.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Thursday, July 7, 2011

မြန်မာစစ်ကားတန်း ဗုံးခွဲခံရ၊ လူအများအပြား ထိခိုက်သေကျေနိုင်

Published on July 7, 2011 by ဒီဗွီဘီ   ·   No Comments
မြန်မာအစိုးရတပ်ရဲ့ စစ်ကားတန်းတခုကို ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဘက်က မိုးမောက်မြို့နယ်အတွင်း ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၃ဝ ထက်မနည်း ထိခိုက်သေကျေဒဏ်ရာရဖွယ် ရှိတယ်လို့ ကေအိုင်အိုနဲ့ နီးစပ်တဲ့သတင်းရပ်ကွက်အရ သိရပါတယ်။
ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေး ကွပ်ကဲမှု (စကခ) ရဲ့ စစ်ထရပ်ကား (၃) စီး ဗန်းမော်-မြစ်ကြီးနား လမ်းကြောင်းအတိုင်း ချီတက်လာရာ မိုးမောက်မြို့နယ်
ကျခပ်တိုက် ကျေးရွာအနီးမှာ ကေအိုင်အိုရဲ့ ရှေ့တန်းအဖွဲ့တခုက ဒီကနေ့ နေ့လယ် ဗုံးခွဲရာမှာ လူ ၃ဝ ထက်မနည်း တင်ဆောင်ထားတဲ့ ထရပ်ကား ၁ စီး လုံးဝကြေမွသွားပြီး အခြားကားတစီးလည်း ထိခိုက်သွားတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့တခုက နှစ်ဖက်အကြား အပစ်ရပ်ဖို့ ကေအိုင်အိုထံ လာရောက်ညှိနှိုင်းမှုတွေ ရှိနေပြီး ကေအိုင်အိုဘက်က အပစ်ရပ်ကြောင်း အထောက်အထား တောင်းဆိုထားပေမယ့် မြန်မာစစ်တပ်ဘက်က တစုံတရာ တုံ့ပြန်ခြင်း မရှိသေးပါဘူး။
မြန်မာစစ်တပ်ဘက်က ဇွန်လ ၁၈ ရက်နေ့တည်းက အပစ်ရပ် ထားပြီလို့ ပြောဆိုနေပေမယ့် ကေအိုင်အို တပ်စခန်းတွေအနီးက စစ်တပ်တွေ ပြန်လည် ဆုတ်ခွာခြင်း မရှိသေးသလို အခုလို စစ်ကားတွေနဲ့ ရွှေ့ပြောင်းသယ်ဆောင်ကာ  စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေချိန်မှာပဲ အခုလို တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ