.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Sunday, July 24, 2011

ထိုင်း ရဟတ်ယာဉ်များ ခဏ ခဏ ပျက်ကျခြင်း (စဉ်းစားမိသလောက်ပါ)

ဆောင်းပါးရှင်  Hawk Hunter on Sunday, July 24, 2011 at 4:17pm(ဖေ့ဘွတ်စာမျက်နာမှကူးယူဖော်ပြသည်)

တစ်ပါတ်အတွင်း ထိုင်းစစ်တပ်မှ ရဟတ်ယာဉ် ၃ စင်း ပျက်ကျမှု.အပေါ် သုံးသပ်ထားခြင်းပါ...
အဖြစ်နိုင်ဆုံးကတော့ ရာသီဥတုပါ။ တနင်္သာရီ ကမ်းရိုးတန်းဒေသဟာ မိုးများပြီး စိုစွတ်တဲ့ ဒေသ၊ တောင်းကုန်းတောင်တန်း ထူထပ်ပြီး မိုးမရွာတဲ့ အချိန်တောင် အခါမလပ် မြူဆိုင်းနေတတ်လို့ ရဟတ်ယာဉ်တွေ လေယာဉ်တွေ အတွက် ကန့်သတ်ချက် အများဆုံး ဒေသတစ်ခုလည်း ဖြစ်တယ်။ Bell 212 လို ရဟတ်ယာဉ်မျိုးက ခေတ်မမှီတော့ဘဲ တချို့နိုင်ငံတွေမှာ အရပ်သုံး အနေနဲ့ပဲ သုံးပါတော့တယ်။ နောက်တစ်ခုက ထိုင်းနိုင်ငံက Bell 212 တွေက
ဗီယက်နမ်စစ်ပွဲကာလတုန်းက သုံးခဲ့တဲ့ လက်ကျန်တွေပါ၊ သက်တမ်း ကြာမြင့်ပီ ဖြစ်သလို သူတို့ရဲ့ flying hours လည်း အရမ်းမြင့်နေပါပြီ။ maintenance ကြောင့်သာ  operational ဖြစ်နေသေးတဲ့ သဘောပဲ။ Blackhawk ကတော့ ခေတ်မှီရဟတ်ယာဉ်လို့ ဆိုနိုင်တယ်၊ ဒါပေမယ့် ထိုင်းနိုင်ငံမှာ ရှိတဲ့ ယာဉ်တွေက upgraded version တွေတော့မဟုတ်ဘူး၊ အဟောင်းတွေပေါ့။ ဒါပေမယ့် ဘယ်လောက်ပဲ ခေတ်မှီတဲ့ ရဟတ်ယာဉ်ဖြစ်ဖြစ် ရသီဥတု ကိုတော့ မလွန်ဆန်နိုင်သေးပါဘူး၊ Blackhawk ပျက်ကျနေတဲ့နေ့က မိုးလည်း သည်းထန်စွာ ရွာနေသလို လေပြင်းတွေလည်း တိုက်နေတယ်လို့ ဆိုတယ်။ ဒီလို ရာသီဥတုမျိုးနဲ့ ဆိုရင် ဘယ်ရဟတ်ယာဉ်မှ မပျံသန်းသင့်တဲ့ ရာသီဥတုပါ။ All- weather operational stealth attack helicopter ဆိုတာ တကယ်တော့ ကြိုးပမ်းဆဲ စမ်းသပ်ဆဲ အဆင့်ပါ။ ရဟတ်ယာဉ်တွေအတွက် ရန်သူ့ရေဒါကို ရှောင်ကွင်းဖို့ထက် ရာသီဥတုဆိုးကို ကျော်လွှားဖို့က ပိုခက်ခဲတာပါ။

နောက်တစ်ချက် အနေနဲ့ မြန်မာနိုင်ငံက ပစ်ချတာ မဖြစ်နိုင်ဘူးလား ??
မြန်မာနိုင်ငံက လေကြောင်းရန် ကာကွယ်ရေး အခြေအနေကို အကြမ်းမျဉ်း ပြောပြရရင် အဲဒီ့ တနင်္သာရီ ကမ်းရိုးတန်းဒေသမှာ လေကြောင်းရန် ကာကွယ်ရေး တပ်ရင်း အချို့ရှိပါတယ်။ ကွပ်ကဲမှုဌာန တစ်ခုလည်း ရှိပြီး လေကြောင်းရန် ကာကွယ်ရေး သတင်းပေးတပ်ရင်း (အလွယ်ပြောရရင်တော့ ရေဒါ တပ်ရင်းပေါ့) လည်း ရှိတယ်။ ဒါပေမယ့် အဲဒီ့ ဒေသတစ်ခုလုံးကို လွှမ်းခြုံထားနိုင်တဲ့ ပီးပြည့်စုံတဲ့ စနစ်တစ်ခု မဖြစ်သေးဘူး။ လေကြောင်းရန် ကာကွယ်ရေး တပ်ရင်း လို့ သိကြတဲ့ တပ်ရင်းတွေကို အကြမ်းမျဉ်းနားလည်အောင် ရှင်းပြရရင် သုံးမျိုး သုံးစား ရှိတယ်။ Long range, high attitude air defence battalion (အဝေးကြီးက အမြင့်ကြီးပျံလာတဲ့ လေကြောင်းပစ်မှတ်တွေကို ပစ်ချနိုင်တယ်၊ SAM ဒုံးပျံတွေ သုံးတယ်)၊ median range, median attitude air defence battalion (အလယ်အလတ် အကွာအဝေးနဲ့ အလယ်အလတ် အမြင့်က ပစ်မှတ်တွေကို ပစ်ချနိုင်တယ်၊ SAM တွေသုံးတယ်) short range, low attitude air defence battalion ( အနီးကပ် အကွာဝေးနဲ့ အနိမ့်ပျံ ပစ်မှတ်တွေကို ပစ်ချနိုင်တယ်၊ ပခုံးထမ်း ဒုံးကျည်တွေ၊ လေယဉ်ပစ် စက်အမြောက်တွေ သုံးတယ်)။ အဲဒီ့ စနစ် သုံးမျိုးလုံးကို ချထားနိုင်မှ ပြည့်စုံတဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်ဖြစ်တာပါ။ ကမ်းရိုးတန်း ဒေသမှာ လေကြောင်းရန် ကာကွယ်ရေး တပ်ရင်းတွေ ချထားပေမယ့် median နဲ့ long range surface-to-air missile တွေ မချထားနိုင်သေးဘူး။ ပခုံးထမ်း ဒုံးကျည်သုံးတဲ့ တပ်ရင်းတွေနဲ့ လေယာဉ်ပစ် စက်အမြောက်တွေ တပ်ဆင်ထားတဲ့ တပ်ရင်းတွေ ပဲ ထားနိုင်ပါသေးတယ်။ တပ်တည်တွေကို ကျွန်တော် အတိအကျ ပြောခွင့် မရှိပမယ့် မြို့တွေ အနီးအနားမှာပဲ အခြေစိုက်ထားပါတယ်။ (ဆိုလိုတာ ထိုင်း-မြန်မာ နယ်စပ်မျဉ်း အနီးမှာ မရှိပါဘူး)။ အဲဒီ့တော့ နယ်စပ်မျဉ်း အနီးမှာ ပျံသန်းနေတဲ့ ထိုင်းရဟတ်ယာဉ်ကို မြန်မာ့ လေကြောင်းရန် ကာကွယ်ရေး တပ်ရင်းတွေက လှမ်းပစ်လို့ မရပါဘူး။ ထိုင်း-မြန်မာနယ်စပ်က ရှေ့တန်းစခန်းတွေမှာ ရှိမယ်ဆိုရင်တော့ ပစ်ချနိုင်မှာ ဖြစ်ပေမယ့် အဲဒီ့ လေကြောင်းရန် ကာကွယ်ရေး လက်နက်တွေကို ရှေ့တန်း စခန်းတွေမှာ deploy လုပ်ထားခြင်း မရှိပါဘူး၊ အခြေစိုက် တပ်ရင်းတွေမှာပဲ ရှိနေတယ်။ ဆိုတော့ လေကြောင်းရန် ကာကွယ်ရေး လက်နက်တွေနဲ့ ပစ်ချတာလုံးဝ မဖြစ်နိုင်ဘူး၊ အဝေးကနေ Long range missile နဲ့ လှမ်းပစ်မယ်ဆိုရင်တော့ အင်မတန် သိသာတဲ့ ကိစ္စပါ။ အခုလို ဘာကြောင့်မှန်း မသိဘဲ ပျက်ကျတာမျိုး မဖြစ်ပါဘူး။

နောက်ဆုံးတစ်ချက်ပါ ...
လေကြောင်းရန် ကာကွယ်ရေး စနစ်ကနေ ပစ်ချတာ မဟုတ်ပေမယ့်၊ ဖြစ်နိုင်ချေလည်း ရှိပါသေးတယ်၊ အဲဒါကတော့ ခြေလျင်တပ်တွေရဲ့ ရှေ့တန်းစခန်းတွေကနေ ပစ်ချနိုင်စွမ်းတော့ ရှိနေတယ်။ ရှေ့တန်းစခန်းတွေမှာ နာမည်ကျော် RPG-7 လို လက်နက်တွေ ရှိပါတယ် (မြန်မာ့ တပ်မတော် ထုတ်လက်နက်ကတော့ MA-10 လို့ ခေါ်တယ်၊ ဆိုမာလီယာမှာ အမေရိကန် blackhawk နှစ်စီးကို ပစ်ချခဲ့တဲ့ ဟာမျိုးပေါ့)။ လက်နက် တန်ဖိုးက နည်းပေမယ့် ရဟတ်ယာဉ်တွေကို အင်မတန် ဒုက္ခပေးနိုင်တယ်၊ ကမ္ဘာအရပ်ရပ်က စစ်ပွဲတွေမှာ RPG-7 နဲ့ ပစ်ချခံခဲ့ရတဲ့ ရဟတ်ယာဉ်တွေ မနည်းပါဘူး။ ဖြစ်နိုင်ချေ ဆိုပေမယ့် ဖြစ်ဖို့တော့ အင်မတန် ခဲယဉ်းပါတယ် အမိန့်မရဘဲ တဖက်နိုင်ငံက ရဟတ်ယာဉ်ကို ပစ်ချလို့မရဘူး။ ထိုင်းနယ်စပ်မှာ ထိုင်းစစ်တပ်က ရဟတ်ယာဉ်တွေ လာလာနေတာဟာ အထူးအဆန်း မဟုတ်လို့ပါ၊ မြန်မာဘက်က ရှေ့တန်းစခန်းက ရဲဘော်တွေ အားလုံး ကောင်းကောင်းရင်းနှီးတဲ့ အရာပါ၊ ထိုင်းစခန်းတွေကို လူအချိန်းအပြောင်းလုပ်ရင် ၊ ရိက္ခာချရင် သူတို့က ရဟတ်ယာဉ်နဲ့ ပဲ လုပ်ပါတယ်။ တပတ်ကို အနည်းဆုံး ၂ စီးလောက် ပုံမှန် လာတာကို မြန်မာဘက်က စခန်းတွေကနေ လှမ်းမြင်နေကျပါ။ ဒီတော့ ပစ်ချမယ်လို့ မထင်ပါဘူး။

ဒီ Note ကို ဖတ်မိတဲ့ မိတ်ဆွေတွေလည်း ကိုယ့်အမြင်လေးတွေ ရေးသွားပေးကြပါဦး
လေးစားလျက်

Hawk Hunter

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ