.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Thursday, August 23, 2012

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အထူးသတိပြုရမည့် ဗီဇာ သက်တမ်း





ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများအနေနှင့် ယာယီ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ရာတွင် သိနားလည်သူများအဖို. ပြဿနာမရှိနိုင်သော်လည်း မသိနားမလည်သူများအဖို. ငွေကြေးအကုန်အကျ များခြင်း နိုင်ငံကူးလက်မှတ် ဗီဇာ သေခြင်း များနှင့် တွေ.ကြုံနိုင်ပါသည်။

ယာယီနိုင်ငံကူးလက်မှတ်များကို ပြုလုပ်ပေးရာတွင် ယခင်က နိုင်ငံကူး သက်တမ်း ၃ နှစ် သာ ပေးပြီး ထိုင်းနိုင်ငံမှာ နေထိုင်ခွင့် ဗီဇာ ၂ နှစ် သက်တမ်း ပေးပါသည်။

ထို.ကြောင့် နိုင်ငံကူးလက်မှတ် ၃ နှစ် အား နောက်ထပ် သက်တမ်း ၃ နှစ် သို. တိုးရပေမည်။ စုစုပေါင်း နိုင်ငံကူး သက်တမ်းမှာ ၆ နှစ်ရှိရမည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့်ဗီဇာ မှာ ၂ နှစ် တစ်ကြိမ်ဖြင့် (၃) ကြိမ် သက်တမ်းတိုးရမည်ဖြစ်သည် ။
(ယခုအခါ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို ဘန်ကောက် ရှိ မြန်မာသံရုံး တွင် နေ.ချင်းပြီး ဆောင်ရွက်ပေးလျှက်ရှိပါသည် )
သက်တမ်းတိုး ကုန်ကျငွေမှာ (၃၀၀) ဘတ် ခန်.ဖြစ်သည်

ယခု ထုတ်ပေးလျှက်ရှိသည့် ခရမ်းရောင် စာအုပ်အသစ်တွင် နိုင်ငံကူးသက်တမ်း (၆) နှစ် ပါဝင်ပြီး ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် ဗီဇာ (၂) နှစ် ပါရှိသည်။ (ယခင် စာအုပ်နီများတွင်လဲ ရှိသည်)

ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအနေနှင့် မိမိတို. ဗီဇာ သက်တမ်းကို အထူး သတိပြုရန် လိုအပ်ပြီး လိုအပ်သည့် အချကိအလက်များကို သေချာစွာ သိနားလည်ထားသင့်ပေသည်။

(၁) ယာယီနိုင်ငံကူးလက်မှတ်ရှိသူများသည်အောက်ပါအချက်အလက်များပြည့်စုံရန် လိုအပ်ပါသည်။

၁။ နိုင်ငံကူးလက်မှတ်တွင် ရက်(၉၀) သတင်းပိုခြင်း တာမော စာရွက်

၂။ ဆေးအာမခံကဒ်(ဆေးရုံဘတ်)
၃။ Work permit (အလုပ်လုပ်ခွင့်လက်မှတ်)

(၂) ထိုင်း သက်တမ်းတိုးရန် ဆောင်ရွက်ရမည့် အချက်များ

၁။ မိမိ တို. အလုပ်လုပ်ရာ ဒေသ (Work permit) ပြုလုပ်ထားရာနယ်မြေရှိ တာမော(လ၀က)ရုံးသို. ဗီဇာ သက်တမ်း မကုန်ခင် (၁)လ အလို ကြို တင်လျှောက်ထားရမည်။(အခြားနယ်မြေများတွင် လျှောက်ထားခွင့်မရှိ)

၂။ လိုအပ်သည့် အချက်အလက်များမှာ (၉) ချက်ရှိပြီး ပုံတွင်ပါသောအကြောင်းအရာများဖြစ်သည်။

၃။ Work permit ရှိရန် လိုအပ်ပြီး မရှိပါက ဗီဇာ သက်တမ်း တိုးပေးမည်မဟုတ်ပါ ။

၎။ ဗီဇာ သက်တမ်း တိုးပြီးပါက Work permit သက်တမ်းအား ထပ်မံပြီးတိုးရမည် ။

အကယ်၍ သတ်မှတ်ရက်ထက် ကျော်လွန် ပါက တစ်ရက်လျှင် ဒဏ်ငွေ (၅၀၀) ဘတ်နုန်းဖြင့် ကျော်လွန်သည့် ရက်အတိုင်း ပေးဆောင်ရမည်ဖြစ်ပြီး ရက် ပေါင်းများစွာ ကျော်လွန်နေသူများအဖို. ဗီဇာ သက်တမ်းတိုးရန် မဖြစ်နိုင်တော့ပဲ ..ဗီဇာလဲ ကုန် ယာယီနိုင်ငံကူးလက်မှတ်လဲ သုံးမရ ..Work permit လဲ ပျက် ဖြစ်ကာ တရားဝင်အလုပ်သမား အဖြစ်မှ တရားမ၀င် အလုပ်သမားအရောက်အဖြစ် ရောက်ရှိသွားမည်ဖြစ်ပါသည်။

၁။ ရက်(၉၀) လ၀က (တာမော) တံဆိပ် ကို ပုံမှန်သတင်းပို.ပါ

၂။ Work permit ကို မဖြစ်မနေ လုပ်ထားပါ

၃။ ဆေးအာမခံကဒ် (ဆေးရုံဘတ်) ကိုပြုလုပ်ထားပါ

၎။ မိမိဗီဇာ သက်တမ်းကုန်ဆုံးရက်ကို သေချာစွာမှတ်သားထားပါ

၅။ မိမိတို. အလုပ်လုပ်ခွင့်လက်မှတ် ပြုလုပ်ရာဒေသ တွင်သာ အမည်ပေါက် အလုပ်ရှင် ၏ ခွင့်ပြုချက်နှင့်သာပြုလုပ်နိုင်မည်ဖြစ်ပြီး . အခြား နယ်မြေများသို. ပြောင်းရွှေ. သွားသူများအဖို. အလုပ်ရှင်ပြောင်းခြင်း အား ကြိုတင် ပြုလုပ်ထားပါ

အချို.မသိနားမလည်သောကြောင့် သက်တမ်းကုန်ဆုံးပြီး တရားမ၀င်အလုပ်သမားဖြစ်သွားသူ များစွာ ရှိနေပါသည် ။ အထူးသတိပြုကြပါရန်နှင့် မိမိတို. နှင့် နီးစပ်ရာ မိတ်ဆွေ များသို. ဆက်လက် ဖြန်.ဝေ အသိပေးကြရန် တိုက်တွန်းလိုပါသည်။





မင်းလွမ်းနောင်(ပန်းတနော်)

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ