.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Friday, May 3, 2013

လေးစားစရာ မြို.လေးတစ်မြို.အကြောင်း



သင်္ကြန်တွင်း မှာ ကော့သောင်း ဓမ္မရာဇာ ကမ္မဋ္ဌာန်းကျောင်း (ရွှေမင်းဝံ ၅ လမ်းထိပ်) မှာ ရဟန်းဝတ်တုန်း ဆွမ်းဆန်စိမ်း အလှူခံ ထွက်တော့ ပထမရက် မှာ ရွှေပြည်သာ ရပ်ကွက်/အေးရိပ်ငြိမ်ရပ်ကွက် နဲ. လစ်မစ်ခြမ်း ဘက်တွေကို တစ်လမ်းဝင်တစ်လမ်းထွက် အလှူခံလိုက်ရင်း ပီတိဖြစ်စရာ မြင်ကွင်းလေးတွေ တော်တော်များများ မြင်ခဲ့ရတာလေးတွေကို ပြောချင်ပါတယ်

လမ်းတိုင်းမှာ အလှူဒါန ဆန်စိမ်းလောင်းလှူသူတွေ ထင်ထားတာထက် ပိုများနေတဲ့အပြင် ၂ နှစ်သားကနေ ၁၄ နှစ်သားလောက်အထိ ကလေးကပါ မိဘတွေနဲ.အတူ ဆွမ်းဆန် လောင်းနေကြတာ မြင်ရတော့ မိဘတွေရဲ. ဘာသာရေးဆုံးမမှု.ကို လေးစားမိပါတယ်။
တစ်ယောက်မဟုတ် ၂ ယောက်မဟုတ်တဲ့အပြင် လောင်းလှူတဲ့အိမ်တိုင်းလိုလို မှာ ကလေးတွေပါ ပါဝင်လှူဒါန်းကြတာတွေ.ရတော့ တကယ်ကို ပီတိဖြစ်မိရင်း သူတို.လေးတွေအတွက် မေတ္တာအထပ်ထပ်ပို.သပေးနေမိပါတယ်။

သင်္ကြန်ရက် မှာ အိမ်ရှေ. ရေကစားနေတဲ့ ကလေးတွေကအစ မိဘတွေရဲ. တိုက်တွန်းချက်မပါပဲ ရေပြွတ်သေနတ်လေးတွေ ဘေးချပြီး လက်အုပ်ချီ ပြီး ဂါရ၀ ပြုနေပုံတွေက မိဘတွေရဲ. သွန်သင်မှု.ကို ဖော်ပြနေတာမဟုတ်လားဗျာ .။

ဒုတိယ ရက်မှာတော့ ၂ မိုင် ကနေ ၁ မိုင် ကုန်းအထိ အလှူခံသွားတော့လဲ ဒီလိုမြင်ကွင်းတွေ ထပ်မြင်ရပြန်ပါတယ်....... စိတ်ထဲကတော့ မှတ်ချက် ချမိလိုက်ပါတယ် ကော့သောင်းက မိဘတွေ လေးစားဖို.ကောင်းပြီး မညံ့ကြဘူးလို. ........

နောက်တစ်ချက်က ဘုန်းတော်ကြီးကျောင်းတိုင်းလိုလိုမှာ လူငယ်ပရဟိတ အဖွဲ.တွေ ဖွဲ.စည်းပြီး ဘာသာရေး လူမှုရေးတွေ သာရေး နာရေး ကိစ္စတွေ လုပ်ကိုင်နေကြတာကလဲ အနာဂတ် လူမှု.၀န်ကျင်းအတွက် အလားအလာကောင်းတွေပဲလို. မှတ်ချက်ပေးမိပြန်ပါတယ်။

သင်္ကြန်အတွင်း ကောလဟာ လ တစ်ချို.ကြောင့် ကော့သောင်းအ၀ိုင်းပတ်ကြီးနားမှာ ရဲကားတစ်စီး ဒိုင်းတွေ တင် ပြီး စောင့်နေပေမဲ့ ရဲသားကတော့ ၄ ယောက်ပဲ မြင်ခဲ့ရတာပါပဲ .ဒါပေမဲ့ အေးချမ်းတဲ့ ကော့သောင်း မြို.လေးဟာ သက်ြန်တွင်းကို ငြိမ်းချမ်းစွာနဲ.ဖြတ်သန်းခဲ့တာ တွေ.ခဲ့ရတော့ စည်းလုံးညီညွတ်မှု. ကိုလဲ လေးစားဖွယ်ရာတွေ.မြင်ခဲ့ရပြန်ပါတယ်.......

နယ်စပ်မြို. ဖြစ်ပေမဲ့ ဘာသာရေး လိုက်စားမှု. အေးချမ်းမှု. တွေ ပြည့်ပြည့်၀၀ ရှိပြီး အနာဂတ် မျိုးဆက်ကောင်းတွေ ပေါ်ထွန်းလာမဲ့ မြို. အဖြစ် လက်ခံယုံကြည်မိတာတော့ ကျနော့အလွန်မဟုတ်ဘူးလို.ထင်မိပါရဲ.

မင်းလွမ်းနောင် (ပန်းတနော်)

Monday, April 16, 2012

“တွေးပူမိပါသည် ..... စားအုန်းဆီ။“

ဆောင်းပါးရှင်  Qing Minya
 
 
Palm Oil ဟူသော စားအုန်းဆီ သို့မဟုတ် ဆီအုန်းပင်မှ ထုတ်ယူသောဆီသည် မြန်မာ တော်တော်များများနှင့် အကျွမ်းတဝင်ရှိပြီး ဖြစ်သည်။ အခြေခံလူတန်းစား တော်တော်များများ၏ မီးဖိုချောင်တွင် သူမပါလျှင် မပြီးသလို ကျွန်မတို့ မိန်းကလေးများ နေ့စဉ်သုံးစွဲသော အလှကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင်လည်း ဆီအုန်းဆီကို အသုံးပြုရသည်။
.
"မြေကြီးမှ ရွှေသီးသည်" ဟူသော စကားသည် ဆီအုန်းစိုက်ပျိုးသူများအတွက် အလွန်ပင် မှန်ကန်လှပေသည်။ ၂၀ရာစုတွင် မလေးရှားနိုင်ငံအား အာရှကျားနိုင်ငံ တစ်နိုင်ငံအဖြစ် အသွင် ပြောင်းပေးလိုက်သည်မှာ ဆီအုန်းပင် ဖြစ်သည်။ မလေးရှားနိုင်ငံနည်းတူ အင်ဒိုနီးရှားနိုင်ငံသည်လည်း ယင်းဆီအုန်းကိုပင် အဓိကအားထားနေရသည်။ ယင်းနိုင်ငံများတွင် စိုက်ပျိုးသော ဆီအုန်းမှာ အာဖရိကဆီအုန်းမျိုး ဖြစ်သည်။ အရွယ်ရောက်ပြီး ဆီအုန်းပင်သည် လုံးပတ် ၄၀ စင်တီမီတာမှ ၆၀ စင်တီမီတာအတွင်း ရှိပြီး ပင်စည်သည် ၁၅ မီတာမှ ၁၈ မီတာအထိမြင့်သည်။ ဆီအုန်းပင်၏ အကိုင်းတစ်ကိုင်းတွင် အသီး ၁၀၀၀ မှ ၃၀၀၀ အထိ ပြွတ်ပြွတ်ခဲခဲ သီးလေ့ရှိသည်။ အပင် သက်တမ်း လ ၃၀ မှ စတင်၍ အသီး စတင်သီးပါသည်။ ဆီအုန်းပင်၏ သက်တမ်းမှာ နှစ် ၃၀ ကျော် ဖြစ်သော်လည်း ၂၅ နှစ်မျှ အထိသာ အသီးအောင်သည်ဟု ဆိုသည်။ ကျွန်မတို့ စားသုံးသော စားအုန်းဆီသည် အဆိုပါ ဆီအုန်းသီး၏ အသားမှ ထုတ်ယူခြင်းဖြစ်ပြီး အလှကုန်ပစ္စည်းများ ထုတ်လုပ်ရန်အတွက်မူ Palm kernel oil ဟူသော ဆီအုန်းသီး၏ အစေ့မှ ထုတ်ယူသောအဆီကို သုံးကြသည်။ ဆီအုန်းပင်၏ ပင်စည်ကို ရုံးသုံး ပရိဘောဂများ ပြုလုပ်သော Particle board ကျိတ်ပေါင်းအထပ်သား ပြုလုပ်ရာတွင် သုံးသည်။ ကိုင်းစကိုင်းန များကိုမူ နေလှမ်း အဆွေးခံ၍ မြေသြဇာအဖြစ် ပြန်လည်အသုံးချနိုင်သည်။ အတိုချုံးပြောရလျှင်ကား ဆီအုန်းပင် သည် ပင်လုံးအသုံးတည့်သော အပင်မျိုးပင် ဖြစ်သည်။ ယင်းဆီအုန်းသည် မိုးများ၍ စိုစွတ်သော အပူပိုင်းဒေသ များတွင် ဖြစ်ထွန်းသည်။
.
ဆီအုန်းအများဆုံး စိုက်ပျိုးသော နိုင်ငံများမှာ မလေးရှား၊ အင်ဒိုနီးရှားနှင့် နိုင်ဂျီးရီးယားတို့  ဖြစ်သည်။ ၂၀၀၆ ခုနှစ်မတိုင်မီက မလေးရှားသည် ဆီအုန်းအများဆုံး စိုက်ပျိုးသော နိုင်ငံတနိုင်ငံဖြစ်ခဲ့သော်လည်း ၂၀၀၉ ခုနှစ်မှ စတင်၍ အင်ဒိုးနီးရှားနိုင်ငံသည် ဆီအုန်းအများဆုံး စိုက်ပျိုးရာ နိုင်ငံဖြစ်လာသည်။ ဤစာစုတွင် မလေးရှား၏ ဆီအုန်းစိုက်ပျိုးမှုအကြောင်းကို အဓိကထား တင်ပြလိုပါသည်။ မလေးရှားနိုင်ငံတွင် စုစုပါင်း ဆီအုန်းစိုက်ပျိုးမြေ ဧရိယာ ဟက်တာ ၅ သန်းရှိပါသည်။ အဆိုပါ မြေအကျယ်အဝန်းသည် ဘောလုံးကွင်းပေါင်း ၇ သန်းခွဲနှင့် ညီသည်ဟု ဆိုသည်။ ဆီအုန်းသည် ယင်းနိုင်ငံ၏ စီးပွားရေး အသက်သွေးကြောပင် ဖြစ်တော့သည်။ ၂၀၀၆ ခုနှစ်အထိ ထိပ်တန်း ဆီအုန်းစ်ုက်ပျိုးသော နိုင်ငံဖြစ်ခဲ့သော မလေးရှားနိုင်ငံကို အင်ဒိုနီးရှားနိုင်ငံမှ ကျော်တက်ခဲ့သည်။ အကြောင်းရင်းမှာ အင်ဒိုနီးရှားသည် မလေးရှားထက် မြေအား၊ လူအား အစစ သာလွန်သည်။ မလေးရှားသည် အင်ဒိုနီးရှားထက် နယ်ပယ်ကျဉ်းရုံမျှမက သစ်တောဆိုင်ရာ ဥပဒေစည်းမျဉ်းစည်းကမ်းများကလည်း ပိုမိုတင်းကြပ်သည်။ ၂၀၀၈ခုနှစ်တွင် မလေးရှားသည် စားအုန်းဆီ တန်ချိန်သန်းပေါင်း ၁၇.၇ ကို စုစုပေါင်း အလုပ်သမားဦးရေ ၅၇၀,၀၀၀ သုံး၍ ထုတ်လုပ်ခဲ့သည်။ ၆၀% သော စားအုန်းဆီကို တရုတ်နိုင်ငံသို့  တင်ပို့ သည်။ ယင်းစားအုန်းဆီကို မာဂျရင်း၊ ဘီစကစ်၊ ချောကလစ်အစရှိသော မုန့် ပဲသွားရေစာများ ထုတ်လုပ် ရာတွင်အများဆုံးအသုံးပြုသည်။
.
မလေးရှားနိုင်ငံ၏ သစ်တောဥပဒေအရ သစ်တောဧရိယာသည် နိုင်ငံဧရိယာ၏ ၅၀% ရှိရမည်ဟု ဆိုသည်။ ထို့ ကြောင့် ဆီအုန်းခင်းများကို ထင်သလို ချဲ့ထွင်နိုင်ခြင်း မရှိပေ။ ထိုအချက်ကြောင့်ပင် အင်ဒိုနီးရှားသည် မလေးရှားထက် ဆီအုန်းပိုမို စိုက်ပျိုးနိုင်ခြင်း ဖြစ်သည်။ သို့ ပါ၍ မလေးရှား ထိပ်တန်း ဆီအုန်းစိုက်ပျိုးသော Felda Holding နှင့် Sim Darby တို့ သည် အိမ်နီးချင်း အာရှနိုင်ငံများဖြစ်သောထိုင်း၊ ကမ်ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံများတွင် သွားရောက် စိုက်ပျိုးကြသည်။ သို့ ရာတွင် ကိုယ်တိုင်လည်း ဆီအုန်းထုတ်လုပ်သော အင်ဒိုနီးရှားနိုင်ငံတွင်မူ ထင်သလောက် ကျယ်ကျယ်ပြန့် ပြန့်  စိုက်ပျိုးခွင့် မရကြပေ။ ယင်းသို့  ပြည်ပနိုင်ငံငယ် များတွင် ဆီအုန်း စိုက်ပျိုးထုတ်လုပ်ခြင်းသည် မိခင် မလေးရှားနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်ခြင်းထက် ပို၍ အကျိုးအမြတ်များသည်ဟု ဆိုသည်။ အကြောင်းရင်းမှာ ယင်းနိုင်ငံများ၏ အလုပ်သမား လစာ၊ မြေဈေး စသည်တို့ သည် အစစအရာရာ မလေးရှားနိုင်ငံထက် နှုန်းထားများ အလွန် သက်သာသည်။
.
ဤသို့ ဆိုလျှင် ဆီအုန်းစိုက်ပျိုးခြင်းသည် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံအတွက် အတိုင်းအထက်အလွန် အထောက်အကူ ပြုပါသည်ဟု ဆိုနိုင်ပါသလား။ ဆိုနိုင်ပါသည်။ သို့ သော် .... ရယူခြင်းတိုင်းတွင် ပေးဆပ်ခြင်း ဟူသည် ရှိစမြဲသာပင်။ မြေကြီးမှ ရွှေသီးစေသော အနှီ ဆီအုန်းသည် တောပြုန်းခြင်း၏ အဓိက အကြောင်းရင်း တစ်ခုပင် ဖြစ်သည်။ ထိုမျှမက လေထုညစ်ညမ်းစေသော ပင်မ အကြောင်းရင်းလည်း ဖြစ်သည်ဟု ဆိုသည်။ အဘယ်ကြောင့်များနည်း။ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများတွင် အနှီဆီအုန်းကို စိုက်ပျိုးရန်အတွက် ရှိရင်းစွဲ အမြဲစိမ်းတောများကို ရှင်းလင်းပစ်ကြသည်။ မည်ကဲ့သို့ ရှင်းလေသနည်း။ ဟုတ်ကဲ့... အလွယ်ကူဆုံးနည်းမှာ မီးတင်ရှို့ ခြင်း ဖြစ်သည်ဟူ၏။ ယင်းသို့လောင်ကျွမ်းခြင်းများမှ လွင့်ပျံလာသော မီးခိုးမှိုင်းများသည်ကား စုစုပေါင်း လေထုညစ်ညမ်းမှုပမာဏ၏ ၄% မျှ ရှိသည်ဟု ဆို၏။ ထို့ အပြင် ယင်းသို့ မဆင်မခြင် တောရှင်းသော အပြုအမူများကြောင့် ယခုအခါ မလေးရှားနှင့် အင်ဒိုနီးရှားသစ်တောများတွင် တောပြုန်းမည့် အရိပ်အရောင်များ တွေ့နေရသည်။ ထိုမျှမက အာရှကြံ့၊ ဆူမားတြားကျား အစရှိသော တိရစ္ဆာန်များမှာ မျိုးတုန်းလုနီးနီးပင် ဖြစ်သည်။ သဘာဝအရ တွေးတောကြည့်မိပါသည်။ သစ်ပင်များသည် လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ကို ရှုသွင်း၍ ကျွန်မတို့ အတွက် အောက်ဆီဂျင်ကို ပြန်လည် ထုတ်ပေးပါသည်။ အကယ်၍များ သစ်တောများ ပြုတ်ပြုတ်ပြုန်းခဲ့ပါသော် လေထုထဲတွင် မလိုအပ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်များ ဖောချင်းသောချင်း ဖြစ်နေနိုင်သည်။ တောပြုန်းလျှင် မြေပါပြိုပါသည်။ ရေကြီးသောကပ်က နောက်မှ တပါတည်း ထပ်ချပ်မကွာ လိုက်ပါပေတော့သည်။ ဆီအုန်းစိုက်ခင်းများ ကြောင့် ယင်းသို့သော ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ ပြဿနာများသာမက လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ပြဿနာများကိုလည်း ရင်ဆိုင်ရသည်ဟု ဒေသခံများမှ ဆိုသည်။ ဆီအုန်း လုပ်ငန်းရှင်များသည် အကျင့်ပျက်အာဏာပိုင်တချို့နှင့် ပူးပေါင်းကာ ၄င်းတို့၏ သီးနှံစိုက်ခင်းများကို မတရားသဖြင့် ရယူသည်ဟု ဒေသခံများမှဆိုသည်။ ဤသို့ ဖြင့် လယ်ပိုင်ယာပိုင် ဘဝမှ လယ်မဲ့ ယာမဲ့ဖြစ်ရရှာသော ဒေသခံများသည် အနှီဆီအုန်းခင်းများတွင်ပင် သူရင်းငှားသဖွယ် ဝင်ရောက် အလုပ် လုပ်ကြရသည်။ ထို့ ပြင် ဆီအုန်းပင်ဟူသည်ကား ၄င်းရှင်သန်နေသောကာလတွင် ရှိသမျှ မြေဆီမြေနှစ်ကို စုပ်ယူသော သဘာဝရှိသောကြောင့် အနှစ် ၃၀ကြာသော် ယင်းတို့ သက်တမ်းကုန်လေပါက အနှီမြေပေါ်တွင် မည့်သည့်အပင်မျှ မဖြစ်ထွန်းနိုင်တော့ပေ။ ယင်းကိစ္စနှင့် စပ်လျှင်း၍ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှ Orang Rimba Sumatra မျိုးနွယ်စုခေါင်းဆောင် Din Perulak မှ ဤသို့ ပြောကြား ခဲ့သည်။
.
"ကျွန်တော်ကတော့ ကျွန်တော်တို့ဒေသမှာ ဒီလို ဆီအုန်းစိုက်ပျိုးတာကို သဘောမကျပါဘူး။ အခုဆိုရင် ဒီဒေသရဲ့ သီးနှံစိုက်ခင်းတွေ တဖြည်းဖြည်း ကွယ်ပျောက်ကုန်ပါပြီ။ နောင်တချိန် ဘာသီးနှံမှ စိုက်လို့မရတော့ရင် ဒေသခံတွေရဲ့ ရှေ့ရေးက ရင်လေးစရာပါ" ဟု ဆိုသည်။
.
တမြန်နေ့က စိတ်ဝင်စားစရာ သတင်းတပုဒ်ကို ဖတ်ရှုလိုက်ရသည်။ မလေးရှားနိုင်ငံ ထိပ်တန်း ဆီအုန်း ထုတ်လုပ်သူ Felda Global Ventures နှင့် Astral Asia တို့သည် မြန်မာနိုင်ငံတောင်ပိုင်းတွင် ဆီအုန်း လာရောက်စိုက်ပျိုးရန် မြန်မာအစိုးရနှင့် ညှိနှိုင်းဆွေးနေဆဲ ဖြစ်သည်ဟု ဆိုသည်။
.
ထိုသတင်းကို မြင်လျှင်မြင်ခြင်း ကျွန်မ ဝမ်းသာမိပါသည်။ တို့ များနိုင်ငံသည်လည်း အနာဂတ်တွင် အာရှကျား တစ်ကောင် ဖြစ်လာလေမည်လား ဟူသောအတွေးဖြင့် ခေတ္တမျှ သွေးနားထင် ရောက်မိပါသေးသည်။ တဆက်တည်းမှာပင် အလိုအလို ဖလန်း ဖလန်းထလာသော ကျွန်မလက်များက ရောက်တတ်ရာရာ website များဝယ် မြန်မာနိုင်ငံ သစ်တောများ၏ ကျန်းမာရေအခြေအနေကို ရှာဖွေဖတ်ရှုမိပါ၏။ ထို့ နောက်တွင်မူ ခုနင်က နားထင်ရောက်နေသော သွေးသည် ငယ်ထိပ်သို့ တက်ဆောင့်ပါလေတော့၏။ ရှင်းပါဦးမည်။ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း မဆင်ခြင်သော လုပ်ငန်းရှင်များ၏ သစ်ထုတ်လုပ်ရေးလုပ်ငန်းများကြောင့် ယခုအခါ မြန်မာနိုင်ငံသည်လည်း တောပြုန်းခြင်းအန္တရာယ်ကို ရင်ဆိုင်နေရသည်ဟု ဆိုသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းတစ်ခု၏ မှတ်တမ်းများအရ မြန်မာနိုင်ငံသည် သစ်တောပြုန်းတီးမှုနှုန်း အမြင့်မားဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ အနှီ သစ်ပင်များ ဘယ်ရောက်သွားလေသနည်း။ အများစုမှာ တရုတ်နိုင်ငံရှိ စက်ရုံများသို့  တင်ပို့ ခြင်း ခံရပါသည်။ ၁၉၉၀ မှ ၂၀၁၀ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ သစ်တောဧရိယာ ၁၉%မျှ ကွယ်ပျောက်ခဲ့ရသည်။ စုစုပေါင်းဟက်တာ ၇,၄၄၅,၀၀၀ မျှ ဖြစ်သည်။ ယင်းဧရိယာသည် Ireland တစ်နိုင်ငံလုံး၏ ဧရိယာထက်ပင် ပိုသည်။ ရင်နာလှပေစွ။
.
ဤသို့ ဆိုလျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများမှ မြန်မာပြည်တွင် ဆီအုန်းစိုက်ပျိုးခြင်းသည် သင့်တော်ပါ၏လား။ စီးပွားရေးပညာရှင် တစ်ယောက် မဟုတ်လေသော ကျွန်မသည် အနှီမေးခွန်းကို မဖြေဆိုနိုင်ပါ။ ကျွန်မကိုယ်တိုင်ပင် သို့လော သို့လောဖြင့် အဖြေရှာမရနိုင်သော မေးခွန်းများစွာ ရှိနေပါသည်။
.
၁။ နှစ်နိုင်ငံ ပူးပေါင်း၍ အကျိုးတူဆောင်ရွက်သော အနှီ ဆီအုန်းခင်းများအတွက် မြန်မာနိုင်ငံအား မည်သည့်အဖွဲ့အစည်းမှ ကိုယ်စားပြုမည်နည်း။ (ခရိုနီများလော။)
၂။ ရရှိလာမည့် အကျိုးအမြတ်သည် မည်သို့ နည်း။
၃။ မြန်မာနိုင်ငံဘက်မှ ရရှိလာမည့် အကျိုးအမြတ်အား မည်သူ ခံစားခွင့် ရှိလေသနည်း။
(ခရိုနီများလော၊ လယ်သမားများလော၊ သို့ မဟုတ် ... )
၎။ နည်းပညာပိုင်းဆိုင်ရာ အကျိုးအမြတ် ရနိုင်မည်လား။ (ဤမေးခွန်းကို ဖြေဆိုရန် ဥာဏ်မမီပါ။)
၅။ မြန်မာနိုင်ငံတွင် သစ်တောနှင့်ပတ်သက်သော ဥပဒေများ သတ်သတ်မှတ်မှတ် ရှိပါသလား။
(စာအုပ်ထဲတွင် ရှိကောင်းရှိပါ၏။)
၆။ အင်ဒိုနီးရှားကဲ့သို့  လယ်ယာလုပ်သူ တောင်သူများအပေါ် လူ့ အခွင့်အရေး ချိုးဖောက်မှုများ ရှိနိုင်မည်လား။
(တလောက လယ်သမားများနှင့် ပတ်သက်၍ ဆူဆူပူပူအသံများ ကြားရပါသည်။ ဤမေးခွန်းကို ဖြေဆိုရန် ဥာဏ်မမီပါ။)
၇။ မြန်မာနိုင်ငံတွင် လယ်ယာမြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ဥပဒေများသတ်သတ်မှတ်မှတ် ရှိပါသလား။
(စာအုပ်ထဲတွင် ရှိကောင်းရှိပါ၏။)
၈။ အင်ဒိုနီးရှားကဲ့သို့ပင် အင်အားကြီးလုပ်ငန်းရှင်များနှင့် အကျင့်ပျက်အာဏာပိုင်တချို့ ပူးပေါင်းကာ လယ်ယာမြေများ အဓမ္မသိမ်းယူမှုများ ပေါ်ပေါက်နိုင်မည်လား။ (ဤမေးခွန်းကို ဖြေဆိုရန် ဥာဏ်မမီပါ။)
၉။ နှစ် ၃၀ လွန်မြောက်၍ မြန်မာ့မြေပေါ်တွင် သီးနှံစိုက်ပျိုး၍ မရနိုင်လေသောအခါ တောင်သူများအတွက် မည်သို့ ရှေ့ဆက်ရမည်နည်း။ (နှစ် ၃၀ ဆိုတာ အဝေးကြီးပါအေ။ အဲဒီကာလအတွင်း မျိုးဆက် သုံးဆက်စားမကုန်အောင် ရှာရမယ် ပိုက်ဆံတွေ - တစ်နပ်စားကြံ ခရိုနီအကြီးစားတစ်ဦး၏ ကြိမ်းဝါးသံ)
၁၀။ မလေးရှားနိုင်ငံကဲ့သို့ပင် မြန်မာနိုင်ငံသည်လည်း ဆီအုန်းကြောင့် အာရှကျားတစ်ကောင် ဖြစ်လာ နိုင်မည်လား။ (ကိုးတောင်ကျားလော၊ ကျားပိန်ကျားနာ ကျားထော့ကျိုးလော၊ ကျားက ကျားပင် ဖြစ်ပါသည်။ အနှီမေးခွန်းကို်လည်း မဖြေဆိုနိုင်ပါ။ )
.
ယင်းသို့ ဖြင့် မိမိပိုင် ပုစွန်ဦးနှောက်ကလေးဖြင့် ထိုထိုမေးခွန်းတို့ အား အဖြေရှာမရလေသောအခါ မကျေမချမ်းသောစိတ်ဖြင့် ကီးဘုတ်ကိုသာ တဖြန်းဖြန်းရိုက်ရင်း ဆိုင်ဆိုင်မဆိုင်ဆိုင် မအီမသာ ရေရွတ်မိပါသည်။
.
"ခရိုနီတွေ ကျဆုံးပါစေ။"
.

မှီညွှန်းကိုကား
.
http://www.irrawaddy.org/archives/2282

http://www.worldwatch.org/node/6059

http://www.rspo.org/sites/default/files/Report-GHG-October2009.pdf

http://en.wikipedia.org/wiki/Environmental_impact_of_palm_oil

http://www.greenpeace.org/international/en/news/features/palm-oil_cooking-the-climate/

http://www.cbd.int/cms/ui/forums/attachment.aspx?id=37

http://malaysia.wetlands.org/NEWS/tabid/509/articleType/ArticleView/articleId/2488/Default.aspx

http://www.saynotopalmoil.com/


http://www.btimes.com.my/Current_News/BTIMES/articles/fledass/Article/
.
ဖားဖားဝေနေသော ဆီအုန်းခင်းများ။
ဖားဖားဝေနေသော ဆီအုန်းခင်းများ။
ဆီအုန်းကြောင့် ဤသို့တောပြုန်းလေသည်။
ဆီအုန်းကြောင့် ဤသို့တောပြုန်းလေသည်။
ဆီအုန်းကြောင့် ဤသို့တောပြုန်းလေသည်။

Tuesday, April 10, 2012

"ညီမလေးရယ် ..... အိမ်မှာပဲနေပါ (အပိုင်း ၂)"

  ဆောင်းပါးရှင်  Qing Minya
 

တိုးတက်ပြောင်းလဲလာသော စီးပွားရေး၊ လူမှုရေးနှင့်အညီ မလေးရှားနိုင်ငံ၏ လူနေမှုစနစ်သည်လည်း တဆစ်ချိုး ပြောင်းလဲလာခဲ့ရသည်။ ယခင်က အိမ်ထောင်တစ်ခုတွင် အဝတ်လျှော်၊ ကလေးထိန်း စသော အိမ်မှုကိစ္စများကို တာဝန်ယူခဲ့သော မလေးရှားအိမ်ရှင်မများသည် ၁၉၉၀ပြည့်နှစ်နောက်ပိုင်းမှ စ၍ ခင်ပွန်းဖြစ်သူနှင့် တန်းတူရည်တူ တက်ညီလက်ညီ မိသားစုအတွက် ရုန်းကန်လာကြသည်။ ထိုသို့သော အိမ်ရှင်မများအတွက် အိမ်ထောင့်တာဝန်ကို ကူညီထိန်းသိမ်းပေးရန် ကူဖော်လောင်ဖက် အိမ်ဖော်များကို လိုအပ်လာခဲ့သည်။ အချို့ ငွေကြေးပြည့်စုံသော မိသားစုများတွင်မူကား အိမ်ထောင်ရှင်မများသည် ပင်ပန်းသည် ဟူသော အကြောင်းပြချက်ဖြင့် မိသားစု၏ ဝိစိကိစ္စအဝဝကို ဆောင်ရွက်ရန် အိမ်ဖော်များကို အားထားကြသည်။ မည်သို့ပင် ဖြစ်စေကာမူ သိန်းနှင့်ချီနေသော အာရှနိုင်ငံကလေးများမှ အိမ်ဖော်မလေးများသည် မလေးရှား မိသားစုများအကြားဝယ် မိဝေးဖဝေး ဝမ်းရေးအတွက် ရုန်းကန်ရရှာသည်။
.
မလေးရှားနိုင်ငံသား အလုပ်ရှင်များသည် အိမ်ဖော်မလေးများကို မြေနိမ့်ရာလှံစိုက် နိုင်ထက်စီးနင်း ပြုမူသည် ဟူသော နာမည်ဆိုးဖြင့် ကျော်ကြားသည်။ ၂၀၀၉ခုနှစ် နှစ်လည်ပိုင်းတွင် ထိုသို့သော ညှင်းပန်း နှိပ်စက်မှုဖြစ်ရပ်များကြောင့် အင်ဒိုနီးရှားနိုင်ငံများမှ မလေးရှားသို့ အိမ်ဖော်မိန်းကလေးများ စေလွှတ်ခြင်းကို ဆိုင်းငံ့ခဲ့သည်။ ထိုအခါ မလေးရှား အစိုးရမှ

Monday, April 9, 2012

မတူတာတွေ ဘေးဖယ်ထားလိုက်စမ်းပါ


  ဆောင်းပါးရှင်  တောသားကြီး
     
 မြန်မာပြည်မှာ လူမုန်းအများဆုံး အလုပ်က စစ်သား အလုပ်ပါ၊ အရင်က ပြည်သူချစ်သောတပ်မတော်သားတွေကို အခုမုန်းလိုက်ကြတာ ဘောင်းဘီရှည်မြင်ရင် တရုပ်မတောင် ကြည့်မရဘူးဆိုဘဲ ၊ စစ်သားဆိုတာတကယ်မုန်းစရာ
ကောင်းလို့လား။ ဘာတွေဖြစ်ခဲ့လို့ စစ်သားတွေကို ဒီလောက်မုန်းနေရတာလဲ ။

         စစ်သားဆိုတာ  အဆင့်ဆင့်သော အထက်အရာရှိရဲ့ အမိန့်ကို အဆင့်ဆင့် နာခံရတာပါ မိမိခေါင်းဆောင်က အနောက်မှာနေထွက် အရှေ့မှာ နေ၀င်တာဟုတ်သလားလို့ ခေါင်းဆောင်ကမေးရင် ဟုတ်တယ် လို့ဖြေရတဲ့
လူတန်းစားပါ။ ဒါလဲအပြစ်ပြောစရာမဟုတ်ပါဘူး၊အမိန့်မနာခံရင် တိုင်းပြည်အတွက် လိုအပ်ရင် ဘယ်သူက
အသက်သေမဲ့တောင်ကုန်းတွေ၊မိုင်းတွင်းတွေထဲမှာအမိန့်အတိုင်း အသက်ပေးမှာလဲ။  စစ်သားအမိန့်နာခံတာ
စစ်ဥပဒေကိုလိုက်နာတာပါ။အမိန့်မနာခံရင် အာဏာဖီဆန်မှု၊ မှားယွင်းတဲ့အမိန့်ကိုနာခံမိလို့ ပြဿနာဖြစ်ပြန်ရင်
လဲ ဥပဒေနဲ့မညီသော အမိန့်အားနာခံမှု အဲလိုနည်းနဲ့အရေးယူခံရမှာပါ။

        လူတွေဟာ  မချစ်တော့ရင် အပြစ် အလိုလိုမြင်လာကြတာပါ ၊ စစ်တပ်ထဲမှာ ပြဿနာတွေရှိနေတယ် ဆိုတာ
လုံးဝ မငြင်းနိုင်ပါဘူး၊ ဒါပေမဲ့ အဲဒီပြဿနာတွေရဲ့ ဇစ်မြစ်က ဘာလဲ၊ အာဏာရှင်တွေကို  ကာကွယ်ခဲ့လို့လား ၊ဒီကိစ္စက ခင်ဗျားတို့လို  ပြည်သူတွေမှာလဲ  တာဝန်ရှိပါတယ်။  စစ်သားတွေက နိုင်ငံတော် အား  ပုန်ကန်စေချင်တဲ့ဆန္ဒတွေ
အစား  ငြိမ်းချမ်းစွာ တိုင်းပြည်တိုးတက်အောင်၊ ပြည်သူချစ်သော တပ်မတော်ဖြစ်အောင်၊ အာဏာရှင်တွေရဲ့ လက်
ကိုင်တုတ် ဘယ်တော့မှမဖြစ်အောင်  အားလုံးက ဆန္ဒပြင်းပြနေစေချင်တယ်။ ထိမ်းသိမ်းစေချင်တယ် ။ ခင်ဗျားတို့ကျုပ်တို့ ချစ်တဲ့ ပြည်ထောင်စုကြီးရဲ့  အရှိတရားနဲ့  အနာဂတ်ရပ်တည်မှုမှာ တပ်မတော်ဆိုတာ အင်အားတောင့်တင်းပြီး
မှန်ကန်စွာ ရပ်တည်နေတဲ့ အင်အားစုကြီးဖြစ်အောင်  ပြုစုပျိုးထောင်စေချင်တယ်။

      ကျေးဇူးပြုပြီး  စစ်သား(တပ်မတော်နဲ့) ပြည်သူကို  သွေးကွဲစေမဲ့  စကားလုံးတွေ ခင်ဗျားတို့ မသုံးနှုံးကြပါနဲ့
ခင်ဗျားတို့ က ကမ်းလင့်ရင်  မိခင်မေတ္တာကို ငတ်မွတ်နေတဲ့  စစ်သားထုကြီးက  မိခင်ပြည်သူဆီ ပြန်လာမှာပါ ယုံပါ။
နွေးထွေးပါ၊ ရိုင်းပင်းပါ၊ ခင်ဗျားတို့ရဲ့  ပါးစပ်တွေက  စစ်သားတွေရဲ့ သေနတ်တွေထက် ပိုပြီးထိရောက်ပါတယ်၊ စစ်သားတွေ က  ကျည်သံ၊ဗုံးသံ၊အမြောက်သံတွေကို  ခင်ဗျားတို့ထက် မကြားလိုသူတွေပါ၊။ ခင်ဗျားတို့ပြည်သူလူထုကြီးက မဟာပထ၀ီမြေကြီး လို ကျင့်ကြံပေးပါ။ လူမိုက်ပဲဖြစ်ဖြစ် ၊လူလိမ္မာပဲဖြစ်ဖြစ် မြေကြီးက အမြဲတမ်းထမ်းထားတာပါ၊ အပြစ်ရှိခဲ့တယ်ဆိုရင်တောင်မှ  အမိန့်နဲ့ တာဝန်တွေအတွက် နှလုံးသားတွေကို ပေးဆပ်
နေရတဲ့  ကိုယ့်သားသမီးတွေလို သဘောထားပေးပါ၊ ခွင့်လွှတ်ပေးပါ။
        သေချာပါတယ်၊  စစ်သားတွေဟာ   ခင်ဗျားတို့ရဲ့   သွေးသားတွေပါပဲ -------။-------။







တောသားကြီး

စနစ် သူ့ကြောင့် မုန်းရပါလေသည်

ငုပန်းတို့ပင်လုံးထိန်အောင် ပွင့်ဝေခဲ့သည့် တစ်ခုသောနွေဦးဝယ် သတ္တိသွေးတို့ စွေးစွေးနီသည့် အခါသမယတစ်ခု တည်ရှိခဲ့လေ၏။ အမိမြေ၏သားကောင်းများသည် ပြည်သူတို့၏မေတ္တာကို ပွေ့ပိုက်လျှက် တပ်ထွက်မိန့်ခွန်းကို ငြိမ်သက်စွာ နာခံခဲ့ကြသည်။ ချစ်ခင်၊အားကိုး၊ အထင်ကြီး၊လေးစားခြင်းတည်းဟူသော လက်ခုပ်သံတို့သည်  ဘ၀ဂ်ညံခဲ့လေသည်။ အမိမြေကို ကျွန်ပြုအုပ်ချုပ်နေသည့် ဖက်ဆစ်တို့ကို အမြစ်ပါမကျန်တွန်းလှန် ချေမှုန်းရန်အစပြုခဲ့သည့်  တပ်နှင့်ပြည်သူ တစ်သွေးတည်း၊ တစ်သားတည်း၊ တစ်စိတ်တစ်ဝမ်းတည်း တည်ရှိခဲ့သည့် အဆိုပါနေ့ရက်သည်ကား တော်လှန်ရေးနေ့ သို့မဟုတ် တပ်မတော်နေ့၏ မူလပထမဆုံး နေ့ရက်အခါသမယပင် ဖြစ်ပါတော့သည်။
သွေးနှင့်ရင်း၍ အောင်ပွဲများစွာ ပိုင်ဆိုင်ခဲ့ဖူးသည်။ ချွေးစက်တို့ကို အရင်းတည်၍ မြို့ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်။ ရဲဘော်ရဲဘက်တို့၏ မျက်ရည်ဖြင့် ပြည်သူတို့၏သောကအပူကို ငြိမ်းသတ်နိုင်ခဲ့သည်။ သားကောင်းတို့၏ အမိမြေကို ကမ္ဘာ့အလယ်တွင် ထည်ဝါစေခဲ့သည်။ မြန်မာပြည်၏ မည်သည့်နေရာ၌ပင်မဆို ယူနီဖောင်းစုတ်ပြတ်နေလင့်ကစား ပြည်ချစ်သားတို့ ၀င့်ကြွားနိုင်ခဲ့ကြသည်။ သားကောင်းမိခင်တို့ ဂုဏ်တင့်နိုင်ခဲ့ကြသည်။ ရဲဘော်သုံးကျိပ်မှ သန္ဓေတည်ခဲ့သည့် ပြည်ချစ်တပ်မတော်၏ ရွှေရောင်လွှမ်းသော ကာလများတွင် ပြည်ချစ်သားတို့ရင်ဘတ်၌ မေတ္တာပန်းကုံးတို့ တွဲလွှဲခိုလျှက်၊ဂရုဏာသပြေခက်တို့ ရွန်းရွှန်းစိုလျှက်၊ ပီတိပြုံးတို့ မိုးလုံးပြည့်သည့် အခါသမယတစ်ခုဖြစ်ခဲ့လေသည်။



အမိန့်နာခံတတ်မှုသည် တပ်မတော်၏အစဉ်အလာ ဖြစ်သကဲ့သို့ စစ်သည်တစ်ဦး၏ ဂုဏ်သိက္ခာလည်းဖြစ်သည်။ အဆိုပါဂုဏ်သိက္ခာကြောင့် စစ်သည်တို့သည် လွတ်လပ်သောဘ၀၊နွေးထွေးသော မိသားစု၊ အေးဆေး သက်တောင့်သက်သာရှိသည့် အခြေအနေတို့ကို ကျောခိုင်း၍ နိုင်ငံအတွက်တည်းဟူသော သိက္ခာပုဒ်ကို စောင့်စည်းရန် ကြမ်းတမ်းခက်ထန်သည့် ဘ၀သို့ အသက်နှင့်ရင်း၍ ၀င်ရောက်လာခဲ့ကြသည်။ အစားဆင်းရဲ၊အနေဆင်းရဲဘ၀တွင် ပြည်သူတို့၏ ချစ်ခင်အားကိုးခြင်းတည်းဟူသော မေတ္တာဓာတ်ဖြင့် သူတို့ရှင်သန်ခဲ့ကြသည်။ မြစ်တစ်စင်းသည် ၄င်းစီးဆင်းရာ ကမ်းဘေးတဖက်တချက်ရှိ မြို့ရွာများအတွက် အားကိုးရာဖြစ်သကဲ့သို့ တပ်မတော်သည်လည်း ပြည်သူအပေါင်း၏ အားကိုးရာ ဖြစ်ခဲ့လေသည်။



အမိန့်နှင့်အာဏာ ပေါင်းစပ်မိသောအခါ ယမ်းနှင့်မီးသည် သုံးစွဲတတ်လျှင် သူ့နေရာနှင့်သူ အသုံးတည့်သော်လည်း မသုံးစွဲတတ်လျှင် အန္တရာယ်ကြီးသကဲ့သို့  အမိန့်တည်းဟူသောအရာအောက်တွင် ရှင်သန်လှုပ်ရှားနေရသည့် တပ်မတော်သည် ပုဂ္ဂိုလ်ရေးကိုးကွယ်မှု၊ တပည့်လက်သပ်မွေးမှု၊ အာဏာရပုဂ္ဂိုလ်များ၏ အာဏာလွန်ဆွဲမှုတို့ကြောင့် ကစဥ့်ကလျှားဖြစ်ကာ

ဘင်္ဂလားဒေ့ရှ်အကြောင်း တစေ့တစောင်း (အပိုင်း၂)



ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တိုင်းပြည် GDP အတွက် ပြည်ပရောက် အလုပ်သမားများကို အားထားရကြောင်း တင်ပြခဲ့ပြီး ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် အလုပ်သမားများသည် ပြည်ပသို့ တရားဝင်နည်းလမ်းများကို သုံး၍ ထွက်ခွာသလို တရားမဝင် လူကုန်ကူးသော နည်းလမ်းများဖြင့်လည်း ပြည်ပနိုင်ငံများသို့ ဝင်ရောက်လေ့ရှိသည်။
UNODC (United Nations Office on Drugs and Crime) မှတ်တမ်းများအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူကုန်ကူးမှုအများစုမှာ နယ်စပ်မှတဆင့် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ အများစုမှာ ပြည်ပနိုင်ငံများသို့ အလုပ်အကိုင် ရှာဖွေရန် ထွက်ခွာခြင်းဖြစ်သည်။ ထိုနိုင်ငံများမှာ India, Saudi Arabia, Kuwait, Jordan, UAE, Quatar, Lebanon, Iraq, Malaysia စသော နိုင်ငံများ အပါအဝင် ဖြစ်သည်။ ၁၉၉၇ မှ ၂၀၀၃ခုနှစ်အတွင်း ပြည်ပထွက်ခွာသော အလုပ်သမားများအနက် အမျိုးသမီးဦးရေသည် (၁)%သာ ရှိပြီး ၂၀၀၈ခုနှစ်တွင်မူ (၅)%အထိ မြင့်တက်ခဲ့သည်။ လူကုန်ကူးခံရသော ဘင်္ဂလားဒေ့ရှ်အလုပ်သမားအများစုသည် Saudi Arabia နှင့် Malaysia သို့ ဝင်ရောက် အလုပ်လုပ်ကိုင်ကြသည်။ အများစုသည် အောက်ခြေသိမ်း အလုပ်များဖြစ်သော စားသောက်ဆိုင်နှင့် ဟိုတယ်များ၊ ရုံးများတွင် သန့်ရှင်းရေးအလုပ်ကို လုပ်ကိုင်ကြရသည်။
ထိုသို့ ပြည်ပထွက်ခွာ အလုပ်လုပ်ရန်အတွက် ၄င်းအလုပ်သမားတို့၏ ရင်းနှီးမြှုပ်နှံမှုမှာလည်း မနည်းလှချေ။ အလုပ်သမား အများစုသည် အိမ်ရောင်း၊ လယ်ရောင်းရာမှ ရသောငွေဖြင့် အေဂျင့်ကိုပေးကာ စွန့်စားထွက်ခွာ လာသူများ ဖြစ်သည်။ တရားမဝင်နှုန်းထားများအရ အလုပ်သမားတစ်ဦးလျှင် သွားရောက်လိုသော နိုင်ငံအလိုက် US$4000~6000 အထိ အေဂျင့်ကို ပေးရသည်ဟု ဆိုသည်။ တရားဝင်နှုန်းထားမှာ US$ 1200~1500 ဝန်းကျင်သာ ရှိသော်လည်း နိုင်ငံအများစုမှ ဘင်္ဂလား အလုပ်သမားများကို ပါမစ်ထုတ်ပေးခြင်း မရှိတော့သောကြောင့် အခြားသော

ဘင်္ဂလားဒေ့ရှ်အကြောင်း တစေ့တစောင်း(၁)

ဘင်္ဂလားဒေ့ရှ် နှင့် ပတ်သက်၍ ယခုတလော online တွင် လူတော်တော်များများ ရေးနေကြသည်။ လူဦးရေကိစ္စ၊ ရေပိုင်နက်ကိစ္စ အမျိုးမျိုးဖြစ်သည်။ ထူးခြားသော သတင်းတစ်ပုဒ်မှာ လစာနှုန်း ချိုသာသော ဘင်္ဂလား အလုပ်သမားများ မြန်မာနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်လိုသောကြောင့် ဘင်္ဂလားဒေ့ရှ် အလုပ်သမား အေဂျင်စီတစ်ခုမှ ကမ်းလှမ်းလာသော သတင်းတစ်ပုဒ်ဖြစ်သည်။
ဆက်စပ်ပြီး ဘင်္ဂလားဒေ့ရှ် အကြောင်း တစေ့တစောင်း လေ့လာမိသွားသည်။ ဘင်္ဂလားဒေ့ရှ်သည် ၂၀၀၁ မှ ၂၀၀၅ အထိ နှစ်စဉ် အလုပ်သမား ၂၅၀ ၀၀၀ ခန့်  ပြည်ပသို့ စေလွှတ်ခဲ့သည်။ ၂၀၀၅ နှစ်လည်မှစ၍ နှစ်စဉ် အလုပ်သမား ၄၀၀ ၀၀၀ ခန့် ပြည်ပသို့ ထွက်ခွာခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ပြည်ပထွက်ခွာသူ အလုပ်သမားဦးရေ ၈၃၃ ၀၀၀ ခန့် ရှိခဲ့သည်။ ၂၀၀၈ခုနှစ်တွင်လည်း ခန့် မှန်းခြေ လုပ်သား ၉၀၀ ၀၀၀ ခန့်  ပြည်ပတွင်သွားရောက် အလုပ်လုပ်ကိုင်ခဲ့ကြသည်။
ပြည်ပရောက် ဘင်္ဂလားဒေ့ရှ် လုပ်သားဦးရေသည် နိုင်ငံလူဦးရေ၏ ၂.၈% ခန့်သာ ရှိသော်လည်း ထိုလုပ်သားတို့ ထံမှ နှစ်စဉ် လက်ခံရရှိသော လွှဲငွေပမာဏမှာ နိုင်ငံ GDP (Gross Domestic Product) ၏ ၁၃% ခန့် ရှိသည်။ ၂၀၀၈ ခုနှစ်တွင် ပြည်ပလုပ်သားများ၏ လွှဲငွေပမာဏမှာ US$ 9000 million ခန့် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှစ်သည် အထည်ချုပ်လုပ်ငန်းပြီးလျှင် ပြည်ပလုပ်သားများထံမှ တိုင်းပြည်ဝင်ငွေကို ဒုတိယအများဆုံး ရရှိသည်။
သို့ ရာတွင် ဘင်္ဂလားဒေ့ရှ် ပြည်တွင်းတွင်မူ အလုပ်အကိုင် မကောင်းလှချေ။ စစ်တမ်းများအရ ဘင်္ဂလားဒေ့ရှ် လုပ်သားများသည် အာရှတွင် လုပ်ခအနည်းဆုံး ရရှိသူစာရင်းဝင်များ ဖြစ်ကြပြီး အလုပ်လက်မဲ့ ဦးရေလည်း ပေါများလှသည်။ ထို့ ကြောင့် ၄င်းအစိုးရကိုယ်တိုင်မှလည်း

Wednesday, March 21, 2012

အရှင်ဖျားများသို. တင်ပါသည်ဖျာ့




ဗုဒ္ဓသာသနာမှာ ညစ်နွမ်းခြင်းတွေမရှိဘူးဖျာ့....ရှိခဲ့ရင်လဲ ဘုရားသားတော်တွေကပဲလုပ်တာပါဖျာ့..........မြတ်စွာဘုရားရှင် ချမှတ်တော်မူခဲ့တဲ့ ၂၇၇ သွယ်သောသိက္ခာပုဒ်တို.ကို မိမိတို.လောကီ စိတ်အရ နင်းချေတာတွေမြင်ရတော့ စိတ်ထဲအင်မတန် သောကဖြစ်မိပါတယ်ဖျာ့...၀ိနည်း ကိုမှ မလိုက်နာ ဘုရားရှင်ရဲ.အဆုံးမကိုမေ. လောကီအရေးမှာ ဒို.အရေးလုပ်နေရုံနဲ.သာသနာ့တာဝန်တွေကျေပါပြီလားဖျာ့....သင်အံလေ့ကျက် ဟောကြားထွေထွေ ကျင့်ကြံအားထုတ် ဆိုတာတွေချောင်ထိုး ပရိယတ်ပရိပတ် နှစ်ဖြာသောအကျိုးကိုမလုပ်........တင်ပါ့ ...... ကိုယ်ကျိုးတော့နည်းပါပေါ့ဘုရား...ကိုယ်ကျိုးတော့နည်းပါပေါ့......

လောကီအတွက်အကျိုးပြုရမဲ့နည်းလမ်းတွေအများကြီး နဖူးစည်း စည်းဖို.လဲမလိုပါဘူးဖျာ့ ...
သာသနာမျက်နာကိုငဲ့ကွက် ပါးမှာစတစ်ကာကပ်ဖို.လဲ မလိုပါဘူးဖျာ့
သာသနာရောင်ညှိုးအောင် လောကီအလံထောင်ကာလဲ မသွားသင့်ပါဘူးဖျာ့
သာသနာ မျက်နာပျက် ဆိုင်ကယ်စီးထွက်တာကတော့ လွန်လွန်းပါတယ်ဖျာ့
လူလယ်ခေါင်မှာရပ် အနီရောင်တွေနဖူးပါတ်လို. လက်သီးထောင် အသံကြောင်နှင့် မာတုဂါမကို
ကြိုဆို...၀ိနည်းအတွက်ရင်နည်းနည်းလေးတောင်မဖိုဘူးလားဖျာ့
ကြိုတာ အော်တာ နဖူးစည်းတာ အပြစ်ပြောလိုခြင်းမဟုတ် သာသနာတော်ကိုငဲ့ကွက် စဉ်းစားတတ်စေချင်တာပါဖျာ့ .....
သာသနာတော်ရဲ.အရေခြုံ လက်နက်ကိုင်လောကီသားတွေကြားသွားရောက်တွေ.ဆုံတာကလဲ အမြင်မှာမသင့်တော်လှပါဖျာ့ ....
ပြည်တွင်းမှာ သာသနာနွယ်ဝင် ပုထုဇဉ် ရဟန်း အဆန်းဆန်းတို. ထူးဆန်းထွေလာ လုပ်နေတာလဲ အမြင်မှာမတင့် ဘ၀င်မှာမချင့်ဖြစ်မိပါလေရဲ.ဖျာ့ ......
သာမာန် ကြိုဆို တရားဟောလိုရင်လဲ သူနေထိုင်ရာအိမ်ဂေဟာကိုအရောက်ကြွလှမ်း တရားဟောခန်းဖွင့်သင့်ပါတယ်ဖျာ့.....
သာသနာ့အရေးကြိုတွေစိတ်ပူ တပည့်တော်လိုလူကို အမြင်မတူလို.ရန်သူလို.ထင်လိုကထင် ဖြေရှင်းမည်တော့မဟုတ်ပါဖျာ့ ......
မှန်ရာမှန်ကြောင်းနည်းလမ်းကောင်းနှင့် လောကီအကျိုးလောကုတ္တရာအပါ ဒီနှစ်ဖြာကို သိက္ခာဝိနည်း ရှောင်ကျဉ်နည်းဖြင့် လုပ်ဆောင်လှကြောင်း ထပ်လောင်းကာလျှောက်တင် ရင်း လက်ဆယ်ဖျာထိပ်မှာမိုး ရှိခိုးလို.ဦးခိုက်လိုက်ပါတယ်ဘုရားးးးး

ဒီစာရေးသူ ကြံ.ဖွတ်လူလိုပြောဆိုလာက ဒေါမပွပဲ မေတ္တာရေစင် ပက်ဖျန်ချင်သည့် သာသနာတော်အကျိုး ရုပ်မဆိုးလိုသူ တပည့်တော်လိုလူကား အတွေးရှင်းရှင်း မောင်ဝေမင်းပါဖျာ့ ......


ဝေမင်း

Monday, November 14, 2011

ထိုင်းရောက် မြန်မာအလုပ်သမားများအရေး ပဏာမဆန်းစစ်ခြင်း




၁၃-၁၁-၂၀၁၁          မင်းလွမ်းနောင်(ပန်းတနော်)






နေ.စဉ်နှင့်အမျှ စက်မှု.ပညာ နှင့်စီးပွားရေး
တိုးတက်ကောင်းမွန်လျှက်ရှိသော ထိုင်းနိုင်ငံ အတွင်းသို.   တစ်ချိန်က
သခင်မျိုးဟေ့ ဒို.ဗမာဟု ကြွေးကြော် ခဲ့ကြသော
ရွှေမြန်မာများ တစ်နေ.တစ်ခြား တိုးပွားဝင်ရောက်လျှက်ရှိသည်မှာ ယခုအခါ
အလုပ်သမားရေး လေ့လာဆောင်ရွက်သူများအဆိုအာြး
ဖင့် လူဦးရေ ၄သန်းကျော်မျှသော
ပမာဏသို.ရောက်ရှိနေပြီဖြစ်ပြီး ထိုအထဲမှ ၁ သန်းခွဲမျှလောက်သော
ရွှေမြန်မာများသည် ထိုင်းအစိုးရမှ ထုတ်ပေးသော ၁နှစ်ခံ
အလုပ်လုပ်ကိုင်ခွင့်(ဘတ်) ၊ပြည်နယ်ဒေသများတွင်
(၁၀)နှစ်ခံ နေထိုင်ခွင့် နှင့် နှစ်နိုင်ငံသဘောတူ ဆောင်ရွက်ထားသော
ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ပေသည်။သို.သော်အများစုမှာ
မည်သည့် စာရွက်စာတမ်းမှ မရှိပဲ တရားမ၀င်နေထိုင်အလုပ်လုပ်ကိုင်နေသူများ
ဖြစ်သည့်အားလျော်စွာ အဘက်ဘက်မှ
လူ.အခွင့်အရေးကိုချိုးဖောက်ခံနေကြရသူများလဲဖြစ်သည်။
တရားဝင်စာရွက်စာတမ်းကိုင်ဆောင်ထားသော်လည်း အများစုမှာ ဖိနှိပ်ခံ

Monday, October 24, 2011

မြန်မာစစ်တပ်နဲ့မြန်မာအရပ်သားမတူဘူုးဆိုတာဘာကိုပြောတာလဲ????



မြန်မာအရပ်သားတွေပြောတတ်ကျတဲ့ မြန်မာစစ်တပ်နဲ့မြန်မာလူမျိုးမတူပါဘူး
ဆိုတာကိုကြားရဖန်များတော့တပ်မတော်အတွက်စိတ်မကောင်းဖြစ်မိတယ်
ပြောတဲ့ပုံစံက ......................တွေးကြည့်ရင်မှန်ပါရဲ.လား??
... မြန်မာတပ်မတော်သားတွေဟာမြန်မာအရပ်သားတွေကြားကပေါ်ထွက်လာတာဖြစ်ပါတယ်
နိုင်ငံခြားက လာတာမဟုတ်ဘူး
မြန်မာစစ်သားတွေမှာမြန်မာအရပ်သားတစ်ယောက်ရဲ့စရိုက်တွေအကုန်ရှိပါတယ်
သေနတ်ကိုင်လိုက်တာနဲ့ပဲ မြန်မာတစ်ယောက်ရဲ.အကျင့်တွေပျောက်သွားတာမဟုတ်ပါဘူး
မြန်မာတပ်မတော်ဟာ မြန်မာအရပ်သားတွေလိုချင်သလိုပဲ အမျိုး၊ဘာသာ၊သာသနာ ကိုထိန်းသိမ်းစောင့်ရှောက်ပါတယ်ပြောချင်တာကတော့ သာသနာထွန်းကားရေးသက်သက်လုပ်တဲ့ သံဃာတော်တွေကိုဘာမှမလုပ်ပါဘူးဘုန်းကြီးတွေတောင်ပစ်တဲ့တပ်မတော်၊နေပြည်တော်က လူသတ်သမား၊ဘာသာမဲ့များလို့ပြောတာဟာ မသိနားမလည်ပြောတာနဲ့တူပါတယ်

နောက်ဆုံးကိုယ့်အာဏာကိုလာထိပါးချိန်မှာဆိုရင် ကိုယ်ကိုးကွယ်တဲ့ဘာသာ ဆိုပြီး ဘုန်းဘုန်း ကျွန်တော်ဆင်းပေးပါ့မယ် ဘုန်းဘုန်းသဘောပါဆိုပြီးဘယ်သူကပြောမှာလဲ ခင်ဗျားသာ ဗိုလ်ချုပ်တွေနေရာမှာဆိုရင် မဖြစ်မနေချရတော့မှာပဲမဟုတ်လား
ကမ္ဘာပေါ်မှာ အမျိုးဘာသာကိုတကယ်ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့သူတွေဟာ ခင်ဗျားတို့မကြိုက်တဲ့ အာဏာရှင်ဆိုသူများသာဖြစ်ပါတယ်ဟစ်တလာဟာလည်း ဂျာမန်မျိုးချစ်ဝါဒီဖြစ်ပါတယ်၊ဘယ်လောက်အစွန်းရောက်တယ်ဆိုတာမပြောချင်ပေမယ့်
တပ်မတော်အစိုးရလည်း မြန်မာပြည်သူကြားမှာ သွတ်သွင်းပေးနေတာလည်း မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေး၊တို့
ခင်ဗျားတို့ မကြားချင်တဆုံးကြားနေရတာတွေကော အကြောင်းမဲ့သပ်သပ်ဟုတ်မယ်ထင်လို့လား ပြည်နယ်၊တိုင်းနေရာတကာမှာ တိုင်းပြည်ပိုက်ဆံသုံးပြီး တောင်တန်းသာသနာပြုတွေ၊ဗုဒ္ဒသာသာနာထွန်းကားရေးအတွက်များစွာရင်းခဲ့တာကိုကြည့်ပါတပ်မတော် ပြောတာဟာ ခင်ဗျားတို့မသိစိတ်ထဲမှာ ဘယ်လောက်တောင်ကိန်းအောင်းသလဲဆိုရင် တစ်ခုခုလာလည်း အမျိုးသားရေးလှုပ်ရှားမူ၊ပါတီလေးထောင်တာတောင် အမျိုးသား ဘာညာဒါတွေဟာ ဘာကိုပြလဲဆိုရင်တပ်မတော်ကြွေးကြော်နေကြစကားလုံးတွေဟာ ခင်ဗျားတို့စိတ်ထဲမှာ စွဲနေတယ် အမျိုးသားအမျိုးသားနဲ့ပဲ

မြန်မာတပ်မတော်နဲ့မြန်မာအရပ်သား ဘုန်းကြီးကိုလေးစားပုံခြင်းနှိုင်းယဉ်ဖို့ပြောတာတော့မဟုတ်ဘူး

ခင်ဗျားတိုကောနေ့စဉ်ဘ၀မှာ သံဃာတော်တွေနဲ့တွေ.ရင်ဘယ်လိုဆက်ဆံကြသလဲ? ဘယ်သူပိုဆိုးသလဲဆိုတာလိုက်ငြင်းဖို့မဟုတ်ဘူး

ရ ရက် သားသမီးတွေဖြေပါအုံး၊မြန်မာစစ်တပ်နဲ့မြန်မာအရပ်သားမတူဘူုးဆိုတာဘာကိုပြောတာလဲ၊

Saturday, August 13, 2011

ဂဏာန်း ကောင်များနှင့် ဆဲဆိုခြင်း ပဋိပက္ခ

by Way Min Way Min on Saturday, August 13, 2011 at 2:07pm
Way Min Way Min
လူမှု.ကွန်ယက်များတွင် ရှေ.ကလဲမလိုက် နောက်ကလဲ မပါ ဘေးကလဲ လက်မတွဲပဲ ကန်.လန်.လုပ် ဘုပြောနေသော ဂဏာန်း လိုလူများတွေ.မြင်နေရသည်မှာ အတန်ကြာလှပေပြီ။ ထိုသူများမှာ မည်သို.သော်သူများဖြစ်ကြပါနည်း။
ထို.ပြင် အမေ ၊ နှမ ပြစ်နှစ်စွာဆဲဆိုနေသော သူများကိုလဲ သင်အဘယ်ကဲ့သို. ထင်ပါသနည်းဟု ကျနော့်အား မေးခွန်းထုတ်လာပါမူ ကျနော်အမြင်အား အောက်ပါအတိုင် ချပြမည်သာ ဖြစ်ပေသည်။
။ ။ ဂဏန်းလိုလူ နိုင်ငံရေးအကြောင်း တစိုးတစိမျှ မသိ သော်လည်း တတ်ယောင်ကားဟန် ဖမ်းကာ

Saturday, August 6, 2011

Facebook မှာ စာရေးတော့မလို့လား၊ သတိထား၊ မေမေ ကြည့်နေတယ်။

E-mail Print PDF
မျက်မှောက်ခေတ် မိဘ ထက်ဝက်ခန့်မှာ FACEBOOk ထောက်လှမ်းရေး အလုပ်ကို နေ့တိုင်းနီးပါး လုပ်နေရသည်။ သူတို့၏ ရင်နှစ်သည်းချာ သားသမီးများ အွန်လိုင်း “လူမှုစာမျက်နှာ” ပေါ်တွင် ဘာတွေ လုပ်နေသနည်း ဆိုတာကို သိဖို့ရာအတွက်ပင်။
 ဗြိတိန်ဖေဖေ၊ မေမေများ ၅၅ ရာခိုင်နှုန်းက သူတို့ သားသမီးများ၏ ဖေ့ဘွတ်တွင်ရှိသော ကိုယ်ရေး အချက်အလက်များကို ကြည့်ရှု စစ်ဆေးခြင်းမှာ သီလမကျိုးဟု ခံယူထားသည်။
ကွန်ပျူတာ ကုမ္ပဏီ Bullguard Internet Security ၏ လေ့လာချက်အရ မိဘများက ဤသို့

Tuesday, August 2, 2011

သံမဏိစားတဲ့ “ခြ”

ဆောင်းပါးရှင် Zay Yar on Monday, July 25, 2011 at 8:53am
ပြင်ဦးလွင်မြို့ရဲ့ဆောင်းနံနက်ခင်း။
သိပ်သည်းထူထပ်စွာကျဆင်းနေတဲ့ မြူနှင်းတွေကြောင့် မြင်ကွင်းကမသဲကွဲ။ ဟန်ချက်ညီညီထွက်ပေါ်နေသည့် ပြေးလွှားသံတွေနဲ့အတူ အားမာန်အပြည့်ဟစ်ကြွေးသံတွေက အေးမြတဲ့ဆောင်းနံနက်ခင်းကို ၀ပ်စင်းခယစေ၏။ ကုပ်ပြီးကွေးနေသူကို တက်ကြွလန်းဆန်းစေ၏။
          “ဘယ်..ညာ..ဘယ်..ညာ..ဘယ်..ညာ..ဘယ်”
          “အမှတ်စဉ်.. အမှတ်စဉ်.. အမှတ်စဉ်..ဆို”
          “တစ်.. နှစ်..သုံး..လေး.. တစ်နှစ်သုံးလေး..”
“ပြည်သူ့စစ်သား… ပြည်သူ့စစ်သား… ပြည်သူ့စစ်သား”
“ဘာလုပ်နေလဲ…….. လေ့ကျင့်နေတယ်။  ဘာလုပ်ဖို့လဲ…. တိုက်ပွဲဝင်ဖို့။  ဘယ်သူ့အတွက်လဲ… ပြည်သူ့အတွက်။ ဘာစိတ်ဓာတ်လဲ…(သံမဏိစိတ်ဓာတ်.. သံမဏိစိတ်ဓာတ်.. သံမဏိစိတ်ဓာတ်)” အားပြည့်မာန်ပြည့် ဟစ်ကြွေးရင်း ရှေ့နောက်ဝဲယာ ဘယ်လိုကြည့်ကြည့် ညီညာမှုအတိနဲ့ ပြေးလာသူများက လေ့ကျင့်ရေး(၂)မှ နောင်တစ်ခေတ်၏ အောင်စစ်သည်များပင်။ အေးစက်စက်ဆောင်းနံနက်မှာ သက်တူရွယ်တူ လူငယ်တွေ စောင်ခြုံကွေးနေချိန်၊ သူတို့လေးတွေက ချမ်းအေးမှုကိုအံတု နှင်းစိုစွတ်မှုကို ဂရုမမူ“ နိုင်ငံတော် ကာကွယ်ရန် တပ်မတော်သားကောင်း ဖြစ်ရမည်” ဆိုတဲ့ ခံယူချက်ကိုရင်ဝယ်ပိုက်ရင်း အပြင်းအထန်လေ့ကျင့် ကြသည့်မြင်ကွင်းက အားရကျေနပ်စရာ။ ယုံကြည်ချက်၊ခံယူချက်ကြောင့် တောက်ပရွှန်းလဲ့နေတဲ့မျက်ဝန်း တညီ တညာတည်း လှုပ်ရှားနေတဲ့ဟန်၊ အားမာန်ပြည့်တဲ့ သူတို့ရဲ့အသံတွေဟာ အရာရာကိုလွှမ်းခြုံနေပေတော့၏။
“စစ်သားဆိုတဲ့ ကာကွယ်ရေးအမှုထမ်းတွေဟာ သူတို့ရဲ့မြတ်နိုးတန်ဖိုးထားအပ်သော အသက်၊သွေး၊  ချွေးကို

၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


http://mmdefence.blogspot.com/​2011/07/blog-post.html မှ ပြန်လည် ကူးယူ ဖေါ်ပြပါသည်။    ၂၀၀၁ နယ်စပ်တိုက်ပွဲတွေ စတင်လာတာကတော့ ဖေဖော်ဝါရီ လထဲမှာပါ။ မယ်ဆိုင်မြို့အနီးက အို-၇ တောင်ကုန်းစခန်းကို ထိုင်းဘက်က သူတို့ ပိုင်ဆိုင်တယ်လို့ ပြောဆိုတာကနေ စတင်လာတာပါ။ အဲဒီ့ အချိန်မှာ နယ်စပ် တလျှောက်မှာ တပ်မတော်နဲ့ SSA တို့ကလည်း တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတဲ့ အချိန်ပါ။ အဲဒီ့ အချိန်ကာလမှာပဲ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနဲ့ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်သူရသီဟသူရစစ်မောင်တို့​ အပါအဝင် တပ်မတော် အရာရှိကြီး အချို့ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှာ ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်ခဲ့ပါတယ်။ တိုက်ဆိုင်တယ်ပဲ ပြောရမလား၊ အဲဒီ့ ဖြစ်ရပ်ကြောင့်ပဲ ထိုင်းနိုင်ငံက စစ်ရေးအရ ပိုမို ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့သလားတော့ မသိပါ၊ နယ်စပ်တိုက်ပွဲတွေ ပိုပြီး အရှိန်တက်ခဲ့ပါတယ်။   ပထမဆုံးအနေနဲ့ တပ်မတော် ရှေ့တန်း ကျထိနစခန်း၊ ပါချီးစခန်း နဲ့ အို-၇ တောင်ကုန်းတွေကို SSA တပ်တွေက ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့တာပါ။ အဲဒီ့ စခန်းတွေဟာ နယ်စပ်မျဉ်းပေါ်မှာ ရှိပြီး အဲဒီ့ စခန်းတွေနဲ့ မျက်နှာချင်းဆိုင် ထိုင်နိုင်ငံဘက်ခြမ်းမှာ ထိုင်းစစ်စခန်းတွေ ရှိပါတယ်။ ထိုင်းစစ်စခန်းဘက်ကနေ SSA အင်အား ၂၀၀ ကနေ ၂၆၀ လောက်ဟာ လက်နက်ကြီး ပစ်အားသုံးပြီး အင်အား အလုံးအရင်းနဲ့ ညတိုက်ပွဲ ဆင်နွှဲပြီး ဝင်ရောက်စီးနင်းတာပါ။ ထိုင်းစစ်စခန်းကလည်း ညတိုက်ပွဲသုံး ဆလိုက် မီးမောင်းကြီးတွေနဲ့ ထိုးပြပေးခဲ့တယ်လို့ ဆိုတယ်။ လက်နက်ကြီးနဲ့လည်း ပစ်ကူ ပေးခဲ့တယ်လို့ ဆိုတယ်။ တပ်မတော်စခန်းတွေမှာက အို-၇ မှာ တပ်စုအင်အားလောက်ပဲ စခန်းထိုင်ထားပါတယ်။ ပါချီးစခန်းမှာ တပ်ခွဲ အင်အားလောက်ပဲ ရှိပါတယ်။ အင်အား ကွာခြားပေမယ့်၊ ရန်သူ့တိုက်စစ်အင်အားထက် အလွန်နည်းပေမယ့် အဓိက အဆုံးအဖြတ် ပေးခဲ့တာကတော့ အငိုက်ရရှိမှုပါ။ SSAဟာ လူအငိုက်ကော အချိန် အငိုက်ပါရရှိပြီး၊ ဒီတိုက်ပွဲတွေ အတွက်လည်း ကြိုတင် ပြင်ဆင် လေ့ကျင့်ထားပုံ ပေါ်ပါတယ်။ ထိုင်းနိုင်ငံ ဘက်ခြမ်းကနေ ဝင်တိုက်ရတာ ဖြစ်တဲ့ အတွက် မထင်မှတ်တဲ့ နေရာကနေ တိုက်ခြင်းဖြစ်ပြီး ပထဝီ အငိုက်ပါရတယ်လို့လည်း ဆိုနိုင်တယ်။ ဒါပေမယ့် ထိုင်းနဲ့ မြန်မာ နယ်စပ် ဆက်ဆံရေး တင်းမာနေချိန်ဖြစ်လို့ စခန်းရဲ့ ထိုင်းဘက်ခြမ်း မျက်နှာစာမှာလည်း ခံစစ်ပြင်ထားမှာ မလွဲပါဘူး။ လက်နက်ပစ်အားချင်းလည်း ယှဉ်မရခဲ့ဘဲ အချိန် ကြာမြင့်အောင်တောင် တောင့်ခံထားနိုင်ခြင်း မရှိပါ၊ ပါချီးစခန်းတစ်ခုတည်းမှာတင် စစ်သည် ၇ ဦး အထိ ကျဆုံးပြီး စခန်းကို စွန့်ခွာခဲ့ရတယ်။ အို-၇ တောင်ကုန်းကိုလည်း အလားတူ ထိခိုက် ကျဆုံးမှုတွေနဲ့ စွန့်ခွာရပါတယ်။ အို-၇ တောင်ကုန်းစခန်းဟာ တာချီလိတ်-မယ်ဆိုင် ဒေသကို ကောင်းစွာလွှမ်းမိုးထားနိုင်တဲ့ အနေထားရှိပြီး

တိုင်းရင်းသား လူမျိုး အချင်းချင်း တစ်ဦးပေါ် တစ်ဦး အခေါ်အဝေါ်နှင့် ပက်သက်၍

ဆောင်းပါးရှင် Comrade Eagle on Saturday, July 30, 2011 at 3:26pm
 
ကျွန်တော် တိုင်းရင်းသားကိစ္စတွေ တော်ရုံတန်ရုံ ပြောလေ့မရှိပါဘူး၊ အကဲဆတ်တဲ့ ကိစ္စ၊ ထိရှလွယ်တဲ့ ကိစ္စ၊ ကိုယ်အပြော မတတ်ရင် နားလည်မှု လွဲနိုင်တဲ့ ကိစ္စမို့ ပြောလေ့မရှိဘဲ တတ်နိုင်သမျှ ရှောင်ပါတယ်။ ဒါပေမယ့် နားလည်မှုလွဲတာမျိုး သိပ်မဖြစ်နိုင်တဲ့ အပြုသဘော ဆောင်မယ်ထင်တဲ့ အကြောင်းအရာ တစ်ခုကို အခု ပြောချင်ပါတယ်။ တိုင်းရင်းသားလူမျိုး အချင်းချင်း ကြားမှာ လူမျိုး နာမည် ခေါ်တဲ့ အခါမှာ မကြိုက်တဲ့ နာမည် မခေါ်မိစေဖို့ပါ။

(၁) မွန်လူမျိုးတွေကို တလိုင်းလို့ မခေါ်ကြစေချင်ပါ၊ တလိုင်း ဆိုတာ ကပြား လို့ အဓိပ္ပါယ်ရလို့ မွန်လူမျိုး စစ်စစ်တွေက မကြိုက်ပါ။

(၂) တအောင်း လူမျိုးတွေကလည်း ပလောင် လို့ခေါ်ခံရတာကို မနှစ်သက်ပါ။ ဒါပေမယ့် တအောင်း ဆိုတဲ့ နာမည် သိပ်ပြီး မတွင်ကျယ်သေးတဲ့ အတွက် မသိမှာစိုးလို့ တအောင်း(ပလောင်) လို့ သုံးကြရပါတယ်။ တတ်နိုင်သမျှ သူတို့နှစ်သက်တဲ့ အမည်ကို သာ တွင်ကျယ်အောင် ခေါ်စေချင်တယ်။

(၃) ကယန်း လူမျိုးတွေလည်း ပဒေါင် လို့ ခေါ်တာ မကြိုက်ပါ။ ကယန်း လူမျိုးမှာ လူမျိုးစု လေးခု ရှိပါတယ်၊ အဲဒီ့ထဲက ကယန်းလဟွီတွေကို ရှမ်းလူမျိုးတွေက လည်းပင်းမှာ ကြေးကွင်းတွေ ပတ်တဲ့အတွက် ပဒေါင် (ပတ်တောင်း= ကြေးပတ်သောသူ) လို့ ခေါ်ခဲ့တာပါ။ သူတို့နာမည် မဟုတ်တဲ့အတွက် အခေါ်ခံရတဲ့ ကယန်းတွေက မကြိုက်ပါ။ မတွင်ကျယ်သေးတဲ့ အတွက် ကယန်း(ပဒေါင်) လို့ သုံးကြရတာ ရှိပေမယ့်

တပ်ထဲက ဗိုလ်ကြီးမမများ

ဆောင်းပါးရှင် နေမင်းသူ  Monday, August 1, 2011 at 9:32am
 
၂၀၁၀ မတ်လထုတ် တိုင်းမှာမဂ္ဂဇင်းမှာပါတဲ့ ရေတပ်စစ်ရေယာဉ်မှူးတစ်ဦးအကြောင်း ဖတ်လိုက်ရတာ အတော် စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ အကြောင်းအရာလေးကို ကိုယ်ဥာဏ်မီသလောက်ကြိုးစားဖတ်ကြည့်ရင်း ကျနော်တို့ရေတပ်ထဲကိုရောက်စမှာ ကြုံခဲ့ရတဲ့ဖြစ်ရပ်ကလေး တစ်ခုကို ပြေးသတိရလိုက်မိတယ်။
ခေါင်းစဉ်လေးက“The Sea Bitch” တဲ့။ “ပင်လယ်ကဝေ” လို့မြန်မာမှုပြုရင် ရမလား မသိ။၂၀၀၃ အီရတ်စစ်ပွဲ မတိုင်မီကာလ နေ့တစ်နေ့မှာ နေတိုးမဟာမိတ်စစ်ရေယာဉ်တွေထဲ အမေရိကန်စစ်ရေယာဉ် U.S.S. Wiston S. Churchill ဆိပ်ကမ်းတစ်ခုကနေ ခွာအထွက်မှာ မတော်တဆထိခိုက်မှု ဖြစ်ရပ်ကလေးကြောင့်အမေရိကန် အမျိုးသမီးစစ်ရေယာဉ်မှူး Holly Graf တစ်ယောက် ၀ိပါက်ကြမ္မာငင်သွားပုံ၊ ပြီးတော့ Graf ရဲ့ ကြမ်းရှရှ စစ်မှုထမ်းဘ၀နဲ့ ခက်ထန်မာကြောတဲ့ စရိုက်လက္ခဏာတွေကို ပေါ်လွင်အောင်ရေးဖွဲ့သွားလိုက်တာ စာပိုဒ်တွေ ဖတ်နေရင်းမှာ ကျနော့ရင်ထဲအထိ ခံစားမှုလေးတွေရိုက်ခတ်လာတယ်။
သြော်.. စစ်သားဘ၀စစ်သားစရိုက်ဆိုတာ သူတို့လိုနိုင်ငံကြီးတွေမှာ ကိုယ့်နိုင်ငံနဲ့သိပ်မကွာခြားလှပါလား… စစ်သားမှန်ရင်စိတ်ကြမ်းကိုယ်ကြမ်းမှ တန်ကာကျတယ်ဆိုတဲ့ သူမျိုးတွေ သူတို့ဆီမှာလည်း ရှိနေပါလား.. စစ်မှုထမ်းတစ်ဦးဟာ စစ်တပ်ထဲမှာချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေကိုသာမက

ယုံကြည်မှု ၀တ်မှုံကူးခြင်း

ဆောင်းပါးရှင် နေမင်းသူ

 “တပ်နဲ့ပြည်သူ” ညီညွှတ်ရေးကိုရှေ့ရှုရာမှာ တပ်မတော်သားညီအစ်ကိုအချင်းချင်း နားလည်ညီညွှတ်ရေးက လည်း ဦးစွာပထမ အရေးကြီးတယ်လို့ ယုံကြည်မိတာကြောင့် ကျနော်နဲ့ မိတ်ဆွေတပ်မတော်သားတစ်ဦး အပြန်အလှန် အမြင်ဖလှယ် ဆွေးနွေးထားတာလေးကို တင်ပြပေးလိုက်ပါတယ် ခင်ဗျာ..။
ရဲဘော်ကြီးရေ
ဟိုတစ်နေ့က ကျနော်တို့နှစ်ယောက်ဆွေးနွေးခဲ့တာလေးတွေကို ပြန်တွေးမိတဲ့အခါ တကယ့်ကိုကျေနပ်မိတယ် ဗျာ… ကျနော်ပစ်လိုက်တဲ့ မြှားတစ်စင်းက ရဲဘော်ရဲ့ရင်ဘတ်ကို ထိမှန်သွားကြောင်းသိလိုက်ရတော့ ငါကြိုးစား ရကျိုးနပ်ပြီဟေ့..လို့တောင် စိတ်ထဲမှာခံစားမိလိုက်တယ်။ တကယ်တော့ ကျနော်တို့ဖြတ်သန်းရတဲ့ ဘ၀ခရီးကပဲ ဒီလို ခံစားမှုတွေဖြစ်ပေါ်လာအောင် သင်ကြားထားပေးပြီးသားပါ။
ဒီစာကိုရေးနေတုန်း ကျနော်ဖတ်ဖူးတဲ့“ မြှားပစ်သူများ” ခေါင်းစဉ်နဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို ပြေးသတိရမိ တယ်လေ။ ဆရာမ ဒေါ်စမ်းစမ်းနွဲ့(သာယာဝတီ) ရေးခဲ့တာပေါ့။ ဟာသစာရေးဆရာကြီး အီကြာကွေးက ဓနုဖြူ ထွန်းကျော် ကလောင်အမည်ခွဲနဲ့ ကဗျာတွေလည်းရေးတယ်။ သူရေးလိုက်တဲ့ “တိုက်ပွဲပျော်” ကဗျာတစ်ပုဒ် ကြောင့် ဆိုဆုံးမခက်ခဲနေခဲ့တဲ့ သူကြီးသားလူဆိုးလေးတစ်ဦးကို လူကောင်းဖြစ်လာအောင် ပြောင်းလဲပစ်နိုင် လိုက်တယ်လေ (အနုပညာရဲ့စွမ်းပကားကြီးမားလှပါပေ့)သူကြီးက ကျေးဇူးတင်လွန်းလို့ ဆရာကြီး အီကြာကွေး နဲ့ စာရေးဆရာတစ်သိုက်ကို တကူးတက ဖိတ်ကြားပြီး သူ့ရွာမှာ စာပေဟောပြောပွဲလေး ကျင်းပလိုက်တယ်။ ပြီးတော့ ရွာသူရွာသား ပရိသတ်အပေါင်းရှေ့မှောက်မှာ ဆရာကြီးကို ကျေးဇူးတင်စကားပြောကြားလိုက်တဲ့အခါ ရယ်စရာဟာသတွေရေးနေတဲ့ ဆရာကြီး အီကြာကွေးခမျာ ၀မ်းသာမျက်ရည်တွေ စို့နေတယ်တဲ့။
ဘာမှမဟုတ်တဲ့ ကျနော်လည်း အဲဒီလိုမျက်ရည်စို့ချင်လိုက်တာဗျာ…
ဒါပေမယ့် ရဲဘော်ကြီးဟာ သူကြီးသား လူဆိုးလူတေလေး မဟုတ်ဘူး…
ကျနော်ကလည်း အနုရသကိုဖန်တီးနိုင်တဲ့ စာရေးဆရာတစ်ယောက် မဟုတ်လေတော့…
တပ်မတော်သားတွေနဲ့ ပြည်သူလူထု ချစ်ကြည်ရင်းနှီးညီညွှတ်စေချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ ကိုယ်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကို အမှန်အတိုင်း ပြန်ပြီးဖောက်သည်ချရေးသားပြနေတာပါ။ တနည်းအားဖြင့်တော့ တပ်မတော်သားတွေထဲမှာ ကျနော်နဲ့စိတ်ထားတူသူတွေ ဘယ်သူရှိမလဲလို့ searching fire လုပ်ကြည့်တာ လည်းဖြစ်ပါတယ်။ ခုချိန်ထိတော့ လက်ချိုးရေတွက်လို့ရတဲ့

Sunday, July 24, 2011

ထိုင်း ရဟတ်ယာဉ်များ ခဏ ခဏ ပျက်ကျခြင်း (စဉ်းစားမိသလောက်ပါ)

ဆောင်းပါးရှင်  Hawk Hunter on Sunday, July 24, 2011 at 4:17pm(ဖေ့ဘွတ်စာမျက်နာမှကူးယူဖော်ပြသည်)

တစ်ပါတ်အတွင်း ထိုင်းစစ်တပ်မှ ရဟတ်ယာဉ် ၃ စင်း ပျက်ကျမှု.အပေါ် သုံးသပ်ထားခြင်းပါ...
အဖြစ်နိုင်ဆုံးကတော့ ရာသီဥတုပါ။ တနင်္သာရီ ကမ်းရိုးတန်းဒေသဟာ မိုးများပြီး စိုစွတ်တဲ့ ဒေသ၊ တောင်းကုန်းတောင်တန်း ထူထပ်ပြီး မိုးမရွာတဲ့ အချိန်တောင် အခါမလပ် မြူဆိုင်းနေတတ်လို့ ရဟတ်ယာဉ်တွေ လေယာဉ်တွေ အတွက် ကန့်သတ်ချက် အများဆုံး ဒေသတစ်ခုလည်း ဖြစ်တယ်။ Bell 212 လို ရဟတ်ယာဉ်မျိုးက ခေတ်မမှီတော့ဘဲ တချို့နိုင်ငံတွေမှာ အရပ်သုံး အနေနဲ့ပဲ သုံးပါတော့တယ်။ နောက်တစ်ခုက ထိုင်းနိုင်ငံက Bell 212 တွေက

အမျိုးသမီးများ သတိပြုဆင်ခြင်စရာ (1)( ၁၀ ကျော်သက်များဖတ်သင့်သောအကြောင်းများပါ)


April Ko(ဖေ့ဘွတ် မှ ကူးယူဖော်ပြလိုက်ပါတယ်..အပျိုကြီးလူပျိုကြီးများဂရုတွင် ဖတ်ရှု.နိုင်ပါတယ်)

အမျိုးသမီးများ သတိပြုဆင်ခြင်စရာ (1)
ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံမှာနေတဲ့ မြန်မာအမျိုးသမီးတစ်ယောက် ကိုယ်ဝန်သွားဖျက်တာ ကလေးက မကျလို့ တဲ့ ထိုင်းလက်သည်အိမ်ကနေပြန်လာပြီး မဲဆောက်က မြန်မာလက်သည်နဲ့  သွားပြန်ဖျက်ဖို့  ကားစီးတာ အဲ့ဒီကားပေါ်မှာပဲ ဆုံးသွားတယ်။ သူထိုင်နေတဲ့ထိုင်ခုံက ဒရိုင်ဘာနောက်က ခုံလေးမှ...ာ ။ကားပေါ်စတက်တော့ မျက်နှာသွေးမရှိသလိုဖြူဖျော့ နေလို့ ဒရိုင်ဘာက ညီမ နေမကောင်းဘူးလားလို့ မေးတယ်တဲ့ အမျိုးသမီးက ဟုတ်တယ် ကိုယ်ဝန်သွားဖျက်တာ မကျလို့ မဲဆောက်ကမြန်မာလက်သည်မှာသွားပြ​န်ဖျက်မယ်လို့ ပြောပြီး စောင်ကို ခေါင်းမြီးခြုံအိပ်လိုက်တာ ကားရပ်သွားတာတောင် လုံးဝပြန်မနိုးလာတော့ဘူးတဲ့။ ကားပေါ်မှာ လူသေတယ်လို့ သတင်းကြားရောတစ်ကားလုံးလန့် ဖြန့် ပြီးထွက်ပြေးကြတာပေါ့။ အဲ့ဒါ ရဲတွေရောက်လာလို့ အလောင်းကိုသယ်တာ အလောင်းကို လုံးဝ သယ်ထုတ်လို့ မရဘူး၊အလောင်းက တအားလေးတာတဲ့။ ယောကျာ်းအားနဲ့ လေးငါးယောက်လောက်ဝိုင်းပြီးမတာ​တောင် လုံးဝ မလို့ မရဘူးတဲ့ ၊အဲ့ဒါနဲ့ ရဲတွေက ထိုင်းဘုန်းကြီး ၂ပါးပင့်လာပြီး ဘုန်းကြီးတွေက ပရိတ်ရွတ်၊ပရိတ်ရေဖြန်းတော့မှ အလောင်းသယ်လို့ ရသွားတာ။အဲ့ဒီသတင်းကြည့်ပြီး အလောင်းသယ်ထုတ်သွားတာကိုမြင်တော့​ ကြက်သီးတွေတောင် ထသွားတယ်။တော်တော်လဲ သံဝေဂရတယ်။     တစ် နေ့ က အသိအစ်မတစ်ယောက် အိမ်သွားလည်ရင်း နဲ့ အစ်မပြောပြတဲ့သတင်းလေးပါ။ ချမ်းချမ်းတို့ မြို့ က ကောင်လေးတစ်ယောက် အလုပ်လုပ်ရင်း စက်ရုံကိုအသစ်ပြောင်းလာတဲ့ ကောင်မလေးနဲ့ ရီးစားသက်တမ်း ၇ ရက်အတွင်းမှာ ယူလိုက်ပါတယ်။မင်္ဂလာလဲ မြန်မာလိုသေချာဆောင်လိုက်ပါတယ်။မင်္ဂလာဆောင်ပြီး ၈ ရက်မြောက်နေ့ မှာ ကွဲသွားပါတယ်။အကြောင်းရင်းက ကောင်မလေး အလုပ်လုပ်နေရင်း မူးလဲလို့ စက်ရုံထဲက ဆေးပေးခန်းမှာ သွားစစ်တော့ ကိုယ်ဝန်သုံးလ ၇ှိနေလို့ တဲ့။ ကောင်မလေးနဲ့ ကောင်လေး ရီးစားသက်တမ်းက ၇ ရက် လက်ထပ်ပြီးတာက ၈ ရက် စုစုပေါင်းတွေ့ ရတဲ့ရက်က တစ်လတောင်မပြည့်သေးဘူး ၁၅ ရက်ပဲရှိသေးတယ်။ အခု ဗိုက်ထဲက ကလေးက ၃ လတောင်ဆိုတော့ ဒီကိုယ်ဝန်ဟာ သူနဲ့ ရတာမဟုတ်လို့ ကောင်လေးက လှည်းကျိုးထမ်းတဲ့ နွားတော့ အဖြစ်မခံဘူးဆိုပြီး ကောင်မလေးနဲ့ ချက်ချင်း ကွာလိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်မှာ ကိုယ့်ဇနီးဖြစ်နေပြီမို့  မကွဲသင့်ဘူး ပြီးတော့ ကောင်မလေးက ကိုယ်ဝန်နဲ့ အားကိုစရာလဲ မရှိတော့ ညီမချင်းစာနာပြီး ပြန်ပေါင်းဖို့  ပတ်ဝန်းကျင်က ဖြောင်းဖျပါတယ်။ ကောင်လေးက ဘာပြန်ပြောလဲဆိုတော့ သူနဲ့ မရခင် မုဆိုးမ တစ်ခုလပ် ကလေး၃ယောက်အမေ ဖြစ်ခဲ့ရင်တောင် လက်ခံလို့ ရသေးတယ် ။ အခုက ဘယ်သူယ်ဝါနဲ့ ရမှန်းမသိတဲ့ ဗိုက်ကို အပျိုလို့ လိမ်ပြီး သူ့ ကို တမင်နဖားကြိုးထိုးခိုင်းတာတော့

မဲဆောက်မှ တောင်းစားသူများ

ကောင်မလေးက အသက် ၈ နှစ်ခန့်သာ ရှိဦးမည်။ မဲဆောက်ဈေးထဲ ၀ယ်သူတွေရဲ့ လက်ကို အတင်းတို့ကာ ကုတ်ကာနှင့် ပါးစပ်မှလည်း တတွတ်တွတ်
တောင်းပန်နေပြီး ပိုက်ဆံမရမချင်းအနားမှ မခွာတော့…။
ဈေးအနီးတ၀ိုက်မှာလည်း သူ့လို အလားတူပုံစံမျိုးတွေ။ ကလေးလေးများ၊ ဒုက္ခိတ လူလတ်ပိုင်းများ၊ မျက်မမြင် အမယ်ကြီးများ၊ ခြေထောက်မရှိတော့သည့် အဖိုးအို၊ ယောဂီဝတ်စုံနှင့် အမျိုးသမီး။ သူတို့အားလုံး တောင်းရမ်းသည့် အလုပ်ကို သဲကြီးမဲကြီး လုပ်ကိုင်နေပါသည်။ ဈေးသွားဈေးလာ တွေကလည်း သူတို့ကို မနည်းဖြတ်ကျော်သွားနေရသည်။
ရုတ်တရက် သူက ကျမ အနားရောက်လာပြီး ပိုက်ဆံတောင်းပါတော့သည်။ ပိုက်ဆံအိတ်ထဲ လက်နှိုက်ပြီးမှ၊ ပိုက်ဆံပေးမည့်အစား မုန့်ဝယ်ကျွေးလိုက်မည်ဟု စိတ်ကူးတမျိုး ပေါက်သွားသည်။
"သမီး မုန့်စားပါလား… မမ ၀ယ်ကျွေးမယ်လေ" ဟု ပြောတော့၊ ကလေးမလေးက ခေါင်းရမ်းသည်။
"ထမင်းစားမလား… ထမင်းမဆာဘူးလား" မေးတော့ ခေါင်းရမ်းပြသည်။
ခုမှ သေချာကြည့်မိပါသည်။ ညစ်ပေနေသည့် ဂါဝန်စုတ်လေးကို ၀တ်ထားသော်လည်း သူ့မျက်နှာလေးမှာ ပကတိ အပြစ်ကင်းစင်နေသည်။ ရိုးပုံကပေါ်နေသည်။ သို့သော် ပိုက်ဆံမရမချင်း ကျမ အနားက ခွာမည့်ပုံ မပေါ်…။
"သမီး ကျောင်းမနေဘူးလား" ဟု ကျမက မနေနိုင်ဘဲ စပ်စုတော့..၊ ဖြေရန် တွန့်ဆုတ်နေပြီးမှ..

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ