.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Sunday, July 24, 2011

မဲဆောက်ဆေးရုံကြီး တိုးချဲ့ ဆောက်လုပ်ရေးဆိုဒ်ထဲက မြန်မာအလုပ်သမားတွေ တယောက်ပြီးတယောက် ခေါ်ယူ ရိုက်နှက်စစ်ဆေးခံနေရ

 မဲဆောက် ဆေးရုံကြီးမှာ ၆ ထပ်ဆေးရုံအဆောင်သစ် တိုးချဲ့ဆောက်နေတဲ့ ဆောက်လုပ်ရေးဆိုဒ်ထဲ က မြန်မာအလုပ်သမားတွေကို ထိုင်းရဲထောက်လှမ်းရေးတွေက တယောက်ပြီး တယောက် ခေါ်ထုပ်ပြီး ရိုက်နှက်စစ်ဆေးတာကို ခံနေရတယ်။ လာခေါ်တာကလည်း အလုပ်ထဲမှာရော အိမ်တွေမှာပါ လာခေါ်စစ်နေတယ်။

ဖြစ်ပုံက အသစ်တိုးချဲဆောက်နေတဲ့ အဆောင်ဘေးက ဆေးရုံဝန်ထမ်းနေတဲ့ အိမ်တလုံးကို ပြုပြင်ပေးတဲ့ အလုပ်ကိုပါ လုပ်ကိုင်နေရစဉ် အဲဒီ ဝန်ထမ်းအိမ်က ရွှေငါးကျပ်သားပြောက်တယ်ဆိုပြီး ဖြစ်လာတဲ့ ကိစ္စက စတာပါပဲ။ အခု ဆေးရုံ ဆောက်လုပ်ရေး အလုပ်ဆိုက်ထဲမှာ မြန်မာနဲ့ ထိုင်းအလုပ်သမား အားလုံး ငါးဆယ်လောက်ရှိတယ်။


ဒီလ ၁၃ ရက်နေ့ကစပြီ ပန်ရံဆိုက်ထဲက အလုပ်သမားတဦးကို ရွှေငါးကျပ်သား ပြောက်မှုနဲ့ စဖမ်းသွားပါတယ်။ ကျန်ခဲ့တဲ့ မိသားစုတွေက ဘတ်ငွေ လေးထောင်နဲ့ လိုက်ရွေးတော့ ၁၄ ရက်နေ့မှ ပြန်လွှတ်ပေးလိုက်တယ်။


ဇူလိုင်လ ၁၉ ရက်နေ့မှာလဲ မဲဆောက်ဆေးရုံ ဆောက်လုပ်ရေးဆိုက်ထဲမှာ အလုပ်လုပ်နေတုန်း မြန်မာအလုပ်သမား ၃ ဦးကို အထက်ပါ အမှုနဲ့ပဲ ရဲထောက်လှမ်းရေးတွေက လာရောက်ဖမ်းခေါ်သွားပါတယ်။ ချက်ချင်းဆိုသလို မိသားစုတွေက လိုက်တော့ ဘတ်ငွေ ၅၀၀၀ ပေးရပြီး နေ့လည်လောက်မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။ အဲဒီနေ့ ညနေ ၆ နာရီမှာပဲ ဘတ်ငွေ ၅၀၀၀ နဲ့ ရွေးလို့ လွှတ်လိုက်တဲ့ အလုပ်သမား ၃ ဦးကို အိမ်မှာ လာရောက်ဖမ်းခေါ်တာကို ခံခဲ့ရပါတယ်။


ဖမ်းခေါ်သွားတဲ့ အလုပ်သမား ၃ ဦးကို ၂၀ ရက်နေ့မှာ ပြန်လည်လွှတ်ပေးလိုက်ပါတယ်။ ပြန်လွှတ်လာသူ သုံးဦးကတော့ တညလုံး ရိုက်နှက်ထိုးကြိတ်ထားတဲ့ ဒဏ်နဲ့ မျက်နှာတွေမှာ စုတ်ပြတ်ဖူးရောင်နေပြီး အရင်ဘတ်အတွင်းက နာကျင်နေလို့ အလုပ်ရှင်ကို ပြောပြပြီး မဲဆောက်ဆေးရုံမှာ ဆေးကုသမှုကို ခံယူခဲ့ရတယ်။

ပထမဆုံး ဇူလိုင်လ ၁၃ ရက်နေ့က ဖမ်းသွားတာ ခံရဖူးတဲ့  အလုပ်သမားကို ဒီနေ့ ၂၁ ရက်နေ့ ညနေမှာ အိမ်ကနေ လာဖမ်းသွားပါတယ်။

ဆေးရုံဆောက်လုပ်ရေး အလုပ်သမားတွေက သူတို့ အလုပ်ရှင်ကို ပြောပြတော့လည်း အလုပ်ရှင်က အလုပ်ကိုပုံမှန်ဆင်ဖို့ပဲ တိုက်တွန်းနေပြီး အလုပ်ထဲ လာဖမ်းတော့လည်း အလုပ်သမားတွေကို ကာကွယ်ပေးမှုမရှိဘူးလို့လဲ သိရတယ်။ အခုတော့ အလုပ်သမားတွေအနေနဲ့ မဲဆောက်ဆေးရုံမှာ အလုပ်ပုံမှန်ဆင်ဖို့ကလည်း အန္တရာယ်ရှိနေပြီး၊ အလုပ်မဆင်ပြန်တော့လည်း ပိုပြီး သင်္ကာမကင်းဖြစ်တာကို ခံရ၊ အလုပ်ထဲထိ မသင်္ကာမှုနဲ့ လာလာ ဖမ်းနေတာခံနေရ မြင်နေရတော့ ကိုယ့်အလှည့်ဘယ်တော့ရောက်မလဲ ဆိုတဲ့ စိုးရိမ်စိတ်တွေ ကြီးထွားနေပြီး ဘေးကင်းလုံခြုံမှုကင်းမဲ့နေတဲ့ ခံစားချက်မျိုး ဖြစ်ပေါ်နေတာကို တွေ့မြင်နေရတယ်။

မဲဆောက်မှာရှိတဲ့ မြန်မာအလုပ်သမားရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ ထိုင်းရှေ့နေများရုံးနဲ့ အလုပ်သမားကာကွယ်ရေးရုံးတွေကို မေတ္တာရပ်ခံချင်တာကတော့ အခု မဲဆောက်ဆေးရုံကြီး ဆောက်လုပ်ရေး ဆိုက်ထဲက လုံခြုံမှုကင်းမဲ့စွာ အလုပ်လုပ်နေရတဲ့ မြန်မာအလုပ်သမားတွေကို ဝိုင်းဝန်းကူညီကြပါလို ပြောချင်တယ်။

ဒုက္ခနဲ့တွေ့နေတဲ့ အလုပ်သမားတွေကလည်း အရေးယူဆောင်ရွက်ပေးနိုင်တဲ့ နေရာတွေကို တိုင်းကြားဖို့ သဘောထားရှိနေပါတယ်၊ ဒါပေမယ့် ဘယ်သွားပြောလို့ ပြောရမှန်း မသိကြဘူး ဖြစ်နေပါတယ်။

(အဲဒီ ဆောက်လုပ်ရေး မြန်မာအလုပ်သမားတွေဟာ မဲဆောက်မြို့ တီကေလေး အနီးနဲ့ ယူအန်ရုံး ပတ်ဝန်းကျင်မှာ နေထိုင်ကြတယ်)
wfww

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ