.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Saturday, January 28, 2012

ထိုင်းရောက်မြန်မာအလုပ်သမားတို.ဧ။်အပိုင်းအစများ


မြန်မာနိုင်ငံမှ ဈေးအသက်သာဆုံးသော ပြည်ပထွက်ခွာမှု. (တရားမ၀င်)များတွင်  မြန်မာနိုင်ငံသား အများဆုံး ၀င်ရောက်လုပ်ကိုင်လျှက်ရှိသော နိုင်ငံမှာ ထိုင်းနိုင်ငံပင်ဖြစ်သည်။ထိုင်း
နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်မြေခြင်းထိစပ်လျှက် ရှိသော အိမ်နီးခြင်းနိုင်ငံတစ်ခုဖြစ်သည်အားလျှော်စွာ မြန်မာနိုင်ငံသားတို. တရားဝင် (သို.)တရားမ၀င် ၀င်ရောက်အလုပ်လုပ်ကိုင်မှု.မှာလဲ မြန်မာ့အလုပ်သမားအရေး စောင့်ကြည့်သူတို.ဧ။် ခန်.မှန်ချက်ပမာဏ လူဦးရေ (၄)သန်းနီးပါးဖြစ်သည်။
ထိုင်းအစိုးရမှာတရားဝင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ထုတ်ပေးထားသော ပမာဏမှာ  ထိုလူဦးရေဧ။် ၃ ပုံ ၁ ပုံပင်မရှိပါ။
အဘယ်ကြောင့် ထိုင်းနိုင်ငံသို. ၀င်ရောက်အလုပ်လုပ်ကိုင်သူများပြားရပါသနည်းဟု မေးသော် အဖြေကား
၁။ လုပ်အားခကွာခြားခြင်း
၂။ အလုပ်အကိုင်ရှဖွေရလွယ်ကူခြင်း
၃။ ပညာအရည်အချင်းသတ်မှတ်မှု. နည်းပါးခြင်း
၎။ ၀င်ရောက်ရန်လွယ်ကူခြင်း
၅။ ၂ နှစ် ၃နှစ် ၁ကြိမ် ခန်. အလုပ်သမားလက်မှတ် (၁) နှစ်စာ ပြုလုပ်ပေးခြင်း
၆။ ထိုင်းနိုင်ငံဧ။် အလုပ်သမားလိုအပ်ချက် များခြင်း
၇။ လူကုန်ကူးသူများဧ။် အပြောကောင်းခြင်း
၈။ ခရီးစရိတ်အား အတိုးဖြင့် ပေးဆပ်နိုင်ခြင်း
၉။ ငွေပို. ငွေလွှဲရန် အဆင်ပြေခြင်း

စသော အကြောင်းအရာများကိုအခြေခံကာ မြန်မာနိုင်ငံသားတို.အဖို. ထိုင်းနိုင်ငံကိုဝင်ရောက်အလုပ်လုပ်ကိုင်ရန် ရွေးချယ်ကြခြင်းဖြစ်လိမ့်မည်။
မည်ကဲ့သို.သော နည်းများဖြင့်ဝင်လာကြပါသလဲ ဟု ထပ်မေးပါက ဖြေပါအုံးမည်

၁။ လူကုန်ကူးပွဲစားများမှ တဆင့်လာခြင်း(တရားမ၀င်)
၂။ နယ်စပ်ဖြတ်ကျော်ခွင့် (၇)ရက်လက်မှတ်ပြုလုပ်ကာ ထိုင်းနိုင်ငံသို.၀င်ရောက်လာပြီးပွဲစားမှတဆင့်လာခြင်း(တရားမ၀င်)
၃။ နယ်စပ်ရှိ မနလ ရုံးများတွင် အောက်ကြေးဖြင့် ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ကာဝင်ရောက်ခြင်း(တရားမ၀င်)
၎။ MOU ဖြင့်လာခြင်း(တရားဝင်)
၅။ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများမှ လာခြင်း(တရားဝင်)
စသောနည်းများဖြင့် ၀င်လာမဆဲတသဲသဲ ပင်ဖြစ်သည်။

ဘယ်နေရာတွေကနေ၀င်လာပါသနည်းဟုဆိုသော်

၁။ မြ၀တီ  - မဲဆောက်
၂။ တာချီလိတ်-မဲဆိုင်
၃။ ကော့သောင်း-ရနောင်း

စတဲ့နေရာတွေကနေ ၀င်ရောက်ကြခြင်းပင်ဖြစ်ပါသည်။

မည်ကဲ့သို.၀င်လာစေကာမူ ထိုင်းနိုင်ငံမှ အလုပ်သမားလိုအပ်ချက်အရ အလုပ်အကိုင်ရှာဖွေရန်လွယ်ကူသော်လည်း ၀င်ရောက်လာသူမြန်မာအလုပ်သမားတို.မှာ လုပ်အားခ ဘယ်လိုရသလဲဆိုတာ မေးခွန်းထုတ်ရန် ဖြစ်လာပါသည်။
မကြာခင်က ထိုင်းဝန်ကြီးချုပ်အသစ် နန်းစောင်ယင်လပ် တက်လာသောအချိန်တွင် တစ်နေ. လုပ်အားခ ဘတ် ၃၀၀ ပေးမည်ဆိုသောသတင်းသည် ထိုင်းလူမျိုးအလုပ်သမားများကိုယ်တိုင် ရာနုန်းပြည့်မရရှိသေးပါ မြန်မာအလုပ်သမားဆိုလျှင်ဝေးလာဝေးဖြစ်သည်။
အချို.မြန်မာ အလုပ်သမားများသည် တစ်ရက်လျှင်  ၁၈၅ ဘတ် ဖြင့် စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်နေကြသည်။
အချို.မှာ ၂၁၀ ဘတ် ရရှိသည် သို.သော် နည်းပါးလှပါသည်.။
ဆောက်လုပ်ရေးအလုပ်သမားများ မှာမူ တစ်ရက်လျှင် ၂၅၀ (အကြမ်းသမား)  ၃၀၀ (ဆရာ) ဖြင့် လုပ်ကိုင်လျှက်ရှိသည်။
ရော်ဘာခြံသမားများကတော့ ထွက်ရှိသော ရာဘာ အလေးချိန်ပေါ်မူတည်ပြီး အလုပ်ရှင်နှင့် ၃၀-၇၀ / ၄၀-၆၀/ ၅၀-၅၀ ရာခိုင်နှုန်းဖြင့်ဝင်ငွေအရကောင်းသော်လဲ မိုးရွာမှု. /ရော်ဘာဈေးကျဆင်းမှု. /အလုပ်ရှင်ဧ။် ခေါင်းပုံဖြတ်မှု. များကြောင့် အဆင်မပြေမှု.များလဲ ရှိသည်။
အိမ်အကူ အလုပ်သမ များအတွက်ကတော့ တစ်လလျှင် လစာ ၅၀၀၀ ဘတ် /၆၀၀၀ ဘတ်/ ၇၀၀၀ ဘတ် တို.ဖြင့် စရိတ်ငြိမ်း (သို.)စရိတ်မငြိမ်း အလုပ်လုပ်ကိုင်လျှက်ရှိကြသည်။
ထိုသို.ရရှိသော ၀င်ငွေများကို မြန်မာအလုပ်သမားများ ရရှိသည်လဲ ရှိသည် မရရှိသည်လဲ ရှိသည်  အဆင်ပြေသည်လဲရှိသည် အဆင်မပြေသည်လဲရှိသည် ။ သို.သော် မြန်မာအလုပ်သမားများမှာ ထိုင်းတွင် ရှာဖွေစားသောက်လျှက်ရှိဝြကသည်။
သူတို.ဧ။် ၀င်ငွေ နှင့် ထွက်ငွေ ပြန်ကြည့်လျှင်
ဆန် (သာမန်) တစ်အိတ် ၁၂၀၀ ဘတ်၊ ဆီ(သာမန်) တစ်ဗူး ၃၀ ဘတ်၊ ကြက်ဥတစ်လုံး ၅ ဘတ် ၊ ကန်စွန်းရွက်တစ်စီး ၅ ဘတ်၊ ကြက်သားတစ်ကီလီု ၁၂၀ ဘတ် ၊ ၀က်တစ်ကီလို ၁၃၀ ဘတ်  စသော အခြေခံ စာသောက်ကုန်များကို ၀ယ်ယူစားသောက်ကြရသည်။

ယောကျာ်လေးများအရက်သောက်ပါက  လောက်ခေါင်တစ်လုံး ၁၁၀ ဘတ် ၊ဘီယာတစ်လုံး ၅၀ဘတ်၊ ဆေးလိပ်တစ်ဗူး ၆၀ ဘတ် ၊ ကွမ်း ၅ယာ ၁၀ ဘတ် စသည်မှာလဲ အထွေထွေ အသုံးစရိတ်များအဖြစ် ထွက်ငွေဖြစ်သွားကြသည်။

ကျန်ပါသေးသည် မဖြစ်မနေကုန်ရမည့် ထွက်ငွေ
အလုပ်လုပ်ခွင့်လက်မှတ်မရှိသူမျာ
၁။ ဘတ်မရှိသူ (အလုပ်လုပ်ခွင့်လက်မှတ်)  ၁လ လျှင် ရဲစခန်းသို. ၅၀၀ ဘတ် (လစဉ်)ကြေး(ယခု ၁၀၀၀ ဘတ်)
၂။ ရဲဖမ်းပါက နုတ်ယူရန် ၅၀၀၀ ဘတ်မှ ၁၀၀၀၀ ဘတ် အတွင်း(၁လလျှင်ဘယ်နှစ်ကြိမ်းမှန်းမသိ)

အလုပ်လုပ်ခွင့်လက်မှတ်ရှိသူများ
၁။ အလုပ်လုပ်ခွင့်လက်မှတ် (၁)နှစ်စာ ၁၀၀၀ ဘတ် (တရားဝင်)ကြားခံ ၁၅၀၀ ဘတ်
၂။ ဆေးရုံး အာမာခံ ကဒ် ၁ နှစ်စာ  ၁၉၀၀ ဘတ်

တရားဝင်နှုန်းထားအတိုင်းကုန်ကျမှု.မှာ နည်းပါးလှပြီး စုစုပေါင်းကုန်ကျငွေမှာ ၁ နှစ်လျှင် ၅၁၀၀ ဘတ် ခန်.ဖြစ်ပါသည်။

ယာယီနိုင်ငံကူးလက်မှတ်ရှိသူများ

၁။ ယာယီနိုင်ငံကူးလက်မှတ် ၅၅၀၀ ဘတ်(၆ နှစ်စာ) အချို.နေရာများတွင် ၆၅၀၀ ဘတ်
၂။ အလုပ်လုပ်ခွင့်ပါမစ် (၂ နှစ်စာ)  ၂၅၀၀ ဘတ်(ပွဲစားဈေး ၃၀၀၀ ဘတ်)
၃။ ဆေးရုံဘတ် ၁၉၀၀  (၁ နှစ်)
 ၄။ ဗီဇာ သက်တမ်းတိုး  (၂) နှစ်  ၃၀၀၀ (တရားဝင်ဈေး)   တို.ဖြစ်ပါသည်။

ယခုကုန်ကျမှု.နှုန်းများမှာ မြန်မာအလုပ်သမားတို. မဖြစ်မနေတွေ.ကြုံရမည့် ကုန်ကျမှု.မျိုးဖြစ်ပြီး အလုပ်မှ ရရှိသော ငွေသည် စာရေးသောက်ရေးနှင့် မိမိဘေးရှင်းရန် စာရွက်စာတမ်းပြုလုပ်မှု.တို.နှင့်အတူ ကုန်လုနီးနီးဖြစ်သည်။
ထို.အပြင် ဒေါ်လာဈေးကျဆင်းပြီး ထိုင်းဘတ်ငွေ လျော့ရဲရဲ ဖြစ်လာချိန်တွင် မြန်မာငွေ တန်ဖိုးတက် လာပြီး ခုချိန်တွင် ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ကျပ် ၂၅ ကျပ် ပြား၆၀ ပေါက်ဈေးသို.ဆင်းသွားပြီဖြစ်သည်။

(ဆက်ရန်)

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ