.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Saturday, January 28, 2012

ကပစ (၉)၊ ပန်းတောင်း၊ ကျောက်ဖြူမှ စစ်သည်များ နစ်နာနေရခြင်းအကြောင်း



ကျနော်တို့တပ်တွင် ၂၀၀၈ ခု ဇွန်လမှ စ၍ တပ်သားအဆင့်မှ တပ်ကြပ်အထိ တလလျှင် ၃၀၀၀ ကျပ်၊ တပ်ကြပ်အဆင့်မှ အရာခံဗိုလ်အထိ တလလျှင် ၅၀၀၀ ကျပ်၊ ပြည်မြို့ အင်းဝဘဏ်တွင် တပ်ရင်းမှူး အမိန့်အရ မစုမနေရ ငွေစုခဲ့ရပါသည်။ ဦးပိုင်ကုမ္ပဏီတွင် ထည့်ရန်ဟု သိရပါသည်။ ယခုအခါ ဦးပိုင်ကုမ္ပဏီတွင်လည်း ထိုစုငွေများကို လက်မခံတော့ကြောင်း သိရပါသည်။ ငွေလို၍ မိမိ၏စုငွေကို ထုတ်ယူလိုလျှင်လည်း စုငွေကို ထုတ်ယူခွင့်မပေးပါ။ တပ်ပြောင်းသည့်အခါနှင့် သက်ဆိုင်သူ ရဲဘော် သေဆုံးလျှင်မှသာ ထုတ်ပေးပြီး မိသားစုအား အပြည့်အ၀ ထုတ်မပေးပါ။ တပ်ရင်း ငွေစာရင်းဌာနတွင် ဒု-အရာခံဗိုလ် ဘုန်းကျော်နှင့် ညှိလျှင် စုငွေကို ထုတ်၍ ရနိုင်ပြီး ငွေတသောင်း ထုတ်ယူရန် ၎င်းနှင့် အဖွဲ့ကို နှစ်ထောင်ကျပ် ပေးရပါသည်။ ဘဏ်သို့သွားရန် မလိုဘဲ ၎င်းတို့က ထုတ်ပေးပါသည်။ ဤသို့ ခေါင်းပုံဖြတ် ခံနေရခြင်းကြောင့် ဆင်းရဲကျပ်တည်းလှသည့် စစ်သည်များမှာ အလွန်နစ်နာနေရပါသဖြင့် အထက် လူကြီးများ သိရှိဖြေရှင်းပေးနိုင်ပါရန် တင်ပြလိုက်ရပါသည်။

စစ်သည်များ

ပြည်သူတို.ဧ။်ရင်ဖွင့်သံ

သို့/

သမ္မတကြီး
ပြည်ထောင်စုမြန်မာနိုင်ငံ

အကြောင်းအရာ။ ။ ထိုင်းမြန်မာနယ်စပ် မြဝတီမြို့မှ လူမှောင်ခိုများကိစ္စ

ကျွန်တော်သည် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လွန်ခဲ့သောရှစ်လခန့်က အလုပ်သွားရောက်လုပ်ကိုင်ခဲ့ ပါသည်။ 18.01.2012 နေ့တွင် ထိုင်းရဲမှ အလုပ်သမားလက်မှတ်မရှိ၍ ဖမ်းဆီးပြီး မဲဆောက်သို့ ပြန်လည် ပို့ဆောင်ခံခဲ့ရပါသည်။ ထို့နောက် ချစ်ကြည်ရေးတံတားမှ ပြန်မလွှတ်ပဲ ၁၀ ခွဲဂိတ် (ယခင် DKBA ယခု BGF) ဂိတ်သို့ ပို့ဆောင်ခဲ့ပါသည်။ မြန်မာဘက်ကမ်းရောက်တော့ ဂိတ်တာဝန်ခံနှင့် လူပွဲစား ကျော်ဦးဆိုသူမှ ဘတ်ငွေ ၁၅၀၀ မပေးနိုင်လျင် လွှတ်မပေးနိုင်ဟု ပြောပါသည်။ ကျွန်တော် တို့မှာ ပိုက်ဆံမပါပါဘူး၊ အဖမ်းခံထိပြီးပြန်လာတာပါဟု တောင်းပန်သော်လည်းမရပါ။ ထို့နောက် ကျွန်တော့ မိဘများထံဖုန်းဆက်ခိုင်းပြီး ပိုက်ဆံ ၁၅၀၀ ဘတ်ပေးပြီးမှ ပြန်လွတ်ခဲ့ပါတယ်။ အခုမြန်မာပြည်မှာ ဒီမိုကရေစီလဲရပြီ၊ လွတ်လပ်ပွင့်လင်းလာပြီ ဆိုသော်လည်း ယခုကဲ့သို့ ငွေမတရား တောင်းခံမှုမျိုးကို နိုင်ငံတော်အစိုးရအနေဖြင့် လက်ပိုက်ကြည့်နေလျင် မရှိဆင်းရဲသားများဘဝ ပိုမို ဒုက္ခရောက်မည်ဖြစ်ပါ၍ နိုင်ငံတော်သမ္မတကြီးမှ ကူညီဖြေရှင်းပေးပါရန် ကျွန်တော် ခိုင်ထွန်းလေးမှ လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

မှတ်ချက်။ ။၎င်းလူပွဲစား ကျော်ဦးနှင့် ဇနီးမှာ လူကုန်ကူးမှုဖြင့် ဝရမ်းထုတ်ခံထားရတာ ကြာနေပြီ ဖြစ်သော်လည်း နယ်မြေခံအာဏာပိုင်များကို ငွေနှင့်ပေါက်၍ လွတ်မြောက်နေကြောင်း သိရပါသည်။ ကျွန်တော်ကဲ့သို့အလားတူခံခဲ့ရသော ဘဝတူအလုပ်သမားများ နေ့စဉ်နှုင့်အမျှ များစွာရှိပါသည်။
ခိုင်ထွန်းလေး

ငါ့အတွေးပေါ့လေ.....



ဖေ့ဘွတ်လိုနေရာမှ ကြုံတွေ.ရတဲ့ အခက်အခဲလေးတစ်ခုကို
လက်တွေ.ဘ၀အထိ မသယ်ဆောင်စေချင်ဘူး...ဘာကြောင့်
လဲဆိုတော့
ဖေ့ဘွတ်ဆိုတာ လူမှု.အသိုင်းအ၀ိုင်းဆိုတာမှန်ေ
ပမဲ့....လက်တွေ.ကျကျဘ၀ထဲကိုတော့
မဖြတ်ကျော်စေချင်ဘူး..... အမှန်ကတော့ ဖေ့ဘွတ်ဆိုတာဖေ့ဘွတ်ဖြစ်ပြီး လက်တွေ.ကျသောဘ၀ဟာ ပင်ကိုယ်ဘ၀ဖြစ်တယ်...ဒါပေမဲ့ ဖေ့ဘွတ်ဟာလဲ လူအချို.ရဲ. ဘ၀အစိတ်အပိုင်းအဖြစ်အသုံးချခံနေရတာတွေရှိသလို ....ဖေ့ဘွတ်ကလဲ လူအချို..ကို သူ.ရဲ.သားကောင်အဖြစ် ဖမ်းစားထားတယ်......ဒါ့ကြောင့်မှန်ဧ။်မှားဧ။်မပြောလိုပါဘူး...
သေချာတာကတော့ လက်တွေ.ကျသောဘ၀မှာ လက်တွေ.ဆန်ဆန်လုပ်ကြရင်း လူမှု.ကွန်ယက်ကို လူမှု.ကွန်ယက်လို. မြင်လာရင်တောင် သင့်အတွက် အကောင်းဆုံးဖြစ်မှာပါ...

ဝေမင်း

တွဲသောလက်တွေခိုင်မြဲစေ



ဘ၀ကိုအေးချမ်းစွာဖြတ်ကျော်ကြစို.



အဟားးးးးး
ဒီလောကကြီးမှာ ...ငါ့ဘ၀က ...ပျော်ရွှင်အပေါင်းနဲ.ပြည့်စုံ
နေပြီး အင်မတန် စိတ်ချမ်းသာဖွယ်ကောင်းလေစွ......ငါ့ခုရောက်ရှိနေတဲ့ဘ၀ကိုပဲ ငါအင်မတန်ကြေနပ်မိတယ်...
ဒီလောက်ကောင်းမွန်တဲ့ ငါ့ဘ၀ကို
ဘယ်တော့မှ အပျက်အဆီးမခံတော့ဘူးလို.ပဲ ဆုံးဖြတ်ချက်ချတော့မယ်...
ငါ့မှာ မာန်မာနမရှိဘူး ဒါပေမဲ့ ပြတ်သားတယ်
ငါ့မှာပညာမရှိဘူး ဒါပေမဲ့ တွေးခေါ်တတ်တယ်
ငါ့မှာငွေမရှိဘူး ဒါပေမဲ့ ငါအလုပ်လုပ်နေတယ်
ငါ့မှာ ရန်သူမရှိဘူး ဒါပေမဲ့ သတိမလစ်ဘူး
ငါ့မှာ အိမ်မရှိဘူး ဒါပေမဲ့ နေစရာရှိတယ်
ငါ့မှာအခက်အခဲမရှိဘူး ဒါပေမဲ့ လွယ်လဲမလွယ်ကူဘူး
ငါ့မှာအချစ်မရှိဘူး ဒါပေမဲ့ ဖြူစင်တဲ့သံယောဇဉ်တော့ရှိတယ်
ငါ့မှာ အမုန်းမရှိဘူး ဒါပေမဲ့ ဥပေက္ခာပြုတာပဲရှိတယ်
ငါ့ဘ၀ကိုငါမငြီးငွေ.ဖူး ဒါပေမဲ့ တမ်းတမှု.လဲမရှိဘူး
ငါ့မှာ လောဘကြီးစိတ်မရှိဘူး ဒါပေမဲ့ ရောင့်ရဲတတ်တယ်
ငါ့မှာမမိုက်ရိုင်းဘူး ဒါပေမဲ့ ရောမရောက်ရင်ရောမလိုကျင့်တတ်တယ်
ငါ့မှာပူဆွေးမှု.တွေမရှိဘူး ဒါပေမဲ့ တရားနဲ.ဖြေဖူးတယ်
ငါ့မှာစိတ်ညစ်စရာမရှိဘူး ဒါပေမဲ့ ပျော်စရာလဲ နည်းပါးတယ်
.....

ဒါ့ကြောင့် ငါ့ဘ၀ကိုငါကြေနပ်တယ်..
ကဲ သူငယ်ချင်းတို.
မင်းတို.ကရော မင်းတို.ဘ၀ကို ကျေနပ်အောင် နေတတ် တွေးတတ်ကြပြီလား..
စိတ်အေးချမ်းစွာနေခြင်းသည် ဘ၀ကို ရဲရင့်စွာ ဖြတ်ကျော်ရန် ခွန်းအားကိုဖြစ်စေသည် လို.
သူငယ်ချင်းတို.ကိုပြောလိုက်ပါရေ

သင့်သူငယ်ချင်း
ဝေမင်း

ထိုင်းရောက်မြန်မာအလုပ်သမားတို.ဧ။်အပိုင်းအစများ


မြန်မာနိုင်ငံမှ ဈေးအသက်သာဆုံးသော ပြည်ပထွက်ခွာမှု. (တရားမ၀င်)များတွင်  မြန်မာနိုင်ငံသား အများဆုံး ၀င်ရောက်လုပ်ကိုင်လျှက်ရှိသော နိုင်ငံမှာ ထိုင်းနိုင်ငံပင်ဖြစ်သည်။ထိုင်း
နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်မြေခြင်းထိစပ်လျှက် ရှိသော အိမ်နီးခြင်းနိုင်ငံတစ်ခုဖြစ်သည်အားလျှော်စွာ မြန်မာနိုင်ငံသားတို. တရားဝင် (သို.)တရားမ၀င် ၀င်ရောက်အလုပ်လုပ်ကိုင်မှု.မှာလဲ မြန်မာ့အလုပ်သမားအရေး စောင့်ကြည့်သူတို.ဧ။် ခန်.မှန်ချက်ပမာဏ လူဦးရေ (၄)သန်းနီးပါးဖြစ်သည်။

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ