
တစ်ချို. က တွေးကြမှာပါ ထိုင်းရောက်မြန်မာအလုပ်သမားတွေအနေနဲ. ကိုယ့်နိုင်ငံကို ကိုယ်ပြန်ပြီးလုပ်စားလဲရတာပဲ ၊ ဒီလောက် ခံနေရတာတောင် ဘာလို.ဆက်နေကြသေးသလဲ ၊ ကိုယ့်နိုင်ငံမှာလဲ ထမင်းတော့မငတ်ပါဘူး ၊ ကိုယ့်နိုင်ငံမှာလဲ အလုပ်တွေပေါတာပဲ ဆိုတဲ့ အတွေးတွေပေါ့ ။
ဟုတ်ပါတယ် တွေးသင့်ပါတယ် ဒါပေမဲ့ ဖြည့်စွက်ပြီးတွေးစေချင်တယ် သူတို.ဟာ ကိုယ့်မြေကိုယ်ရေ ကိုမချစ်လို. ပစ်ခဲ့ကြတာမဟုတ်ပါဘူး ။
ဒီရောက်နေတဲ့ မြန်မာဦးရေ ဟာ ခန်.မှန်းခြေ ၁၀ သိန်း နဲ. သိန်း၂၀ ကြား လို. ထင်ပါတယ်။(ဒိထက်လဲ များနိုင်ပါတယ် )
ဘန်ကောက် မှာတင် ရွှေ.ပြောင်းအလုပ်သမား ၃ သိန်းဝန်းကျင် ခန်.ဖြစ်နေပါပြီ (ဒိထက်လဲပိုနိုင်ပါတယ်)
ထိုင်းနိုင်ငံ နယ်မြေ အသီးသီးမှာ မြန်မာရွှေ.ပြောင်းအလုပ်သမားမရှိတဲ့နေရာရယ်လို. မရှိသလောက်ပါပဲ ။
ဘာကြောင့် သူတို. ကိုယ့်မြေကိုယ့်ရေက ထွက်လာရသလဲ ဆိုရင်တော့ " ရေကြည်ရာ မြက်နုရာ ရှာဖွေစားသောက်ရင်း " မိမိ နဲ. မိမိ မိသားစုစားဝတ်နေရေး အတွက် လို.ပဲ ဆိုပါတော့။
ဆိုလိုတာက နည်းလမ်းအမျိုးမျိုးနဲ. နေ.စဉ် ၀င်ရောက်နေတဲ့ မြန်မာပြည်က လူတွေ ဟာ တစ်နေ.ကို ပျှမ်းမျှ ၅၀ ဦး ခန်. (အနည်းဆုံး) ရှိနေပါတယ်။ ကော့သောင်း-ရနောင်း /တာချီလိတ်-မဲ့ဆိုင်/ မြ၀တီ-မဲဆောက် ဘုရား သုံးဆူ စတဲ့ လမ်းတွေကနေ နေ.စဉ်နဲ.အမျှ တရားမ၀င် ၀င်ရောက်နေကြတယ်။ ဒါတွေကို ထပ်မ၀င်ရောက်စေဖို. ပြည်တွင်းမှာ ပညာပေးတွေ
လုပ် လူကုန်တား အဖွဲ.တွေ ဘက်က ဖိဖိစီးစီး ကျပ်မတ် ဖို.လိုပါတယ်။
ဒီဘက်ရောက်နေတဲ့ မြန်မာတွေဟာ ၁၀ ယောက်မှာ ၉ ယောက်လောက် ကိုယ့်အိမ်ကိုယ်ချင်သူတွေချည်းပါပဲ ။ (ပြန်လဲ ပြန်ကြမှာပါ) ရည်ရွယ်ချက်လေး တစ်ခု စီ တော့ ထားကြမှာပဲလေ ။ ရောက်လက်စနဲ. မထူးဇာတ်ခင်းနေတာတွေလဲ ရှိတယ်ပေါ့ ။ဒါပေမဲ့ ငွေနှီးငွေရင်းလေး ရပြီးပြန်တဲ့သူတွေလဲ ရှိပါတယ်။ (အဲ့အထဲမှာ ကျနော်တော့ မပါနိုင်သေးဘူး)
မိသားစု စားဝတ်နေရေးနဲ. မိမိတို.မျှော်လင့်ချက်လေးတစ်ခုအတွက် အသက် ၊ သွေးချွေး ရင်းပြီး အနှိမ်ခံ လုပ်နေရတဲ့ ဘ၀ကို ဘယ်သူကများ နှစ်ချိုက်ကြမှာလဲ ဗျာ ။
ဒီဘက်ရောက်နေတဲ့ သူတွေ တစ်ချိန်တည်း တစ်ပြိုင်တည်း ပြန်ကြဖို. ဆိုတာပြောတာတာလွယ်တာပါ တကယ်တမ်းက ခက်တာမှ အခက်ကြီး ။
ကျနော်တို.မြန်မာနိုင်ငံမှာ တိကျတဲ့ အလုပ်သမား ကာကွယ်ရေး ဥပဒေ တွေ ၊ လူမှု.ဖူလုံမှု.တွေ ၊ ကျန်းမာရေး အာမခံစနစ်တွေ ၊ လုပ်ခလစာ ပြင်ဆင်သတ်မှတ်မှု.တွေ ၊ အလုပ်အကိုင် အခွင့်အလမ်း ပေါများလာမှု.တွေ သာ အောင်အောင်မြင်မြင် ဖြစ်လာခဲ့ရင် ပြည်ပရောက် ရွှေ.ပြောင်းအလုပ်သမားတွေ ပြန်ခေါ်စရာမလိုပဲ ပြန်ရောက်လာပါလိမ့်မယ်။
ဒါတွေ အသင့်မဖြစ်ခင် အခု ဗြုန်းဒိုင်း ဆိုပြီး ၁၀ သိန်း သိန်း၂၀ လောက်ရှိတဲ့ မြန်မာတွေ ပြည်တော်ပြန်ကြည့် ပြည်တွင်းမှာ ဘယ်လောက်အကျပ်ရိုက်ကုန်မလဲ ။ ဒီ လူ၁၀ သိန်း သိန်း၂၀ ၇ဲ. နောက်က မိသားစုတွေ နဲ. ဆတိုး ပေါင်းကြည့် ။ ကုန်ဈေးနှုန်းတွေ ၀ုန်းဒိုင်ထတက် လုပ်ခလစာတွေ နှိမ် ၊ အိမ်ခန်းငှားခ တွေ ခုန်တက် စီပွားရေးကျားတွေ လက်ခမောင်းခတ် ပြီပေါ့။ဒီလိုဆိုရင် ပြည်ပပြန်ထွက်ကြမှာအသေအချာပဲ ဒိတော့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ တွေ ထောပြန် ။ လူကုန်ကူးတဲ့ သူတွေ ဂွင်တည့်ပြန် ပေါ့ ။ ဒီလိုနဲ.ပဲ သံသရာလည်နေမှာပဲမဟုတ်လား ။
ဒီလိုတွေ မဖြစ်ရလေအောင် လက်ရှိ ပြည်တွင်းက အလုပ်သမားအရေးကို အရင်ဆုံးဖြေရှင်း ၊ လုပ်ခလစာတွေ ၊ လူမှု.ဖူလုံရေးတွေ ၊ ကျန်းမာရေးစောင့်ရှောက်မှု.တွေ ၊ ပညာရေးဝန်ဆောင်မှု.တွေ ၊ အလုပ်သမား ကာကွယ်ရေး ဥပဒေ တွေ ၊ အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်မှု.တွေ အရင်ပြုလုပ်ပြီး ပြည်တွင်းက အလုပ်လိုတဲ့သူတွေ ပြည်ပမထွက်ရလေအောင် ခန်.ထားနိုင်ပြီး ပြည်ပက အလုပ်သမားတွေ အတွက် ပြန်တော်ပြန်တဲ့အခါ အလုပ်အကိုင်အခွင့်အလမ်း ချပေးနိုင်ရင် ဒီပြဿနာက ပြီးဆုံးပါပြီ ။
ဒါကြောင့် ဘယ်သူ. ဘယ်သူကိုမှ မပြစ်မတင်လိုပါ သေချာ သုံးသပ်ဝေဖန်ပြီး ဖြစ်သင့်ဖြစ်ထိုက်တာကို တွေးတော နိုင်ကြဖို. ခုလို သိသလောက် ချရေးဖြစ်တာပါ ။
(မိမိ၏ အမြင်သာဖြစ်ပါသည်)
No comments:
Post a Comment