.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Thursday, July 7, 2011

မန်းထွန်းအေး၏ ဇနီးကို ဖမ်းပေးရန် တရားသူကြီးက အမိန့်ထုတ်


ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်မှ လယ်သမား မန်းထွန်းအေးအား အမိန့်ချမှတ်မည့်နေ့တွင် တရာခံမစုံသည့်အတွက် အမိန့်မချသေးဘဲ ၎င်း၏ ဇနီးဖြစ်သူကို ဖမ်းပေးရန် တရားသူကြီး ဒေါ်ဖြူဖြူခိုင် အမိန့်ထုတ်လိုက်သည်။
ယခုလ ၄ ရက်နေ့က ပုသိမ်ခရိုင်တရားရုံးတွင် ရုံးထုတ်ပြီးနောက် လာမည့် (၈) ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။
“မန်းထွန်းအေးကို အမိန့်ချမယ်ဆိုပြီး ရုံးထုတ်တယ်၊ တရားရုံးရောက်တော့ တရားခံမစုံသေးဘူး၊ ပြီးတော့ မန်းထွန်းအေးရဲ့ဇနီး ဒေါ်ထွန်းကြည်ကို ဖမ်းပေးဖို့ တရားသူကြီးက ပြောပြီး ထပ်ချိန်းလိုက်တာ” ဟု ပြောသည်။
ရဲစခန်းအာဏာပိုင်များက မန်းထွန်းအေးကို မိသားစုဝင်များဖြင့် တွေ့ခွင့်မပေးဘဲ ဆက်လက်ချုပ်နှောင်ထားကြောင်း ဒေသခံက ဆက်ပြောသည်။
မန်းထွန်းအေးကို အာဏာပိုင်များက ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၈၀) မှ ကျေးရွာအုပ်ချုပ်ရေးမှူးများက လယ်သမားများထံမှ သီးစားငွေနှင့် ဘဏ်စာအုပ်ဖိုးငွေ
အဓမ္မကောက်ခံနေမှုများကို လက်မှတ်ရေးထိုး တိုင်ကြားခဲ့သည့်အတွက် ယခုလ (၁) ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
မန်းထွန်းအေး၏ ဇနီးဖြစ်သူမှာကိုလည်း အာဏာပိုင်များက လိုက်လံဖမ်းဆီးနေသည့်အတွက် ပုန်းရှောင်နေရလျှက်ရှိသည်။
အာဏာပိုင်များက မန်းထွန်းအေးကို အကျိုးဖျတ်ဆီးမှု ပုဒ်မ ၄၂၇ နှင့် ရာဇဝတ်မကင်းမြေ ကျော်နင်းမှု ပုဒ်မ ၄၄၇ တို့ဖြင့် တရားစွဲဆိုထားလျှက်ရှိသည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ