.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Friday, May 6, 2011

ပြည်ပရောက်မြန်မာ တို.ရဲ. အခက်အခဲ

ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများက မြန်မာကြံ့ဖွံ့သံရုံးကို စာရေးအကူအညီတောင်း
ပေးစာကို တဆင့်မျှဝေသူ ကိုမျိုမြင့်ချို
မိုးမခ၊ မေ ၇၊ ၂၀၁၁
လက်ခံရရှိသော စာမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
 သို့/
ဒေါ်ခင်နီလာစိုး
သံအမတ်ကြီး
အီဂျစ်နိုင်ငံဆိုင်ရာမြန်မာသံရုံး                                                                                       
၅/၅/၂၀၁၁
အကြောင်းအရာ။        ။ ဂျော်ဒန်နိုင်ငံရောက်မြန်မာအလုပ်သမားများ၏အခက်အခဲကို ကူညီဖြေရှင်းပေးပါရန် တင်ပြ တောင်းခံခြင်း။
          ကျနော်/ကျမတို့သည် ဂျော်ဒန်နိုင်ငံ ဟာဆန်းမြို့နယ် OASIS စက်ရုံတွင် အလုပ်လုပ်ကိုင်လျှက်ရှိကြသော မြန်မာ အလုပ်သမားများဖြစ်ပါသည်။ ကျနော်/ကျမတို့သည် လုပ်အားခတိုးမြှင့်ပေးပါရန်တောင်းခံခြင်းနှင့်ပတ်သက်၍ ၂၄/၄/၂၀၀၁ (တနင်္ဂနွေနေ့ နေ့လည်) ၁၂ နာရီ ၄၅ မိနစ်အချိန်မှစတင်၍ အေးဆေးငြိမ်သက်စွာဖြင့် လုပ်ငန်းရပ်ဆိုင်း၍တောင်းဆိုခဲ့ပါသည်။ တောင်းဆိုချက်မှာ အခြေခံလစာ JD(110) မှ JD(150) သို့တိုးမြှင့်ပေးပါရန်ဖြစ်သည်။
          ဂျော်ဒန်နိုင်ငံအလုပ်သမားဦးစီးဋ္ဌာနရုံးမှတာဝန်ရှိသူများမှ လာရောက်၍ အခြေခံလစာ JD(150) မှာ မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ ကုမ္ပဏီမှလည်း ဝန်ထမ်းများအားအလုပ်ပြန်လည်၍လုပ်ရန်နှင့် ဝန်ထမ်းများ၏လိုအပ်ချက်များကို ညှိုနှိုင်း ဖြေရှင်းပေးမည်ဟု ကြေညာခဲ့သည်။
          ဝန်ထမ်းများမှ လိုအပ်ချက်များကိုတောင်းဆိုရန်ကြိုးစားသော်လည်းလက်မခံပဲ အလုပ်လုပ်ရန်သာတိုက်တွန်းခြောက် လှန့်ခဲ့ပါသည်။
          လက်ရှိအချိန် ကျနော်/ကျမတို့၏စက်ရုံတွင် မြန်မာ၊ ဘင်္ဂါလီ၊ တရုပ်၊ အိန္ဒိယ၊ ဆီလင်ဂါ ဗီယက်နမ်စသည်ဖြင့် လူမျိုး အသီးသီးလုပ်ကိုင်လျှက်ရှိသော်လည်း အလုပ်သမားများ၏ခံစားခွင့်မှာ လွန်စွာကွာခြားလျှက်ရှိပါသည်။ ၎င်းတို့မှာ---

(၁) အခြားသောလူမျိုးခြားဝန်ထမ်းများနည်းတူ ဘောနပ်စ်ကြေးမရရှိခြင်း။
(၂) အခြားသောလူမျိုးခြားဝန်ထမ်းများအား ထ္မင်းစားရိတ်ဖြတ်တောက်ခြင်းမရှိပဲ မြန်မာဝန်ထမ်းများကိုသာထ္မင်းဖိုး ထ္မင်းဖိုး ပေးဆောင်ခိုင်းခြင်း။
(၃) တခြားလုပ်ငန်းခွင်ကြိုးစားမှုကို အသိအမှတ်ပြု တန်းတူဘောနပ်စ်ကြေးမရရှိခြင်း။
(၄) ဆေးဝါးကုသရာတွင် စက်ရုံတွင်းဆေးဝါးမလုံလောက်မှုကြောင့် ပြင်ပဆေးကုသမှုစားရိတ်ကို မိမိငွေကြေးဖြင့်ကုသရခြင်း
အစရှိသော လုပ်သားအခွင့်အရေးဆုံးရှူံးမှုတို့ကို များပြားစွာခံစားနေရပါသည်။

          မူလတွင် အေးဂျင့်မှ ထိုင်ဝမ်မှသူဋ္ဌေးလာရောက်လုပ်သားခေါ်ယူစဉ်တွင် အခြေခံလစာ (155) USDI အထည်စံချိန်ပြည့် ဘောနပ်စ်နှင့် ရက်မှန်ကြေးဘောနပ်စ်များ၊ တနှစ်အတွင်းပျက်ရက်မရှိသောဝန်ထမ်းများအတွက် နစ်နာကြေးဘောနပ်စ်များ၊ နှစ်ပြည့်အပန်းဖြေခရီးစဉ်များ၊ လုပ်သက်ကြာမြင့်သည်နှင့်အမျှခံစားခွင့်ဘောနပ်စ်များတိုးမြှင့်ပေးခြင်း၊ တလတွင်အနည်းဆုံး USD(300) (ဝန်းကျင်) ရရှိမည်ဖြစ်ခြင်းအစရှိသော ထိုင်ဝမ်သူဋ္ဌေး၏ပြောကြားချက်များကြောင့် လာရောက်လုပ်ကိုင်ခဲ့ကြ ပါသည်။
သို့ရာတွင် ဒေါ်လာငွေဈေးကျခြင်း၊ ကုန်စည်များဈေးနှုန်းမြင့်တက်ခြင်း၊ မိမိနိုင်ငံသို့ ငွေလွှဲရာတွင်ဝန်ဆောင်မှု စား ရိတ်များခြင်း အစရှိသောအခက်အခဲများကြောင့် ကျနော်/ကျမတို့သည် အခြေခံလစာတိုးမြှင့်ပေးပါရန် စက်ရုံမှတာဝန်ရှိ လူ ကြီးများအား အသိပေးတောင်းဆိုခဲ့ပါသည်။ ကျနော်/ကျမတို့သည် စက်ရုံကုမ္ပဏီပိုင်ပစ္စည်းတစုံတရာကိုမှ ဖျက်ဆီးခြင်း၊ ပေါက် ခွဲခြင်း၊ ရိုင်းပြစွာအော်ဟစ်လှောင်ပြောင်ခြင်းအစရှိသည့် မြန်မာ့ယဉ်ကျေးမှုနှင့်မကိုက်ညီသော အပြုအမူများကိုမပြုလုပ်ပဲ အေး ဆေးငြိမ်သက်စွာဖြင့် ဂျော်ဒန်နိုင်ငံရောက်မြန်မာအလုပ်သမားများနည်းတူ အခွင့်အရေးများကိုတောင်းဆိုခဲ့ကြပါသည်။ ထို တောင်းဆိုမှုများကို စက်ရုံမှတာဝန်ရှိသူများက တစုံတရာလိုက်လျောမှုမရှိပဲ၊ ညှိုနှိုင်းမှုမရှိပဲနှင့် နည်းမျိုးစုံဖြင့် အလုပ် ပြန်လည်လုပ်ကိုင်ရန်ကိုသာတိုက်တွန်းခဲ့သည်။ ထိုသို့ လုပ်ငန်းများရပ်ဆိုင်းခဲ့သဖြင့် ဂျော်ဒန်နိုင်ငံအလုပ်သမားဥပဒေကို ချိုးဖေါက်သည်ဟု ပြောဆိုခဲ့ပါသည်။
ထို့ကြောင့် ဂျော်ဒန်နိုင်ငံအလုပ်သမားဥပဒေအရ စတင်အလုပ်ရပ်ဆိုင်းသည့် ပထမနေ့တွင် (50) JD ၊ ဒုတိယနေ့မှစ၍ ယနေ့ (၅/၅/၂၀၁၁)အထိ တနေ့လျှင် JD(5) ဒဏ်ကြေးပေးဆောင်ရမည်ဟု စက်ရုံမှတာဝန်ရှိ သူများက ပြောကြားခဲ့ပါသည်။ ကျနော်/ကျမတို့ဘက်မှတင်ပြတောင်းဆိုမှုများကို စက်ရုံသူဋ္ဌေးမှတစုံတရာလိုက်လျောခြင်း၊ စဉ်းစားခြင်းတို့ကိုမပြုလုပ်ပေးခဲ့ပါ။
(၅/၅/၂၀၁၁) နံနက် (၈ နာရီ) တွင် သူဋ္ဌေးမှအလုပ်သမားများ လုပ်ငန်းခွင်ပြန်ဝင်ရန်၊ ယခု အချိန်မှသ၍ အလုပ်ပြန်လည်လုပ်ကိုင်ပြီး (၃) ရက်အတွင်း လုပ်သားများတောင်းဆိုမှုတစုံတရာအား စဉ်းစားပေးမည်ဟုပြောပြီး ကျနော်/ကျမတို့၏ တင်ပြတောင်းဆိုမှုများကိုငြင်းပယ်ခဲ့၍ အလုပ်ပြန်လည်လုပ်ကိုင်ခြင်းမရှိပါက မိမိစားရိတ်ဖြင့်မြန်မာနိုင်ငံ သို့ပြန်ရန်ပြောခဲ့ပါသည်။ ကျနော်/ကျမတို့မြန်မာအလုပ်သမားများမှလည်း တစုံတရာလိုက်လျောမှုမရှိပဲ အလုပ်ပြန်လည်မလုပ် နိုင်ပါဟုပြန်လည်တင်ပြပြီး မြန်မာပြည်သို့ပြန်လည်ပို့ဆောင်လိုကလည်းပြန်မည်ဟု သူဋ္ဌေးအားပြန်လည်ပြောဆိုခဲ့ပါသည်။
သူဋ္ဌေးမှ ဒုတိယအကြိမ် မနက်(၁၀နာရီ)တွင် ယနေ့ပြန်လည်လုပ်ကိုင်ပါက သို့တည်းမဟုတ် (၇/၅/၂၀၁၁) နေ့တွင်အလုပ် ပြန်လည်လုပ်ကိုင်ပါက ယခင်အလုပ်ပျက်ရက်ဒဏ်ကြေးငွေများအားမဖြတ်ရန် စဉ်းစားပေးမည်ဟုပြောခဲ့ပြီး မိမိ နိုင်ငံသို့ပြန်လိုပါ ကလည်း သက်ဆိုင်ရာအေးဂျင့်များသို့ အကြောင်းကြားခြင်း၊ မြန်မာနိုင်ငံသံရုံးများသို့အကြောင်းကြားပြီး တာဝန်ရှိမြန်မာသံရုံး ဝန်ထမ်းများရောက်ရှိမှသာ ကိစ္စများဖြေရှင်း၍ပြန်ရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
 ထို့အပြင် သူဋ္ဌေးမှ လုပ်ငန်းခွင်ရပ်ဆိုင်းခဲ့ သည့် (၂၄/၄/၂၀၁၁) မှ (၅/၅/၂၀၁၁) ရက်နေ့၊ စုစုပေါင်း(၁၂)ရက်စာကို ဂျော်ဒန်နိုင်ငံအလုပ်သမားရုံးအားပေးဆောင်ရန် ဒဏ်ကြေးငွေကို ကျနော်/ကျမတို့မြန်မာအလုပ်သမားများ၏ အသက်အာမခံကြေးငွေနှင့် April လ လုပ်အားခငွေများမှ နှုတ်ယူ မည်ဟုပြောခဲ့ပါသည်။
မနက်(၁၁ နာရီ ၃၀ မိနစ်အချိန်တွင်) လူမှုရေးနှင့်စီမံခန့်ခွဲရေးတာဝန်ရှိသူမှ အဆောင်သို့ပြန်လည် အနားယူ၍ သက်ဆိုင်ရာမြန်မာသံရုံးမှဝန်ထမ်းများအားစောင့်ဆိုင်းရန် ဝန်ထမ်းများအားပြောကြား၍ အဆောင်သို့ပြန်ခိုင်းခဲ့သည်။
ဂျော်ဒန်နိုင်ငံတွင် ဂျော်ဒန်နိုင်ငံဆိုင်ရာမြန်မာသံရုံးမရှိသဖြင့် အစ္စရေးနိုင်ငံဆိုင်ရာမြန်မာသံရုံးနှင့် အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးများသို့ ယခုကိစ္စနှင့်စပ်လျဉ်း၍ ကူညီဖြေရှင်းပေးပါရန်တင်ပြတောင်းဆိုထားသော်လည်း ယခုအချိန်အထိ တစုံတရာ လာရောက်ညှိုနိုင်းပေးဖြင်း ပြောဆိုဆွေးနွေးပေးခြင်းစသည့် တာဝန်ယူဆောင်ရွက်ပေးမှုများ မရှိသေးပါ။

လက်မှတ်ကို ထိုဒေသရောက် မြန်မာအလုပ်သမားများက ရေးထိုးထားသည်။
         

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ