.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Sunday, May 1, 2011

ကိုးရီးယား နိုင်ငံတွင်းမှ မြန်မာအလုပ်သမားများအတွက်သတင်းကောင်း

မြန်မာနိုင်ငံသားများအပါအ၀င်ရွှေ့ပြောင်းအလုပ်သမားများ အတွက် အထူး မီဒီယာသင်တန်းဖွင့်မည်

တစ်နိုင်တစ်ပိုင် မီဒီယာလှုပ်ရှားသူများ တစ်စတစ်စများလာသည့် ယနေ့အခြေအနေကို ပိုမိုပံ့ပေးခြင်းဖြင့် နိုင်ငံခြားသားအလုပ်သမားများအကြား မာလ်တီ မီဒီယာနှင့်၊ ဆိုရှယ်မီဒီယာအခန်းကဏ္ဍ အားကောင်းလာစေရန် အင်ချောန်းမီဒီယာစင်တာမှ ကိုရီးယားရောက်ရွှေ့ပြောင်းအလုပ်သမားများ(အင်ချောန်း၊ဂယောင်းဂီဒေသနေသူများကို အဓိကထား)အတွက် Multi Media(ရုပ်သံရိုက်ကူးတည်းဖြတ်၊ သတင်းဖန်တီးထုတ်လွှင့်) သင်တန်းကို ဖွင့်လှစ်ပေးမည်ဖြစ်ပါသည်။

လူထုမီဒီယာ အတွေ့အကြုံရှိသူ ဆရာများမှ သင်ကြားပေးမည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်ရန်အတွက် လိုအပ်သည်များမှာ
- မီဒီယာကို စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်သည်
- ကိုရီးယားစကားကို ထမင်းစားရေသောက် အနည်းငယ်နားလည်လျှင်ဖြစ်သည်
- သင်တန်းစမည့်ကာလ မေလ ဒုတိယပတ် စနေနေ့ည ၇နာရီ စမည်
- ပထမဆုံးသင်တန်းအချိန်မှ လွဲ၍ ကျန်သင်တန်းများကို သင်တန်းသားများ၏ အခြေအနေကိုလိုက်၍ စနေည ဖြစ်စေ တနင်္ဂနွေနေ့ဖြစ်စေ သင်တန်းသားများ၏ အဆင်ပြေမှုကိုလိုက်၍ သတ်မှတ်ပြောင်းလဲမည်။
- သင်တန်းကြေးနှင့် ပေးရန်မလို( မီဒီယာစင်တာမှ ကုန်ကျခံမည်ဖြစ်သည်)
- သင်တန်းသားအရေအတွက်ကို (၁၀)ဦးထိ သတ်မှတ်လျာထားသည်
- သင်တန်းတက်ရောက်ရန် အမည်စာရင်းပေးသွင်းလိုပါက(သိလိုသည်များကို မေးမြန်းလိုပါက)
ကိုမြင့်ကျော် (၀၁၀-၅၈၄၈- ၈၃၅၆) သို့ ဆက်သွယ်စာရင်းပေးနိုင်ပါသည်။

ယခုဖွင့်လှစ်သော သင်တန်းကို တက်ရောက်ကာ မီဒီယာပိုင်းဆိုင်ရာ အတွေ့အကြုံနှင့် နည်းပညာကို ရယူထားခြင်းဖြင့် ဆိုရှယ်နက်ဝဗ်လှုပ်ရှားမှုများတွင် မိမိ၏ အခန်းကဏ္ဍနှင့် လုပ်ဆောင်မှုကို ဖော်ပြနိုင်သလို၊ ရုပ်သံ၏ ရှင်သန်လတ်ဆတ် ထိရောက်သောသဘောကြောင့်လည်း သတင်းလက်ဆင့်ကမ်းခြင်း၊ သတင်းဖလှယ်ခြင်းတို့ကို လုပ်ဆောင်ရာတွင် မိမိရည်ရွယ်သူများ၏ စိတ်နှလုံးကို ဖမ်းစားနိုင်မည့် ထိရောက်သော မီဒီယာကိရိယာတခုကို ကောင်းမွန်စာ အသုံးချနိုင်လိမ့်မည် ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

(မြန်မာနိုင်ငံသားများအတွက် အထောက်အကူပြုနိုင်မည့် နည်းလမ်းပေါင်းစုံကို ရှာဖွေ၍ သင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။)

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ