.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Tuesday, April 3, 2012

ဖေ့ဘွတ်စာမျက်နာမှ သက်တန်.ချိုဧ။် မြစ်ဆုံအရေး ဖြေရှင်းချက်

မြစ်ဆုံစီမံကိန်းပြန်စနေပြီ အကြောင်းကြားစာနှင့်ပတ်သတ်၍ဖြေရှင်းချက်

by သက်တန့်ချို on Wednesday, April 4, 2012 at 12:17pm ·
မြစ်ဆုံစီမံကိန်းပြန်စနေပြီ အကြောင်းကြားစာနှင့်ပတ်သတ်၍ဖြေရှင်းချက်

ဒီမနက်မှာ သတင်းတစ်ခုတွေ့လိုက်ရတယ် ။ မူရင်းသတင်းကို အရင်ဖော်ပြပေးချင်ပါတယ် ရေးသူက ဒီမိုဝေယံဖြစ်ပြီး သူ့ဘလော့မှာ တင်ထားပါတယ် ။ ဧရာဝတီဘလော့မှာလည်း ဒီသတင်းတင်ထားပါတယ် ။

ကျွန်တော်တို့ အမိဧရာဝတီအတွက် အရေးကြီးပြန်ပြီ ညီနောင် အပေါင်းတို့ရေ..
http://www.demowaiyan.org/2012/04/cpi.html
ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံသို့ တရုတ် CPI ကုမ္ပဏီမှ မြစ်ဆုံစီမံကိန်း ပြန်လည် စတင်ရန်အတွက် လူနှင့်ပစ္စည်းများ ပြန်လည်ဝင်ရောက် တင်ပို့ခွင့် ပြုရန် အကြောင်းကြားစာ..

 

အများပြည်သူရဲ့ ဆန္ဒသဘောထားကို အသိအမှတ်ပြုတဲ့ အနေနဲ့ မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းလိုက်ပါပြီဆိုတဲ့ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့က ကြေငြာချက်ကို လေ့လာ ဆန်းစစ်ရပါတော့မယ်။ ဒီကြေငြာချက်ဟာ ကျွန်တော်တို့ ပြည်သူတွေကို ပျက်ရယ်ပြုနေသလားပဲ..။ ပြီးခဲ့တဲ့ မတ်လဆန်းကတည်းက တရုတ်အင်ဂျင်နီယာတွေ ပြန်ရောက်နေကြောင်း ဒီမိုဝေယံဖေ့စ်ဘွတ်နဲ့ ဘလော့ဂ်မှာ အကြိမ်ကြိမ်ဖော်ပြခဲ့ပါတယ်...။

ယခုအထက်ပါ.. ကချင်ပြည်နယ်အစိုးရထံကို CPI ကုမ္ပဏီမှ အင်ဂျင်နီယာနဲ့ လုပ်သားဦးရေ (၅၀၀)အတွက် ကဒ်ပြားတွေ ထုတ်ပေးဖို့နဲ့ စက်ယန္တယား အစရှိတာတွေ ပြန်လည်တင်သွင်းဖို့ အခွန်ကင်းလွတ်စွာနဲ့ ဝင်ရောက်ခွင့်ပြုဖို့ မတ်လ(၂၈)ရက်နေ့ ရက်စွဲနဲ့ ကျွန်တော်ပြည်သူတွေ ရွေးကောက်ပွဲမှာ အာရုံစိုက်နေချိန်ကို အခွင့်ကောင်းယူပြီး နောက်ကျောကနေ တောင်းဆိုနေပါပြီ..။ ကဲကျွန်တော်တို့ ပြည်သူတွေ ဘာဆက်လုပ်ကြမလဲ.. ကျွန်တော်တို့ တမျိုးသားလုံးနဲ့ ဆိုင်တဲ့အရေးပါ...။ အားလုံးဘက်ပေါင်းစုံက ဖော်ထုတ်၊ ကန့်ကွက်ကြပါ...။

ဒီမိုဝေယံ

ဘလော့ဂ်မှာ အင်္ဂလိပ်လို ရေးသားတောင်းဆိုချက်နဲ့ ဓါတ်ပုံ ကြည့်ရှုနိုင်ပါတယ်..

#######################################

ဒီနေရာမှာ ကျွန်တော်တို့စဉ်းစားစရာတွေအများကြီးရှိပါတယ် ။

၁ ။ သမ္မတကြီးကိုယ်တိုင် ကတိပေးထားတဲ့ အစိုးရသက်တမ်း ၅ နှစ်အတွင်းမလုပ်ပါဘူးဆိုတဲ့ အရာဆိုတော့ ဒီသတင်းရဲ့ တိကျသေချာမှုဟာ ဘယ်လောက်ရှိမလဲ ။

၂ ။ EMG မှာတော့ မြစ်ဆုံစီမံကိန်းအရိပ်အယောင်တွေ့တယ်ဆိုတာကိုတော့ ဖတ်လိုက်ရတယ်

၃ ။ ဒီ ဓါတ်ပုံဟာ အစစ်ဖြစ်နိုင်မလားဆိုပြီး ကျွန်တော်လိုက်ရှာကြည့်တဲ့အခါ အောက်ပါအတိုင်းပုံတချို့တွေ့ခဲ့ရတယ် ။



ပုံကိုကြည့်ပြီး အပေါ်ဆုံးကပုံဟာ ဖိုတိုရှော့နဲ့ဖန်တီးထားတဲ့ Hoax news ဆိုတာ ထင်ရှားသွားပါတယ် ။ ကျွန်တော်စဉ်းစားမိတာ တကယ်သာဆိုရင် ကျွန်တော်တို့ user တွေမပြောနဲ့ တကယ့်ထိပ်သီး မီဒီယာကြီးတွေက ငြိမ်နေပါ့မလား ဥပမာ EMG , 7 days , Messenger အစရှိသဖြင့်ပေါ့ ။

ဒီသတင်းဟာ လုံးဝမဖြစ်နိုင်ပါဘူး ဖန်တီးထားတဲ့ အရာတစ်ခုသာဖြစ်ပါတယ် ။ ဒီလို ပြောလိုက်တဲ့အတွက် ကျွန်တော်ဧရာဝတီကို မချစ်လို့မဟုတ်ပါဘူး ။ သမ္မတကြီးလုပ်နေတဲ့အလုပ်ဟာ ကလေးကစားစရာမဟုတ်ပါဘူး ။ နိုင်ငံတစ်နိုင်ငံရဲ့ခေါင်းဆောင်တစ်ဦးအနေနဲ့ပေးထားတဲ့ကတိပါ ။ သူ့ကတိကို ကျွန်တော်ယုံပါတယ် တခြားသူတွေကိုလည်းယုံစေချင်ပါတယ် ။ တကယ်သာ ဒီသတင်းအစစ်အမှန်ဖြစ်ခဲ့မယ်ဆိုရင် တနိုင်ငံလုံးလည်းကန့်ကွက်ကြမှာ မလွဲမသေပါပဲ ။

ဧရာဝတီအားချစ်ခင်သော ဧရာဝတီသားတစ်ဦး

သက်တန့်ချို

အားလုံးပဲ သတင်းနဲ့ပတ်သတ်ပြီးစိတ်အေးနိုင်ကြပါစေ ။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ