.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Monday, November 14, 2011

ထိုင်းရောက် မြန်မာအလုပ်သမားများအရေး ပဏာမဆန်းစစ်ခြင်း




၁၃-၁၁-၂၀၁၁          မင်းလွမ်းနောင်(ပန်းတနော်)






နေ.စဉ်နှင့်အမျှ စက်မှု.ပညာ နှင့်စီးပွားရေး
တိုးတက်ကောင်းမွန်လျှက်ရှိသော ထိုင်းနိုင်ငံ အတွင်းသို.   တစ်ချိန်က
သခင်မျိုးဟေ့ ဒို.ဗမာဟု ကြွေးကြော် ခဲ့ကြသော
ရွှေမြန်မာများ တစ်နေ.တစ်ခြား တိုးပွားဝင်ရောက်လျှက်ရှိသည်မှာ ယခုအခါ
အလုပ်သမားရေး လေ့လာဆောင်ရွက်သူများအဆိုအာြး
ဖင့် လူဦးရေ ၄သန်းကျော်မျှသော
ပမာဏသို.ရောက်ရှိနေပြီဖြစ်ပြီး ထိုအထဲမှ ၁ သန်းခွဲမျှလောက်သော
ရွှေမြန်မာများသည် ထိုင်းအစိုးရမှ ထုတ်ပေးသော ၁နှစ်ခံ
အလုပ်လုပ်ကိုင်ခွင့်(ဘတ်) ၊ပြည်နယ်ဒေသများတွင်
(၁၀)နှစ်ခံ နေထိုင်ခွင့် နှင့် နှစ်နိုင်ငံသဘောတူ ဆောင်ရွက်ထားသော
ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ပေသည်။သို.သော်အများစုမှာ
မည်သည့် စာရွက်စာတမ်းမှ မရှိပဲ တရားမ၀င်နေထိုင်အလုပ်လုပ်ကိုင်နေသူများ
ဖြစ်သည့်အားလျော်စွာ အဘက်ဘက်မှ
လူ.အခွင့်အရေးကိုချိုးဖောက်ခံနေကြရသူများလဲဖြစ်သည်။
တရားဝင်စာရွက်စာတမ်းကိုင်ဆောင်ထားသော်လည်း အများစုမှာ ဖိနှိပ်ခံ
၊လူ.အခွင့်အရေးချိုးဖောက်ခံနေ ရဆဲဖြစ်သည်မှာ
ငြင်းချက်ထုတ်မရသည့်အချက်တစ်ချက်ပင်။
အဘယ့်ကြောင့် ရွှေမြန်မာများ ထိုင်းနိုင်ငံအတွင်းသို. ၀င်ရောက်လာရပါသနည်း။
ယခုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် အခြေခံ
စားသောက်ကုန်စရိတ်ကြီးမြင့်ခြင်း၊အလုပ်အကိုင်ရှားပါးခြင်း၊ ရရှိသော
လုပ်အားလစာနှင့် မိသားစုစားဝတ်နေရေးပြေ
လည်စေရန်ဖြေရှင်းနိုင်မှု.မရှိခြင်း၊ အလုပ်အကိုင်ရှိသော်လည်း
ဝင်ရောက်မည့် အရည်အချင်း မရှိရှိခြင်း၊
ကောင်မွန်သောအလုပ်အကိုင်ရှာဖွေရန်ခက်ခဲသောအခြေအနေတစ်ရပ်
တို.ကိုအခြေခံလျှက် မိမိတို.မြန်မာနိုင်ငံ`၏ ငွေကြေးထက်ထိုင်းငွေကြေးက
ပိုမိုဈေးသာခြင်း၊ အလုပ်အကိုင်ရှာဖွေရလွယ်ကူခြင်း
ရရှိသောလုပ်အားလစာမှာ ပြည်တွင်းမှရရှိသောလုပ်အားလစာထက်များပြားခြင်း၊
အလုပ်အကိုင် ရရှိရန် အရည်အချင်းကန်.သတ်ချက် နည်းပါးခြင်း ၊
အိမ်နီးချင်းနိုင်ငံဖြစ်သည့်အားလျော်စွာ တရားမ၀င်ဝင်ရောက်ရန်လွယ်ကူခြင်း
တို.ကြောင့် ယနေ.ကာလတွင် ထိုင်းရောက်ရွှေမြန်မာများ
ထူထပ်များပြားလာရခြင်းပင်ဖြစ်ပါသည်။
လာရောက်ကြသည့်နည်းလမ်းများ။
ရေလမ်း (ကော့သောင်းဘက်) မှ လာလျှင် လူပွဲစားများ တဆင့်ဆက်သွယ်ပြီး လူစုကာ
အယောက် ၃၀ အထက် တွင် လှေတစ်စီးစာသတ်မှတ်ကာ ကော့သောင်းမှ
ညလူခြေတိတ်ချိန်တွင် လှေပေါ်၌လှဲအိပ်စေပြီး အပေါ်မှ တာလဘတ်ခေါ်
အမိုးဖြင့်ဖုံးအုပ်ပြီး
သက်ဆိုင်ရာအာဏာပိုင်များအားလိုင်းကြေးပေးဆောင်လျှက် လူကုန်ကူးမှု.
များကိုပြုလုပ်လေ့ရှိသည်။ အသက်အန္တရာယ်အလွန်များသော ခရီင်္းလမ်းဖြစ်ပြီး
လမ်းခရီးတွင် ကျွန်များ၌ နားခိုခြင်း အစာရေစာငတ်ပြတ်ခြင်း ဒဏ်များကိုခံကာ
ထိုင်းနိုင်ငံတောင်ပိုင်း
နန်ယွန်၊ မီးသွေးဖောင်း အစရှိသော လှေဆိပ်များသို.သယ်ဆောင်ကာ
ထိုင်းအာဏာပိုင်များနှင့်ချိတ်ဆက်လျှက်
ပို.ဆောင်ရမည့်နယ်မြေဒေသများသို.ပို.ဆောင်ပေးလေ့ရှိပေသည်။
ကုန်းလမ်း(ကော့သောင်းဘက်မှ) လာလျှင်လဲ လူပွဲစားများတဆင့် (သို.)
မိမိတို.`၏အသိမိတ်ဆွေများအကူအညီဖြင့်
ရနောင်းဘက်ကမ်းသို.တရားဝင်(သို.)တရားမ၀င် ကူးကာ
ထိုင်းနိုင်ငံအတွင်းရှိ ပွဲစားများမှ တဆင့်
သက်ဆိုင်ရာသွားလိုသည့်နယ်မြေများသို.သွားရောက်လျှက်ရှိပေသည်။
ကော့သောင်းဘက်မှ ရနောင်းဘက်သို.ကူးရာတွင် တရားဝင်
၇ ရက် အလည်အပါတ်စာအုပ်ပြုလုပ်ရန် မှတ်ပုံတင်မရှိသူများက ဘတ်ငွေ ၂၀၀၀ ဘတ်
ဝန်ကျင်ခန်. ၊ မှတ်ပုံတင် (၆/မဟုတ်သူများ) ရှိသူများအနေနှင့် ဘတ်ငွေ ၁၃၀၀
ခန်.ကုန်ကျ ခံပြီး ပြုလုပ်ပေးသော လှေသမား(သို.)ပွဲစား များမှ
တာဝန်ရှိသူများနှင့်ပူးပေါင်းကာ လုပ်ဆောင်လျှက်ရှိနေပါသည်။
ရနောင်းမြို.ပေါ်သို.ရောက်လျှင် စုရပ်တစ်ခုအတွင်းစုဆောင်းပြီး
ကားအမျိုးစုံဖြင် ထိုင်းနိုင်ငံအတွင်းသို. သယ်ဆောင်  လျှက်ရှိသည်မှာလဲ
ယနေ.ထက်တိုင်ပင်။
အချို.ဆိုလျှင် လမ်းခရီး၌ အဖမ်းအဆီးခံရခြင်း ၊ ယာဉ်တိမ်းမှောက်ပြီး
သေဆုံးခြင်း၊ ကားအတွင်း ကျပ်တည်းစွာ လိုက်ရပြီးလုံလောက်သော
အသက်ရှူခွင့်မရသောကြောင့် သေဆုံးခြင်းများကလဲ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။
မြ၀တီမှမဲဆောက်သို. တရားဝင် (သို.)တရားမ၀င် သွားရောက်ပြီး ကားလမ်းမှ
တဆင့် ဘန်ကောက် နှင့်အခြားသော အလုပ်အကိုင်ရှိရာဒေများသို. ထိုင်းဘတ်ငွေ
၁၀၀၀၀ ကျော်ခန့် ပေးဆောင်ကာ ၀င်ရောက်ကြသူများလဲရှိပေသည်။
ထိုသို.ပို.ဆောင်ရာတွင်လဲ လူပွဲစားများ နှင့်ထိုင်း
လူဝင်မှု.ကြီးကြပ်ရေးမှ တာဝန်ရှိသူများ
လက်ဝါးချင်းရိုက်ကာလုပ်ဆောင်ပေးနေသည်မှာလဲ အထင်အရှားပင်ဖြစ်ပါသည်။
ထိုကဲ့သို. နည်းမျိုးစုံဖြင့် မြန်မာပြည်သားများ
ထိုင်းနိုင်ငံအတွင်းသို.၀င်ရောက်လာကြသည်မှာယခုအခါ
တိတိကျကျပြောရန်ပင်ခက်ခဲသော ပမာဏ ဖြစ်နေပေသည်။
နောက်ဆက်တွဲ
ထိုသို.ဒုက္ခ ပေါင်းများစွာခံစားရပြီး မိမိတို.သွားလိုသော
နေရပ်သို.ရောက်ရှိလျှင် ပြီးဆုံးသွားပါမည်လား ။ မပြီးဆုံးပါချေ အလုပ်ခွင်
သို.ရောက်ရှိပြီး မကြာသောကာလမှာပင် ထိုင်းရဲများ`၏ဖမ်းဆီးခြင်းခံရပြီး
မတန်တဆသောငွေကြေး ပေးဆောင်ပြီးလွတ်မြောက်သူ မပေးဆောင်နိုင်သောကြောင့်
နယ်စပ်သို.ပြန်လည်ပို.ဆောင်သူ များမှာလဲဒုနဲ.ဒေးပင်။
အချို.ဆိုလျှင် အဆင့်ဆင့်ရောင်းစာခံရခြင်း၊ မိန်းကလေးများမှာလဲ အသွေးအသား
ရောင်းစားရန်အလို.ငှာ ဆန္ဒအရ(သို.)အတင်းအကြပ် ရောင်းစားခံနေကြရသည်မှာလဲ
သတင်းဌာနများမှဖော်ပြပြီးဖြစ်ပါသည်။
သာမန်သမ္မာအာဇီဝကျကျသောလုပ်ငန်များဖြစ်သော အိမ်ဖော်အလုပ်နှင့် အထွေထွေ
လုပ်ငန်းများ ၊ စက်ရုံအလုပ်ရုံများတွင်လဲ အလုပ်ချိန် နှင့်
အချိန်ပိုကြေးများ၊လုပ်အားလစာများခေါင်းပုံဖြတ်ခံရခြင်း
လူ.အခွင့်အရေးချိုးဖောက်ခံရခြင်း၊အလုပ်သမားအခွင့်အရေး
မရရှိခြင်းများဖြင့် ခေါင်းငုံခံကာ အလုပ်လုပ်ကိုင်နေလျှက်ရှိသည်မှာလဲ
ဒုနဲ.ဒေးပင်။ အထွေထွေလုပ်ငန်းများထဲမှ ဆောက်လုပ်ရေးလုပ်ငန်းများတွင်
ကန်ထရိုက် များ(သို.)အလုပ်ရှင် တို.`၏ လိမ်လည်မှု.
ခေါင်းပုံဖြတ်မှု.များမှာလဲ ပြောမအဆုံးပေါင် တောသုံးထောင်သာဖြစ်ပေသည်။
ရော်ဘာခြံများတွင် လုပ်ကိုင်ကြသော သူများမှာလဲ အလုပ်ရှင်များ`၏
လှည့်ဖျားမှု.၊ နကလိန် ခေါ်
ဒါးပြ များများဧ။် ရန်ကိုကြုံတွေ.နေရသည်မှာလဲ ၆၀%
ခန်.ရှိနေပေသေးသည်။ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသူများအနေဖြင့်
အဆင်ပြေခြင်းဆိုသည်မှာ လက်ရှိပမာဏ၏


၃၀% မပြည့်ပေ။ အဘယ်ကြောင့် ၀င်လာမဆဲတသဲသဲ ဖြစ်နေရခြင်းကိုမူ
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း မိမိတို.ပြည်တွင်းမှာ
အခက်အခဲများအကြပ်အတည်းများကြောင့် မျှော်လင့်ချက်ကြီးစွာ အန္တရာယ်ကို
အမှု.မထားပဲ အလုပ်လုပ်ကိုင်နေကြခြင်းသာ။
ထို.အပြင် ၁ နှစ်စာ အလုပ်လုပ်ခွင့်လက်မှတ်ရှိသူများအနေနှင့်လဲ
အချို.သောအလုပ်ရှင်များ`၏ ချုပ်ကိုင်ခြင်းကိုခံရပြီး
အလုပ်အကိုင်ပြောင်းလဲရန်အခက်အခဲများရှိခြင်း၊ယာယီနိုင်ငံကူးလက်မှတ်များရှိသူများအားလဲ
စာအုပ်များ ကိုသိမ်းဆည်းထားခြင်းတို.ဖြင့် ချုပ်ကိုင်လျှက်ရှိနေသည်မှာလဲ
အလုပ်သမားအရေးဆောင်ရွက်နေသောအဖွဲ.များအသိပင်ဖြစ်သည်။ သို.သော်
ထိုင်းနိုင်ငံအတွင်းရှိအလုပ်သမားရေးရာအဖွဲ.များတွင် အမှန်တကယ်
အလုပ်သမားရေးဆောင်ရွက်သည့်အဖွဲ.များ
ထိရောက်သောကူညီဆောင်ရွက်ပေးမှု.များမှာလဲ အနည်းငယ်မျှသာ။ မည်သို.ဆိုစေ
ထိုင်းရောက်မြန်မာအလုပ်သမားသည် ထိရောက်သော အလုပ်သမားရေးရာအဖွဲ.(NGO)
များ`၏ အကူအညီနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံရုံး
တို.မှထိရောက်သော အကူအညီကို မျှော်လင့်လျှက်ရှိသည်မှာလဲ ၁၀၀%
ခန်.ပင်ဖြစ်ပါသည်။
ယခုအခါ ထိုင်းနယ်မြေခံရဲများအများစုနှင့် ထိုင်းလူဝင်မှု.ကြီးကြပ်ရေး
တာဝန်ရှိသူများ ထိုင်းအလုပ်ရှင်များ၊  မြန်မာနိုင်ငံသား
ပွဲစားများ၊ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် အကျိုးဆောင်ပေးသော
အေးဂျင့်ရုံများ မှ  အများစုမှာ  မြန်မာအလုပ်သမားတို.ကိုမြင်လျှင်
ငွေထုပ်ကြီးသဏ္ဍန် သာဖြစ်နေပေပြီ။ ကောင်မွန်သော သူများမရှိမဟုတ်ပါရှိပါသည်
သို.သော် အနည်းစုသာဖြစ်ပါသည်။
အချို.ဆိုလျှင် တရားဝင်စာရွက်စာတမ်းရှိသော်လည်း အလုပ်ရှင်များက
ချုပ်ကိုင်ထားသောကြောင့် တာဝန်ရှိသူများစစ်ဆေးသည့်အခါ
မိမိတို.ပြသရန်အထောက်အထားမရှိသောကြောင့် ငွေကြေးမကုန်သင့်ပဲကုန်
လျှက်ရှိနေကြသည်မှာလဲအများအပြားပင် ။ ထိုင်းနိုင်ငံ သို.ရောက်လျှင်
အလုပ်သမားမှတ်ပုံတင်ပြုလုပ်ရန်အခွင့်အရေးရပါက ပြုလုပ်ကြသည်။ထိုမှတဆင့်
ယာယီနိုင်ငံကူးလက်မှတ် တရားဝင်အလုပ်လုပ်ခွင့် ပါမစ် စသည်တို.ကို
ထိုင်းဘတ်ငွေ၂၀၀၀၀ခန်.အကုန်အကျခံကာပြုလုပ်လျှက်
နေထိုင်ကြရခြင်းသာဖြစ်ပေသည်။ထိုကဲ့သို.အကုန်အကျခံကာ ပြုလုပ်ထားသောလည်း
အလုပ်နာမည်မတူခြင်း၊အလုပ်ရှင်အမည်မှားယွင်းခြင်း၊အလုပ်လုပ်သည်နယ်နိမိတ်
မမှန်ကန်ခြင်း၊ ယာယီနိုင်ငံကူးလက်မှတ်များတွင် ၇ ရက် တာမော(လ၀က)
စာရွက်မပါရှိခြင်း၊ရက်(၉၀) တာမော်(လ၀က) စာရွက် ရက်ကျော်ခြင်း
၊စစ်ဆေးသည့်အချိန်တွင် မိမိတို.စာရွက်စာတမ်းများအားလက်ဝယ်တွင်မရှိခြင်း
စသော အကြောင်းအရာများအား တိကျစွာစစ်ဆေးလျှက်
ငွေတောင်းခံခြင်း(သို.)ဒဏ်ငွေရိုက်ခြင်းများကို
မြန်မာနိုင်ငံသားအလုပ်သမားများ
ခံနေကြဆဲဖြစပြီးပလိုင်းပေါက်နှင့်ဖားကောက်နေကြသကဲ့သို.ပင်။
ထို.ကြောင့် မြန်မာနိုင်ငံသားအလုပ်သမားများအနေနှင့်မိမိတို.ဘက်မှ
မှန်ကန်တိကျစေရန်လည်း
အလေးထားဆောင်ရွက်သင့်ပေသည်။မိမတို.စာရွက်စာတမ်းများအားကိုယ်နှင့်မကွာထားရှိခြင်း၊အလုပ်ရှင်အမည်
 မတူပါက အလုပ်သမားရုံးတွင်သွာရောက်ပြီးအလုပ်ရှင်အမည်ပြောင်းခြင်း၊အလုပ်အကိုင်အမျိုးအစား
မှန်ကန်အောင်ဖြည့်စွက်ခြင်း၊အုလပ်ခွင်ဒေသတူညီအောင်ပြောင်းလဲခြင်း၊
ယာယီနိုင်ငံကူးလက်မှတ်များတွင် ၇ရက် တာမော(လ၀က )
စာရွက်များထားရှိခြင်း၊ရက် ၉၀ တာမော (လ၀က)
စာရွက်များရက်မကျော်စေရန်ပြုလုပ်ဆောင်ရွက်ခြင်း၊အလုပ်လုပ်ခွင့်ပါမစ်အတွင်း
အလုပ်ရှင်အမည်/အလုပ်အကိုင်/အလုပ်ခွင်နေရာ နှင့်
ကိုက်ညီမှု.ရှိအောင်ဆောင်ရွက်ခြင်း တို.ကို
မှန်ကန်အောင်ဆောင်ရွက်ထားသင့်လှပေသည်။
အဘယ့်ကြောင့် မြန်မာအလုပ်သမားများကို ထိုင်းအလုပ်ရှင်များခေါ်ယူကြသလဲ
ထိုင်းအလုပ်ရှင်မှ အောက်ခြေအထွေထွေအလုပ်သမားများကိုခေါ်ယူရာတွင်
ထိုင်းလူမျိုးများကိုခေါ်ယူပါက လုပ်ခ ဈေးကြီးခြင်း
အလုပ်သမားအခွင့်အရေးအပြည့်အ၀ပေးရခြင်းတို.ကြောင့်
ဈေးပေါသောမြန်မာအလုပ်သမားများအား အလုပ်သမားအခွင့်အရေးပေးရန်မလိုပဲ
ခိုင်းစေနိုင်သောကြောင့်၎င်းလွယ်ကူစွာချုပ်ကိုင်နိုင်သောကြောင့်၎င်း
အလုပ်သမားရှားပါမှု.တို.ကြောင့်
ခေါ်ယူသုံးစွဲနေကြခြင်းသာဖြစ်ပေသည်။မြန်မာအလုပ်သမားအနေနှင့်ကလဲ အလုပ်ရှင်
ကောင်းခြင်း၊ လုပ်အားလစာကိုပုံမှန်ပေးခြင်း၊မိမိတို.လုံခြုံမှု.ရှိခြင်းတို.ကိုရွေးချယ်ကာ
အလုပ်သမားအခွင့်အရေး ကိုလျစ်လျူရှု.ပြီးအလုပ်လုပ်ကိုင်နေကြရခြင်းဖြစ်သည်။
ထို.အပြင် မြန်မာအလုပ်သမားများသည် အလုပ်ချိန်တွင် ကြိုးစားလုပ်ကိုင်ခြင်း
ကလဲ ထိုင်းအလုပ်ရှင်များအဖို. သဘောကျစရာအချက်တစ်ချက်ပင်ဖြစ်ပေသည်။
လူမျိုးမျိုးစိတ်အထွေထွေဆိုသကဲ့သို. မြန်မာအလုပ်သမား အချို.ကလဲ အလုပ်ရှင်
ကောင်းသော်ငြားလည်း အလုပ်ရှင်အားပေးရန်ရှိသော အကြွေးများကိုမပေးဆောင်ပဲ
အခြားသို. ထွက်ပြေးကာအလုပ်သစ်ရှာဖွေခြင်းများလဲရှိပေသည်။သို.သော်
နည်းပါးလှသောပမာဏသာဖြစ်ပါသည်။
မည်သို.ကူညီဆောင်ရွက်သင့်ပါသလဲ
ထိုင်းရောက်မြန်မာအလုပ်သမားအရေးအား သက်ဆိုင်ရာ ဗန်ကောက်ရှိမြန်မာသံရုံး၊
အလုပ်သမားအရေးဆောင်ရွက်နေသော NGO အဖွဲ.အစည်းများ၊
ထိုင်းအာဏာပိုင်များအနေနှင့်  လူကုန်ကူးမှု. တာဆီးနှိမ်
နှင်းခြင်းပညာပေးခြင်း၊
အလုပ်သမားအခွင့်အရေးဆိုင်ရာများကိုနယ်မြေအလိုက်ဟောပြောပညာပေးခြင်း၊
အလုပ်ရှင်နှင့်အလုပ်သမားကြားနားလည်မှု.ရရှိစေရန်
ထိရောက်စွာညှိနှိုင်းပေးခြင်း၊ ခေါင်းပုံဖြတ် ဖိနှိပ်စော်ကားခြင်းတို.အား
ပူးပေါင်းပြီး ထိရောက်စွာအကူအညီပေးခြင်းများကိုပြုလုပ်ဆောင်ရွက်သင့်ပေသည်။ထို.အပြင်
နယ်မြေအလိုက် အလုပ်သမားအရေးဆောင်ရွက်ပေးနေသော အဖွဲ.အစည်းများနှင့်
အလုပ်သမားများနွေးထွေေးသာ ကြားခံဆက်သွယ်မှု.အဖြစ် ဆက်သွယ်ရမည်.
အကြောင်းအရာများအားဖြန်.ဝေပေးခြင်းများကို ဆောင်ရွက်သင့်ပေသည်။
အလုပ်သမားများအနေနှင့်ကလဲ မိမိတို. လက်လှမ်းမှီသလောက်သော
ပါတ်ဝန်ကျင်အတွင်း ထပ်ဆင့်ပြန်လည် ဖြန်.ဝေခြင်း ဆွေးနွေးခြင်းများကို
ဝိုင်းဝန်ဆောင်ရွက်သင့်လှပေသည်။
သို.မှသာ ထိုင်းရောက်မြန်မာအလုပ်သမားအနေနှင့် အလုပ်သမားအချင်းချင်း
သွေးစည်းညီညွတ်ခြင်း၊အလုပ်ရှင်နှင့်အလုပ်သမားကြား
နားလည်မှု.ရရှိခြင်း၊အလုပ်သမားအခွင့်အရေးတို.ကို
ထိုက်သင့်သလောက်ရရှိခြင်း၊ ဖိနှိပ်ခြင်း စော်ကားခြင်းတို.
လျော့နည်းလာခြင်းတို. တွေ.မြင်လာရသည်မှာအမှန်ပင်ဖြစ်ပေသည်။ထို.ကြောင့်
တစ်ဦးတစ်ယောက်ချင်းမှစပြီးအဖွဲ.အစည်း များအထိ ထိုင်းရောက်မြန်မာ
အလုပ်သမားအရေးကို စိတ်စေတနာဖြူစင်စွာဖြင့်
ဝိုင်းဝန်ဆောင်ရွက်ကြစေရန်ရည်ရွယ်ပြီး အလုပ်သမားများ ဆင်းရဲဒုက္ခ
နည်းပါးစေရန်အတွက် အဖက်ဖက်မှ ကြိုးစာကြပါစို.လို.တိုက်တွန်းရင်း
ထိုင်းရောက်မြန်မာအလုပ်သမားများ ဖိနှိပ်စော်ကားခံရခြင်းမှ
ကင်းလွတ်ကြစေရန် ဆုတောင်းမေတ္တာပို.သအပ်တယ်ခင်ဗျာ….။

မင်းလွမ်းနောင်(ပန်းတနော်)

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ