.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Wednesday, May 4, 2011

(စစ်သားဘ၀အတွေ.အကြုံများ) (မင်းလွမ်းနောင်)

(၅-၅-၂၀၁၁)
ရခိုင်ပြည်နယ် တောင်ကုတ်မြို. စကခ(၅)တွင် တွဲဘက်အဖြစ်တာဝန်ထမ်းဆောင်စဉ်ကဖြစ်ပါသည်။ကျွန်တော်တို. စကခ(၅)တစ်ခုလုံး ရခိုင်ပြည်နယ်မြေပုံမြို.နယ်အပိုင်ကမ်းနီ သို.သွားရောက်ပြီး တပ်မတိုက်ပွဲဝင်မွန်းမံသင်တန်း သွားရောက်လေ့ကျင့်နေစဉ်ဖြစ်ပါသည်။ ကျွန်တော်ကတော့ နောက်တန်းတွင် တပ်ခွဲ အတွက် ဦး/ရေး/ထောက် လုပ်ကိုင်ရန် ကျန်နေခဲ့ရပါတယ်..တပ်ခွဲအနေနှင့် ကြေးနန်းအထွက်/အ၀င်  များမှာ နေ.စဉ်ရှိသောကြောင့် နောက်တန်းတာဝန်ခံအဖြစ် တပ်ခွဲမှာနေစဉ် စစ်သည်များဧ။်လစာ/ရိက္ခာများကို ပြေလည်အောင် ဖြေရှင်းပေးနေဖို.ပါ... ထိုစဉ်က တပ်ခွဲမှုးဖြစ်သူ ဗိုလ်မှူး က တပ်ခွဲမှူးသင်တန်း သွားရောက်တက်နေသောကြောင့် တပ်ရင်းမှ ဗိုလ်ကြီး တစ်ဦးက ယာယီတပ်ခွဲမှူးအဖြစ် ကျွန်တော်တို.တပ်ခွဲတွင် လာရောက်တာဝန်ထမ်းဆောင်နေစဉ်ဖြစ်ပါသည်။
ဗိုလ်ကြီးမှာ ရုပ်ချောချောဖြစ်ပြီး စိတ်သဘောထားကောင်းမွန်သူတစ်ဦးဖြစ်ပါတယ်..ကျွန်တော်နှင့် ညီအကိုလိုနေထိုင်သူဖြစ်ပြီး တပ်ခွဲရှိ စစ်သည်များနှင့်လဲ အဆင်ပြေစွာ ညှာတာစွာ ဆက်ဆံပြောဆိုတတ်သူတစ်ဦးဖြစ်ပါတယ်....တပ်မတစ်ခုလုံး သင်တန်းတက်ရောက်နေစဉ်အတွင်း ကျွန်တော်တို. တပ်ခွဲ နောက်တန်းကျန် စစ်သည် ရဲမေ အင်အားမှာ အနည်းငယ်သာကျန်ရစ်ခဲ့သောကြောင့် တပ်ခွဲ ဗဟိုကင်းနှင့် ဖထိပ်ခေါ် လုပ်အားပေးကိစ္စများမှာ ကျွန်တော်အတွက်အခက်အခဲဖြစ်နေပါတယ် ဒါကြောင့်လဲ တပ်ရံပုံငွေထဲမှ ငွေသားအနည်းငယ်ကိုထုတ်ပြီး (ရေဗူးပေါက်တာမလိုချင်ရေပါတာပဲလိုချင်တယ်)ဆိုတဲ့ အမိန်.ကို ငွေသုံးပြီး လုပ်သားငှားရပါတယ်..ငှားတဲ့နေရာမှာလဲ အရပ်သားမဟုတ်ပါ ..ကျွန်တော် တို.တပ်ဘေးချင်းကပ်မှ ခမရ(၃၄၆) ယခု ဒီကေဘီအေနှင့် တိုက်ပွဲ ဖြစ်နေသောတပ်မှ စစ်သည်များဧ။် သားသမီးများ အပြင်ဝင်ငွေရှာသည့် အနေဖြင့် လာရောက်လုပ်ကိုင်ကြသူများဖြစ်ပါတယ်...ဒီနေရာမှာ ခမရ(၃၄၆) အကြောင်းကို အနည်းငယ်ပြောပြလိုပါတယ်...အမှန်စင်စစ်အားဖြင့် ဖွဲ.စည်းပုံ လူအင်အား(၅၅၀)ကျော်ရှိရမှာဖြစ်ပေမဲ့ အင်အား(၂၀၀)ကျော်သာသာရှိသော တပ်ရင်းဖြစ်ပါတယ်...ဖထိပ်(၀ါ)လုပ်အားပေးကြမ်းသောတပ်ရင်းလဲဖြစ်ပါတယ်..အများစုမှာ နေ.စဉ် စားဝတ်နေရေးအတွက် ပြင်ပအလုပ်အဖြစ် ဆောက်လုပ်ရေး(ပန်းရံ)အလုပ် တောင်ကုတ်မြို.အတွင်းရှိ ကင်းပွန်ခေါ်(ပြည်ကြီးငါး) စက်ရုံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသူ စစ်သားသားသမီးများမှာ အလွန်များပြားလှပါတယ်...တပ်ရင်းအတွင်း  ကိုယ်ပိုင် ဈေးဆိုင်လေးဖွင့်သူကဖွင့်
ဟင်းသီးဟင်းရွက်ရောင်းသူကရောင်းဖြင့် ၀မ်းရေးကိုပြေလည်အောင် ဖြေရှင်းရသူအများစုနေထိုင်သော တပ်ရင်းလဲဖြစ်ပါသည်။ ဒီကြားထဲ တပ်တွင်းစစ်သည်များအတွက် ရရှိသည့် စားသုံးဆီမှာ ဖွဲနုဆီ  ဖြစ်ပြီး ငရုတ်သီးခြောက်များမှာလဲ ပိုးထိုး ပဲကလဲ စကာပေါက် ငပိကလဲ ကြောင်မစား ဆန်ကလဲ စပါးလုံး များများ ...သကြားကလဲ စံနှုန်းမမှီ ..ဆားကလဲ လူကိုပေါက်လျှင်သေထောက်အောင် အပွင့်ကြီးမားလပါသည်။  ထောက်ပို.တပ်ကလဲ ရသမျှ ရိက္ခာ ထဲမှ ရသလောက်ပြန်ပြီး ခေါင်းပုံဖြတ်ပါသေးတယ်...ဒီတော့ စစ်သည်ရဲမေများမှာ လစာကလဲမလောက်(ထိုစဉ်ကလစာမတိုးသးပါ)  ဖွဲနုဆီစားလို. ချောင်းတွေဆိုး ကျန်းမာရေးတွေထိခိုက်ပြီး နေ.စဉ် မဆရ(၄) ဆေးခန်းမှာ နေ.စဉ် လူစည်ကားနေတာပေါ့ဗျာ..
ဒီနေရာမှာလဲ  ဖွဲနုဆီ အကြောင်းလေးပြောပြပါအုံးမယ် ကျွန်တော် ရတဲ့ဖွဲနုဆီလေးကို ဟင်းချက်ပုံချက်နည်းလေးပေါ့..ဒယ်အိုးထဲက ဆီ တွေ ပူကြွပ်လာပြီဆိုမှ ရေ နဲ. ဆီအိုးထဲကို (၃)ခါလောက်တောက်ထည့်ရပါတယ် ...အဲဒီလိုတောက်ထည့်မှ နံနေတဲ့အနံ.ဆိုးတွေ အနည်းငယ်ပျောက်ပြီး ချက်ထားတဲ့ဟင်းက စားလို.ရရုံဖြစ်လာပါတော့တယ်...ခုတော့ ဖွဲနုဆီတွေမပေးတော့ဘူးလို. သိရပါတယ်..အဲဒီလို အစားဆင်းရဲ..အနေဆင်းရဲ  ဖြစ်နေတဲ့စစ်သားတွေဘ၀ကို အထက်က ဗိုလ်ချုပ်ကြီးတွေ မသိကြတာမမြင်ကြတာမဟုတ်ပါဘူး..သိပါတယ် မြင်ပါတယ်..ဒါပေမဲ့ ..ထိထိရောက်ရောက်မဖြေရှင်းပေးခဲ့ပါဘူး ။(ယခုတော့အရင်ထက်စာရင်ကောင်းလာတယ်လို.ပြောရမှာပါ) ဒါကတော့ ကျွန်တော် ပြောလိုတဲ့ စစ်သည်များရဲ. စားဝတ်နေရေး အခက်အခဲတွေပေါ့ဗျာ..

အပေါ်ကအကြောင်းလေးပြန်ဆက်ရမယ်ဆိုရင်ပေါ့..ကျွန်တ်ာတို.တပ်ခွဲ ကို တပ်ရံပုံငွေသုံးပြီးတပ်တွင်းဖထိပ် ကိစ္စ ဖြေရှင်းပြီး တပ်မရုံးကို သွား ကြေးနန်းအ၀င် သွားယူရင်းတပ်မလက်ဖက်ရည်ဆိုင်မှာထိုင်ရင်း သူငယ်ချင်းတွေနဲ. စကားပြောနေတုန်း ..
ရတ (ရှေ.တန်း)( တပ်မတိုက်ပွဲဝင်မွန်းမံသင်တန်းတက်ရောက်သည်ဆိုသော်လဲ (ရတ) ဟုခေါ်ဝေါ်ပါသည်။) မှ ကြေးနန်းတစ်စောင်ဝင်လာပါတယ် ကြေးနန်းကတော့ ကျွန်တော် ကမ်းနီသို.သွားရောက်ကာ နို.ဆီနှင့် စစ်သည်များဧ။်လစာကို သွားရောက်ပို.ပေးရမည်ဖြစ်ပါတယ်...ဒီတော့ ပြင်ဆင်ရပြီပေါ့ ဗျာ..လကုန်ရက်ဖြစ်တာကတစ်ကြောင်း နောက်ပြီး လစာထုတ်ဖို. ချက် ကလဲ တပ်ရင်းမှပေးပို.ရသောကြောင့် လစာနောက်ကျသည်မှာလဲ ကျွန်တော်တို.တပ်ခွဲရဲ. ထုံးစံလိုဖြစ်နေပါပြီ...ရခိုင်ပြည်နယ်ဧ။်လမ်းပန်းဆက်သွယ်မှု.အခက်အခဲကြောင့်ဖြစ်ပါတယ်(ယခုတော့ လစာများလစဉ်ပုံမှန်ရရှိကြောင်းသိရပါတယ်) အားလုံး စစ်သည် (၃၀)ဦး အရာရှိ(၁)ဦး စုစုပေါင်း (၃၁)ဦးစာ လစာနှင့် နို.ဆီ များသွားရောက်ပို.ပေးရန် တပ်မကို သတင်းပို.ခွင့်တောင်းပြီး တပ်မ မှ ပေးအဖွဲ. (ရိက္ခာထောက်) နှင့် လိုက်ရန် ညွှန်ကြားလာခဲ့ပါတယ်...တိုက်တိုက်ဆိုင်ဆိုင်  သွားရောက်ရမည့်နေ.ကလဲ ချဲ(၃)လုံး ထွက်မည့်နေ.ဖြစ်ပြီး ကျွန်တော်လဲ အိပ်မက်လေးကောင်းတော့ လက်ဆော့ပြီး ချဲထိုးလိုက်ပါတယ်...ချဲဆိုလို. ခမရ(၃၄၆) တပ်တွင်းမှာ တပ်ကြပ် တစ်ဦးရဲ. ကတော် က ချဲရောင်းနေတာလေ...စစ်သည်ရဲမေ တွေအတော်များများက ၂ လုံးတို. သုံးလုံးတို.မှာ အားကိုးစရာအထင်နဲ. ထိုးနေကြတာတော့ အများသားပါပဲ..(ဒါကလဲ သူတို.ရဲ.စားဝတ်နေရေး အတွက် ထွက်ပေါက်ရှာတယ်လို.ကျွန်တော်ထင်ပါတယ်)...
ဒီလိုနဲ. ခရီးထွက်ရမဲ့ရက် ရောက်တော့ ကျွန်တော်အပါအ၀င် တပ်မ ပေးအဖွဲ.အားလုံး တောင်ကုတ်သဘောင်္ဆိပ်ကိုဆင်ပြီပေါ့..အဲဒီမှ ပဲ တပ်မတော်ကကားအကြောင်း ပြောစရာပေါ်လာပါတယ်..ကားပေါ်မတက်ခင်မှာပဲ..အားလုံးကတပ်မတော်ကား(ဖော) ကို ၀ိုင်းပြီးခြေစုံကန်ပြီးတွန်းကြရပါပြီ...၂ ခါ သုံးခါလောက်တွန်းမှ ဖောကားကြီးလဲ အဖိုးကြီးချောင်းဆိုးသံလိုမျိုးအသံပေးပြီး ပျင်းပျင်းရိရိနဲ. နိုးသွားပါလေတော့တယ်ဗျာ..(တပ်မတော်ကားတွန်းမှသွားဆိုတဲ့စကားလိုပါပဲဗျာ)အဲဒီတော့မှ ကားပေါ်တက် ပြီးသဘောင်္ဆိပ်ကိုထွက်ခဲ့ကြပါတော့တယ်...(အဲဒီအချိန်က မှတ်မှတ်ရရ ထောက်လှမ်းရေးဖျက်သိမ်းပြီးကာစ) ကျွန်တော်တို.နဲ.အတူ ထောက်ပြုတ် များ
ထောက်လှမ်းရေးမှ တပ်ကြပ်အဆင့်မှ သာမန်စစ်သည်များ အားလုံး ခြေလျင်တပ်သို. ပြောင်းရွှေ.ပို.ဆောင်ပေးနေချိန်ဖြစ်သောကြောင့် ထောက်ပြုတ်များ အင်အား (၅၀)ကျော်တပါးတည်း ရှေ.တန်းသို.ပို.ဆောင် ရာတွင်ပါဝင်လာခဲ့ပါတယ်..ကျွန်တော်ကလဲ သဘောင်္ပေါ်တွင် သောက်ရန် အာမီရမ် (၄)ပုလင်းကို ကျောပိုးအိတ်ထဲထည့်ပြီး သားပါ...ကံကောင်းချင်တော့ အဲဒီနေ.က ကျွန်တော် ချဲ(၃)လုံးမှာ ဒဲ့မပေါက်ပဲ တွတ်ထိလို. (၅၀၀)ကျပ်ရပါတယ်..ဒီတော့ ကျွန်တော်နဲ.အတူပါလာတဲ့ ဆက်သွယ်ရေးတပ်က သူငယ်ချင်းတစ်ယောက် ဆေးတပ်ကသူငယ်ချင်းတစ်ယောက်နဲ.အတူ ဆိုင်ထဲဝင်ပြီး ခွက်ပုံးချကြတာပေါ့ဗျာ...ကျွန်တော်တို.လိုက်ပါရမှာက အောင်တံခွန်(၃) သေဘာၤပါ..သေဘာၤေဆြးၾကီးဆုိ ပိုမှန်ပါလိမ့်မယ် ..ရေတက်ချိန်ရောက်လို. သဘောင်္ထွက်မယ် ဆိုတော့ ခွက်ပုန်းလေးတွေ ကို အစဖျောက်ပြီး လူစုဖို.သွားကြတာပေါ့..အဲဒီမှာပဲထောက်လှမ်းရေးပြုတ် (၅၀)ကျော်နဲ. အခြားတပ်မှ အဖွဲ.အလိုက်တန်းစီနေကြပါပြီ...ကျွန်တော်ကတော့ တစ်ယောက်တည်းဆိုတော့ ယောင်လည်လည်ပေါ့ဗျာ..ဒီလိုနဲ.မှာစရာရှိတာကို ဦးစီးပြီးသွားမဲ့ တပ်မက စစ်ဦးစီး(ဒု) ဗိုလ်မှူးက သဘောင်္ပေါ်ကို မတက်ခင် အဖွဲ.လိုက်ခေါင်းဆောင်တွေကိုခေါ်ပြီး အုပ်ချုပ်မှု.ဖြစ်စဉ်တွေမဖြစ်ဖို.ထိမ်းသိမ်းခိုင်းပါတယ်..ကျွန်တော်ကတော့ ကိုယ့်ဘာသာကိုယ်ထိမ်းပေါ့ဗျာ..အဲဒီမှာပဲ ဗိုလ်မှူးက အဓိကတာဝန်ရှိသူတွကိုခေါ်ပြီး ပြောတဲ့နေရာမှာ ကျွန်တော်လဲ ပါဝင်နေတော့ အဓိကမှာလိုတဲ့ အချက်ကိုသဘောပေါက်ခဲ့ရပါတယ်..အခြားစစ်သည်တွေအားလုံး လက်နက်ကိုင်ဆောင်ခွင့်ပေးထားပါတယ်.. ထောက်ပြုတ်တွေကိုတော့ အထူးဂရုပြုပြီး ကြည့်ဖို. ထွက်မပြေးစေဖို. မှားတာပါ...ကျွန်တော်ကတော့ ကျွန်တော် လက်နက်ဖြစ်တဲ့ အမ်အေ(၁၃) ကို ပြောင်းဖြုတ်  ဒင်ချိုးပြီး ကျောပိုးအိတ်ထဲထည့်ထားလိုက်ပါတယ်...
ဒီလိုနဲ. သဘောင်္အိုကြီးလဲ ရေတက်နဲ.အတူ တအိအိ နဲ. ကမ်းကခွာပါပြီ....ထွက်တော့ ညနေ စောင်းလောက်ပါ....သဘောင်္ပေါ်မှာတော့ စစ်သည်များက နေရာရှာသူကရှာ အရက်ပုလင်းလေးထုတ်သူကထုတ်...ဖဲဝိုင်းလေးအပျင်းပြေဆော့ဖို. လူစုသူကစု..ပေါ့ဗျာ..ဒီကြားထဲမှာ  ထောက်ပြုတ်က စစ်သည်တစ်ယောက်က ဂစ်တာပါလာလေရဲ.  သဘောင်္ကလဲ  နှစ်ထပ်ခွဲဆိုတော့ အမိုးပေါ်မှာ သူတို.ဘ၀တူ ထောက်ပြုတ် လေးယောက် စုပြီး အရက်ပုလင်းလေးထောင်ပြီး သီချင်းဆိုကြလေရဲ.ဗျာ..သူတို.ဆိုတဲ့သီချင်းကတော့ ..စိုင်းထီးဆိုင်ရဲ.  အရင်လိုဘ၀မျိုးရောက်ချင်တယ်  ဆိုတဲ့သီချင်းပါ ...အရင်ကတော့ သူတို.ဟာ အာဏာပါဝါ တစ်ခွဲသားနဲ. နေခဲ့ရတော့ ခုလို အနေဆင်းရဲ အစားဆင်းရဲ ခြေလျင်တပ်ထဲကို ပြောင်းခံလာရတော့ သူတို.ရဲ.စိတ်ထဲမှာ တော်တော်လေးတော့ထိခိုက်နေတာပါ...ဒါကလဲတူသောအကျိုးပေးတာပေါ့ဗျာ....ဒီလိုနဲ. ညဘက်ဖြစ်လာပြီဆိုတော့  သဘောင်္ပေါ်က ခရမ်းချဉ်သီးသာသာ မီးလုံးလေးရဲ.အလင်းရောင်အောက်မှာ ..ထောက်ပြုတ်တွေရဲ.သီချင်းသံနားထောင်ပြီး ကျွန်တော်လဲ  အာမီရမ်လေးနဲ. သဘောင်္သားတွေရောင်းတဲ့ ငါးကြော်လေးနဲ. ဇရပ်မင်းစည်းစိမ်ယူနေတာပေါ့ဗျာ...အဲဒီအချိန်မှာပဲ ဆက်သွယ်ရေးတပ်က ကျွန်တော်သူငယ်ချင်းလာပါပြီ ..သူကလဲကျွန်တော်လိုပဲလူလွတ်ပါ ဒါပေမဲ.အမြဲတစေ ဘိုင်ပြတ်နေတတ်တဲ့ သူဆိုရင်လဲမမှာပါဘူး....ဒီတော့ ထုံးစံအတိုင်း ကျွန်တော်မှာပါတာလေးနဲ. သူ.ကိုပြုစုရပြန်ပြီပေါ့ဗျာ...စစ်သားတွေရဲ.ဘ၀ စစ်သားတွေပဲနားလည်ကြတာမဟုတ်လားဗျာ...နှစ်ယောက်သားသောက်ရင်းစားရင်းနဲ. သဘောင်္လဲရပ်သွားပါပြီ...ဘာဖြစ်တာလဲဆိုပြီတော့ မေးကြည့်တော့ သူငယ်ချင်းကပြောတယ်..ဒီသဘောင်္တွေက ညဘက်ဆိုမမောင်းဘူးတဲ့ ရေအောက်ကကျောက်ဆောင်တွေနဲ. ထိမိခိုက်မိရင် ပွဲပြတ်မှာဆိုးလို.တဲ့လေ...ကျွန်တော်ကတော့တွေးမိပါတယ်..သဘောင်္ကလဲ အိုမင်းနေရတဲ့ကြားထဲ တချက်လောက်ထိလိုက်ရင်တော့ မြုတ်မှာပဲ ဆိုပြီး ကျောပါချမ်းလာပါလေရောဗျာ....သဘောင်္တစ်ခုလုံးလဲ မီးတွေပိတ်ပြီး အခြားသူတွေကလဲအိပ်သူကအိပ် အရက်သောက်သူကသောက် စကားပြောသူကပြောနဲ.ပေါ့ဗျာ  ..ကျွန်တော်နဲ. ဆက်သွယ်ရေးတပ်က သူငယ်ချင်းကလဲ ရေချိန်ကိုက်သွားပါပြီ ..ဒီလိုနဲ.ပဲ အောင်တံခွန်(၃)ပေါ်မှာ တောခြင်ရိုင်းတွေနဲ. နပန်းလုံးရင်း အိပ်ပျော်လိုက်နိုးလိုက် ကုတ်လိုက်ဖဲ့လိုက်နဲ. သူငယ်ချင်းနှစ်ယောက် သား အနားယူခဲ့ကြပါတော့တယ်ဗျာ......

(ဒုတိယပိုင်းကိုဆက်လက်တင်ပြပါမယ်)   


မင်းလွမ်းနောင်

2 comments:

crazyboy said...

စစ်တပ်အကြောင်းစစ်သည်အကြောင်းကတော့တကယ်မှန်ပါ့ အနော်လဲ တပ်ထဲ နှစ်အနည်းငယ်နေဖူးတော့သိနေတယ်လေ တပ်၇ဲ(RP) ဆို အပေါက်ကြမ်းကြမ်း နဲ့မနက်မနက် သူ့အသံကြား၇တာ ကျက်သေ၇ကိုမ၇ှိဘူး

Anonymous said...

တပ်မတော်သားတွေရဲ့ ဘ၀ဟာမလွယ်ပါလားနော်..တပ်မိသားစုလိုင်းခန်းတွေမှာ တစ်နေကုန်လောက်သွားနေကြည့်ရင်ကို အတော်သဘောပေါက်လာမှာပဲ..ကံကောင်းလို့..ငါတို့ ငယ်ငယ်ကတည်း ငါတို့ အဖေတပ်က ပင်စင်ယူလိုက်လို့ ..နို့ မို့ ဆို ဒီအချိန် ကုန်စိမ်းရောင်းစားနေရလောက်ပြီ....ကျက်သရေကတုန်းပါ့...စိတ်တိုလာပြီ..

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ