ဇရာအိုနဲ.ကညာပျို
တကယ်ပါ
ငါ့မှတ်ဥာဏ်တွေသေဆုံး
နုပျိုခြင်းတွေပျက်ပြုန်းရင်း
မခုန်တတ်တော့တဲ့နှလုံးသား
အသစ်တဖန်ပျော်မြူး
အချစ်ရူးလို.ဆိုချင်ဆို။
တကယ်ပါ
ဇရာရွယ်ထောက်တရားမပေါက်ပေမဲ့
မင်းရဲ.ရှေ.မှောက်မှာ
ဒူးတုပ်လို.ခစား
ငါ့နှလုံးသားကိုဆက်သလျှက်ပါ။
တကယ်ပါ
ချစ်တတ်တဲ့အကြောင်း
နွဲ.နှောင်းပြီးလဲမဆိုတတ်
အနက်ရှိုင်းဆုံးဆိုတဲ့နေရာက
တလှပ်လှပ်နဲ.ဖိုတဲ့ရင်
မင်းကိုမြင်မှ ဖြစ်တည်လာရတာတွေပေါ့။
တကယ်ပါ
ဇရာသက်ကြားနဲ. ကညာနှမတစ်ပါး
ဇရာအိုနဲ.ကညာပျိုဆိုတဲ့ဇာတ်ကားကြည့်ဖူးရင်
သက်ကြားအိုရဲ.ခံစားရင်ဖိုရတာလေးတွေလဲ
အပြစ်လိုမဆိုသာပါဘူးကွယ်။
တကယ်ပါ
ခေါင်းကဖြူ သွားကကျိုး
အဖိုးကြီးလိုမြင်ချင်မြင်
ငါ့ရင်ကိုဝင်ကြည့် ပျိုမျစ်တဲ့နှလုံးသား
မင်းအတွက် ပြန်မွေးဖွားလာခဲ့တယ်ဆိုတာတော့ယုံပါ ။
တကယ်ပါ
နွားအိုမြက်နုကြိုက်ဆိုတဲ့စကား
ရှေးလူတွေပြောခဲ့ကြပေမဲ့
ချစ်ခြင်းရဲ.ဆန်းကျယ်မှု.
အိုခြင်းကိုအံတုလိုရနိုင်ပါ့မလားကွယ်။
တကယ်ပါ
အချစ်ခြင်းပြိုင်ရင်
အသူရာနဲ.တောင်စစ်ခင်းနိုင်တဲ့
သက်ကြားအိုရဲ.မေတ္တာစကား
မင်းနားမှာခါးသွားခဲ့ရင်တော့
ခွင့်လွှတ်ပါ မိန်းကလေးရယ်....ခွင့်လွှတ်ပါ
(မိတ်ဆွေ လူပျိုသိုးကြီးများသို. မေတ္တာလက်ဆောင်)
မင်းလွမ်းနောင်(ပန်းတနော်)
.
အကြိုက်များသော Posts
-
ဆရာတာရာမင်းဝေ၏ကဗျာများ၊စာများကိုတစုတစည်းတည်းဖတ်ရှုနိုင်ကြစေရန်စုဆောင်းတင်ပြထားခြင်းဖြစ်ပါသည်။ ကျနော်တင်ပြထားသည်များအပြင်အခြ...
-
စိုင်းစိုင်းခမ်းလှိုင် မွေးသက္ကရာဇ် ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက် အမည်ရင်း မိဘအမည် စိုင်းခမ်းလှိုင် +စဝ်ဝေဠုသိဂီ င်္ နိ...
-
“ဖူးခက်မှ မြန်မာအလုပ်သမားများ ဆန္ဒပြ၊ မြန်မာအလုပ်သမားများ လုပ်ငန်းရှင်နှင့် ညှိနှိုင်း” မူ...
-
သန်းထိုက်ဦး Monday, 11 July 2011 18:03(ဧရာဝတီမှကူးယူဖော်ပြသည်) ...
-
ကာယ ဥာဏအလုပ်သမားများ အစည်းအရုံးမှ ဗဟုသုတစာပေ/ပညာပေးစာပေ/အလုပ်အကိုင်/အလုပ်သမားဥပဒေ/သတင်းနှင့်နည်းပညာများကို အချိန်နှင့်တပြေးညီ တင်ပြရေးအတွက...
-
ဘင်္ဂါလီအများစု နေထိုင်ရာ ရွှေပြားရပ်ကွက်ကို ဘင်္ဂါလီများက ကိုယ်တိုင် မီးရှို့ပြီး ထွက်ပြေးသွားရာ လက်ရှိအချိန်တွင် နေအိမ် ၃၀ခန့် မီးလောင် ကျွမ...
-
ထိုင်း ပြည်တွင်းလေကြောင်းလိုင်း ၄ လိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ ဘန်ကောက်မြို့နှင့် ချင်းမိုင်မြို့များသို့နေ့စဉ် ပြေးဆွဲလျှက်...
-
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် အိမ်ထောင်သက် ၁၆ ရက်သာ ရှိသေးသော ညားခါစ ဇနီးမောင်နှံ နှစ်ဦးမှာ အဆိပ်သောက်ကာ သေဆုံးသွားကြောင်း သတင်း ရရှ...
-
ဗီဒီယီုဖေ့ဘွတ် စာမျက်နာမှ ကူးယူဖော်ပြသည်။
-
၁၀-၆-၂၀၁၂ ညနေ ၅ နာရီအချိန်တွင် ကျောက်ဖြူမြို့နယ် ဇွန်ပန်းချိုင်ကျေးရွာအနီးမှ တစ်ခါမှ မမြင်ဘူးသော စက်လှေ(၆၀)ခန့်ဖြတ်သန်းသွားပြီး ကျေ...
No comments:
Post a Comment