.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Sunday, July 24, 2011

မြန်မာစစ်အစိုးရအား လက်နက်ပစ္စည်းထောက်ပံ့သည့် အိန္ဒိယအစိုးရကို ဆန္ဒပြခဲ့


အိန္ဒိယအစိုးရက မြန်မာစစ်အစိုးရကို စစ်လက်နက်များ ထောက်ပံ့ခဲ့သည့် အတွက် ဇူလိုင် ၂၂ ရက်က ဂျန်တားမန်တား (Jantamanta) တွင် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲကို ဘားမားစင်တာ Burma Center Delhi က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ဒေလီရောက် ကချင်၊ ရခိုင်၊ ကရင်တိုင်းရင်းသားများနှင့် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားသည့် အဖွဲ့ အစည်းအသီးသီးမှ ကိုယ်စားလှယ် စုစုပေါင်း ၁၀၀ နီးပါးခန့် ပါဝင်ခဲ့ကြသည်။
ဆန္ဒပြသူများအနေဖြင့် ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးလိုလားကြောင်း၊ အိန္ဒိယအစိုးရက မြန်မာစစ်အစိုးရကို
စစ်လက်နက် ပစ္စည်း တင်ပို့ ခြင်းကို ရပ်တန့် ပေးရန်နှင့် ဒီမိုကရေစီကို အိန္ဒိယအစိုးရက လေးစားစေလိုကြောင်း ကြွေး ကြော်ခဲ့ကြသည်။
ဆန္ဒပြခေါင်းဆောင် ကိုကင်မ်က “မကြာသေးခင်က အိန္ဒိယပြည်ထဲရေးဝန်ကြီး မြန်မာပြည်ခရီးစဉ် မှာ မြန်မာ စစ်ခေါင်း ဆောင်တွေနဲ့ တွေ့ ပါတယ်။
အဲဒီမှာဆွေးနွေးတာက နှစ်နိုင်ငံလုံခြုံရေးနှင့် စီးပွါးရေးကြောင်းတွေဘဲ ဆွေးနွေး ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီးဌာနကတွေ့ ဆုံပေမဲ့ ယနေ့ အထိအဲဒီတွေ့  ဆုံကိစ္စ သဘောထား ထုတ်ဖေါ်တာမရှိပါဘူး ” ဟုပြောကြားခဲ့သည်။
သူကဆက်လက်ပြီး အိန္ဒိယပြည်ထဲရေးဝန်ကြီးနှင့် ထောက်လှမ်းရေးချုပ် မြန်မာပြည်ခရီးစဉ်မှာ မြန်မာအစိုးရကို စစ်လက်နက်ထောက်ပံ့ရန် သဘောတူကြမည်ဟု ယူဆကြောင်း၊ မြန်မာအစိုးရသည် အဲဒီလက်နက်များဖြင့် ပြည်သူလ ထုကို ပစ်သတ်မှာဖြစ်ပြီး ၁၉၈၈ခုနှစ်တုံးကလည်း အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက် သတ်ခဲ့ဖူးကြောင်း၊ ထို့ ကြောင့် အိန္ဒိယအစိုးရအနေဖြင့် မြန်မာစစ်အစိုးရကို စစ်လက်နက်ပစ္စည်း ထောက်ပံ့မှုကို ရပ်တန့် ဖို့  တောင်းဆိုခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ နောက် ယခုကဲ့သို့  မြန်မာစစ်အစိုးရကို စစ်လက်နက်ထောက်ပံ့ခြင်းကို ရပ်တန့် ဖို့  အိန္ဒိယအစိုးရ ၀န်ကြီး ချုပ်နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများသို့  စာရေးပေးပို့ ကြောင်းသိရသည်။
အိန္ဒိယအစိုးရက မြန်မာစစ်အစိုးရကို ယခုလ (၇)ရက်နေ့ အိန္ဒိယ နိုင်ငံအရှေ့မြောက်ဖက် မဏိပူရ်ပြည်နယ် မိုးရေးမြို့ မှ စစ်လက်နက်အပြည့် တင်ဆောင်လာသော မြန်မာစစ်တပ်သုံး စစ်ကား ၅၂ စီးဖြင့် စစ်ကိုင်းတိုင်း တမူးမြို့မှ တဆင့် ပေးပို့ ခဲ့သည့် သတင်းထွက်ပေါ်လာသည့်အပေါ် ယခုကဲ့သို့  ဆန္ဒပြကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံ အစိုးရသစ်ဖြစ်ပေါ်လာပြီး မကြာခင် ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲများ အဆက်မ ပြတ်ဖြစ်ပွားရာတွင် အပြစ်မဲ့လူထုကို မြန်မာစစ်အစိုးရက သတ်ပစ်ခြင်း၊ လူ့ အခွင့်အရေးချိုးဖောက်မှု နေရာအနှံ့  ဖြစ်ပွားသည့် ကြားက ကမ္ဘာမှာ အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် ရပ်တည်သည့် နိုင်ငံက ယခုလို လူ့ အခွင့် အရေးအချိုးဖောက်ဆုံးနိုင်ငံ ကို စစ်လက်နက်တင်ပို့ ခြင်းကို ကန့် ကွက်ကြောင်း ထုတ်ဖေါ်သည့်အနေဖြင့် ဆန္ဒပြ ခဲ့ခြင်းဖြစ်သည်။
မကြာသေးခင်က အိန္ဒိယနိုင်ငံသို့ ရောက်ရှိခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စက် ကလင်တန်က ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်သည့် အိန္ဒိယ အစိုးရအနေဖြင့် မြန်မာ့ ဒီမိုကရေစီအရေးနှင့် ပတ်သက်ပြီး ပိုမို အလေးထား ဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေ အနေ များအား ရေငုံ နှုတ်ပိတ်မနေပဲ ထုတ်ဖော်ပြောဆိုရန် တာဝန်ရှိကြောင်း ပြောဆိုခဲ့သည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ