေပြည်တော်သို့ ခေါ်ယူပြီး ရာထူးမှ အနားယူစေခဲ့ခြင်းဖြစ်သည်ဟု

ပြည်နယ်အစိုးရ အပစ်ရပ်ကမ်းလှမ်းမှု KIO ထပ်မံပယ်ချ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္စျိမ) ။       ။ ဗဟိုအစိုးရ၏ ကမ်းလှမ်းမှု မဟုတ်သဖြင့် အပစ်ခတ်ရပ်စဲရန် ထပ်မံ ကမ်းလှမ်းလာသည်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ က ထပ်မံပယ်ချလိုက်ကြောင်း KIO တွဲဘက်အတွင်းရေးမှူး ဦးလနန်က ပြောသည်။

“ အစိုးရဘက်မှ အပစ်ရပ်ထားတယ် ဆိုပေမယ့် ရှေ့တန်းမှာက ပစ်ခတ်နေတာပဲ။ အဲဒါကို ဘယ်လိုလို့

အကျဉ်းထောင်များအတွင်း ICRC ပြန်ဝင်ခွင့်ရ

E-mail Print
အကျဉ်းထောင်များသို့ ၀င်ရောက်စစ်ဆေးခွင့် ပိတ်ပင်ထားသော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) က တာဝန်ရှိသူများသည် မြန်မာနိုင်ငံအကျဉ်းထောင် ၃ ခုသို့ ယခု အစိုးရသစ်လက်ထက်တွင် ပထမဆုံး ၀င်ရောက် ကြည့်ရှု့ခွင့် ရပြီကြောင်းသိရသည်။

ICRC-Insein
၂၀၀၆ ခုနှစ်က အင်းစိန်အကျဉ်းထောင် အတွင်း ICRC ဝင်ရောက်စစ်ဆေးခဲ့စဉ် (ဓာတ်ပုံ - ICRC)
ရန်ကုန်အခြေဆိုက် ICRC မှ တာဝန်ရှိသူတချို့သည် ဇူလိုင် ၁ ရက်နှင့် ၂ ရက်နေ့က ကရင်ပြည်နယ် ဖားအံ အကျဉ်းထောင်၊ မွန်ပြည်နယ် မော်လမြိုင်အကျဉ်းထောင်၊ ဧရာဝတီတိုင်း မြောင်းမြအကျဉ်းထောင် စသည့် အကျဉ်းထောင် ၃ ခုသို့ သွားရောက်ကာ သန့်ရှင်းရေ ရရှိမှုနှင့် မိလ္လာစနစ် များအား စစ်ဆေးကြည့်ရှု့ခွင့် ရခဲ့ကြသည်။

“အခုလို ICRC က ထောင်တွေထဲ ပြန်ဝင်ခွင့်ရတယ်ဆိုတော့ ၀မ်းသာတယ်။ လူချင်းတွေ့ရတဲ့

ဖိနပ်စက်ရုံအလုပ်သမား ၂,၀၀၀ကျော် လုပ်အားခအတွက် ဆန္ဒပြ

Submitted by admin on Thursday, 7 July 2011--
ဇူလိုင်လ ၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့၏ တစ်ဖက်ရှိ ထိုင်းဘက်ခြမ်းမှ ဖိနပ်စက်ရုံတရုံ၌ ယနေ့မွန်းလွဲပိုင်းတွင် အလုပ်သမား ၂,၀၀၀ကျော်က ၎င်းတို့၏ လုပ်အားခအတွက် တောင်းဆိုရာမှ ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ယနေ့မွန်းလွဲ ၂နာရီအချိန်တွင် ဘုရားသုံးဆူမြို့ နယ်စပ်ဂိတ်နှင့်ကပ်လျှက် ဘာစီနီဖိနပ်စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာ အလုပ်သမား ၂,၅၀၀ကျော်သည် အလုပ်ရှင်ကို လုပ်အားခတိုးတောင်းရာမှ အဆင်မပြေဘဲ ဆန္ဒပြမှု စတင် ဖြစ်ပွားရခြင်းဖြစ် သည်ဟု ဆန္ဒပြသည့် အလုပ်သမားများက ပြောသည်။
ဆန္ဒပြအလုပ်သမား ကိုသန့်ဇင်က “ကုန်ဈေးနှုန်းတွေ တက်တယ်မဟုတ်လား။ ဒါကြောင့် လူသစ်တွေကို တယောက်ကို ၁၀၀ တိုးပေး။ လူဟောင်းတွေကျတော့ တရက်ကို ၃၀ ထပ်တိုးပေး။ သူဌေးက မပေးနိုင်ဘူး။ သုံးဆယ်မရရင် ၂၀တောင်းတယ်။ မရ ဘူး။ သူဌေးက ၅ ဘတ်တိုးမယ်။ ကျ နော်တို့တွေ မယူဘူး။ ဂိတ်ဆုံး ၁၀တိုးပေးမယ်။ လက်မခံဘူး။ မလုပ်နိုင်ရင်လည်း ထွက် ပေါ့လို့ ပြောတယ်။ မွန်းလွဲ ၂နာရီကနေစပြီး ဆွေးနွေးတာ တနာရီလောက် ကြာတယ်။ သူဌေးက လက်မခံဘူး။ အဆင်မပြေ တော့ ကျနော်တို့လည်း အကုန်လုံး ထွက်တယ်ပေါ့။”ဟု ပြောသည်။
ထို့အပြင် ညနေ ထိုင်းစံတော်ချိန် ၆နာရီခွဲတွင် ဆန္ဒပြမှုတွင် ဦးဆောင်သူများ၊ မြန်မာဘက်ခြမ်းက ရပ်ဖိရပ်ဖလူကြီးများနှင့် ဖိနပ်စက်ရုံ သူဌေးတို့ နောက်ထပ်တစ်ကြိမ် ထပ်မံ ဆွေးနွေးကြသော်လည်း နှစ်ဖက် သဘောတူညီမှုမရရှိခဲ့ကြောင်း အဆိုပါ အလုပ်သမားက ပြောသည်။
အလုပ်ရုံ ၃ရုံဖြင့် မြန်မာအလုပ်သမားပေါင်း ၂,၅၀၀ကျော်ရှိသည့် ဘာစီနီဖိနပ်စက်ချုပ်စက်ရုံတွင် အလုပ်သမားအသစ်တစ်ဦး မှာ တရက်လျှင် ဘတ် ၇၀ရရှိပြီး လူဟောင်းများက ဘတ်

အလုပ်သမား စိစစ်မည့်အစီအစဉ် မလေးရှား ရွှေ့ဆိုင်း

တရားမ၀င် ရောက်ရှိနေသူများအား စိစစ်ပြီး နေထိုင်ခွင့်ပြုမည့် အစီအစဉ်ကို ဇူလိုင် ၁၁ ရက်နေ့တွင် စတင်မည်ဟု မလေးရှားအစိုးရက ကြေညာခဲ့သော်လည်း ယခုအခါ ဇူလိုင် ၁၈ ရက်နေ့သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။ ၀န်ဆောင်မှု ကုမ္ပဏီ ၂၅၀ တွင် လက်ဗွေ မှတ်တမ်းတင်စက် တပ်ဆင်ခြင်း၊ ၀န်ထမ်း လေ့ကျင့်ပေးခြင်းတို့အတွက် အချိန် မလုံလောက်သဖြင့် ရက်ရွှေ့ခြင်း ဖြစ်ကြောင်း မလေးရှားရှိ အလုပ်သမား အေဂျင်စီများထံမှ သိရသည်။

ပြောင်းပြန်ကြည့်မှ…. မြင့်တဲ့တန်ဖိုး

by Zay Yar on Thursday, July 7, 2011 at 2:21pm(ဆောင်းပါးရှင် ကိုဇေယျာ)
 “နံပတ်(၂)က တူးတီး..၀မ်းကော် လပ်ကီးတစ် ဆရာရေ့…”
“စွယ်တော်ကဖေး”ရဲ့ သွက်လက်ချက်ချာတဲ့ စားပွဲထိုးလေးရဲ့ စူးရှရှမှာကြားသံက.. ဆိုင်ကောင်တာထောင့် ဆောင်း ဘောက်စ်(sound box) လေးဆီက မတိုးမကျယ် ထွက်ပေါ်နေတဲ့ တေးသံရှင် စိုင်းဆိုင်မော့ဝ်ရဲ့ “တောင်ပြာတန်းကသိပါတယ်”  သီချင်းကို ထွင်းဖောက်သွားစေခဲ့၏။
တောက်ပခဲ့တဲ့နေ၀န်းက တစ်နေ့တာထွန်းလင်းပြီးတာမို့ ငါ့တာဝန်ပြီးပြီဆိုတဲ့ ခပ်ပြုံးပြုံးအမူအရာနဲ့ အနောက်ဂေါ်ရာကျွန်းဆီ ငုပ်လျှိုးမကွယ်ပျောက်မီအထိ ပီတိဖြစ်စရာ ကြည်နူးစရာ ဆည်းဆာညနေခင်းကို ဖန်ဆင်းပေးခဲ့လေရဲ့….။
“စွယ်တော်”ဆိုတာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)၊ အမှတ်(၅၁၅)ဆက်သွယ်ရေးတပ်ရင်း(ဆသရ-၅၁၅)၊ အမှတ်(၉၀၄)စစ်မြေပြင်အင်ဂျင်နီယာတပ်(၉၀၄ ဘီအီး)နဲ့ အမှတ်(၉၅၇)ဆောက်လုပ်ရေးအင်ဂျင်နီယာ တပ်ဆိုတဲ့ တပ် ၄ တပ် ရဲ့အလယ် မုဒုံ-မော်လမြိုင်ကားလမ်းရဲ့တစ်ဖက်မှာရှိတဲ့ဆိုင်။
ထိုင်နေကျလူအတော်များများကလည်း စစ်သားနဲ့ အနီးနားက လူငယ်လူရွယ်တွေ..။ အစားအသောက်ကလည်း စိတ်တိုင်းကျ.. ဆက်ဆံရေးကလည်းပြေပြစ်တဲ့အပြင် အထာညက်တဲ့ဆိုင်ရှင်က စားသုံးသူပမာဏကို ချိန်ဆပြီး စစ်သားများရင် စစ်သားတွေအကြိုက် သီချင်းလေးတွေ… ကျောင်းသားနဲ့ အခြားလူငယ်လူရွယ်လေးတွေများရင် လူငယ်ကြိုက် ကိုထီးတို့ ကိုတိုးကြီးတို့ ခိုင်ထူးတို့ အစရှိတဲ့တေးသံရှင်တွေရဲ့ သံစဉ်လေးတွေကို ဖွင့်ပေးတတ်၏။ ဘယ်သံစဉ်ပဲဖြစ်ဖြစ် နှစ်ဘက်စလုံးက နှစ်သက်လက်ခံနိုင်တဲ့ သံစဉ်လေးတွေမို့ ပဋိပက္ခဆိုတာ တစ်ခါမှ မရှိဘူးပေ…။
စားပွဲထိုးလေး အရင်ဆုံးချပေးတဲ့ ဆေးလိပ်ကို ဆွဲယူဖွာရှိုက်ရင်း “ငါ မင်းတို့ကိုပြောစရာရှိတယ် သူငယ်ချင်း” ဆိုပြီး ဖိုးတေက အစပျိုးလာတော့… လှမျိုးက “မင်းကလဲကွာ အထာကိုင်ပြန်ပြီ စကားပလ္လင်တွေ ဘာတွေခံနေ ရသေးတယ် ပြောမှာဖြင့်ပြောပေါ့ကွ” လို့တုန့်ပြန်တော့ ကျော်သင်းကလည်း “အေးလေ ဟုတ်သားပဲ” လို့ဝင်ထောက်လေ၏။
“ဒီလိုကွ ငါမနက်ဖြန် မော်လမြိုင်စစ်သားစုဆောင်းရေးကိုသွားတော့မလို့

ရေနုတ်မြောင်းဖောက်လုပ်ရန် လယ်သမားများထံမှငွေကောက်ခံ

July 7th, 2011 ဟောင်ဒိန်း၊ လွတ်လပ်သော မွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်၊ မုဒုံမြို့နယ်တောင်ပိုင်း၊ ဝင်းဖနုံဆည်ဖေါက်ထုတ်နေမှုကြောင့် အနီးအနားတဝိုက်ကျေးရွာများရှိ လယ်မြေများဆည်ရေလွှမ်းမိုးမှုခံနေရခြင်းကြောင့် ရေနုတ်မြောင်းဖောက်လုပ်ရန် ပြီးခဲ့သည့်သီတင်းပတ်အတွင်း လယ်သမားများထံမှ သက်ဆိုင်ရာကျေးရွာအာဏာပိုင်များ ငွေကောက်ခံခဲ့သည်ဟု လယ်သမားများထံမှသိရသည်။`
အဆိုပါဝင်းဖနုံဆည်ရေလွှမ်းမိုးခံနေရသည့်လယ်မြေများမှာ ဒိုးမား၊ ဆက်သွယ်၊ ကွမ်ကဗွီး၊ ထုံမံ၊ ကလော့သော့၊ ရွာသစ်၊ တောင်ပ စသည့်ကျေးရွာများဖြစ်ကြပြီး သက်ဆိုင်ရာကျေးရွာအာဏာပိုင်အသီးသီးက ငွေကြေးကောက်ခံခဲ့ခြင်းဖြစ်သည်။
ဝင်းဖနုံဆည်တည်ရှိရာနှင့် ရေလွှမ်းမိုးခံလယ်မြေများအား Google Earth မှမြင်နေရပုံ
ဝင်းဖနုံဆည်တည်ရှိရာနှင့် ရေလွှမ်းမိုးခံလယ်မြေများအား Google Earth မှမြင်နေရပုံ
“မြောင်းဖောက်သူတွေကို ကျွေးမွေးဖို့၊ ဆီဖိုးအတွက်ရယ် ပြီးတော့ပိုတဲ့ငွေတွေကို မြောင်းလာဖောက်တဲ့လူတွေကို နည်းနည်းပါးပါးပေးနိုင်ဖို့ဆိုပြီးတော့

မန်းထွန်းအေး၏ ဇနီးကို ဖမ်းပေးရန် တရားသူကြီးက အမိန့်ထုတ်


ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်မှ လယ်သမား မန်းထွန်းအေးအား အမိန့်ချမှတ်မည့်နေ့တွင် တရာခံမစုံသည့်အတွက် အမိန့်မချသေးဘဲ ၎င်း၏ ဇနီးဖြစ်သူကို ဖမ်းပေးရန် တရားသူကြီး ဒေါ်ဖြူဖြူခိုင် အမိန့်ထုတ်လိုက်သည်။
ယခုလ ၄ ရက်နေ့က ပုသိမ်ခရိုင်တရားရုံးတွင် ရုံးထုတ်ပြီးနောက် လာမည့် (၈) ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။
“မန်းထွန်းအေးကို အမိန့်ချမယ်ဆိုပြီး ရုံးထုတ်တယ်၊ တရားရုံးရောက်တော့ တရားခံမစုံသေးဘူး၊ ပြီးတော့ မန်းထွန်းအေးရဲ့ဇနီး ဒေါ်ထွန်းကြည်ကို ဖမ်းပေးဖို့ တရားသူကြီးက ပြောပြီး ထပ်ချိန်းလိုက်တာ” ဟု ပြောသည်။
ရဲစခန်းအာဏာပိုင်များက မန်းထွန်းအေးကို မိသားစုဝင်များဖြင့် တွေ့ခွင့်မပေးဘဲ ဆက်လက်ချုပ်နှောင်ထားကြောင်း ဒေသခံက ဆက်ပြောသည်။
မန်းထွန်းအေးကို အာဏာပိုင်များက ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၈၀) မှ ကျေးရွာအုပ်ချုပ်ရေးမှူးများက လယ်သမားများထံမှ သီးစားငွေနှင့် ဘဏ်စာအုပ်ဖိုးငွေ

ကျူရှင်ဆရာတွေ သတိပေးခံရ

2011-07-06
အခြေခံပညာ ဒဿမတန်း စာမေးပွဲ အောင်နှုန်း သိသိသာသာ ကျဆင်းနေတဲ့ အတွက် ရန်ကုန်တိုင်းက မြို့နယ် တချို့က ပုဂ္ဂလိက ကျူရှင်ဆရာ၊ ဆရာမတွေကို ပြီးခဲ့တဲ့လ အတွင်း မြို့နယ် အဆင့် ပညာရေး အာဏာပိုင်တွေက ခေါ်ယူ သတိပေးခဲ့တယ်လို့ သိရပါတယ်။
(Photo: AFP)
ကုလသမဂ္ဂ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ဖြစ်သည့် စက်တင်ဘာ ၈ ရက်က ဘုန်းကြီးကျောင်းတခုမှ စာသင်ခန်းတွင် သင်ကြားနေသော ဆရာမနှင့် ပညာသင်ယူနေသော ကျောင်းသားများကို ရိုက်ကူးထားသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
အခြေခံပညာ မူလတန်း၊ အလယ်တန်း အောင်မြင်ပြီး အထက်တန်း အဆင့်ကို ရောက်ရှိလာတဲ့ ကျောင်းသူ ကျောင်းသားတွေဟာ အရည်အချင်း ညံ့ဖျင်းလွန်းတာကြောင့် အခုလို ၁၀ တန်း အောင်မြင်မှု ရာခိုင်နှုန်း ကျဆင်းသွားခဲ့ရတာ ဖြစ်ကြောင်း၊ ကျောင်းဆရာ၊ ဆရာမတွေက အစိုးရ စာသင်ကျောင်းတွေမှာ ပညာတတ်မြောက်အောင် သင်မပေးတော့ဘဲ အိမ်မှာ ဖွင့်လှစ်နေထားတဲ့ ကျူရှင်တွေမှာဘဲ အဓိကထား သင်ပြနေကြတဲ့ အတွက် သူတို့မှာ အဓိက တာဝန်ရှိကြောင်း ပန်းဘဲတန်း မြို့နယ်က ကျူရှင်ဆရာ တဦးက ပြောပါတယ်။ ဒါပေမယ့် ၀ါရင့် ကျောင်းဆရာ တဦး ကတော့ အခြေခံ အဆင့်က စလို့ တက္ကသိုလ် အဆင့်မြင့် ပညာရေး အထိ မြန်မာနိုင်ငံရဲ့ ပညာရေး စနစ် ချွတ်ခြုံကျ ပျက်စီးသွားခဲ့ရတာကို ကျူရှင် ဆရာတွေကို အပြစ်တင်တာ၊ ကျောင်းဆရာတွေကို ကျူရှင် မသင်ရ တားမြစ်တာ စတဲ့ ဆေးမြီးတို နည်းလမ်းတွေနဲ့ ဖြေရှင်းလို့ မရဘဲ၊ ရေရှည် စီမံကိန်း ချမှတ်ပြီး ပြုပြင်သွားရမှာ ဖြစ်တယ်လို့ ထောက်ပြ ပြောဆိုပါတယ်။ ဒီအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

ယာယီနိုင်ငံကူးလက်မှတ် ဘန်ကောက် မြန်မာသံရုံးမှာ သက်တမ်း တိုးနိုင်ပြီ

2011-07-06
ထိုင်းနိုင်ငံကို ရောက်နေပြီး မကြာခင် သက်တမ်း ကုန်ဆုံးတော့မယ့် မြန်မာ ရွှေ့ပြောင်း အလုပ်သမား တွေရဲ့ ယာယီ နိုင်ငံကူး လက်မှတ်တွေကို ဘန်ကောက်ရှိ မြန်မာသံရုံး အပါအဝင် ရနောင်းရှိ ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးမှာ သွားရောက် သက်တမ်း တိုးခွင့်ရှိတယ်လို့ RFA က စုံစမ်းသိရပါတယ်။
(Photo: RFA)
မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် စစ်အစိုးရက တရားဝင် ထုတ်ပေးသော ယာယီ နိုင်ငံကူးလက်မှတ် (ပတ်စပို့) ဖြစ်ပါသည်။ (Photo: RFA)
၂၀၀၈ ခုနှစ်က ယာယီနိုင်ငံကူး လက်မှတ် စတင် ကိုင်ဆောင်ပြီး ထိုင်းနိုင်ငံ အတွင်း အလုပ် လုပ်ကိုင်နေသူတွေဟာ အခု ဇူလိုင်လမှာ သက်တမ်း ကုန်သွားတဲ့ နိုင်ငံကူး လက်မှတ် အတွက် နောက်ထပ် ၃ နှစ်စာ သက်တမ်း တိုးရာမှာ သွားလာရေး အဆင်ပြေအောင် အခုလို စင်တာ၂ ခု ဖွင့်ထားတာ ဖြစ်ကြောင်း ဘန်ကောက် မြန်မာ သံရုံးက ဝန်ထမ်း တဦးက ပြောပါတယ်။ ဒီလို သက်တမ်းတိုးဖို့ အတွက် ထိုင်းဘတ်ငွေ ၄၅၀ ကုန်ကျမှာ ဖြစ်ပါတယ်၊ ဇူလိုင်လ ၁ ရက်နေ့ကနေ စတင်ပြီးတော့ အလုပ်သမားတွေရဲ့ အသစ် လုပ်မယ့် နိုင်ငံကူး လက်မှတ် သက်တမ်းကိုတော့ ၆ နှစ် တခါတည်း ပေးမယ်လို့ မြန်မာ အစိုးရက ဆိုပါတယ်။ မြန်မာ ယာယီ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ပြီး ထိုင်းနိုင်ငံ အတွင်း အလုပ် လုပ်ကိုင်နေသူ အရေအတွက်ဟာ ၅ သိန်း ဝန်းကျင်မှာ ရှိနေပြီး၊ ယာယီ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ခွင့် ရဖို့ လျှောက်ထားသူ အရေအတွက်ဟာ ၃ သိန်း ဝန်းကျင် ကျန်ရှိနေပါသေးတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကစလို့ ယခုလ ၁၄ ရက်နေ့ အထိ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေကို မှတ်ပုံတင်ခွင့် ထိုင်းအစိုးရက ဖွင့်လှစ်ပေးခဲ့တဲ့ အတွက် ဒီအလုပ်သမားတွေ ဟာလည်း အလုပ်သမား ဘတ်လက်မှတ် ရရှိပြီးပြီဆိုရင် ယာယီ နိုင်ငံကူး လက်မှတ်ကို ဆက်လက် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

Wednesday, July 6, 2011

စာရွက်ပေါ်မှ စီမံချက်များ

တစ်နေ. တပ်ကြပ်ကြီးစာရေး ဘဦးတစ်ယောက် နံနက်တန်းစီးပြီးရုံးသို. ဦးတည်လာခဲ့ပါပြီ..။ စိတ်အတွင်းမှလဲ ဒီနေ.တော့ ဘာစီမံချက်တွေများလာအအုံးမလဲမသိပါဘူး..ဟူသော အတွေးကလေးနှင့် ရုံးခန်းသို.ရောက်ရှိလာခဲ့ပြီ..။ဘဦးတို.တပ်ခွဲလေးမှာ စစ်ဆင်ရေးကွပ်ကဲမှု.ဌာနချုပ် ၏ တွဲဘက်တာဝန်ဖြစ်သောကြောင့်၎င်း တပ်မတော်၏ တပ်အင်အားခွဲတမ်းလိုအပ်ချက်ကြောင့်၎င်း တပ်ခွဲတွင် အင်အားမပြည့်မှီပေ။ ထို.ကြောင့် တကြပ်ကြီးစာရေး ဘဦးတို.တပ်ခွဲတွင် လူဦးရေ ၃၅ ဦးသာ ရှိသည့်ကြားမှ ခွင့်မဲ့ပျက်ကွက် /သင်တန်း/တပ်မလုပ်အားပေးတာဝန်များကိုခွဲဝေပေးရသောကြောင့် ရုံးလုပ်ငန်းအတွက် စားပေးစာယူ ဆိုရင်လဲ ဘဦး သန်.ရှင်းရေးဆိုလျှင်လဲဘဦး ရုံးအကူဆိုရင်လဲ ဘဦး  ၊ဦး/ရေး/ထောက် ကိုင်သည့် ရုံးအုပ်ဆိုရင်လဲ ဘဦးသာဖြစ်ပါသည်။ သို.သော် ဘဦးမှာ တပ်ကြပ်ကြီးစာရေး တတိယတန်း ဖြစ်သည့်အားလျှော်စွာ ကြိုးစားပြီးလုပ်ဆောင်နေရသည်မှာလဲ ဘဦးအတွက် အခက်အခဲတစ်ခုသာဖြစ်ပါသည်။
တပ်မဌာနချုပ်တွင် ကြေးနန်းစာများယူရန်  ဘဦးတစ်ယောက် ယူနီဖေါင်းကို သေချာသပ်ရပ်စွာဝတ်ဆင်ပြီး တပ်မဌာနချုပ်သို.သွားလေပြီ။ တပ်မဌာနချုပ် ဆက်သွယ်ရေး ကြေးနန်းဌာနမှာ မိမိတပ်အတွက် ကြေးနန်းများကိုလက်မှတ်ထိုး ထုတ်ယူခဲ့ပြီး တပ်ခွဲမှူး ဗိုလ်မှူးထံတင်ပြ ပြီး လုပ်ဆောင်ရန် ဖြစ်သော တပ်ခွဲ စိုက်ပျိုးရေး/မွေးမြူရေးနှင့်ပါတ်သက်သော စီမံချက်များကို မူကြမ်းရေးသားရပါပြီ။ ရော်ဘာစိုက်ပျိုးရေးစီမံချက် /ပဲဇင်းငုံစိုက်ပျိုးရေးစီမံချက်/စပါးစိုက်ပျိုးရေး စီမံချက် စသော စီမံချက်ပေါင်းများစွာ သည် ဘဦး၏  ဦးဏှောက်ကိုရှုပ်ထွေးစေပါပြီ။ ဘဦးမှာ တပ်ထဲမ၀င်ခင်က စိုက်ပျိုးရေးကိုဘာမှမသိနားမလည် ။ ခုတော့ စာရွက်ပေါ်တွင် စီမံချက်ချကာ စိုက်ပျိုးရေးလုပ်ရပေတော့မည်။ တပ်ခွဲတစ်ခွဲအတွက် စပါးစိုက်ပျိုးရေးစီမံချက်အတွက် ဧက (၅၀) ဆိုတော့ ဘဦးတို.တပ်ဧရိယာအကျယ်အ၀န်းမှာ ၅၂ ဧကသာ ရှိပြီး တောင်ကုန် ကုန်မြင့်များသာ ထိုမြေလွတ်များတွင်လဲ ပဲဇင်းငုံ နှင့် ရော်ဘာပင်များက ချို.တဲ့စွာရှင်သန်နေကြရတာကလဲ တပ်ခွဲမှ ရဲဘော်များ၏ ချွေးများကြောင့်သာ။
ဒီတော့ အခြားသော နေရာများတွင် စီမံချက်ထဲထည့်သွင်းရန် မြေနေရာကို မြေပုံတွင်ရှာဖွေပြီး မြေပုံအမှတ် များထည့် သုံးရမည့် လူအင်အားအရေအတွက် ထွန်ယက်မည့်နွား စိုက်ပျိုးမည့်စပါး အမျိုးအစား မှစပြီး တစ်ဧက ထွက်နှုန်း မည်မျှခန်.ရှိသည်အဆုံး လယ်လုပ်ကိုင်သော ရွာသားများထံသွာရောက်အင်တာဗျူးပြီး မှတ်စုစာအုပ်တွင်ရေးမှတ်ကာ တပ်ခွဲရုံးခန်းအတွင်း အိုလံပီယာ လက်နှိပ်စက်လေးနှင့်အတူ စိုက်ပျိုးရေးစီမံချက်ကိုလုပ်ဆောင်ပါပြီ..။ဒီလိုနှင့် ဘဦး ရဲ. စာရွက်ပေါ်က စိုက်ပျိုးရေးစီမံချက် လေးပြီးဆုံးသွားပါပြီ ပို.ဆောင်ရမည့်နောက်ဆုံးရက်မတိုင်ခင် စာအုပ်ချုပ်ကာ ပေးပို./မိတ္တူ /လက်ခံ အတွက်လုပ်ဆောင်ပြီး ကျန်ရှိနေသေးသော လုပ်ငန်းဆောင်တာများကို ဆက်လက်လုပ်ကိုင်ရပြန်ပါပြီ။ စီမံချက်များ များလေ ဘဦးတစ်ယောက် စာရွက်ပေါ်တွင် အဆင်ပြေစေရန် မူကြမ်းရေး တပ်ခွဲမှုးမှ အတည်ပြုလိုအပ်လျှင်ပြင်ဆင်  ပြီး စာအုပ်ချုပ် ခွဲမှူးလက်မှတ်ထိုး အထက်ဌာနသို.ပို. နေရသည်မှာ တပ်ကြပ်ကြီးစားရေများအဖို.ရိုးအီလှသော လုပ်ငန်းတာဝန်သာဖြစ်ပေသည်။
ဒီကြားထဲ ခွင့်မဲပျက်ကွက်များ /စစ်သည် များရဲ လက်ထပ်ခွင့် /ဒါဘာလို.ခေါ်သော အမျိုးသမီးစည်းကော် /ဆယ်မျိုးဆယ်ဘောင် စသော အခြေခံအုပ်ချုပ်မှု. လုပ်ငန်းဆောင်တာများကိုလဲ ခွဲမှူးနှင့်အတူ ကူညီပြီလုပ်ဆောင်ရသည်မှာလဲ ရုံးလုပ်ငန်းတာဝန်သာဖြစ်ပြန်သည်။
သို.သော် တကယ်မဟုတ်သည့် စာရွက်ပေါ်မှ စီမံချက်များကြောင့် ဘဦးတစ်ယောက် အချိန်ကုန် လူပန်း ခေါင်းခြောက်ရသလို ခွဲမှူးကိုယ်တိုင်မှာလဲ ဘဦးထက်ဆိုးလှပါသည်။ အမှန်တကယ် လုပ်ဆောင်ရန်မဖြစ်နိုင်သော်လည်း စာရွက်ပေါ်တွင်လုပ်ဆောင်နေရခြင်းကို တပ်ခွဲမှူးကိုယ်တိုင်လဲ သဘောမကျပေ သို.သော် တာဝန်သည်တာဝန်သာဖြစ်ပြီး ရေဗူးပေါက်တာမလို ရေပါအောင်ဖြည့်ပေးလိုက်ခြင်းသာ ဖြစ်ပေသည်။
တပ်ခွဲရိက္ခာတင်တောင်ခြင်း လစာတင်တောင်ခြင်း စသော စစ်ထောက်ဆိုင်ရာလုပ်ငန်းများတွင်လဲ လိမ်ညာရသည်ကများလှပါသည်။ ခွင့်မဲ့ပျက်ကွက်များသော်လည်း ချက်ချင်းတင်မရသေး အခြေအနေစောင့်ကြည့်ပြီးမှသာ တင်ရခြင်းသာ ဖြစ်ပါတယ်။ ဒီကြားထဲ တပ်တွင်း အုပ်ချုပ်မှု.ဖြစ်စဉ် စစ်ရေးနှင့်ဆိုင်သော စစ်သည်အချင်းချင်း ခိုက်ရန်ဖြစ်ပွား ၊အခြားသောတပ်မှ စစ်သည်များနှင့် ခိုက်ရန်ဖြစ်ပွားမှု.များကလဲ တစ်လတွင် နှစ်ကြိမ် သုံးကြိမ် ကအနည်းဆုံး သာ...ဒီလို ရုံးလုပ်ငန်းတွေ နှင့်လုံပန်းရင်း ဘဦးတစ်ယောက် အမျိုးသမီးစည်းကော်အတွက် စီမံချက်တစ်စောင် မူကြမ်းရေးရပြန်ပါပြီ။တပ်ခွဲမှ ထောက်ပံ့ခြင်းမထောက်ပံ့ခြင်းအသာထား ၊ တကယ်စိုက်ခြင်းမစိုက်ခြင်းအသာထား၊တကယ်လုပ်ခြင်းမလုပ်ခြင်းအသာထား ဟုတ်သည်ဖြစ်မဟုတ်သည်ဖြစ်စေ စာရွက်ပေါ်တွင်အဆင်ပြေစေရန် ဘဦးတစ်ယောက် လုပ်ဆောင်ပေးရခြင်းကို တပ်ခွဲမှူး လဲသိပါသည်။ ဒီစီမံချက်တွေကို တင်ပေးလိုက်သော်လည်း အထက်ဌာနမှ သက်ဆိုင်ရာအကြီးအကဲများလဲသိပါသည် ။အမှန်တကယ်လာရောက်စစ်ဆေးလျှင်လဲ ပြဿနာမရှိ ဖြစ်ရုံသာလုပ်ဆောင်ပြထားလျှင်အိုကေပြီ။ အထက်လူကြီးများကလဲဒီလိုနားလည်မှု.ပေးထားသော်လည်း ယခုကဲ့သို. စာရွက်ပေါ်ကစီံမံချက်များကို လုပ်ဆောင်နေရသော သူများအဖို. လိပ်ပြာမလုံလှပေ။ထို.အတူအမှန်တကယ် စီမံချက်များကို လုပ်ဆောင်ရန်လဲ ကြီးမားသောအခက်အခဲအခဲတစ်ခု ဒီတော့ ဘာပဲဖြစ်ဖြစ် ယခုကဲ့သို. စာရွက်ပေါ်မှ စီမံချက်များကို တော့ လစဉ်ပြုလုပ်ပေးနေရသည်မှာလဲ ဘဦးအပါအ၀င်  ရုံးလုပ်ငန်းလုပ်ဆောင်နေသော တပ်မတော်သားအများစု သိရှိကြမည်သာဖြစ်ပါသည်။
မည်သို.ဆိုစေ မြန်မာ့တပ်မတော်အတွင်းတွင် စာရွက်ပေါ်မှ စီမံချက်များ ကတော့ ဆက်လက်တည်ရှိနေအုံးမည်သာ ဖြစ်ပါတော့သည်။


မင်းလွမ်းနောင်

နိုင်ငံကူးလက်မှတ်ရုံး လုံခြုံရေး တင်းကြပ်၊ လုပ်ဆောင်သူများ အခက်အခဲကြုံ


Tuesday, 05 July 2011
နိုင်ငံကူးလက်မှတ်ရုံး လုံခြုံရေး တင်းကြပ်၊ လုပ်ဆောင်သူများ အခက်အခဲကြုံ
ခင်နှင်းလွင်၊ ရန်ကုန်
ဇူလိုင် ၆၊ ၂၀၁၁
ပန်းဆိုးတန်းလမ်းမှ နေရာသစ်သို့ ပြောင်းရွှေ့သွားသည့် မြန်မာနိုင်ငံကူးလက်မှတ်ရုံးတွင်းသို့ ၀င်ထွက်ရာတွင် လုံခြုံရေးတင်းကြပ်မှုကြောင့် အချိန်ကြာမြင့်စေပြီး လုပ်ဆောင်သူများ အနေဖြင့် အခက်အခဲတွေ့ကြုံနေရသည်ဟု နိုင်ငံကူးလက်မှတ်လုပ်ဆောင်သူများက ပြောသည်။

ယခင် ပန်းဆိုးတန်း အောက်ဘလောက်ရှိ နိုင်ငံကူးလက်မှတ်ရုံးအား ယခုလ ၁ ရက်နေ့မှစတင်ပြီး

ကချင်ပြည်နယ်ဝန်ကြီး​၏ ကိုယ်စား​လှယ်များ​ကို ​ကေအိုင်အို ​တွေ့​ဆုံ

Published on July 6, 2011 by ​အေး​နိုင်   ·   No Comments
ကချင်ပြည်နယ်အတိုင်ပင်ခံအဖွဲ့ ​ဥက္ကဋ္ဌ ဦး​ဆင်ဝါး​နော်နဲ့​ အတွင်း​ရေး​မှူး​တို့​ နှစ်ဦး​ဟာ ဒီက​နေ့​ တရုတ်-မြန်မာနယ်စပ်က ​ကေအိုင်အိုဌာနချုပ် လိုင်ဇာကို ​ရောက်ရှိလာပြီး​ ​ကေအိုင်အို​ခေါင်း​ဆောင်​တွေကို ​တွေ့​ဆုံခဲ့ပါတယ်။
ကချင်ပြည်နယ်လုံခြုံ ​ရေး​နဲ့​ နယ်စပ်​ရေး​ရာဝန်ကြီး​ ဗိုလ်မှူး​ကြီး​ သန်း​အောင် ​ပေး​လိုက်တဲ့​စာကို ယူလာပြီး​ 

အ​ဆောင်သူကို မုဒိမ်း​ကျင့်​မှုဖြင့် ​ဘော်ဒါ​ဆောင်ပိုင်ရှင် စွပ်စွဲခံရ

Published on July 6, 2011 by ရွှေအောင်   ·   No Comments
စစ်ကိုင်း ​တိုင်း​ စစ်ကိုင်း​မြို့​မှာ ​ဘော်ဒါ​ဆောင်ပိုင်ရှင် ဆရာဝန်တဦး​ဟာ အရွယ်မ​ရောက်​သေး​တဲ့​ အ​ဆောင်​နေ ဆယ်တန်း​ကျောင်း​သူကို မုဒိမ်း​ပြုကျင့်​တယ်လို့​ စွပ်စွဲခံရပြီး​ ဖမ်း​ဆီး​စစ်​ဆေး​ခံ​နေရပါတယ်။
စစ်ကိုင်း​ မြို့​ ရွာ​ထောင်ရပ်မှာ ဖွင့်​ထား​တဲ့​ ဒီအီး​စီ ပုဂ္ဂလိက ​ဘော်ဒါ​ဆောင်ပိုင်ရှင် အသက် (၅၀) ခန့်​အရွယ် ​ဒေါက်တာ ​ဇော်​လေး​ စွပ်စွဲခံရတာဖြစ်ပြီး​ ရဲက ဖမ်း​ဆီး​စစ်ဆေး​နေတာပါ။
သူဟာ သူ့​အ​ဆောင်က ၁၆ နှစ်ဝန်း​ကျင် အ​ဆောင်သူ ဆယ်တန်း​ကျောင်း​သူကို ပြီး​ခဲ့​တဲ့​စ​နေ​နေ့​ ​ဆေး​ခန်း​လိုက်ပို့​ပြီး​အပြန်မှာ မင်း​လမ်း​က စံတည်း​ခိုခန်း​ကို မြူဆွယ်​ခေါ်ယူပြီး​ ပြုကျင့်​တာလို့​ စွပ်စွဲခံထား

နှိပ်စက်ခံရသူ ၉ နှစ်အရွယ် က​လေး​ငယ်အတွက် ​ရှေ့​နေ မရှိ၊​ ​ဆေး​ဖိုး​မရှိ

Published on July 6, 2011 by နော်နိုရင်း   ·   No Comments
ဧရာဝတီတိုင်း ​ ဟင်္သာတမြို့​မှာ လျှပ်စစ်မီး​ပူနဲ့​ ထိုး​တာအပါအဝင် အပြင်း​အထန် နှိပ်စက်ခံရပြီး​ ဒဏ်ရာ​တွေနဲ့​ ​ဆေး​ရုံတက်ရတဲ့​ ကိုး​နှစ်အရွယ် မိဘမဲ့​ က​လေး​ငယ်​လေး​ဟာ ​ဆေးဖိုး​မတတ်နိုင်လို့​ ဟင်္သာတ​ဆေး​ရုံက ဆင်း​ခဲ့​ရပါတယ်။
ဟင်္သာတမြို့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ်အပါအဝင် ဘယ်အဖွဲ့​အစည်း​ကမှ က​လေး​ရဲ့​ အခက်အခဲကို ဝင်​ရောက် မ​ဖြေရှင်း​ပေး​သေး​သလို ​ရှေ့​နေမရှိ​သေး​ဘူး​လို့​ နယ်​မြေအ​ခြေစိုက် လူ့​အခွင့်​အ​ရေး​သမား​တွေက

ဆန္ဒပြပွဲဖြစ်ခဲ့​သည့်​ လှိုင်သာယာက ဆံပင်တုစက်ရုံ ပိတ်လိုက်ပြီ

Published on July 6, 2011 by နေသွင်   ·   No Comments
ဒီနှစ်ဆန်း ​ပိုင်း​က ဆန္ဒပြမှုဖြစ်ခဲ့​တဲ့​ လှိုင်သာယာစက်မှုဇုန်ထဲက ကိုရီး​ယား​ပိုင် ဂလိုဘယ်ဟဲ (Global Hair) ဆံပင်တုစက်ရုံကို ဒီလဆန်း​ကစပြီး​ လုံး​ဝ ပိတ်လိုက်တယ်လို့​ အလုပ်သမား​တွေက ​ပြောပါတယ်။
လှိုင်သာယာစက်မှုဇုန် အလုပ်သမားများ (ဓာတ်ပုံ-ဒီဗွီဘီ)
ဒီလဆန်း​ ပိုင်း​ကတည်း​က ​အော်ဒါမရလို့​ဆိုပြီး​ စက်ရုံကို ၄ ရက်ပိတ်ထား​ပြီး​ အခုလ ၅ ရက်​နေ့​၊​ အင်္ဂါ​နေ့​မှာ

မှန်လုံကားပေါ်မှဖမ်းဆီးခေါ်ဆောင်ခံရသူ ၁၀ ဦးပြန်လွတ်လာပြီ

July 6th, 2011 ဂျူရီချိုင်း – မှန်လုံယာဉ်နှစ်စီးမီးရှို့ဖျက်ဆီးပြီးနောက် လွန်ခဲ့သည့်ဇူလိုင်လ ၂ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်ခံသွားရသူ ၁၀ ဦးစလုံးပြန်လွတ်လာခဲ့ကြောင်း ထားဝယ်-ရန်ကုန်

ဟိုပင်မြို့ဘူတာရုံအနီး ဗုံးပေါက်ကွဲ

ကချင်ပြည်နယ် ဟိုပင်မြို့ဘူတာရုံ အနီးတွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရထား သံလမ်းများ ပျက်စီး သွားသည်ဟု ဒေသခံများက ပြောသည်။

ဟိုပင်ဘူတာရုံ၏ မြောက်ဖက် ကိုက်လေးဆယ်ခန့် အကွာရှိ သံတံတားအနီးတွင် ယမန်နေ့ ည ၈

မြန်မာအတိုက်အခံများ စိတ်ပူစရာ ထိုင်းအစိုးရသစ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။        ။ ဒီမိုကရေစီ လိုလားသော မြန်မာအတိုက်အခံများက ၎င်းတို့အပေါ် ထားရှိမည့် ထိုင်းနိုင်ငံ အစိုးရသစ်၏ မူဝါဒကို စိတ်မအေးနိုင်ကြသလို၊ ၎င်းတို့၏ မိတ်ဆွေများကလည်း စိုးရိမ်မှု

Monday, July 4, 2011

အောက်ခြေမှာ စစ်အုပ်ချုပ်ရေးအတိုင်း ဆက်ဖြစ်နေဟု ဦးအေးလွင်ပြော

Published on July 4, 2011 by ​အေး​နိုင်   ·  ဒီဗွီဘီမှကူးယူဖော်ပြသည်
အောက်ခြေအာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်တွေဟာ စစ်အုပ်ချုပ်ရေးပုံစံအတိုင်း ဖြစ်နေပြီး သမ္မတဦးသိန်းစိန်အစိုးရကလည်း အပြောင်းအလဲလုပ်ဖို့ ပျက်ကွက်နေတယ်လို့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်က ပြောပါတယ်။
ဦးအေးလွင် (ဓာတ်ပုံ-အေအက်ဖ်ပီ)
သူတို့ပါတီဝင်တွေ ဧရာဝတီတိုင်းမှာ ပါတီစာစောင်ဖြန့်ဝေရေးအတွက် သွားရောက်ရာ လမ်းတလျှောက်မှာ အောက်ခြေအာဏာပိုင်တွေက ဧည့်စာရင်းစစ်တာ၊ တားမြစ်နှောင့်ယှက်တာတွေရှိသလို ပါတီထုတ်စာစောင်တွေကို ဖြန့်ဝေရာမှာ အနှောင့်အယှက်မျိုးစုံ ကြုံတွေ့နေရတယ်လို့

ခရမ်းမြို့နယ်က မတရားရုံး

Published on July 4, 2011 by ဒီဗွီဘီ   ·   2 Comments
ခရမ်းမြို့နယ် တရားသူကြီး ဦးပန်းစိန်ဟာ တရားစီရင်ရာမှာ ငွေကြေးတွေ ရယူပြီး မမှန်မကန် ပြုလုပ်နေလို့ ငွေကြေးတတ်နိုင်သူတွေအတွက် လွှတ်တော်ရုံးဖြစ်ပြီးတော့ ငွေကြေးမတတ်နိုင်သူတွေအတွက်တော့ မတရားရုံးဖြစ်နေတယ်လို့ ပြည်သူတွေက ခေါ်ဝေါ်နေကြပါတယ်။
ဦးပန်းစိန်ဟာ ငွေကြေးရရှိတဲ့ အမှုတွေဆိုရင် ပြစ်ဒဏ်ကို လျှော့ပေါ့ပြီးတော့ ငွေကြေး မရရှိတဲ့သူတွေဆိုရင် ကြီးလေးတဲ့ ပြစ်ဒဏ်တွေကို ချမှတ်ခဲ့ပါတယ်။ သာဓက ပြောရရင် ဇွဲကပင်ချောင်းအတွင်းမှာ ငါးဖမ်းသူ စိုမြင့်ကို ငွေကြေး မရရှိတဲ့အတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။ ပုဒ်မ ၃၇ ယာဉ်တိုက်မှုကို တရားခံဘက်မှ ငွေကြေးရရှိတဲ့အတွက် လွှတ်ပေးခဲ့ပါတယ်။ ပုဒ်မ ၃၇၆ မုဒိမ်းမှုကိုလည်း ငွေကြေးရရှိတဲ့အတွက် လွှတ်ပေးခဲ့ပါတယ်။
ဦးပန်းစိန်ဟာ ရှေ့နေမြင့်ဇော်နဲ့ ပေါင်းပြီး အမှုသည်တွေကို ငွေကြေးရယူပြီးတော့ အနိုင်ပေးပါတယ်ခင်ဗျ။ တရားခံဆီက ငွေကို ရှေ့နေ ဦးဝင်းထွန်းကတဆင့် လက်ခံပြီးတော့ တရားခံကို ပြစ်ဒဏ်ချမှတ်တဲ့အတွက် ဦးဝင်းထွန်းက အထက်ဌာနကို တိုင်မယ်ပြောတဲ့အခါမှ ဦးပန်းစိန်က ရုံးခန်းမှာ ခေါ်ယူဆွေးနွေးပြီးတော့ မတိုင်ဖို့ အဆင်ပြေအောင် ဆောင်ရွက်ပေးမယ် ပြောပြီး နောက်ပိုင်းမှာ ဦးဝင်းထွန်းလိုက်တဲ့ အမှုသည်တွေကို အနိုင်ပေးပါတယ်ခင်ဗျ။
တရားဥပဒေ စိုးမိုးရေးကို နိုင်ငံတော်က အဓိက ထားနေပေမယ့် တရားစီရင်ရာမှာ ငွေကြေးမျက်နှာတခုတည်းကြည့်တဲ့ အကျင့်ပျက်မြို့နယ် တရားသူကြီး ဦးပန်းစိန်ကို သက်ဆိုင်ရာက ထိရောက်စွာ အရေးယူပေးဖို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။
ခရမ်းပြည်သူတဦး

ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအကျော့ မွန်ဂိုလီးယားကို မြန်မာနိုင်

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် ယမန်နေ့က ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပသည့် ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲ ဒုတိယ အကျော့ပွဲစဉ်တွင် မွန်ဂိုလီးယား လက်ရွေးစင် ဘောလုံးအသင်းကို ၂ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ဂိုးများကို ဒုတိယပိုင်း ၆၁ မိနစ်တွင် ပိုင်စိုးကလည်းကောင်း၊ ဒုတိယ အနိုင်ဂိုးကို ၈၈ မိနစ်တွင် မိုင်းအိုက်နိုင် က လည်းကောင်း သွင်းယူခဲ့ခြင်းဖြစ်သည်။ ပထမအကျော့ ပွဲစဉ်တွင် မြန်မာက မွန်ဂိုလီးယား အသင်းအား(၁-၀)ဂိုးဖြင့် ရှုံးနိမ့်ထား သည်။ ထိုရှုံးနိမ့်မှုကြောင့် နည်းပြချုပ် မီလန် ဇီဗာဒီနိုဗစ်အား ထုတ်ပယ်ခဲ့ပြီး အုပ်ချုပ်သူအဖြစ် ဦးတင်မြင့်အောင်၊ နည်းပြချုပ် အဖြစ် ဦးဆန်းဝင်းတို့အား ခန့်အပ်ခဲ့သည်။

စစ်တိုင်းမှူးများ အပြောင်းအလဲလုပ်

E-mail Print
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က လက်ရှိ စစ်တိုင်းကြီးများအား တာဝန်ယူနေသည့် တိုင်းမှူးများကို ပြီးခဲ့သည့် သောကြာနေ့က နေရာ အပြောင်းအလဲ ပြုလုပ်လိုက်ကြောင်း နေပြည်တော် စစ်ဘက် အသိုင်းအ၀န်းမှ သိရသည်။

General-Min-Aung-Hlaing-Mar-30-11
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ဓာတ်ပုံ - Getty Images)
ထိုပြောင်းလဲမှုတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းနေလင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မောင်ဝင်းတို့ ပါဝင်ကြောင်း စစ်ဘက်နှင့် နီးစပ်သူ တဦးကပြောသည်။

“ကာချုပ်က အသစ်ဆိုတော့ သူထားချင်တဲ့ သူတွေကိုအဲဒီနေရာမှာထားဖို့လုပ်တာ၊ ဘာအကြောင်းပြချက်မှမပေးဘူး”ဟု ၎င်းကဆို သည်။

ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော်၌ ပြုလုပ်ခဲ့သည့် စစ်တပ် လေးလပတ် အစည်းအဝေးတွင်

ဒေါ်အောင်ဆန်းစုကြည် ပုဂံခရီးစဉ် တိုက်ရိုက်တင်ဆက်မှု

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံမြို့ဟောင်း ခရီးစဉ်နှင့် ပတ်သက်ပြီး မဇ္ဈိမက အချိန်နှင့် တပြေးညီ သတင်းထုတ်ပြန်သွားမည် ဖြစ်ပါသည်။

ဒေါ်စုကို ပန်းစည်းမကမ်းရန် ညွှန်ကြား
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၇ နာရီ ၀၅ မိနစ်
ပုဂံနှင့် ညောင်ဦး ဘုရား၊ စေတီပုထိုးများသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖူးမျှော်လျှင် ဘုရားဂေါပက အဖွဲ့ဝင်များ ကြိုဆိုခြင်း၊ ပန်းစည်းကမ်းခြင်း မပြုရန် ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားသည်။

“ဘုရားလူကြီးတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဘုရားဖူး တက်လာရင် ပန်းစည်းပေးတာတို့၊ ကြိုဆိုတာတို့ မလုပ်ရဘူးလို့ ပြောတယ်။ ကျနော်တို့ ဈေးသည်တွေတော့ မပေးနဲ့ ဘာညာ ပြောမထားဘူး” ဟု ညောင်ဦးရှိ
 ရွှေစည်းခုံ စေတီမုခ်ဦးတွင် ပုဂံအမှတ်တရ လက်ဆောင်များ ရောင်းနေသည့် ဈေးသည်တဦးက မဇ္ဈိမကို ပြောသည်။
ညောင်ဦးဈေးသည်များ ပန်းစည်းဖြင့် ကြို
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၇ နာရီ ၀၅ မိနစ်
ဒေါ်အောင်ဆန်းစုကြည်သည် တနင်္လာမနက်ပိုင်းတွင် ပုဂံ၊ ညောင်ဦးသို့ ဘုရားဖူးခရီးစဉ် ရှိကြောင်း ပြည်ပအခြေစိုက်
 ရေဒီယို သတင်းဌာနများမှတဆင့်သာ ညောင်ဦးမှ ဈေးသည်များ ကြားသိရပြီး၊ ယနေ့မနက်တွင် ပုဂံရှိ မနူဟာ ဘုရားပေါ်၌ ပန်းစည်းများနှင့် သွားရောက် စောင့်ဆိုင်းခဲ့ကြသည်။

“ဒီနေ့ နေ့လည် ၂ နာရီလောက်ထိ သွားစောင့်သေးတယ်။ မလာတာနဲ့ ပြန်လာတာ။ မနက်ဖြန် သွားပြီး
 ပြန်စောင့်ကြမယ်။ ပန်းစီးတွေ ပေးကြမယ် ပြောတယ်။ ရုပ်ရှင်မင်းသား မင်းသမီးတွေက ကြည့်ရတာ လွယ်တယ်။ ကျမတို့ ဗိုလ်ချုပ်သမီးက တသက်မှာ တခါကြည့်ရဖို့ မလွယ်ဘူး။ မြင်ဘူးချင်လွန်းလို့” ဟု အင်္ဂါနေ့တွင် ဘုရားဖူးလာမည့် ဒေါ်အောင်ဆန်းစုကြည်ကို ပန်းစည်းဖြင့် ကြိုဆိုမည့် ညောင်ဦးဈေးသည် တဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား တွေ့လိုကြသည့် ပခုက္ကူ၊ ပွင့်ဖြူ၊ ချောက်၊ ကမ္မ၊ ကျောက်ပန်းတောင်း စသည့် မြို့နယ်များမှ NLD အဖွဲ့ဝင်အချို့လည်း ပုဂံနှင့် ညောင်ဦးသို့ လာရောက် စောင့်ဆိုင်းနေကြသည်။

“ ဒီနေ့ ချောက်ကလာတဲ့ လူငယ်အဖွဲ့ဝင် ၃ ဦးကို ဒေါ်စုတည်းတဲ့ ဟော်တယ်နဲ့ သိပ်မဝေးတဲ့ ပုဂံ ဝါးကျောင်းမှာ ဆရာတော်ကို သွားလျှောက်တော့ ဆရာတော်က အာဏာပိုင်တွေ လာရစ်မှာကို မခံနိုင်လို့ လက်မခံရဲဘူး ပြောလို့ အခု တည်းခိုခန်းမှာ ငှားပေးလိုက်ရတယ်” ဟု ညောင်ဦးမြို့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင် တဦးက ဆိုသည်။

ပုဂံရောက် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရှိရန် အားခဲနေကြသည်ဟု မြို့ခံများက ပြောသည်။
ဟိုတယ်တွင် အနားယူ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၂ နာရီ ၃၃ မိနစ်
ပုဂံသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ဘုရားဖူးထွက်မည် မဟုတ်ဘဲ ဟိုတယ်တွင်ပင် အနားယူမှာဖြစ်ကြောင်း ခရီးစဉ်တွင် ကြိုဆိုရေး လုပ်ဆောင်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တဦးက
 ပြောသည်။
နိုင်ငံရေးအကျဉ်းသား မိသားစုများ ဒေါ်စုနှင့်တွေ့မည့် အစီအစဉ်ဖျက်
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၁၅ မိနစ်
ဘုရားဖူးလာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့် အစီအစဉ်အား ပုဂံအနီးတဝိုက်ရှိ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်များက ဖျက်သိမ်းလိုက်သည်။

“အန်တီစု အနားယူနေတဲ့အချိန်ကို အနှောင့်အယှက်ပေးရာ မကျအောင် မတွေ့တော့ဘူးလို့ ဆုံးဖြတ်လိုက်တာပါ။ အစက တွေ့ဖို့ ရည်ရွယ်ပြီး လာခဲ့ကြတာ” ဟု ညောင်ဦးမြို့နယ်မှ ထောင်ဒဏ် ၅ နှစ် ကျခံနေရသည့် ဦးဇော်ဇော်၏ ဇနီး ဒေါ်ဋ္ဌေးက မဇ္ဈိမကို ပြောသည်။

တွေ့ဆုံလိုသူများမှာ ၂ဝဝ၉ စက်တင်ဘာနှင့် အောက်တိုဘာအတွင်း မန္တလေးတိုင်း ကျောက်ပန်းတောင်း၊ မြင်းခြံနှင့်
 ညောင်ဦးမြို့များတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသဖြင့် ထောင်ဒဏ် ၂ နှစ်မှ ၇၁ နှစ်ထိ ချမှတ်ခံထားရသူ ၁၅ ဦး၏ မိသားစုဝင် ၂၀ ခန့် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ပုဂံမြို့ဟောင်းသို့ ခရီးစဉ် ဗီဒီယိုသတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၁ နာရီ ၅၉ မိနစ်
ငြိမ်းငြိမ်းချမ်းချမ်း
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၀ နာရီ ၅၉ မိနစ်
ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က ဒေသခံများကို ကြိုဆိုခြင်း မပြုရန် ကြိုတင် မှာကြားထားမှု ရှိသည်ဟု ပါတီ သတင်းရပ်ကွက်များက ပြောသည်။

ခရီးစဉ်နှင့် လိုက်ပါသွားသူ သတင်းထောက် တယောက်က “ ပတ်ဝန်းကျင်က အေးဆေးပဲ၊ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းပဲ” ဟု ပြောသည်။

“လုံခြုံရေးကတော့ အရပ်ဝတ်တွေနဲ့ ၃ဝ လောက်ရှိတယ်၊ ဟိုတယ် ပရဝဏ် အပြင်မှာပေါ့။ တနေရာမှာ ၄၊ ၅ ယောက်လောက် စုစုပြီး နေကြတယ်။ အတွင်းပိုင်းမှာရော၊ အပြင်ဘက်မှာ သူ့ဘာသာသူ လာပြီး လုံခြုံရေး ယူပေးတာ အများကြီး ရှိတယ်။ အရပ်ဝတ်တွေနဲ့ရော အက်စ်ဘီ၊ စရဖရော ၃ဝ လောက်ရှိတယ်။ ဟိုတယ်ပတ်ဝန်းကျင် ပတ်ပတ်လည်မှာ အဝင်အထွက်ကို ကြည့်ပြီးတော့ စောင့်ကြည့်နေတယ်”

ဒေါ်စု ခရီးစဉ်အတွင်း လိုက်ပါသွားသည့် သတင်းထောက်တဦးက မဇ္ဈိမကို ပြောသည်။
သတင်းစာဆရာများမှာ ဟိုတယ်ရှေ့တွင် စောင့်ဆိုင်း
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၀ နာရီ ၃၃ မိနစ်
ဒေါ်အောင်ဆန်းစုကြည်မှာ ဟိုတယ်ထဲမှာပင် ရှိနေသေးပြီး ခရီးစဉ်ကို ကြိုမသိသေးသော သတင်းစာဆရာများမှာ ဟိုတယ်ရှေ့တွင် စောင့်ဆိုင်းနေကြသည်။
ပုဂံမြို့ရှိ Bagan Hotel River View သို့ ရောက်ရှိ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၀ နာရီ ၃၂ မိနစ်
ဒေါ်အောင်ဆန်းစုကြည် ပုဂံမြို့ရှိ Bagan Hotel River View သို့ ရောက်ရှိလာချိန်တွင် ဟိုတယ် ဝန်ထမ်းတဦးက ပန်းစီးကမ်း ကြိုဆိုနှုတ်ဆက်နေသည်ကို တနင်္လာနေ့ ဇူလိုင် ၄ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ
dsbagan2
ဒေါ်အောင်ဆန်းစုကြည်အား NLD အဖွဲ့ဝင်များ လာရောက်ကြိုဆို
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ ညောင်ဦးလေဆိပ်သို့ ရောက်ရှိလာစဉ် လာရောက်ကြိုဆိုကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို တနင်္လာနေ့ ဇူလိုင် ၄ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ
dsbagan1
သူ့ပုံပါ ပို့စ်စကဒ်ကို ကိုင်ဆောင်ထားသော သံဃာတော်တပါး
ပုဂံသို့ အလည်အပတ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုသောအားဖြင့် သူ့ပုံပါ ပို့စ်စကဒ်ကို ကိုင်ဆောင်ထားသော သံဃာတော်တပါးကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ

dsbagan
ဒေါ်စု ပုဂံရောက်ပြီ
အဲမန္တလေးလေကြောင်းဖြင့် လိုက်ပါလာသော ဒေါ်အောင်ဆန်းစုကြည်သည် တနင်္လာနေ့ နံနက် ၈ နာရီ ၂ဝ မိနစ်တွင် ညောင်ဦးလေဆိပ်သို့ ရောက်ရှိပြီး ယခုသတင်းပေးပို့ချိန်တွင် Bagan Hotel River View တွင် ရောက်ရှိနေပြီဟု မဇ္ဈိမသတင်းထောက်က ပေးပို့သည်။ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးက ညောင်ဦးလေဆိပ်မှ ပုဂံရှိဟိုတယ်သို့ ကားဖြင့်သွားသည့် ၁၂ မိနစ်ကြာ ခရီးတွင် ဒေသခံ ပြည်သူများမှ ၇ ယောက်တဖွဲ့၊ ၅ ယောက်တဖွဲ့ တို့မှ လက်ပြ နှုတ်ဆက်ခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည် ပုဂံသို့ ထွက်ခွာ
ချင်းမိုင်(မဇ္ဈိမ) ။      ။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာ အပြီး ပထမဆုံး နယ်ဘက်ခရီးစဉ် ဖြစ်သော ပုဂံရှေးဟောင်းမြို့တော်သို့ အဲမန္တလေး လေကြောင်း
 ဖြင့် တနင်္လာနေ့နံနက်တွင် ထွက်ခွာသွားပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လုံခြုံရေးအဖြစ် ဦးဟံသာမြင့်၊ ဦးစိုးဝင်း၊ ဦးကျော်စိုးနိုင်တို့လည်း လေယာဉ်
တွင် တပါတည်း လိုက်ပါသွားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်သည် ပုဂံရှိ Bagan Hotel River View ဟိုတယ်တွင် ၄ ရက်ကြာ တည်းခိုမည်ဖြစ်ပြီး လာမည့် သောကြာနေ့တွင် ရန်ကုန်သို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။

 ခရီးစဉ်သည် နိုဝင်ဘာ ၁၃ ရက်၊ ၂ဝ၁ဝ ပြည့်နှစ် နေအိမ်အချုပ်မှ သူ လွတ်မြောက်လာပြီးနောက် ရန်ကုန်မြို့ အပြင်ဘက်သို့ ပထမဆုံး ထွက်ခွာခြင်း ဖြစ်သည်။ မန္တလေးတိုင်းမှ NLD အဖွဲ့ဝင် အယောက် ၂၀ ခန့် တနင်္ဂနွေနေ့ ကတည်းက ပုဂံသို့ သွားရောက်ကာ စောင့်ကြိုနေကြပြီ ဖြစ်သည်။

 မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ဒေါ်အေင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းက တနင်္ဂနွေနေ့ နံနက်ကတည်းက ကားဖြင့် ပုဂံသို့ သွားရောက်ခဲ့သည်။ ကိုထိန်လင်းနှင့် အတူ NLD လူငယ် ၁၄ ယောက်လည်း လိုက်ပါသွားခဲ့သည်။

မိသားစု ခရီးစဉ် ဖြစ်နေခြင်းနှင့် လူထု ထောက်ခံမှုများပြားပြီး ရှုပ်ထွေးမှုများ ဖြစ်မည်စိုးသောကြောင့် ပုံမှန် လုံခြုံရေးအဖြစ် NLD အဖွဲ့ဝင် အနည်းငယ်သာ လိုက်ပါသွားခြင်း ဖြစ်သည်ဟုလည်း အန်အယ်ဒီ ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ဆိုသည်။

“လုံခြုံရေးကတော့ ကျနော်တို့ ပုံမှန်လောက်ပါပဲ။ လေကြောင်းလိုင်းတွေမှာလည်း လုံခြုံရေး ရှိတယ်လေ ။ ကျနော်တို့က ထွေထွေထူးထူးတော့ သိပ်မလိုဘူး ဘာ့ကြောင့်လဲဆိုတော့ လူကြားထဲမှာ ထင်ယောင်ထင်မှား ဖြစ်မှာလည်း စိုးတယ် အဲဒီတော့ ကျနော်တို့ ပုံမှန် လှုပ်ရှားမှုနဲ့ပဲ လှုပ်ရှားကြတာပါ” ဟု ဦးဝင်းထိန်က ပြောသည်။

မြန်မာ့နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ ထိုင်းရွေးကောက်ပွဲ လေ့လာ

ထိုင်းရွေးကောက်ပွဲတွင် ဦးဆောင်နေသည့် ဖွေထိုင်းပါတီ ခေါင်းဆောင် ယင်လပ် ရှင်နာဝပ်။
ဓာတ်ပုံ ASSOCIATED PRESS
ထိုင်းရွေးကောက်ပွဲတွင် ဦးဆောင်နေသည့် ဖွေထိုင်းပါတီ ခေါင်းဆောင် ယင်လပ် ရှင်နာဝပ်။ ဇူလိုင် ၃၊ ၂၀၁၁။
ဒီကနေ့ပြီးသွားတဲ့ ထိုင်းရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ ကော်မရှင်က ရလဒ်ကို တရားဝင် မကြေညာသေးပေမဲ့ ဆန္ဒမဲပေးပြီးသူတွေကို အခြေခံထားတဲ့ စစ်တမ်း ကောက်ယူမှုတွေအရ ပြည်ပြေး ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ထောက်ခံတဲ့ ဖွေထိုင်းပါတီ (Pheu Thai Party) က အပြတ်အသတ် အနိုင်ရနေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ ထိုင်းအခြေစိုက်

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ