.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Thursday, May 5, 2011

ဗမာစစ်တပ် ဗမာစစ်သား ဆိုတာ (ဆောင်းပါး)

ဗမာစစ်တပ် ဗမာစစ်သား  ဆိုတာ

  (မင်းလွမ်းနောင်)


ဗမာစစ်တပ် ဆိုပြီးသုံးနှုံးနေသူများ ဖေ့ဘွတ်စာမျက်နာပေါ်တွင်တွေ.မြင်လာရ သည်မှာ နေ.စဉ်လိုလိုဖြစ်လာပြီး ကျွန်တော်နောင်တော်ကြီး(စစ်အင်ဂျင်နီယာချင်းတူလို.ပါ)ကိုမျိုးမြင့် ရဲ. ဗမာစစ်သား ဗီဒီယီုဖိုင်ထဲမှာ ပြောထားတဲ့ ဗမာစစ်တပ်နဲ.ဗမာစစ်သားဆိုတာလေးကို ထုတ်နုတ်ပြီးတော့ ပြောချင်ပါတယ်...(ဆရာလုပ်ခြင်းမဟုတ်ပါ ပညာရှိသတိဖြစ်ခဲ ဆိုသလို သတိပေးခြင်းသာဖြစ်ပါတယ်) ကျွန်တော်အမြင်အရတော့ စစ်အစိုးရကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေ တပ်မတော်သည် တိုင်းရင်းသားအားလုံးနှင့်ပေါင်းစပ်ဖွဲ.စည်းထားသော တပ်မတော်(၀ါ) စစ်တပ်ဖြစ်ပါသည်။
ဒီနေရာမှာ ပြောပြချင်တာကတော့ ကျွန်တော်ဟာ စာရေးဆရာမဟုတ်သလို ဝေဖန်ရေးသမားလဲမဟုတ်ပါဘူး အားလုံးဟာ ကျွန်တော်ထက်ပညာတတ်ကြမဲ့သူတွေပါ ..ဒီတော့ကျွန်တော့်ဘက်ကလဲ အပြုသဘောဆောင်တဲ့ ဖြစ်ရပ်မှန်လေးတွေကို ပြောပြထောက်ပြပေးဖို. ရေးချင်လာတာကြောင့် ဒီပိုစ်လေးကိုရေးတင်ရခြင်းပါ...။....။
ဒီတော့ ဗမာစစ်တပ် ဗမာစစ်သား လို. သုံးနှုံးခဲ့တာတွေကိုပြန်လေ့လာကြရပါမယ်...ယခုလက်ရှိတပ်မတော်(၀ါ)စစ်တပ်သည် တိုင်းရင်းသားများပါဝင် သည့်တပ်မတော်ဖြစ်ပါတယ်..ဒီလိုပြောလို. ကျွန်တော်အနေနဲ.ကိုယ်တွေ.လေးတစ်ခုပြောပြချင်ပါတယ် ကျွန်တော်တပ်ထဲဝင်တော့ အသက်က ၁၉ နှစ်ပါ တပ်ထဲကိုစ၀င်တော့ တွေ.ရတဲ့အတွေ.အကြုံလေးတွေကတော့မမေ့စရာပါပဲ (အမှန်တရားအတွက် နောက်တင်မဲ့ပိုစ်မှာ တင်ပေးပါမယ်..) ကျွန်တော် တို.အသုတ်မှာ တသသလို.ခေါ်တဲ့ တပ်သားသစ်တွေဟာ ၂၅၀ ယောက်ပါ တပ်စု(၃)စုနဲ. ခွဲပြီး ထားပါတယ်...အဲဒီမှာ ကျွန်တော် မြင်တွေ.ခဲ့ရတဲ့ တိုင်းရင်းသားတွေပေါ့ဗျာ..ရခိုင် ပါတယ်(ကျွန်တော့်တပ်စုက) ကရင်ပါတယ် မွန်ပါတယ် ..နောက်ပြီး ကျွန်တော်တစ်ခါမှ မမြင်ဖူးတဲ့
ယောနယ်တို.ဆောနယ်တို.ဘက်က တိုင်းရင်းသားတွေတောင်ပါလေရဲဗျာ ..တစ်ချို.ကလဲ မိမိဘာသာဝင်တယ် တစ်ချို.ကလဲ အပြစ်မကင်းလို.တစ်ချို.ကအတင်းစစ်တပ်ထဲထည့်လိုက်လို. အချို.ကလဲ စားဝတ်နေရေးမပြေလည်လို. တချို.ကလဲ အရောင်းခံရလို. ပေါ့  အစုံပါပဲဗျာ..ဒီတော့ ကျွန်တော် ပါဝင်တဲ့တပ်ခွဲလေးတစ်ခွဲမှာတင် တိုင်းရင်းသား (၆)မျိုးလောက် တွေ.မြင်လိုက်ရပါတယ် (၂၅၀)မှာ (၈၀)ကျော်လောက်က တိုင်းရင်းသားတွေပါ ကျန်သူတွေကတော့ အမေကကရင် အဖေကရခိုင် ဆိုတာလိုအမေဗမာအဖေကရင်ဆိုတာတွေများပါတယ် ကျွန်တော်ကိုယ်တိုင် အဖေကကရင်ပါ အမေကဗမာ ဆိုပေမဲ့ မွန်သွေးစပ်ပါတယ်အမေ့ရဲ.အမေကျွန်တော်အဖွားက မွန်လူမျိုးပါ..ဒီတော့ ကျွန်တော်ဆိုလိုချင်တာက ဗမာ စစ်စစ် ဆိုတာ ကို ရှာကြည့်ကြပါအုံး ... ရှိပါတယ် ဒါပေမဲ့ စစ်တမ်းကောက်ကြည့်ပေါ့နော်..ဗမာဆိုတာလဲတိုင်းရင်းသားပါပဲ ...။ဒီတော့ တိုင်းရင်းသား တွေစုပေါင်းထားတဲ့တပ်ကို ဗမာတပ်လို.ခေါ်သင့်ပါသလား တိုင်းရင်းသားတွေစုပေါင်းထားတဲ့တပ်ဖြစ်လို. တပ်မတော်လိုခေါ်သင့်ပါသလား..စဉ်စားချင့်ချိန်သင့်လှပါတယ်..။
နောက်ပြီးတပ်တွင်းမှာ အရာရှိစစ်သည်အများစုထဲမှာ တိုင်းရင်းသားတွေ အတော်များများပါဝင်ပါတယ် ဆိုတာလဲပြောချင်ပါတယ်..။ဒီတော့သမိုင်းကိုပြန်ကြည့်ကြစို.နော်..

......( သမိုင်းလေးတစ်ကြောင်းပေါ့ .ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ သူရဲကောင်းအာဇာနည် ရဲဘော်သုံးကျိပ်တို့ဟာ (၁၉၄၁) ခုနှစ် ဒီဇင်ဘာလ (၂၆)ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA) ကို စတင်စုဖွဲ့ တည်ထောင် ခဲ့ရာမှ ဗမာ့ ကာကွယ်ရေးတပ်မတော် (BDA) ဗမာ့အမျိုးသားတပ်မတော် (BNA) ဗြိတိသျှနယ်ချဲ့တို့ အခေါ်အဝေါ်အရ မျိုးချစ်တပ်မတော် (PBF) ရယ်လို့ တစတစ ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၎င်းတပ်မတော်သုံးရပ်ရဲ့ ဦးစီးခေါင်းဆောင် စစ်သေနာပတိဟာ တပ်မတော်ရဲ့ မူလ ပထမ ဖခင်အစစ် ဗိုလ်ချုပ်အောင်ဆန်းသာ ဖြစ်ခဲ့ ပါသည်။

သမိုင်းအစဉ်အလာအရ ဖခင်ဗိုလ်ချုပ်အောင်ဆန်းပြီးလျှင် ရဲဘော်သုံးကျိပ်ဝင် စစ်ခေါင်းဆောင်တို့ရဲ့ ၀ါစဉ်ဟာ ဗိုလ်လင်္ကျာ၊ ဗိုလ်စင်္ကြာ၊ ဗိုလ်ဇေယျ၊ ဗိုလ်နေ၀င်း စသည်ဖြင့် ရှိခဲ့သည်။ (၁၉၄၅) ခုနှစ် စက်တင်ဘာလ(၇)ရက်နေ့မှာ ကန္ဒီစာချုပ်အရ အမြဲတမ်း တပ်မတော်အဖြစ် ပြင်ဆင် စုဖွဲ့ခဲ့ရာမှာတော့ ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်မှ ထွက်ပြီး နိုင်ငံရေးလောကသို့ ကူးပြောင်းသွားခဲ့ပါသည်။ ရဲဘော်သုံးကျိပ်ဝင် သူရဲကောင်း (၆) ဦးသာ အမြဲတမ်း တပ်မတော်မှာ စစ်မှုဆက်ထမ်း ခဲ့ကြသည်။သခင်ထွန်းအုပ်ရဲ့ မေတ္တာရပ်ခံချက်အရ ဗိုလ်နေ၀င်းဟာ အမြဲတမ်းဗမာ့တပ်မတော်မှာ ဗိုလ်လင်္ကျာပြီးလျှင် နံပါတ်(၂)နေရာမှာ ရခဲ့ပြီး ဗိုလ်ဇေယျက နံပါတ် (၃) နေရာရခဲ့သည်။ )....အဲဒီမှာ ကြည့်ရင်တော့ ဗမာ့တပ်မတော်လို.သုံးထားတာတွေရပါမယ်..အဲဒါကလဲ အဲဒီအချိန်က (BURMA)လို.အသိများတဲ့ တိုင်းပြည်ဖြစ်နေလို. ဘားမားတပ်မတော်လိုခေါ်ဆိုကြတာပါ တိုင်းပြည်ကိုကိုယ်စားပြုတဲ့သဘောပါ ..ဗမာလူမျိုးကိုကိုယ်စားပြုထားတာမဟုတ်ပါဘူး..။ 

နာက်ထပ် သာဓကလေးတစ်ခုကတော့ဒီမှာပါ
( မြန်မာနိုင်ငံခေါ် တရားဝင်အားဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အရှေ့တောင်‌အာရှ၏ ပင်မကုန်းမြေပေါ်တွင် ပထဝီ အကြီးမားဆုံးသော တိုင်းပြည် ဖြစ်သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရ​က်တွင် ဂရိတ်ဗြိတိန်နိုင်ငံထံမှ ( အင်္ဂလိပ်လို "Burma" အဖြစ်နှင့်) ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် လွတ်လပ်ရေးကို ရရှိခဲ့သည်။ နောက်ပိုင်းတွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အဖြစ် ၁၉၇၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင်လည်းကောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အဖြစ် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင်လည်းကောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် ၁၉၈၉ ခုနှစ် ဇွန် ၁၈ ရက်တွင်လည်းကောင်း အမည်များပြောင်းလဲခဲ့သည်။ )   ဆိုတော့ ဘားမားကနေ မြန်မာကိုအဆင့်ဆင့်ပြောင်းလဲလာပုံလေးပါ..ဒီတော့ တပ်မတော်ကိုအခေါ်အဝေါ်တွေပါ ပြောင်းလဲလာရပါတယ် ..မြန်မာ့တပ်မတော် လို.လေ...ဒီတော့ တိုင်းရင်းသားအားလုံးဟာ နိုင်ငံတွင်းမှာမွေးပြီးနေထိုင်ကြတာဖြစ်လို. မြန်မာနိုင်ငံသားတွေဖြစ်ကြပါတယ် ...။ ကရင်လဲမြန်မာ ကယားလဲမြန်မာ ကချင်လဲမြန်မာ ရခိုင်လဲမြန်မာ စတဲ့တိုင်းရင်းသားအားလုံးဟာ ပြည်ထောင်စုဖွာမြန်မာနိုငိငံသားများဖြစ်ကြပါတယ်။ ...
တိုင်းရင်းသားများပါဝင်ထမ်းဆောင်နေကြတဲ့ တပ်မတော်ဖြစ်လို. ဗမာစစ်တပ်မဟုတ်ပဲ မြန်မာနိုင်ငံကိုကိုယ်စားပြုတဲ့ မြန်မာ့တပ်မတော်သာ ဖြစ်ပါကြောင်း ကျွန်တော်ပြောလိုပါတယ်.။ နောက်တစ်ခုကကျွန်တော်သည် အာဏာရှင်ကိုတိုက်ထုတ်ဖော်ပြလိုသူသာဖြစ်သည်။ တိုင်းရင်းသားများပါဝင်ဖွဲ.စည်းထားသောတပ်မတော်ကို ဖြိုခွဲံလိုခြင်းမဟုတ် ဒီတော့ ကျွန်တော်အမြင်ကို ကျွန်တော်ထက်ပညာတတ်ကြသောမိတ်ဆွေများအနေနှင့်  ဗမာစစ်သား ဗမာစစ်တပ် ဟု သုံးနှုံးနေခြင်းကိုထောက်ပြလိုခြင်းသာဖြစ်ပါတယ်..
အာဏာရှင်များကိုဆန်.ကျင်ရာမှာ ကျွန်တော်ကိုယ်တိုင်အားပေးသော်လဲ ယခုကဲ့သို.သော အသုံးအနှုံးမှားခြင်းကိုတော့ ထောက်ပြနေမှာပါ ...
တပ်မတော်အတွင်းက ကောင်းခြင်းဆိုးခြင်းများကို ကိုယ်တွေ.သိမြင်ခဲ့ခြင်းတွေကို အမှန်အတိုင်း ဘက်လိုက်ခြင်းမရှိပဲ တိတိကျကျ ရေးသာ တင်ပြပေးသွားမှာပါ..။
ကောင်းတာတွေ.ခဲ့ရင်ကောင်းတာကိုရေးမယ် ..။မကောင်းတာတွေရင်မကောင်းတာကိုရေးမယ် မည်သည့်ဘက်မှ ဘက်လိုက်ပြီး ရေးသားခြင်းမျိုးကိုရှောင်သင့်ပါပြီ...ကျွန်တော်ကတော့ အားလုံးမုန်းချင်မုန်းကြပါစေ အမှန်တရားတွေအတွက်တော့ ရင်ဆိုင်ဖို.အသင့်ရှိပါကြောင်းပြောရင်းနဲ. ...အားလုံးကိုလေးစားပါတယ်ဗျာ......။....။


မင်းလွမ်းနောင် (၅-၅-၂၀၁၁)

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ