စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Friday, April 6, 2012
Wednesday, April 4, 2012
“ဖူးခက်မှ မြန်မာအလုပ်သမားများ ဆန္ဒပြ၊ မြန်မာအလုပ်သမားများ လုပ်ငန်းရှင်နှင့် ညှိနှိုင်း” |
မူရင်းလင့် http://www.ghre.org/mm/news/696-2012-04-04-09-21-12/ | Writtenby မြတ်ညို | |||
ထိုင်းနိုင်ငံတောင်ပိုင်း
ဖူးခက်မြို့တွင် ဈေးဆိုင်ခွဲပေါင်း (၅၀)ကျော်ခန့်ရှိသော စူပါချိ (Super
cheap) အမည်ရှိ ဧရာမ စူပါ မတ်ကက်ကြီးတွင် အလုပ်လုပ်ကိုင်ကြသော ထောင်ချီသည့်
မြန်မာအလုပ်သမားများ ဆန္ဒပြ တောင်းဆိုခဲ့ရာ လုပ်ငန်းရှင်က
လိုက်လျောမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဧပြီလ (၁)ရက်နေ့ နံနက် (၅)နာရီကတည်းက ထောင်ချီသည့် မြန်မာအလုပ်သမားများက ၎င်းတို့ ချိုးဖေါက် ခံနေရသည့် အခွင့်အရေးများအား တင်ပြခဲ့ကြရာ လုပ်ငန်းရှင်က တစ်လအတွင်း အကြောင်းပြန်ကြားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် အလုပ်သမားများက ဆန္ဒပြမှုကို ရပ်တန့်ခဲ့ကြသည်။ ဦးဆောင်သူ တစ်ဦးဖြစ်သော ကိုထွန်းမင်းနိုင်က “ကျနော်တို့ ထောင်ချီရှိတဲ့ အလုပ်သမားတွေ မနက် (၅)နာရီ ကတည်းက လူစုလူဝေး လုပ်ကြတယ်။ အလုပ် မဆင်းကြဘူး။ ၀ဏ္ဏတို့ မန်နေဂျာတို့က သူတို့ ဖြေရှင်းပေမယ်လို့ ပြောတယ်။ ကျနော်တို့ လက်မခံဘူး။ သူဌေးနဲ့ စကားပြောရမှ ဆန္ဒပြတာကို ရပ်မယ်လို့ ပြောလိုက်တယ်။ သူဌေး ရောက်လာပြီးတော့ မေးတယ်။ ကျနော်တို့က အခွင့်အရေး ချိုးဖောက်ခံနေရသမျှတွေကို တင်ပြကြတယ်။ နစ်နာနေရသမျှတွေကို တင်ပြကြတယ်။ တစ်လအတွင်း ဖြေရှင်းပေမယ်လို့ ပြောလို့ ကျနော်တို့ ဆန္ဒပြပွဲကို ရပ်နား လိုက်ကြတာပါ”ဟု ပြောသည်။ အလုပ်သမားများ တောင်းဆိုချက်များမှာ (၁)ဆေးဝါးကုသမှုနှင့် ကျန်းမာရေး အာမခံချက် မရှိခြင်း။ (၂)အလုပ်သမားများသည် မိမိတို့လစာ မည်မျှ ရသည်။ မည်မျှ ဖြတ်တောက်သည် မည်သည့်အတွက် ဖြတ်တောက်သည်ကို မသိရှိရပဲ ထိုင်းလူမျိုး အလုပ်သမား ကြီးကြပ်သူများ ပေးသမျှသာ ရရှိခြင်း၊ မေးမြန်း စုံစမ်းခွင့် မရှိခြင်း။ (၃)မေးမြန်းမိသော အလုပ်သမား ခုနှစ်ဦးမှာ ထိုင်းလူမျိုး အလုပ်သမား ကြီးကြပ်ရေးမှူး ၀ဏ္ဏတို့၏ ထိုးကြိတ်မှုတို့ကို ခံခဲ့ရသည့်အပြင် အလုပ်မှ ထုတ်ပယ်ခံခဲ့ရခြင်း။ (၄)ပတ်စ်ပို့နှင့် work permit တို့အား မိမိတို့ အစီအစဉ်နှင့် ပြုလုပ်ပါက လုပ်အားခမှ ထပ်မံ ဖြတ်တောက်ခြင်း။ (၅)လူမျိုး ခွဲခြား ဆက်ဆံခံရခြင်းတို့ ဖြစ်သည်။ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (FED)မှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က “အလုပ်သမားတွေ အနေနဲ့ ဘယ်လို အခြေနေမျိုးကြောင့်ပဲဖြစ်ဖြစ် လုပ်ငန်းရှင်တွေဆီမှာ တစ်ခုခု တောင်းဆိုမယ်ဆိုရင် အဓိကတော့ မိမိတို့ အချင်းချင်း စည်းလုံးညီညွတ်ဖို့ လိုပါမယ်။ တစ်ချိန်ထဲမှာဘဲ တိုက်ပွဲကို ဦးဆောင်ဖို့ အလုပ်သမား ကိုယ်စားလှယ်တွေကို ရွေးချယ်ပြီး စနစ်တစ်ကျ တာဝန်ခွဲဖို့ လိုပါမယ်။ ဥပမာအားဖြင့် သတင်းနှင့် ပြန်ကြားရေး၊ ကျန်းမာရေး၊ အစားအသောက်နဲ့ တစ်ဗိုလ်ကျ တစ်ဗိုလ်တက် ပုံစံမျိုး စနစ်တကျ ဖွဲ့စည်ထားဖို့ လိုပါမယ်”ဟု ပြောသည်။ အဓိက အရေးကြီးဆုံးမှာ လုပ်နိုင်ကိုင်နိုင်ပြီး စည်းရုံးရေး စွမ်းရည်ကောင်းသော ခေါင်းဆောင်များ အားလုံး ဦးဆောင်မှု ကော်မီတီထဲတွင် စုပြုံပြီး မပါဝင်ရန် အရေးကြီးသည်။ အရည်အချင်းရှိသော ခေါင်းဆောင်အားလုံး တိုက်ပွဲ၏ တပ်ဦးတွင် ပါနေပါက လုပ်ငန်းရှင်များက နည်းအမျိုးမျိုးဖြင့် ဖြိုခွင်းသည့်အခါ နောက်ထပ် ခေါင်းဆောင်နိုင်မည့် ခေါင်းဆောင်များ မရှိတော့ဘဲ ပြိုပျက်သွားနိုင်သည်။ တိုက်ပွဲစမည့် နေ့ရက်၊ အချိန်နှင့် နေရာများကိုလည်း စနစ်တကျ ရွေးချယ်သင့်သည်။ ထို့မှသာ မိမိတို့၏ ရည်ရွယ်ချက် အထမြောက် အောင်မြင်နိုင်သည်။ အများပြည်သူ ရုံးပိတ်ရက်မျိုးနှင့် ရုံးချိန်ပြင်ပများတွင် ဆန္ဒပြခြင်းထက်၊ ရုံးချိန်အတွင်းမှာ ဆန္ဒပြခြင်းက ပိုမိုထင်သာမြင်သာ ဖြစ်စေကြောင်း ဦးထူးချစ်က အကြံပြုပြောဆိုသည်။ ဖူးခက်မြို့၏ တစ်ခုတည်းသော အကြီးဆုံး Super cheap စူပါမတ်ကက် ကြီးအား ၁၉၈၄ ခုနှစ်က စတင် တည်ထောင် ဖွင့်လှစ်ခဲ့ကြောင်း အင်တာနက်အွန်လိုင်း အချက်အလက်များအရ သိရှိရသည်။ |
ကာချုပ် ဘာကြောင့် အဆင့်တိုးလဲ
မောင်ကျောက်ခဲ ဘလောဂ်မှ ကူးယူဖော်ပြသည်
ဟုတ်ကဲ့ တချို့ကတော့ ပြောကြပါတယ်..
ဒုတိယ ဗိုလ်ချုပ်မှူးကြီး ဆိုတော့ သူ့အထက်က ဗိုလ်ချုပ်မှူးကြီး များ ရှိနေမလား..အဲဒီလူဟာ
ဦးသန်းရွှေများ ဖြစ်နေမလား ..စသည်ဖြင့်ပေါ့လေ...။
ဒေါ်စု က လွှတ်တော်ထဲ ရောက်ရင် တပ်မတော်သား အမတ် ၂၅ % ကို ဖယ်ရှားဖို့ ကြိုးပမ်းမှာမို့စစ်တပ်ကဏ္ဍ မြင့်တင်တာ စတဲ့သတင်းတွေကို ကြားနေရပါတယ်...တကယ်တော့ မဟုတ်လာက်ပါဘူး..။
ကျွန်တော်တို့လို အပြင်လူတစ်ယောက်အနေနဲ့ ကြည့်ပြီး ခန့်မှန်းတွက်လို့ရနိုင်ပါတယ်
အကျိုးအကြောင်း ၂ ချက် ရှိပါတယ် ။
(၁)
အဲဒါကတော့ အောက်ခြေ ရာထူးကွာဟမှူ ဖြစ်တယ်
အောက်ခြေ..
.အောက်ခြေ လို့ပြောရပေမယ့် က-စ-ထ မှူးတွေနဲ့ တိုင်းမှူးတွေရဲ့ အဆင့်level တူညီမှူကို ခြားလိုက်တာ ဖြစ်ပါတယ် ။ အခုချိန်မှာ က-စ-ထ မှူးတွေဟာ တိုင်းမှူးတွေနဲ့ ရာထူးတူ ဗိုလ်ချုပ်တွေ ဖြစ်နေပါတယ် ။ တပ်မတော် ဖွဲ့စည်းပုံအရ က-စ-ထ မှူးဟာ စစ်တိုင်းမှူးတွေထက် ကြီးသူတွေဖြစ်တာကြောင့် အခုလို ရာထူး တူညီနေမှူဟာ တာဝန်ထမ်းဆောင်မှူမှာအခက်အခဲအများဆုံး ကြုံတွေ့နေရပါတယ် ။ က-စ-ထ မှူးအောက်မှာ စစ်တိုင်းမှူးတွေ ရှိပါတယ် ။
သာမာန် ခြေလျှင်တပ်ရင်းတရင်းလောက်မှာ ရာထူးတူညီမှူဟာ သိပ်မထူးခြားပေမယ့် ဒီအဆင့်တွေမှာတော့ အတော်တာ သွားတဲ့ကိစ္စဖြစ်ပါတယ် ။
ဒါကြောင့် က-စ-ထ မှူးတွေနဲ့ စစ်တိုင်းမှူးတွေရဲ့ ရာထူးကွာခြားချက်ကို ခြားနားပေးရန်အတွက်
က-စ-ထ များကို တပ်တော်ကြီး အဆင့် တိုးမြင့်ရန် အတွက် ရာထူးများတိုးမြင့်ပြီး ဌာနများ ပြင်ဆင်ဖွဲ့စည်းခြင်း upgrade အတွက် လိုအပ်လို့သာဖြစ်ပါလိမ့်မယ် ။ဒါမှသာ အဆင့်ဆင့်ရာထူးမြင့်ရင်း အထက်တွေကို ဌာန နဲ့ရာထူး တိုးသာတာ ဖြစ်ပါလိမ့်မယ်..။
(၂)
ဟ..ဒါဆို စစ်တပ်က ရာထူးတိုးချင်သလို တိုးပေးလိုက်သလား ဆိုတော့ တဖက်က ပြန်တွေးလိုက်ပါ... ယခု ရာထူးတိုးတာဟာ သမ္မတ ကနေတိုးလိုက်တာဖြစ်ပါတယ်.။
ယခု ကာချုပ်ကြီး ရာထူးဟာလည်း နိုင်ငံတကာနဲ့ ချိန်ထိုးစဉ်းစားလိုက်ရင် 5 star general အဆင့်နဲ့ ညီပါတယ် ။
ကျွန်တော်တို့ ရေးသားချက်တွေဟာ အနီးစပ်ဆုံးခန့်မှန်းချက်တွေ ဖြစ်ပြီး ယတိပြတ် ဤသို့ဖြစ်လာမည် ဟု ရေးသားခြင်းမဟုတ်ပါ ကြောင်း ဝန်ခံပါရစေ..။
Tuesday, April 3, 2012
လှည်းကျိုးနှင့်တူသောသူများ။
.
ရိုဟင်ဂျာဆိုတာ သမိုင်းရာဇဝင်မှာ တကယ်ရှိရဲ့လား။
.
ရိုဟင်ဂျာဆိုသော အသုံးအနှုန်းကို သမိုင်းဆိုင်ရာ website များတွင် အထောက်အထားများ ရှာဖွေလေ့လာ ဖူးပါသည်။ ရိုဟင်ဂျာများနှင့် ပတ်သက်သော အထောက်အထားများအနက်မှ အစောဆုံးဟု တွေ့ရှိရသော အထောက်အထားများသည် ၎င်းတို့ဘာသာ ဖော်ထုတ်ထားသည့် စာတမ်းမှတ်တမ်းများအရ ၁၈၂၀ ခုနှစ် ဝန်းကျင်မှ စတင်ခဲ့ပြီး ၁၉၈၀ ခုနှစ် နောက်ပိုင်း မှသာ ၎င်းတို့ကို နိုင်ငံတကာမှ စတင် အာရုံစိုက်လာခြင်း ဖြစ်ပါသည်။ ထို့ ကြောင့် အနှီ ရိုဟင်ဂျာဆိုသူများ၏ ဇစ်မြစ်သည် ဒွိဟ ဖြစ်စေလှသည်။
.
ရိုဟင်ဂျာများနှင့် ဘင်္ဂလားဒေ့ရှ်
.
ရိုဟင်ဂျာများသည် ဘင်ဂလီ အနွယ်ဝင်များ ဖြစ်ပါသည်။ ထို့ကြောင့် ၎င်းတို့အကြောင်းကို ဘင်္ဂလားဒေ့ရှ် နှင့်ပင် စတင်ပါမည်။ မှတ်တမ်းများအရ ၁၉၇၈ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံဖက်၌ အစိုးရမှ စစ်ဆင် ရေးများ ပြုလုပ်၍ နှင်ထုတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်တွင် အစုလိုက် အပြုံလိုက် ရိုဟင်ဂျာ ခိုလှုံမှုများ စတင်ခဲ့သည်။ အတိအကျ ဆိုပါလျှင် ခိုလှုံသူ စုစုပေါင်း ၂၀၀,၀၀၀ ဦးခန့်  ဖြစ်သည်။ ဤနေရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြောင်းကို အနည်းငယ် ဖြည့်စွက်လိုပါသည်။ ဧရိယာစတုရန်းမိုင် ၅၅,၅၉၈ ကျယ်ဝန်းသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ၁၉၇၁ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံမှ ခွဲထွက် ခဲ့ပါသည်။ ၁၉၇၈-၈၀ ကာလ ပိုင်း အတွင်း ၄င်းနိုင်ငံသည် လူဦးရေ ၈၈သန်းကျော်ရှိပြီး ၉၈% မှာ ဘင်္ဂလီ လူမျိုးများ ဖြစ်ပါသည်။ လွတ်လပ်ရေးရပြီးသောအချိန်တွင် မြန်မာနိုင်ငံဖက်ခြမ်းမှ အနှီ ရိုဟင်ဂျာ ဆိုသူများ ပင်ရင်းနိုင်ငံသို့ ပြန်လည်ခိုလှုံကြသည်။ လွတ်လပ်ရေးရကာစ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွက် ထိုကဲ့သို့ ရိုဟင်ဂျာများ အစုအပြုံလိုက် ဝင်ရောက်လာခြင်းသည် ယင်းနိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုး တိုးစေသည်။ သို့သော် မျိုးနွယ်တူ၊ ဘာသာစကားနှင့် ကိုးကွယ်မှုတို့ တူညီမှုကြောင့် လက်သင့်ခံခဲ့သည်။ အနှီ ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Chittagong ပြည်နယ်၊ Cox's Bazaar မြို့လေး၏ အပြင်ဘက်တွင် အစုလိုက် အပြုံလိုက် ခိုလှုံကြသည်။ ၎င်းတို့၏ ခိုလှုံမှုကြောင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသည် ကုလသမဂ္ဂထံ အကူအညီတောင်းခံခဲ့ပြီး ကုလသမဂ္ဂအကူအညီဖြင့် ဒုက္ခသည်စခန်းများ ထူထောင်ပေး ခဲ့သည်။ ၂၀၀၇ ခုနှစ်နောက်ပိုင်းတွင်မူ ဘင်္ဂလားဒေ့ရှ်၏ အလွန်အမင်း ကြောက်ခမန်းလိလိ ဖောင်းဖွလာ နေသော လူဦးရေနှင့် နေထိုင်မှုဆိုင်ရာ အကြပ်အတည်းများကြောင့် ယင်းအစိုးရသည် အနှီ ရိုဟင်ဂျာများ အပေါ်တွင် သဘောထား မူဝါဒများ ပြောင်းလဲလာတော့သည်။ ဘင်္ဂလားဒေ့ရှ်သည် ရိုဟင်ဂျာများအပေါ်တွင် ကြည်ကြည်ဖြူဖြူ မရှိတော့ပေ။
.
၁၉၉၉ နှစ်လည်ပိုင်းအတွက် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများကြောင့် ကုလသမဂ္ဂမှ ရိုဟင်ဂျာများနှင့် ပတ်သက်သော စီမံကိန်းများကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရအား အကြောင်းကြား ခဲ့သည်။ ထိုစဉ်မှ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ထိုထို ရိုဟင်ဂျာများ၏ တာဝန်ကို လုံးလုံးလျားလျား ယူလိုက်ရတော့သည်။ သို့ ရာတွင် နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ အနှီ ရိုဟင်ဂျာများ၏ အဆမတန် ပေါက်ပွားနှုန်းကြောင့် ခိုလှုံသူဦးရေများ များပြားလာခြင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူဦးရေမှာလည်း တိုးမြင့်လာခြင်း၊ ရိုဟင်ဂျာ ခိုလှုံမှုများသော ပြည်နယ်များတွင် ဒုစရိုက်မှုများ ပိုမိုထူပြောလာခြင်း၊ ဒေသခံ ပြည်သူများနှင့် ပဋိပက္ခ ဖြစ်ပွားခြင်း စသည့်အကြောင်းတရားများကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ၎င်းတို့ အပေါ် ဖိနှိပ်မှုများ စတင် လာတော့သည်။၂၀၁၀ နှစ်ဦးပိုင်းမှ စတင်၍ Cox's Bazaar မြို့ထဲရှိ လန်ချားဆွဲသူ ရိုဟင်ဂျာများအား ရဲနှင့် ဒေသခံအချို့မှ လန်ချားပေါ်မှ ဆွဲချခဲ့သည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်နေသော ရိုဟင်ဂျာအချို့အားလည်း ဒေသခံ အာဏာပိုင်များမှ အထောက်အထား စာရွက်စာတမ်း ခိုင်လုံခြင်း မရှိဟူသော အကြောင်းပြချက်ဖြင့် ဖမ်းဆီးခဲ့သည်။ ဒေသခံ များမှလည်း ရိုဟင်ဂျာ ဆန့် ကျင်ရေးကို စုဝေးဆန္ဒပြကြသည်။ ယင်းသို့ ရိုဟင်ဂျာများကြောင့် အဘက်ဘက် မှ စီးပွာရေး၊ နိုင်ငံရေး၊ တရားဥပဒေစိုးမိုးရေး အစရှိသည့် ပြဿနာ များကို ရင်ဆိုင်ရသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် နောက်ဆုံးတွင် ၎င်းတို့အား ခိုလှုံခွင့် မပေးလိုတော့ကြောင်း အတိအလင်း ကြေငြာခဲ့သည်။ ကုလသမဂ္ဂမှ ရိုဟင်ဂျာများအတွက် အကူအညီပေးရန် ကမ်းလှမ်းလာသော ရံပုံငွေအမေရိကန်ဒေါ်လာ ၃၃ သန်း ကိုပင် ငြင်းဆိုခဲ့သည်။ ထိုအချိန်မှစ၍ ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်ကို စွန့် ခွာ၍ ရေလမ်းမှ တဆင့် အခြားနိုင်ငံများသို့  ဝင်ရောက်ခိုလှုံရန် ကြိုးစားကြလေတော့သည်။ ထိုသို့  ဝင်ရောက်ခိုလှုံရန် ကြိုးစားသောနိုင်ငံများမှာ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် သြစတြေးလျ စသည်တို့  ဖြစ်ကြသည်။
.
ရိုဟင်ဂျာများနှင့် ထိုင်းနိုင်ငံ။
.
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ ကချင်၊ ကရင် အစရှိသော စစ်ဘေးကြောင့် ခိုလှုံသူ တိုင်းရင်းသားများကို လက်ခံထားသော နိုင်ငံတနိုင်ငံ ဖြစ်သည်။ ထိုသို့  ခိုလှုံလာသူများ ဦးရေမှာ တစ်သန်းခန့် ဖြစ်ပြီး ၁၂% ခန့်  မှာ ရိုဟင်ဂျာများ ဖြစ်ကြသည်။ ထိုင်းနိုင်ငံသည် ရိုဟင်ဂျာများအား နိုင်ငံမဲ့ ခိုလှုံသူများဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် လက်ခံခြင်း မရှိခဲ့ပေ။ ထို့ ပြင် ယခင်က ဝင်ရောက်လာသော ရိုဟင်ဂျာများသည် ထိုင်းနိုင်ငံ တောင်ပိုင်းတွင် မကြာခဏ ဖြစ်ပွားသော မူစလင်များ ဦးဆောင်သည့် ထိုင်းအစိုးရကို ဆန့်  ကျင်သော အကြမ်း ဖက် လုပ်ရပ်များနှင့် ဆက်နွယ်မှုရှိသည်ဟု ဆိုသည်။ ၂၀၀၈ နှင့် ၂၀၀၉ တွင် ထိုင်းသို့  ခိုးဝင်ရန် ကြိုးစားသော ရိုဟင်ဂျာများအား ထိုင်းရဲတပ်ဖွဲ့များမှ တစုံတရာ အကူအညီပေးခြင်း မရှိပဲ ထိုင်းရေပိုင်နက်အတွင်းမှ နိုင်ငံ တကာ ရေပိုင်နက်တွင်းသို့  တွန်းပို့ ခဲ့ခြင်းများပင် ရှိခဲ့သည်။
.
ရိုဟင်ဂျာများနှင့် မလေးရှားနိုင်ငံ။
.
ထိုင်းနိုင်ငံသို့  ခိုလှုံခွင့် မရရှိသော ရိုဟင်ဂျာများအပါအဝင် ရိုဟင်ဂျာအများစုသည် မလေးရှားနိုင်ငံသို့  ဝင်ရောက်ခိုလှုံရန် ကြိုးပမ်းကြသည်။ မလေးရှားနိုင်ငံသည် အနှီရိုဟင်ဂျာများနှင့် ဘာသာတူခြင်း၊ ကုလ သမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်သော ခိုလှုံသူများကို ကူညီနေရာချထားပေးသော စီမံကိန်းများ ရှိခြင်း စသည်တို့ ကြောင့် ရိုဟင်ဂျာအများစုသည် မလေးရှားနိုင်ငံသို့  ဝင်ရောက်ခိုလှုံရန် ကြိုးစားကြတော့သည်။ မလေးရှားအတိုက်အခံပါတီ PAS (မူဆလင် အစွန်းရောက်ပါတီ) ၏ ထောက်ခံပေးမှုကြောင့် ယင်းနိုင်ငံတွင် လွတ်လပ်စွာ ခိုလှုံခွင့်ရရှိနိုင်ခြင်း၊ UNHCR ၏ အထောက်အပံ့ကိုရရှိနိုင်ခြင်းတို့ ကြောင့် မလေးရှားနိုင်ငံ သည် ဘင်ဂလီခိုလှုံသူများ၏ သည်းချေကြိုက် နိုင်ငံဖြစ်လာခဲ့သည်။ သို့ ရာတွင် ကာလကြာမြင့် လာသောအခါ ယင်းအစိုးရသည်လည်း သူရို့ အပေါ်တွင် သဘောထား ပြောင်းလဲလာချေသည်။ မလေးရှား နိုင်ငံတွင် မူလက နိုင်ငံမဲ့ဒုက္ခသည်များအဖြစ် အစုလိုက်အပြုံလိုက် ၀င်ရောက်လာကြသည့် ရိုဟင်ဂျာ ဘင်္ဂလီများကို လက်ခံရန်အတွက် နိုင်ငံရေးပါတီများအကြား အငြင်းပွားစရာဖြစ်ခဲ့သည်။ ဘာသာကိုးကွယ်မှု တူညီခြင်းကြောင့် အစ္စလာမ်ဘာသာဝင်ခြင်း ရိုင်းပင်းသင့်သည်ဟူသော အကြောင်းပြချက်ဖြင့် ဘာသာရေးခေါင်းဆောင်များ ဦးဆောင်သည့် နိုင်ငံရေးပါတီအချို့က ယာယီအနေဖြင့်လက်ခံလိုသော်လည်း အစုလိုက်အပြုံလိုက် နှစ်စဉ်ဝင်ရောက်မှုများပြားလာသောအခါ အဆိုပါဝင်ရောက်ခြင်း၏ နောက်ကွယ်တွင် လူမှောင်ခိုဂိုဏ်းများ၏ ပါဝင်ပတ်သက်မှုရှိကြောင်း သိရှိလာခြင်းကြောင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများ ကို သေချာစီစစ်လာခဲ့သည်။ UNHCR၏ အကာအကွယ်ပေးမှုကို အခွင့်ကောင်းယူကာ ဒုက္ခသည် အဖွဲ့အစည်း အမည်ခံ လူမှောင်ခိုဂိုဏ်းများ၊ ပွဲစားများက ရိုဟင်ဂျာဘင်္ဂလီများကိုသာမက မြန်မာမူဆလင် စစ်စစ်များကိုပါ ရိုဟင်ဂျာအမည်ခံ၍ လူကုန်ကူးမှုကို ရဲတင်းစွာလုပ်ကိုင်လျှက်ရှိနေကြသည်။ အစ္စလာမ်နိုင်ငံ တစ်ခုဖြစ်သော်လည်း ဒေသတွင်းရှိ ဂျမားအစ္စလာမ်မီးယား အစွန်းရောက်စစ်သွေးကြွအဖွဲ့၏ ခြိမ်းခြောက်မှု ကို ခံနေရသော မလေးရှားနိုင်ငံအတွက် ယခုကဲ့သို့ နိုင်ငံခြားသားမူဆလင်များ တရားမ၀င် အစုလိုက် အပြုံလိုက် ခိုးဝင်လာခြင်းကြောင့် ရာဇ၀တ်မှုများနှင့် လူနေမှုဘ၀ထိခိုက်မှုများစွာ ကြုံတွေ့လာနေပြီး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လာမည်ကို စိုးရိမ်နေရသည့်အခြေအနေနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ ထို့  ကြောင့် မလေးရှားနိုင်ငံသည်လည်း ထိုင်းကဲ့သို့ ပင် သူရို့ အပေါ် တင်းကြပ်လေတော့သည်။ သူရို့ ဘယ်က လာသည်ဆိုသည်ကို တိတိကျကျ မပြောနိုင်ဟူသော အကြောင်းပြချက်ဖြင့် ခိုလှုံခွင့်ပြုရန် မသင့်တော်ဟု ဆိုသည်။ ခိုလှုံသူ ရိုဟင်ဂျာအချို့ မှာ ဖမ်းဆီးနှင်ထုတ်ခြင်း ခံရသလို အချို့မှာလည်း မလေးရှား လူဝင်မှု ကြီးကြပ်ရေး စခန်းများတွင် လနှင့်ချီ၍ အချုပ်ခံထားရပြီး နောက်ဆုံးတွင် မလေးရှား အာဏာပိုင်များ၏ ရိုက်နှက်မှုဒဏ်ကို ခံကြရကာ အဆုံးတွင် ထိုင်း-မလေး နယ်စပ်သို့  နှင်ထုတ်ခြင်း ခံကြရလေသည်။
.
မုန့် လုံးစက္ကူကပ်ပြီ။
.
ထိုကဲ့သို့  နိုင်ငံမဲ့ခိုလှုံသူဟူသော အကြောင်းပြချက်ဖြင့် မလေးရှားနိုင်ငံမှ ထိုင်းနယ်စပ်တွင် စွန့် ပစ် လိုက်သော ရိုဟင်ဂျာများသည် မည်သည့်အရပ်သို့  ဦးတည်ကြလေသတည်း။ အများစုသည် မလေးရှား တွင်းသို့ ပင် ပြန်လည်ခိုးဝင်ကြပါသည်။ မည်သို့ မည်ပုံခိုးဝင်ကြလေသနည်း။ မလေးရှားနိုင်ငံရှိ ပိုင်ရာ ဆိုင်ရာများကို ပေးတန်ပေး၍ လမ်းကြောင်းထွင် ခွင်ဆင်ကြလေသည်။ ဤသို့ ဖြင့် မလေးရှားရဲမှ ဖမ်းမိ သောအခါ ထိုင်းနယ်စပ်သို့  ပြန်ပို့ လိုက်၊ထိုင်းနယ်စပ်ရောက်သောအခါ ထိုင်းရဲမှ မလေးရှားနယ်စပ်သို့  ပြန်ပို့ လိုက်၊ အများစုမှာ ထိုင်းနယ်စပ် ရောက်လျှင် ရောက်ချင်း မလေးရှားဘက်သို့  ပြန်လည်ခိုးဝင် လိုက်ဖြင့် သံသရာလည်နေသည်မှာ ယနေ့ ထက်တိုင်ပင် ဖြစ်သည်။ Human Rights Watch မှ ရိုဟင်ဂျာ အချို့နှင့် တွေ့ဆုံမေးမြန်းရာတွင် အချို့သော ရိုဟင်ဂျာများသည် (၁၁) နှစ်အတွင်းတွင် ထိုင်းနှင့် မလေးရှားကို သွားချည် လာချည် (၈)ကြိမ်နှင့်အထက် ပြုလုပ်ဖူးသည်ဟု ဆိုသည်။
.
ရိုဟင်ဂျာများနှင့် သြစတျေးလျနိုင်ငံ။
.
သြစတျေးလျနိုင်ငံ၏ ရိုဟင်ဂျာများနှင့် စပ်လျှင်းသော သဘောထားများမှာ ထိုင်း၊ မလေးရှား နိုင်ငံများ ကဲ့သို့ပင် ဖြစ်သည်။ ရိုဟင်ဂျာများသည် ယင်းနိုင်ငံ၏ လုံခြုံရေးအတွက် အနှောင့်အယှက်ပေးနိုင်သည် ဟူသော အကြောင်း ပြချက်ဖြင့် အချို့သော ခိုလှုံလာသူ ရိုဟင်ဂျာများကို နှစ်နှင့်ချီ၍ ချုပ်နှောင်လေသည်။ ယင်းသို့  ချုပ်နှောင်ခြင်း ခံရသော ရိုဟင်ဂျာခိုလှုံသူ Harun Roshid ဆိုသူအား Green Left Weekly သတင်းစာမှ ၂၀၁၂နှစ်၊ နှစ်ဆန်းပိုင်း တွင် တွေ့ဆုံမေးမြန်းရာတွင် Roshid မှ ဤသို့ ဖြေကြားခဲ့သည်။
"ကျွန်တော်ဟာ မလေးရှားနိုင်ငံမှာ ၁၅နှစ်ကြာ ခိုလှုံပြီးနောက် သြစတျေးလျသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ အာဏာပိုင်များမှ ကျွန်တော့်ကို လုံခြုံရေးအရဆိုပြီး ချုပ်နှောင်ထားတာ ၂နှစ် ရှိပါပြီ" ဟု ဆိုသည်။
.
ရိုဟင်ဂျာများနှင့် အင်ဒိုနီးရှား။
.
၂၀၀၉ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံသည် ၄င်းနိုင်ငံသို့ ခိုလှုံခွင့်တောင်းခံလာသူ ရိုဟင်ဂျာ ၁၉၃ ဦး အား လက်ခံခြင်း မရှိခဲ့ချေ။ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Hassan Wirajuda မှ ရိုဟင်ဂျာများနှင့် စပ်လျှင်း၍ ဤသို့ပြောကြားခဲ့သည်။
.
"သူတို့တွေဟာ စီးပွားရေးအရ ခိုလှုံချင်သူတွေ ဖြစ်ပါတယ်။ နိုင်ငံရေးအရ ဖိနှိပ်ခြင်းခံရသူများ မဟုတ်ပါဘူး။ ဒါကြောင့် ခိုလှုံခွင့် မပေးသင့်ပါဘူး" ဟု ဆိုသည်။
.
ဤသို့ ဖြင့် ထိုင်းနိုင်ငံကဲ့သို့ ပင် ခိုးဝင်ခိုလှုံရန်ကြိုးစားသူ ဘင်္ဂလီတို့ အား ၄င်းနို်င်ငံရေပိုင်နက်မှ နိုင်ငံတကာ ရေပိုက်နက်သို့ နှင်ထုတ်ရေမျှောခဲ့ကြသည်။ Imam Husen ဆိုသူ ဘင်္ဂလီမှ သူ၏ အတွေ့အကြုံကို The Reuter သတင်းဋ္ဌာနသို့ ဤသို့ ပြောပြခဲ့သည်။
.
"ကျွန်တော်အပါအဝင် ဘင်္ဂလီ ၅၈၀ ဦးခန့်ဟာ မြန်မာနိုင်ငံ၊ မောင်းတောကနေ လှေလေးစင်းနဲ့ ပြေးလာခဲ့ပါတယ်။ အချို့လည်း ထိုင်းမှာ ကမ်းဝင်ကပ်စဉ်က ထိုင်းအာဏာပိုင်များရဲ့ အရိုက်အနှက်ကို ခံရပြီး ပြန်လည်ရေမျှောခြင်း ခံရပါတယ်။ "
.
ထို့ပြင် Hassan Wirajuda မှလည်း ဤသို့ ဖြည့်စွက်ပြောကြားခဲ့သည်။
.
"အင်ဒိုနီးရှားရေတပ်ရဲ့ စစ်ဆေးတွေ့ရှိချက်များအရ များစွာသော ဘင်္ဂလီများဟာ ဒီကိုလာနေတုန်း လမ်းမှာ ပဲ လှေမှောက် အသက်ပျောက်ကျရပါတယ်။ "
.
ရိုဟင်ဂျာများနှင့် ဘီဘီစီ (BBC) သတင်းဌာန။
.
ရိုဟင်ဂျာဟူသော အနှီဇာတ်လမ်းသည် မည်သို့ စတင်ခဲ့လေသနည်း။ ရိုဟင်ဂျာများအကြောင်းကို ဆွေးနွေး မည်ဆိုပါက ဘီဘီစီ သတင်းဌာနအကြောင်းကိုပါ အတန်ငယ် ထည့်၍ ပြောလိုပါသည်။ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်မှာ မြန်မာအများစုနှင့် အကျွမ်းတဝင်ရှိနေပြီး ဖြစ်သည့်အတွက် အထူးတလယ် မရေးသား လိုတော့ပါ။ ရိုဟင်ဂျာဘင်္ဂလီများအကြောင်းကို ဆက်ကြပါစို့ ။
.
၂၀၁၀ခုနှစ်၊ နိုဝင်ဘာလတွင် ဘီဘီစီမှ Anna Jones ရေးသားတင်ဆက်သော "Bleak Outlook for Burma's Ethnic Groups" ဟူသော ဆောင်းပါးနှင့် ယှဉ်တွဲ၍ မြန်မာပြည်မြေပုံနှင့်တကွ အချို့ သော တိုင်းရင်းသားလူမျိုးစုများ၏ပုံကို ယှဉ်တွဲဖော်ပြခဲ့သည်။ အဆိုပါပုံတွင် ရခိုင်ပြည်နယ်အား ဘင်ဂလီ ကလေးတစ်စု၏ပုံဖြင့် ကိုယ်စားပြုထားသည်။ ယင်းကဲ့သို့ သော အမှားသည် ရခိုင်လူမျိုးများအား စော်ကားခြင်းဖြစ်သည်ဟု မျိုးချစ်ရခိုင်များက ယူဆသည်။ သို့ ဖြစ်၍ မျိုးချစ်ရခိုင်များသာမက ပြည်တွင်း ပြည်ပရှိ မျိုးချစ်မြန်မာနိုင်ငံသားများသည် ဘီဘီစီကို အပြင်းအထန် ဝေဖန်ရုံမက ရခိုင်ပြည်သူလူထုကိုပါ တရားဝင်တောင်းပန်ရန် တောင်းဆိုခဲ့ကြသည်။ သို့ ပါသော်လည်း ဘီဘီစီမှ ယနေ့ ထက်ထိ တောင်းပန်ခြင်း မရှိသေးသည့်အပြင် ယင်းမြေပုံသည် မြန်မာနိုင်ငံရှိ ထင်ရှားသော တိုင်းရင်းသားများကို သရုပ် ဖော်ထားသော မြေပုံဖြစ်သည်ဟူ၍ မြန်မာတို့ အား ထပ်မံစော်ကားလိုက်ရုံမျှမက ရိုဟင်ဂျာ ဘင်ဂလီ ဟူသည် မြန်မာပြည်သားဖြစ်သည်ဟူသော သမိုင်းအလိမ်ကို စတင်စေခဲ့သည်။ ထိုစဉ်မှစ၍ အနှီ ဘင်ဂလီများကို နိုင်ငံတကာမှ ပိုမိုအာရုံစိုက်လာကြသည်။ မျိုးချစ်မြန်မာ ပညာရှင်များဖြစ်သော ဒေါက်တာအေးချမ်း၊ ဒေါက်တာအေးကျော်တို့မှ အထောက်အထား ခိုင်လှုံစွာဖြင့် ရိုဟင်ဂျာ ထိုအမှားကို ထောက်ပြခဲ့ကြသည်။ တဆက်တည်းမှာပင် မျိုးချစ်မြန်မာများမှ ဘီဘီစီကို ကန့် ကွက်သော၊ ရိုဟင်ဂျာများကို တိုင်းရင်းသားအဖြစ် လက်မခံနိုင်သော blog များ၊ website များ ပြုလုပ်ခဲ့ကြသလို ဘင်ဂလီဘက်မှ ရပ်တည်သော အငိုကောင်းသော ရိုဟင်ဂျာ blog များလည်း အလျှိုအလျှို ပေါ်ပေါက် လာကြသည်။ ပြည်ပရောက် ၈၈မျိုးဆက်ဟောင်း၊ အရိုးတွန်သံ ဆောင်းပါးများတွင် လူသတ်မိန့်  ပေးခဲ့သည်ဟု သတင်းကြီးနေသော အနှီကျောင်းသားခေါင်းဆောင်ဟောင်းဆိုသူမှ ရိုဟင်ဂျာများကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ် ပြုသင့်သည်ဟု ပြောဆိုခဲ့သည်။ ထို့ နည်းတုစွာ ပက်စီကိုလာဖြင့် နာမည်ရလာသူ ဒေါက်တာဆိုသူမှလည်း ရိုဟင်ဂျာဘင်ဂလီများကို လက်မခံသော မျိုးချစ်မြန်မာများ ကို စက်ဆုပ်ဖွယ်ကောင်းသော အစွန်းရောက်ဖက်ဆစ်ဝါဒီများဟု အမည်တပ် သမုတ်ခဲ့သည်။ မြန်မာပြည်သား စစ်စစ်များ ဖြစ်ပါလျက်နှင့် ထိုသူတို့ ၏ မျိုးချစ်စိတ်ကား ဆန်းကြယ်လှချေတကား။ မျိုးချစ်စိတ်ဟူသည် အမိမြေနှင့် ကာလတာရှည် ခွဲခွာလျှင် မှိုတက်တတ်ပါသလား။
.
အနှီ ရိုဟင်ဂျာဘင်ဂလီပြဿနာသည် ယနေ့ ထက်တိုင် တင်းမာနေဆဲ၊ မတင်မကျ ဖြစ်နေဆဲဖြစ်သည်။
.
ရိုဟင်ဂျာ ဘင်ဂလီများနှင့် မြန်မာနိုင်ငံ။
.
"မိအေး နှစ်ခါနာသည်" ဟူသော စကားသည် ကျွန်မတို့  မြန်မာတိုင်းနှင့် အကျွမ်းတဝင် ရှိပြီးသား ဖြစ်ချေသည်။ ရိုဟင်ဂျာ ဘင်ဂလီများနှင့် စပ်လျှင်းပါက ကျွန်မတို့ ၏ မိအေး (မြန်မာပြည်)သည် နှစ်ခါမက အခါခါ နာရလေသည်။
.
အင်္ဂလိပ်တို့  မြန်မာနိုင်ငံအား ကျွန်ပြုစဉ်ကာလတွင် မြန်မာနိုင်ငံသည် အိန္ဒိယပြည် လက်အောက်ရှိ ပြည်နယ်လေးတစ်ခု သဖွယ် အုပ်ချုပ်ခဲ့သည်။ သို့ ပါ၍ ထိုကာလတလျှောက်လုံးတွင် ဘင်ဂလီများသည် မြန်မာပြည်သို့  တံခါးမရှိ ဓါးမရှိ ဝင်ထွက်ခဲ့ကြသည်။ ၁၉၄၂ ခုနှစ် ဂျပန်တို့  ထိုးစစ်မစတင်မီတွင် အင်္ဂလိပ်တို့ သည် ၄င်းတို့ ၏ စစ်အင်အား ဖြည့်တင်း ရန်အတွက် ဘင်ဂလီများကို မြန်မာပြည်၊ ရခိုင်ဒေသတွင်းသို့ ခေါ်ဆောင်လာသည်။ ထိုသို့ ခေါ်ဆောင်လာရာတွင် အင်္ဂလိပ်တို့ မှ ဘင်ဂလီများအား သူရို့ ၏ အကူအညီအတွက် ရခိုင်ပြည် မြောက်ပိုင်းတွင် မူစလင်နိုင်ငံ တည်ထောင် ပေးပါမည်ဟူ၍ ကတိကဝတ်ပြုခဲ့သည်။
.
၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသောကာလများတွင် အစိုးရနှင့် ဘင်ဂလီများအကြား ဆက်ဆံရေး တင်းမာလာခဲ့သည်။ လွတ်လပ်ရေးရလျှင်ရပြီးချင်းပင် မူစလင်တစ်စုမှ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်းတောဒေသများကို ခွဲထွက်၍ အရှေ့ ပါကစ္စတန်နှင့် သွားရောက် ပူးပေါင်းလိုပါကြောင်း အဆိုပြုခဲ့သည်။ ယင်းအဆိုကို လွှတ်တော်မှ ပယ်ချခဲ့သည်။ ထို့ နောက်ပိုင်းတွင် မြန်မာအစိုးရသည် ဘင်ဂလီတို့ အား တရားမဝင် နေထိုင်သူများအဖြစ် သတ်မှတ်ခဲ့သည်။ လူဝင်မှု ကြီးကြပ်ရေးမှလည်း ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတောနှင့် စစ်တွေနယ်မြေများတွင် ဘင်ဂလီများအပေါ် တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့သည်။ ဤသို့  အနေမသာလေသောအခါ ဘင်ဂလီ များသည် ဇာတိမြေ ဘင်္ဂလား (ထိုစဉ်က ပါကစ္စတန်) သို့  ပြန်လည်ခိုဝင်လေတော့သည်။
.
၁၉၅၀ နောက်ပိုင်းတွင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင်နယ်မြေများတွင် ဘင်ဂလီများ ကြောင့် မငြိမ်မသက် ဖြစ်ခဲ့ရသည်။ ဘင်ဂလီများသည် မှောင်ခိုကုန်ကူးခြင်း၊ တရားမျဝင် လက်နက်ရောင်းဝယ်ခြင်း၊ လူကုန်ကူး ခြင်း အစရှိသော ဥပဒေနှင့် မလွတ်ကင်းသော လုပ်ရပ်များကို မြန်မာ-အိန္ဒိယ-ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) နယ်စပ်တလျှောက်တွင် ပြောင်ပြောင်တင်းတင်း ဆောင်ရွက်ခဲ့သည်။ ထိုမျှမက သူရို့သည် ဘာသာခြားများ၏ အုပ်ချုပ်မှုကို မခံလိုခြင်း၊ ဘူးသီးတောင်၊ မောင်းတောနယ်မြေများတွင် သီးသန့် မူစလင်နိုင်ငံတည်ထောင်လိုခြင်း အစရှိသော အကြောင်းပြ ချက်များဖြင့် မူဂျာဟစ် လက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့သည်။ တော်လှန်ရေးကာလအတွင်း အနှီဘင်ဂလီတို့ သည် မူစလင်မဟုတ်သော ရခိုင်ပြည်သူများကို ဘူးသီးတောင်၊ မောင်းတောနှင့် ရသေ့တောင် ဒေသများမှ နှင်ထုတ်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် အနှီ မူဂျာဟစ်သူပုန်များကို မြန်မာ့ တပ်မတော်မှ ချေမှုန်းခဲ့သည်။
.
၁၉၆၂ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အာဏာရလာပြီးနောက်ပိုင်းတွင် အစိုးရသစ်သည် နဂါးမင်း စစ်ဆင်ရေးဖြင့် ဘင်ဂလီများအပါအဝင် နိုင်ငံတွင်း တရားမဝင် နေထိုင်သူများကို ချေမှုန်းခဲ့သည်။ ၁၉၇၇ခုနှစ်၊ နဂါးမင်းစစ်ဆင်ရေးကြောင့် ဘင်ဂလီ ၂၀၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်သို့  ခိုလှုံခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှလည်း ဘာသာတူ၊ လူမျိုးတူသော သူရို့ကို ကုလသမဂ္ဂ၏ အကူအညီဖြင့် လက်ခံထားခဲ့သော်ငြား နောက်ပိုင်းတွင် ယင်းနိုင်ငံ၏ အဆမတန် ဖောင်းပွလာသော လူဦးရေ ပြဿနာအပြင် ရိုဟင်ဂျာများသည် ဝန်ထုပ်ဝန်ပိုးသဖွယ် ဖြစ်နေခြင်းကြောင့် မြန်မာအစိုးရနှင့် ညှိနှိုင်းကာ ဘင်ဂလီများကို ရခိုင်ပြည်နယ်သို့  ပြန်လည်စေလွှတ်ခဲ့သည်။
.
၁၉၉၁-၁၉၉၂ စစ်အစိုးရလက်ထက်တွင် လူဦးရေ ၂၅၀,၀၀၀ ခန့် ရှိသော ဘင်ဂလီများသည် မြန်မာနိုင်ငံသားများအဖြစ် အသိအမှတ်ပြု မခံရခြင်းဟူသော အကြောင်းပြချက်ဖြင့် ဘင်္ဂလားဒေ့ရှ်သို့  ထပ်မံခိုလှုံကြပြန်သည်။ ဤတကြိမ်တွင်မူ ရာသီဥတု ဖောက်ပြန်မှု၊ လယ်ယာမြေများအား ကပ်ဘေးတွင် ဆုံးရှုံးမှု၊ လူဦးရေအဆမတန် တိုးပွားမှု အစရှိသော ပြဿနာများနှင့် ရင်ဆိုင်နေရသော ဘင်္ဂလားဒေ့ရှ်သည် အနှီ ရိုဟင်ဂျာဘင်္ဂလီများကို လက်မခံလိုတော့ချေ။ သို့ ပါ၍ ဘင်္ဂလားဒေ့ရှ်အစိုးရမှ မြန်မာအစိုးရနှင့် ညှိနှိုင်းကာ သူရို့ကို မြန်မာနိုင်ငံသို့  ပြန်လည်စေလွှတ်ခဲ့ပြန်လေသည်။ ၁၉၉၄-၁၉၉၇အတွင်း ဘင်ဂလီ ၂၃၀,၀၀၀ ခန့်  နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအပြင် UNHCR ၏အကူအညီဖြင့် မြန်မာနိုင်ငံသို့  ဝင်ရောက်ခဲ့သည်။
.
ညောင်မြစ်တူးတုန်း ပုတ်သင်ဥပေါ်။
.
၂၀၀၈ မတိုင်မီအထိ UNHCR သည် ခိုလှုံသူများကို Refugee Card ခေါ် UN Card များ ထုတ်ပေးခြင်း မရှိသေးပါ။ သို့ ပါ၍ အနှီ ဘင်ဂလီများအား UNHCR သည် ခိုလှုံသူဖြစ်ကြောင်း စာရွက်တရွက်ကိုသာ မိသားစုအလိုက် ထုတ်ပေးခဲ့ပါသည်။ ဤသို့ ဖြင့် သူရို့အား မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများတွင် ပြန်လည်နေရာချထားမည်ဟု စီစဉ်ကြသော အခါတွင်ကား ထိုထိုရိုဟင်ဂျာ ဘင်ဂလီများသည် သူရို့၏ ခိုလှုံသူအထောက်အထား မိသားစုစာရင်းတွင် အခကြေးငွေယူ၍ Cox's Bazaar ဒေသခံများ၏ အမည်များ ဖြည့်စွက်ခြင်း၊ အဆိုပါ စာရွက်ကို ရောင်းစားခြင်း စသော အနည်းနည်း အဖုံဖုံဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စွန့် ခွာလိုသူ Cox's Bazaar သားများကို တပါတည်း အပါခေါ်ခဲ့လေသည်။ ဤသို့ ဆိုလျှင် မြန်မာနိုင်ငံတွင်လည်း ၄င်းနည်းလမ်းများဖြင့် ဝင်ရောက်လာသော Cox's Bazaar ဇာတိဖွားများ မည်ရွေ့မည်မျှ ရှိနေပေမည်နည်း။
.
ကျွန်မတို့ မြန်မာလူမျိုးများသည် ကြင်နာသနားတတ်ကြသည်။ မေတ္တာတရား လက်ကိုင်ထားကြသည်။ ဤသို့ ဆိုလျှင် အနှီ ဘင်ဂလီများကို အဘယ်ကြောင့် ခါးခါးသီးသီး လက်မခံလေသနည်း။ ဥပမာရိုင်းရိုင်းတစ်ခု ပေးချင်ပါသည်။ ဆိုကြပါစို့ ။ ရပ်ကွက်ထဲရှိ အိမ်ထောင်မရှိသော အပျိုလေး တစ်ယောက် လင်ကောင်မပေါ် ကိုယ်ဝန်ရှိလာသောအခါ ကြားရသူ ယောင်္ကျားပျိုများ စုတ်တသပ်သပ်ဖြင့် ကရုဏာသက်ကြကုန်၏။ ထိုသို့ သော ယောင်္ကျားပျိုများအား "သနားရင် နင်တို့  အဖေနာမည် ခံမလား" ဟု မေးကြည့်ပါက အနှီယောင်္ကျားများ သဘောတူမည်လော။ မုချ လက်ခံမည် မဟုတ်ပါ။ အဘယ်ကြောင့် နည်း။ ရှင်းပါသည်။ "ကိုယ့်သွေးမဟုတ်သောကြောင့်"။
.
ရာသီဥတု မျှတကောင်းမွန်သော ဖွံ့ ဖြိုးမှုလမ်းကြောင်းပေါ်သို့  ရောက်ရှိနေပြီဖြစ်သော မြန်မာနိုင်ငံသို့  လူဦးရေအဆမတန် ဖောင်းပွနေသော၊ ကပ်ဘေးအလီလီ ကြုံတွေ့ရသော ဘင်္ဂလားဒေ့ရှ်မှ ရာထောင်ချီ စွာသော ဘင်ဂလီများက ဝင်ရောက်လိုကြသည်။ တရားဝင်သော၊ တရားမဝင်သော နည်းလမ်းများဖြင့် ခေတ်အဆက်ဆက် မြန်မာ့မြေပေါ်တွင် ခြေကုပ်ယူနှင့်ပြီးသော ဘင်ဂလီအချို့ သည်လည်း ယခုဆိုလျှင် ပြည်သူ့ လွှတ်တော်သို့ ပင် ဝင်ကောင်းဝင်နေပေမည်။ မြေမြို၍ မျိုးမသုဉ်းပါ။ လူမြိုလျှင်ကား မျိုးသုဉ်း နိုင်ပါသည်။ ကျွန်မတို့ ချစ်သော မြန်မာပြည်အား လှည်းကျိုးမထမ်းရလေအောင် ပြတ်ပြတ်သားသား ညီညီ ညွတ်ညွတ် ဝိုင်းဝန်းကာကွယ်ကြပါစို့ ။
.
မှီညွှန်းကိုးကား
-http://www.eurasiareview.com/31122011-burma-rohingya-refugees-and-thailand%E2%80%99s-%E2%80%98push-back%E2%80%99-analysis/
-http://thesail.wordpress.com/2011/12/14/protests-continue-against-the-existences-of-rohingya/
-http://www.nyidanmark.dk/NR/rdonlyres/B08D8B44-5322-4C2F-9604-44F6C340167A/0/FactfindingrapportRohingya180411.pdf
-http://www.refugeecouncil.org.au/members/brca.html/
-http://globalvoicesonline.org/2011/10/29/myanmar-netizens-to-bbc-apologize-now/
-http://www.irrawaddy.org/article.php?art_id=20647
-http://burmadigest.info/2011/05/02/burma-related-news-may-02-2011/
-http://www.unhcr.org/refworld/country,,HRW,,MMR,,3ae6a8743,0.html
ဖေ့ဘွတ်စာမျက်နာမှ သက်တန်.ချိုဧ။် မြစ်ဆုံအရေး ဖြေရှင်းချက်
မြစ်ဆုံစီမံကိန်းပြန်စနေပြီ အကြောင်းကြားစာနှင့်ပတ်သတ်၍ဖြေရှင်းချက်
by သက်တန့်ချို on Wednesday, April 4, 2012 at 12:17pm ·
ဒီမနက်မှာ သတင်းတစ်ခုတွေ့လိုက်ရတယ် ။ မူရင်းသတင်းကို အရင်ဖော်ပြပေးချင်ပါတယ် ရေးသူက ဒီမိုဝေယံဖြစ်ပြီး သူ့ဘလော့မှာ တင်ထားပါတယ် ။ ဧရာဝတီဘလော့မှာလည်း ဒီသတင်းတင်ထားပါတယ် ။
ကျွန်တော်တို့ အမိဧရာဝတီအတွက် အရေးကြီးပြန်ပြီ ညီနောင် အပေါင်းတို့ရေ..
http://www.demowaiyan.org/2012/04/cpi.html
ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံသို့ တရုတ် CPI ကုမ္ပဏီမှ မြစ်ဆုံစီမံကိန်း ပြန်လည် စတင်ရန်အတွက် လူနှင့်ပစ္စည်းများ ပြန်လည်ဝင်ရောက် တင်ပို့ခွင့် ပြုရန် အကြောင်းကြားစာ..
အများပြည်သူရဲ့ ဆန္ဒသဘောထားကို အသိအမှတ်ပြုတဲ့ အနေနဲ့ မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းလိုက်ပါပြီဆိုတဲ့ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့က ကြေငြာချက်ကို လေ့လာ ဆန်းစစ်ရပါတော့မယ်။ ဒီကြေငြာချက်ဟာ ကျွန်တော်တို့ ပြည်သူတွေကို ပျက်ရယ်ပြုနေသလားပဲ..။ ပြီးခဲ့တဲ့ မတ်လဆန်းကတည်းက တရုတ်အင်ဂျင်နီယာတွေ ပြန်ရောက်နေကြောင်း ဒီမိုဝေယံဖေ့စ်ဘွတ်နဲ့ ဘလော့ဂ်မှာ အကြိမ်ကြိမ်ဖော်ပြခဲ့ပါတယ်...။
ယခုအထက်ပါ.. ကချင်ပြည်နယ်အစိုးရထံကို CPI ကုမ္ပဏီမှ အင်ဂျင်နီယာနဲ့ လုပ်သားဦးရေ (၅၀၀)အတွက် ကဒ်ပြားတွေ ထုတ်ပေးဖို့နဲ့ စက်ယန္တယား အစရှိတာတွေ ပြန်လည်တင်သွင်းဖို့ အခွန်ကင်းလွတ်စွာနဲ့ ဝင်ရောက်ခွင့်ပြုဖို့ မတ်လ(၂၈)ရက်နေ့ ရက်စွဲနဲ့ ကျွန်တော်ပြည်သူတွေ ရွေးကောက်ပွဲမှာ အာရုံစိုက်နေချိန်ကို အခွင့်ကောင်းယူပြီး နောက်ကျောကနေ တောင်းဆိုနေပါပြီ..။ ကဲကျွန်တော်တို့ ပြည်သူတွေ ဘာဆက်လုပ်ကြမလဲ.. ကျွန်တော်တို့ တမျိုးသားလုံးနဲ့ ဆိုင်တဲ့အရေးပါ...။ အားလုံးဘက်ပေါင်းစုံက ဖော်ထုတ်၊ ကန့်ကွက်ကြပါ...။
ဒီမိုဝေယံ
ဘလော့ဂ်မှာ အင်္ဂလိပ်လို ရေးသားတောင်းဆိုချက်နဲ့ ဓါတ်ပုံ ကြည့်ရှုနိုင်ပါတယ်..
#######################################
ဒီနေရာမှာ ကျွန်တော်တို့စဉ်းစားစရာတွေအများကြီးရှိပါတယ် ။
၁ ။ သမ္မတကြီးကိုယ်တိုင် ကတိပေးထားတဲ့ အစိုးရသက်တမ်း ၅ နှစ်အတွင်းမလုပ်ပါဘူးဆိုတဲ့ အရာဆိုတော့ ဒီသတင်းရဲ့ တိကျသေချာမှုဟာ ဘယ်လောက်ရှိမလဲ ။
၂ ။ EMG မှာတော့ မြစ်ဆုံစီမံကိန်းအရိပ်အယောင်တွေ့တယ်ဆိုတာကိုတော့ ဖတ်လိုက်ရတယ်
၃ ။ ဒီ ဓါတ်ပုံဟာ အစစ်ဖြစ်နိုင်မလားဆိုပြီး ကျွန်တော်လိုက်ရှာကြည့်တဲ့အခါ အောက်ပါအတိုင်းပုံတချို့တွေ့ခဲ့ရတယ် ။
ပုံကိုကြည့်ပြီး အပေါ်ဆုံးကပုံဟာ ဖိုတိုရှော့နဲ့ဖန်တီးထားတဲ့ Hoax news ဆိုတာ ထင်ရှားသွားပါတယ် ။ ကျွန်တော်စဉ်းစားမိတာ တကယ်သာဆိုရင် ကျွန်တော်တို့ user တွေမပြောနဲ့ တကယ့်ထိပ်သီး မီဒီယာကြီးတွေက ငြိမ်နေပါ့မလား ဥပမာ EMG , 7 days , Messenger အစရှိသဖြင့်ပေါ့ ။
ဒီသတင်းဟာ လုံးဝမဖြစ်နိုင်ပါဘူး ဖန်တီးထားတဲ့ အရာတစ်ခုသာဖြစ်ပါတယ် ။ ဒီလို ပြောလိုက်တဲ့အတွက် ကျွန်တော်ဧရာဝတီကို မချစ်လို့မဟုတ်ပါဘူး ။ သမ္မတကြီးလုပ်နေတဲ့အလုပ်ဟာ ကလေးကစားစရာမဟုတ်ပါဘူး ။ နိုင်ငံတစ်နိုင်ငံရဲ့ခေါင်းဆောင်တစ်ဦးအနေနဲ့ပေးထားတဲ့ကတိပါ ။ သူ့ကတိကို ကျွန်တော်ယုံပါတယ် တခြားသူတွေကိုလည်းယုံစေချင်ပါတယ် ။ တကယ်သာ ဒီသတင်းအစစ်အမှန်ဖြစ်ခဲ့မယ်ဆိုရင် တနိုင်ငံလုံးလည်းကန့်ကွက်ကြမှာ မလွဲမသေပါပဲ ။
ဧရာဝတီအားချစ်ခင်သော ဧရာဝတီသားတစ်ဦး
သက်တန့်ချို
အားလုံးပဲ သတင်းနဲ့ပတ်သတ်ပြီးစိတ်အေးနိုင်ကြပါစေ ။
ထိုင်းတွေ မြန်မာအပေါ် အထင်မသေးကြတော့ဖို့ စပြောပြီ
တနေ့က ရုံးမှာ ပရင်တာနားမှာတွေ့တဲ့ ဘန်ကောက်ပို့စ်ရဲ့ စပက်ထရမ်ဆက်ရှင် သီခြားအချပ်ပိုကို ကောက်လှန်လိုက်တယ်။ မြန်မာပြည်အကြောင်းတွေ အများကြီးပါတယ်။ အဲဒီမှာ “အသွင်သစ်” မြန်မာအပြည်နဲ့ ဆက်ဆံရေးလုပ်တဲ့အခါ ထိုင်းတွေ စိတ်ထားပြောင်းဖို့ လိုပြီ (Thailand needs fresh mindset in dealing with 'new' Myanmar) ဆိုတဲ့ ဆောင်းပါးကို စိတ်ဝင်တစား ဖတ်ကြည့်တယ်။ အချရာ အရှာယာဂါချတ်က (Achara Ashayagachat) ချူလာလေင်ကွန်းတက္ကသိုလ်နဲ့ နာရေစွမ် တက္ကသိုလ်တွေက ပညာရှင်တွေ အပါအဝင် တော်တော်များများကို မေးပြီးရေးတာပါ။
သူရေးထားတာကို အနှစ်ချုပ် ပြန်ပြောရရင် ဒီလိုပါ။
ဒေါ်အောင်ဆန်းစုကြည်ပါဝင်လာတဲ့ မြန်မာ့ ပင်မနိုင်ငံရေး ရေစီးကြောင်းဟာ ထိုင်းတွေအဖို့ မြန်မာတွေအပေါ် ထားတဲ့သဘောထားကို အလျင်အမြန်ပြောင်းဖို့ ဖြစ်လာတော့မယ်လို့ မျှော်လင့်စရာရှိပါတယ်။
ထိုင်းမှာ ရောက်ရှိနေပြီး ထိုင်းစီးပွားရေး မောင်းနှင်လည်ပတ်မှုကို အကြီးအကျယ် အထောက်အကူပြုနေတဲ့ တရားဝင်၊ တရားမဝင် မြန်မာလုပ်သား သွင်းအားစုကြီးကို မီးမောင်းထိုးပြပြီး ဆောင်းပါးရှင် ပြောထားတာက သူတို့သာ တပြုံလုံး ပြန်သွားလို့ကတော့ ခက်ရချည့်ဆိုတာကို တပ်လှန့်ထားပါတယ်။ တရားမဝင် ခိုးဝင်ရောက်ရှိလာတာပဲဖြစ်ဖြစ်၊
ထိုင်းဟာ မြန်မာနဲ့ ဆက်ဆံရာမှာ စိတ်သဘောထား အသစ်တွေ ထားဖို့ လိုနေပြီ၊ မြန်မာဟာ မဟာအင်အားကြီး (အမေရိကန်၊ တရုတ်၊ အိန္ဒိယ) တွေနဲ့ ဆက်စပ်ပြီး ပထဝီ မဟာဗျူဟာမြောက် ဖြစ်လာနေပြီလို့ ချူလာလောင်ကွန်းတက္ကသိုလ်က တွဲဖက် ပါမောက္ခ ဆူရာချာ့တ် ဘမ်ရူဆတ် (Surachart Bamrugsuk) ကို ကိုးကားရေးသားထားတယ်။
မြန်မာပြည် စီးပွားရေး လမ်းပွင့်၊ စန်းပွင့်မှုဟာ ထိုင်းအပါအဝင် ဒေသတွင်းနိုင်ငံတွေကို အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်။ ထိုင်းအနေနဲ့ မြန်မာရဲ့ ဖွံ့ဖြိုးဖို့ အားယူလာမှုတွေအပေါ် ကူညီရမယ်ဆိုတာလည်း ဆောင်းပါးမှာ ရေးထားတယ်။
အဲဒီမှာ စိတ်ဝင်စားစရာကောင်းတာက နာရေစွမ် တက္ကသိုလ် (ထိုင်းအခေါ် နာရေစွမ်၊ မြန်မာအခေါ် ဗြနရာဇ် ဘုရင်ကို ဂုဏ်ပြုမှည့်ခေါ်ထားတာ) က လူမှုရေးဘာသာရပ် တွဲဖက်ပါမောက္ခ၊ မြန်မာစာနဲ့ ယဉ်ကျေးမှု ကျွမ်းကျင်သူ ပါရဂူ ဝီရတ် မျုံတမ် (Wirat Miyomtam) ရဲ့ မှတ်ချက်ပါ။
မြန်မာတွေအပေါ်မှာ ပုံသေကားကျနဲ့ “လုံချည်ဝတ်တွေ၊ တယူသန် ဗုဒ္ဓဝါဒီတွေ၊ အာဏာရှင်လက်အောက်မှာ စုတ်ပြတ်နေတဲ့ လယ်သမားတွေ” ဆိုတာ ထိုင်းသာမာန်လူထုရဲ့ အမြင်ဖြစ်နေတယ်။ ဒီလို အများသဘောထားဖြစ်အောင် လုပ်ထားခဲ့ကြတဲ့ ကိစ္စတွေကို မူဝါဒ ချမှတ်သူတွေဟာ ထည့်သွင်းစဉ်းစားရမယ်လို့ သူက ပြောထားပါတယ်။
ဆောင်းပါးမှာ ထိုင်း-မြန်မာ နယ်စပ် ခွဲခြားမှု ရှင်းလင်းပြတ်သားရေးကိုလည်း အတော်ဇောင်းပေး ထည့်ထားတာတွေ့ရတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ အခုက တိုင်းရင်းသားလက်နက်ကိုင်တွေက နယ်စပ်မှာ ထိန်းချုပ်ထားတော့ သူတို့တွေက မြန်မာအစိုးရနဲ့ စေ့စပ်ညှိနှိုင်းကြပြီဆို နယ်စပ်ပြဿနာက ရှင်းလင်းမှ ဖြစ်တော့မယ့် ကိစ္စကိုး။
မြန်မာ့စီးပွားရေးစန်းပွင့်မှုမှ
Subscribe to:
Posts (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
ထားဝယ်သူထားဝယ်သားတို.ခင်ဗျာ ဓါတ်ပုံထဲက ကလေးမလေး ဟာ စိတ်ရောဂါ ရနေတဲ့ကလေးမလေးဖြစ်ပြီး အသက်အရွယ်ငယ်ရွယ် တဲ့အတွက် မသမာသူများရဲ.အန္တရာယ်တွေ.ရှ...
-
စာရင်းအင်း ပညာ စာရင်းအင်း ပညာ (statistics) သည် အချက်အလက်များ (data) ကို စုဆောင်းခြင်း (collection)၊ ဆန်းစစ်ခြင်း (analysis)၊ အဓိပ္ပါယ်ဖော်ထ...
-
စကားဦး အခုရက်ပိုင်းအတွင်းမှာ စင်္ကာပူနိုင်ငံသား အဖြစ် ပြောင်းရေး မပြောင်းရေး ဆွေးနွေးထားတဲ့ စာတမ်းလေးတစ်ခုဖတ်ရပါတယ်။
-
ဆရာတာရာမင်းဝေ၏ကဗျာများ၊စာများကိုတစုတစည်းတည်းဖတ်ရှုနိုင်ကြစေရန်စုဆောင်းတင်ပြထားခြင်းဖြစ်ပါသည်။ ကျနော်တင်ပြထားသည်များအပြင်အခြ...
-
စိုင်းစိုင်းခမ်းလှိုင် မွေးသက္ကရာဇ် ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက် အမည်ရင်း မိဘအမည် စိုင်းခမ်းလှိုင် +စဝ်ဝေဠုသိဂီ င်္ နိ...
-
မေး ။ ။လူ.အခွင့်အရေး ဂရုဏာရှင်ကြီးများ ထိုင်းရောက်မြန်မာတွေ အဖမ်းအဆီးခံရမှု.တွေ အခွင့်အရေးဖိနှိပ်မှု.တွေ အတွက် ပါးစပ်လေးတွေ စပါးလံ...
-
(ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး) (ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ ပွဲစားများ ကျင်လည်ရာ နေရာတစ်ခု) ထိုင်းရောက်မြန်မ...
-
* * ကျီး လဲ မထိုး ခွေးလဲမစား ပြည်ပရောက်မြန်မာအလုပ်သမား * * ထိုင်းက မြန်မာ/လာအို/ ကမ္ဘောဒီးယား နိုင်ငံသားအလုပ်သမားတွေကို နိုင်ငံတော် ...
-
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ဖန်ငမြို.နယ် အပိုင် တွင် ထိုင်းရောက်မြန်မာအလုပ်သမား ၂ဦး (ရော်ဘာခြံလုပ်သား) အသတ်ခံရတယ်လို. သိရပါတယ်။ ...
-
27/6/2014 ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားကြသူ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ အနေနှင့် ၄ နှစ်တာ သက်တမ်းကာလကို ဖြတ်ကျော်ပြီ...