.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Wednesday, July 6, 2011

အ​ဆောင်သူကို မုဒိမ်း​ကျင့်​မှုဖြင့် ​ဘော်ဒါ​ဆောင်ပိုင်ရှင် စွပ်စွဲခံရ

Published on July 6, 2011 by ရွှေအောင်   ·   No Comments
စစ်ကိုင်း ​တိုင်း​ စစ်ကိုင်း​မြို့​မှာ ​ဘော်ဒါ​ဆောင်ပိုင်ရှင် ဆရာဝန်တဦး​ဟာ အရွယ်မ​ရောက်​သေး​တဲ့​ အ​ဆောင်​နေ ဆယ်တန်း​ကျောင်း​သူကို မုဒိမ်း​ပြုကျင့်​တယ်လို့​ စွပ်စွဲခံရပြီး​ ဖမ်း​ဆီး​စစ်​ဆေး​ခံ​နေရပါတယ်။
စစ်ကိုင်း​ မြို့​ ရွာ​ထောင်ရပ်မှာ ဖွင့်​ထား​တဲ့​ ဒီအီး​စီ ပုဂ္ဂလိက ​ဘော်ဒါ​ဆောင်ပိုင်ရှင် အသက် (၅၀) ခန့်​အရွယ် ​ဒေါက်တာ ​ဇော်​လေး​ စွပ်စွဲခံရတာဖြစ်ပြီး​ ရဲက ဖမ်း​ဆီး​စစ်ဆေး​နေတာပါ။
သူဟာ သူ့​အ​ဆောင်က ၁၆ နှစ်ဝန်း​ကျင် အ​ဆောင်သူ ဆယ်တန်း​ကျောင်း​သူကို ပြီး​ခဲ့​တဲ့​စ​နေ​နေ့​ ​ဆေး​ခန်း​လိုက်ပို့​ပြီး​အပြန်မှာ မင်း​လမ်း​က စံတည်း​ခိုခန်း​ကို မြူဆွယ်​ခေါ်ယူပြီး​ ပြုကျင့်​တာလို့​ စွပ်စွဲခံထား
ရတာဖြစ်ပါတယ်။
အဲဒီ​ကျောင်း​ သူဟာ ရွာအပြန်ကား​ဂိတ်မှာ တ​ယောက်တည်း​ ထိုင်ငို​နေတာကို အတန်း​ဖော်​တွေက ​တွေ့​လို့​ ​မေး​မြန်း​ရာက သူ့​မိဘ​တွေသိသွား​ပြီး​ အမှတ် (၁) ရဲစခန်း​မှာ တိုင်ကြား​ခဲ့​ပါတယ်။
ရဲက အမှုလက်ခံပြီး​တဲ့​နောက် ​နေ့​တွင်း​ချင်း​ပဲ ​ဒေါက်တာ​ဇော်​လေး​ကို ဖမ်း​ဆီး​ စစ်​ဆေး​နေတာလို့​ မြို့​ခံ​တွေက ​ပြောပါတယ်။
အဲဒီ​ဘော်ဒါ​ဆောင်နံ​ဘေး​မှာ ​နေထိုင်သူတဦး​က ဖြစ်စဉ်အကျဉ်း​ချုပ်ကို ခုလို ​ပြောပြပါတယ်။
“က​လေး​မ​လေး​ ကို ​နေမ​ကောင်း​တော့​ ​ဆေး​ထိုး​ပေး​မယ်ဆိုပြီး​တော့​ သူ့​ဆေး​ခန်း​ ​ခေါ်သွား​တာ​ပေါ့​ဗျာ။ ​ဆေး​ခန်း​ခေါ်သွား​ပြီး​တော့​ ​ဆေး​ခန်း​က​နေ ပြီး​တော့​မှ တခါ မြို့​ထဲကို တခါ တခြား​ဆေး​ခန်း​ ​ခေါ်သွား​မယ်လို့​ ​ပြောပြီး​ မ​ခေါ်ဘဲနဲ့​ သူက မင်း​လမ်း​က စံတည်း​ခိုခန်း​ကို ​ခေါ်သွား​ပြီး​တော့​မှ လုပ်လိုက်တဲ့​သ​ဘောဗျ။ ​ကောင်မ​လေး​က အဲက​နေပြီး​တော့​မှ အ​ဆောင်ဘက် ပြန်လာတဲ့​အချိန်မှာမှ နည်း​နည်း​ သတိပြန်လည်လာတဲ့​သ​ဘော​ပေါ့​ဗျာ။”
သတိပြန်လည်လာတယ်ဆို​တော့​ ​ဆေး​တွေ တိုက်ထား​တဲ့​သ​ဘောလား​။
“သူက အဲလို ဖြစ်တဲ့​သ​ဘော​ပေါ့​ဗျာ။
ဒီကိစ္စနဲ့​ ပတ်သက်ပြီး​၊​ စစ်ကိုင်း​အမှတ် (၁) ရဲစခန်း​ကို ဒီဗွီဘီက ဆက်သွယ်​မေး​ကြည့်​ရာမှာ တာဝန်ကျရဲအရာရှိက အမှုဖွင့်​စစ်​ဆေး​နေတယ်လို့​ ​ပြောပါတယ်။
ဒီအီး​စီ​ဘော်ဒါ​ဆောင်ပိုင်ရှင်က မုဒိမ်း​မှုနဲ့​ ဆရာတို့​ဆီမှာ ဖမ်း​ထား​တယ် ကြား​လို့​ပါ။
“အမှုဖွင့်​ထား​တာ ရှိတယ်ဗျ။ ကျ​နော်တို့​ဆီမှာ ဖွင့်​ထား​တာ​တော့​ ရှိတယ်။”
အ​သေး​စိတ် အချက်အလက် ​မေး​မြန်း​ပေမယ့်​ တာဝန်ကျရဲက ​ဖြေဆိုဖို့​ ငြင်း​ဆန်ပါတယ်။ ဒါ​ကြောင့်​ ပြစ်မှု​မြောက် မ​မြောက် အ​ထောက်အထား​ဖြစ်တဲ့​ ဆရာဝန်​ဆေး​စစ်ချက် ရလဒ်ကို မသိနိုင်ပါဘူး​။
အ​ထောက်အထား​ ခိုင်လုံရင်​တော့​ အဓမ္မပြုကျင့်​မှုကို​ရော၊​ အရွယ်မ​ရောက်​သေး​သူအ​ပေါ် ကျူး​လွန်မှုကိုပါ ပြစ်ဒဏ်စီရင်ခံရမှာဖြစ်သလို တား​မြစ်​ဆေး​ဝါး​ သုံး​စွဲ​ကြောင်း​ ​ပေါ်လွင်ရင်​တော့​ ပိုအပြစ်ကြီး​မယ့်​သ​ဘော ရှိတာ​ကြောင့်​ ဒီအမှုကို မြို့​ခံ​တွေက စိတ်ဝင်စား​နေပါတယ်။
ဒေါက်တာ​ဇော်​ လေး​ဟာ ဒီ​ဘော်ဒါ​ဆောင်ဖွင့်​သက် ၄ နှစ်ခန့်​ရှိပြီး​ လက်ရှိမှာ အ​ဆောင်​နေသူ ၇၀ ​လောက်ရှိ​နေတာပါ။ အခုဖြစ်ပွား​တဲ့​ကိစ္စ​ကြောင့်​ က​လေး​မိဘ​တွေက သား​သမီး​တွေကို ပြန်​ခေါ်သွား​ကြပြီး​ ရဲကလည်း​ အ​ဆောင်ကို ပိတ်လိုက်ပါတယ်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ