.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Sunday, July 24, 2011

မြန်မာနိုင်ငံ ဖြစ်ပေါ်တိုးတက်မှု တရုတ် ချီးကျူး

မြန်မာနိုင်ငံက သူ့နိုင်ငံအခြေအနေအရ ရွေးချယ်တဲ့လမ်းကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လေးစားသင့်တယ်လို့ ARF အာဆီယံ ဒေသတွင်း လုံခြုံရေးအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ကျိချီ (Yang Jiechi) က ပြောကြားခဲ့ပါတယ်။
လွှတ်တော်ကရွေးချယ်တဲ့ အစိုးရသစ်နဲ့ အရပ်သားအစိုးရအသွင်ကို ငြိမ်းငြိမ်းချမ်းချမ်း ကူးပြောင်းခဲ့တာဟာ ထူးခြားပြီး ဒီတိုးတက်မှုအပေါ်မှာ တရုတ်နိုင်ငံက ကြိုဆိုတယ်လို့လဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ ဖွံဖြိုးတိုးတက်ရေး အတွက် အာဆီယံအဖွဲ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ပါ တရုတ်နိုင်ငံက လက်တွဲလုပ်သွားဖို့
အသင့်ပဲလို့လဲ ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အာဆီယံက အပြုသဘောဆောင်ရွက်နေတဲ့အပေါ်မှာလဲ တရုတ် နိုင်ငံက ထောက်ခံတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ကျိချီက တနင်္ဂနွေနေ့က ပြီးဆုံးသွားတဲ့ အာဆီယံဒေသတွင်း လုံခြုံရေးအစည်းအဝေးမှာ ပြောကြားသွားတာဖြစ်ပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယားအပြင် တောင်အာရှနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေပါ တက်ရောက်ကြတဲ့ ARF ဆွေးနွေးပွဲမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) စနေနေ့က မိန့်ခွန်းပြောကြားခဲ့တာမှာတော့ မြန်မာအစိုးရသစ်အနေနဲ့ နိုင်ငံတကာက လိုလားနေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဖြစ်ဖို့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုတွေကို လုပ်ပြရမယ်လို့ ပြောကြားခဲ့ပါတယ်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ