.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Sunday, May 1, 2011

ရွှေ့ပြောင်းအလုပ်သမားများ မေးလေ့မေးထ ရှိသော အလုပ်သမားဥပဒေ မေးခွန်း ၁ဝဝ အဖြေ ၁ဝဝ အပိုင်း(၁)

ကိုရီးယားရောက်မြန်မာနိုင်ငံသားညီအကိုမောင်နှမများအနေဖြင့်ညီမျှ
သောတရားဥပဒေ၏အရိပ်အာဝါသအောက်တွင်လုံခြုံစွာအလုပ်
လုပ်ကိုင်နေထိုင်နိုင်ကြပြီးမိမိတို့၏အခွင့်အရေးများအားတရား
ဥပဒေနှင့်အညီရဲရဲဝင့်ဝင့်ရယူရရှိခံစားနိုင်ကြစေရန်အလို့ငှာဖေါ်ပြအပ်ပါသည်၊၊
(ဘားမားအက်ရှင်ကိုရီးယားမှ ဘာသာပြန်ဆိုသည့် အလုပ်သမားဥပဒေစာအုပ်မှကူးယူ ဖေါ်ပြအပ်ပါသည်။)

၁၊ လုပ်ငန်းခွင်အတွင်း မကြာခဏ ရိုက်နှက်ခြင်းပြုလျှင် ။
မေး။ ။ ကျနော်အလုပ်လုပ်နေသော လုပ်ငန်းခွင်တွင် ကိုရီးယားသို့ ရောက်ရှိသည်မှာ မကြာသေးသော ရွှေ့ပြောင်းအလုပ်သမားများလည်း ရှိပါသည်။ သို့သော် စကား နားမလည်၊ အလုပ်မကျွမ်းကျင်သောကြောင့်ပင် ဖြစ်မည်ထင်သည် မကြာခဏ အမှားများလေ့ရှိသည်။ ထိုသို့ အမှားဖြစ်သည့်အခါတိုင်းတွင် ကိုရီးယားလူမျိုး အုပ်ချုပ်သူများမှ ရိုက်နှက်ခြင်းပြုလေ့ရှိသည်။ ပခုံး၊ ကျော၊ လက်၊ နေရာများကို ရိုက်နှက်တတ်သလို၊ ခြေထောက်ဖြင့် ကန် သည်များလည်းရှိသည်။ ထိုပြဿနာကို မည်သို့ ဖြေရှင်းမည်နည်း။

ဖြေ။ ။ကိုရီးယားနိုင်ငံ၏ အလုပ်သမားဥပဒေတွင် “ အလုပ်ရှင်သည် ရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ချုပ်နှောင်ခြင်း၊ စသည်တို့ကို မပြုလုပ်ရ” ဟုဖေါ်ပြထားပြီး၊ “အ ခြားသော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်မှုကို အနှောက်အယှက်ပေး ချုပ်ချယ်ခြင်း မပြုနိုင်” ဟုပါရှိသည်။ ၄င်းပြင် “မည်သို့ မည်သည့်အကြောင်း ကြောင့်ဖြစ်စေ အလုပ်သမားအား ရိုက်နှက်ခြင်းမပြုရပေ။ ထိုအချက်များကို ဖောက်ဖျက် ကျူးလွန်ပါက ပြင်းထန်စွာ ပြစ်ဒဏ်ကျခံစေရမည်ဖြစ်သည်။ သို့သော် မိမိ၏ လုပ်ငန်းခွင်တွင် အခြေအနေမှာ ထိုသို့သောအခြေအနေဖြစ်နေပါက လုပ်ငန်းရှင်အား ထိုသို့မပြုလုပ်ရန် တိုင်ကြားပြောဆိုလျှင် အလွယ်တကူအရေးယူခြင်း၊ ပြုပြင်ပြောင်းလဲခြင်း မပြုလုပ်ကြပေ။ ထိုအခါမျိုးတွင် နီးစပ်သော ရွှေ့ပြောင်း အလုပ်သမားအတိုင်ပင်ခံရုံး၊ သို့မဟုတ် အလုပ်သမားဝန်ကြီးဌာန၏ “ဂိုယုန်းဂျီဝမ် စင်တာ”ဟုခေါ်သော အလုပ်သမားရုံးသို့သွား၍ တိုင်ကြားဖို့အကြံပြုလိုပါသည်။
အကယ်၍ ထိုအခြေအနေမျိုးတွင် ၄င်း စက်ရုံ၌ဆက်လက်၍ အလုပ်လုပ်ကိုင် လိုခြင်းမရှိတော့ဟုဆိုပါက “ဂိုယုန်းဂျီဝမ်စင်တာ”တွင် မိမိ၏ အဖြစ်မှန်ကို လေ့လာ စစ်ဆေးပြီးနောက် အခြားစက်ရုံတစ်ခုသို့ ပြောင်း ရွှေ့ပေးမည်ဖြစ်ပါသည်။

၂၊ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ကိုရီးယား၏ အလုပ်သမားဥပဒေအား ခံစား ခွင့်ရှိ၊ မရှိ။
မေး။ ။ ရွှေ့ပြောင်းအလုပ်သမားများလည်း ကိုရီးယား အလုပ်သမားဥပဒေ၏ ကာကွယ် ပိုင်ခွင့်ကို ရရှိနိုင်ပါသလား။

ဖြေ။ ။ ကိုရီးယား၏ အလုပ်သမားဥပဒေသည် အသက်အရွယ်၊ ကျား၊မ ကွဲပြားမှု၊ နိုင်ငံသား၊ ယုံကြည်မှု စသည်တို့ကြောင့် ခွဲခြားခံစားစေခြင်းမရှိရဟု ဆိုပါ သည်။ ရွှွေှ့ပြောင်းအလုပ်သမားများလည်း အလုပ်လုပ်နိုင်ပြီး၊ လုပ်အားနှင့် ထိုက်တန်သော လုပ်အားခကို ရရှိနိုင်သည့် အလုပ်သမားများ ဖြစ်သော ကြောင့် ၊ ကိုရီးယားအလုပ်သမားဥပဒေ၏ ကာကွယ်ပိုင်ခွင့်ကို ရရှိနိုင်သည်။ သို့သော် အလုပ်သမားဥပဒေများထဲမှ အခြေခံအလုပ်သမားဥပဒေတွင်မူ လုပ်ငန်းခွင်အမျိုးအစားကိုလိုက်၍ ခံစားခွင့်မရှိနိုင်သည်များလည်း ရှိပါသည်။ လက်ရှိအလုပ်သမားဦးရေ ၂ဝ မပြည့်သောစက်ရုံများ တပတ်အလုပ် ၅ ရက် (နာရီ ၄ဝ)မှာ အကျုံးမဝင်သေးသလို၊ အလုပ်သမား ၅ယောက်မပြည့်သော စက်ရုံများတွင်လည်း “အလုပ်မှထုတ်ပစ်ခြင်းကို တားမြစ်ခြင်း〈ဟဲဂိုရဲ့ ဂျဲဟန်း〉၊ လုပ်သက်ခံစားခွင့်〈ထွဲဂျစ်ဂွမ်း 〉၊အားလပ်ရက်လုပ်အားခ၊ 〈ဟရူးအော့ဗ်ဆူသန်း 〉၊နှစ်ပြည့်အားလပ်ရက်〈ယွန်းချားဟရူးဂါး〉၊အလုပ်ချိန် 〈ဂွန်းလရှီးဂန်း 〉၊ ဓမ္မတာလာချိန်အားလပ်ရက်〈စိန်းလီဟရူးဂါး〉၊ အလုပ်စည်းကမ်း 〈ချွီအော့ဗ်ဂယူးချစ်〉၊စက်ရုံမှပေးသောအခန်း〈ဂီစုဆာ〉အစရှိသည့် အခြေခံအလုပ်သမားဥပဒေပါ အချက်များမှာ အကျုံးဝင်ခြင်း မရှိသေးပေ။

၃၊ အလုပ်နေရာကို ဆက်သွယ်ပေးသော ပွဲစားမှ ပွဲစားခ တောင်းခံသည့်အခါ ။
မေး။ ။ မူလစက်ရုံတွင် အလုပ်လုပ်ရာမှ အလုပ်ပြောင်းရန် အခြား စက်ရုံတစ်ရုံကို လေ့လာစုံစမ်းခဲ့ပါသည်။ အဆင်မပြေသောကြောင့် အသိတစ်ယောက်အား စုံစမ်း ပေးရန် အကူအညီတောင်းခဲ့ရာ၊ အလုပ်ကို စုံစမ်းပေးသော်လည်း ထိုအတွက် ပွဲစားခပေးရမည်ဟု ဆိုလာပါသည်။ ထိုအခါမျိုးတွင် မည်ကဲ့သို့ ပြုလုပ်ရမည်နည်း။

ဖြေ။ ။ကိုရီးယား၏ ဥပဒေတွင် ခွင့်ပြုမိန့်ရထားသော အလုပ်အကိုင်ရှာဖွေသည့် လုပ်ငန်း များသာလျှင် အလုပ်အကိုင်ရှာဖွေပေးနိုင်ပြီး ထိုအတွက် အကျိုးဆောင်ခကိုလည်း ရယူနိုင်သည်။ ၄င်းအပြင် အခြားသော မည်သူမှ အလုပ်သမားအားဖြစ်သူ၏ အလုပ်အကိုင်ရှာဖွေ ရာတွင် ပါဝင်စွက်ဖက်၍ အခကြေးငွေယူခြင်း မပြုနိုင်ပေ။ ထို့ကြောင့် ပွဲစားဖြစ်သူမှ အလုပ်ရှာဖွေပေး၍ ၊ ပွဲစားခတောင်းခံယူခြင်းသည် တရားဥပဒေကို ချိုးဖောက်သော လုပ်ကိုင်မှုဖြစ်သည်။ အကယ်၍သင်သည် အလုပ်သမားအသုံးပြုခွင့်စနစ်အရ (အီးပီအက်စ်) အလုပ်လုပ်ကိုင်နေသူဖြစ်ပါက ပို၍ပင် ပွဲစားများဖြင့် အလုပ်ရှာ၊ ပွဲစားခပေး၍ မဖြစ်နိုင်ပေ။ အီးပီအက်စ်စနစ်တွင် အလုပ်သမားဝန်ကြီးဌာန “ဂိုယုန်းဂျီဝမ်စင်တာ”ခေါ် အီးပီအက်စ်စနစ်အလုပ် သမားများနှင့် ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းပေးသည့် အလုပ်သမားရုံး မှ အလုပ်အကိုင်ရှာဖွေပေးလိမ့်မည် ဖြစ်သည်။ “ဂိုယုန်းဂျီဝမ်စင်တာ” မှ တရားဝင်ေ±ွှ့ပြောင်းအလုပ်သမားအား အသုံးပြုနိုင်သည့် စက်ရုံများသို့ အလုပ် နေရာအသစ်ကို ရှာဖွေပေးလိမ့်မည် ဖြစ်သည်။
၎၊ ကုမ္ပ္ပဏီမှ လုပ်အားခ အချို့ကိုမပေးပဲ သိမ်းဆည်းထားခဲ့မည် ဆိုလျှင်

မေး။ ။ကျနော်အလုပ်လုပ်သော ကုမ္ပဏီတွင် ရွှေ့ပြောင်းအလုပ်သမား(နိုင်ငံခြားသား အလုပ်သမားများ) ငွေသုံးများသည်ဟုဆိုကာ လစာ၏ အချို့တဝက်အား ဘဏ် တွင် သိမ်းဆည်းမည်ဟုဆိုလာပါသည်။ အကယ်၍ သိမ်းထားသောငွေများကို ပြန် မပေးခဲ့လျှင် “ဘယ်လိုလုပ်မလဲ”ဟု စိုးရိမ်မိပါသည်။ ထိုအခြေအနေမျိုးတွင် မည်ကဲ့ သို့ ပြုလုပ်ရမည်နည်း။

အလုပ်ရှင်သည် အလုပ်သမားမှ သဘောတူညီမှုမရှိပဲ အဓမ္မ ငွေစုဆောင်းပေးခြင်း၊ သို့မဟုတ် စုဆောင်းငွေကို ကိုင်တွယ်၍ စီမံဆောင်ရွက်ခြင်း၊ မပြုနိုင်ပေ။ အဓမ္မပြု လုပ်ခဲ့ခြင်းဖြစ်ပါက၊ အလုပ်သမားအား လွယ်ကူစွာ အကြပ်ကိုင်လိုခြင်းနှင့် ဖိအားပေး၍ အလုပ်ခိုင်းစေလိုသောကြောင့်သာ ဖြစ်မည်။ အကယ်၍ ကုမ္ပဏီမှ ထိုသို့ပြုလုပ်မည်ဟု ဆိုလာလျှင် “မလုပ်နိုင်ပါ” (ရှစ်ဒါ)ဟု၊ ပြတ်ပြတ်သား သား မိမိ၏ သဘောထားကို ပြောရမည်။ ပြောသည့်တိုင် ကုမ္ပဏီမှ အဓမ္မပြုလုပ် လာလျှင် အတိုင်ပင်ခံအဖွဲ့အစည်းများနှင့်၊ အလုပ်သမားဝန်ကြီးဌာနရှိ အလုပ် သမားရုံးသို့ သွားရောက်၍ တိုင်ကြားကာ အကြံဉာဏ်နှင့် အကူအညီ ရယူနိုင် သည်။ အကယ်၍ ငွေစုထားသည်ကို လက်ခံသော်လည်း နောင်တွင် ပြန်လည် ထုတ်ယူရန်အခက်အခဲရှိနိုင်သည်ဟု စိုးရိမ်ခြင်းဖြစ်ပါက၊ မိမိ၏ အမည်ဖြင့်ပြုလုပ် ထားသော ဘဏ်စာရင်းအတွင်းသို့ လစာငွေကို ပို့ပေးပါဟုလည်း ပြောဆို၍ ပြုလုပ်နိုင်သည်။ သို့သော် ဘဏ်စာရင်းစာအုပ်နှင့် တံဆိပ်တုံး( ပြုလုပ်ထားပါက) တို့အပြင် ငွေထုတ် ငွေသွင်း ပြုလုပ်နိုင်သော ဘဏ်ကတ်ကိုလည်း ကာယကံရှင်ဖြစ် သူမှ ရယူထားရမည်ဖြစ်သည်။ ထိုအခါမျိုးတွင် ဘဏ်စာရင်းစာအုပ်နှင့် ဘဏ်ကတ် လျှို့ဝှက်နံပါတ်အား မည်သူမျှ မသိစေရန် လိုအပ်ပါသည်။

၅၊ နိုင်ငံကူးလက်မှတ်အား ကုမ္ပဏီမှ သိမ်းဆည်းခဲ့မည်ဆိုလျှင်
မေး။ ။ ကုမ္ပဏီမှ အလုပ်သမားများ၏ နိုင်ငံကူးလက်မှတ်နှင့် နိုင်ငံခြားသား မှတ်ပုံတင် ကဒ်များကို သိမ်းယူထားပါသည်။ မိမိ၏ နိုင်ငံကူးလက်မှတ်အား အခြားသူက သိမ်းယူထားသည်ဖြစ်၍ စိုးရိမ်မိသလို၊ အပြင်ထွက်၍သွားလာရာမှ ဗီဇာရက် ကျော် နေထိုင်သူဟုဆိုကာ ဖမ်းဆီးသွားမည်ကိုလည်း စိုးရိမ်မိပါသည်။ ထိုအခါမျိုး တွင် မည်သို့ ပြုလုပ်ရမည်နည်း။

ဖြေ။ ။ အလုပ်သမားဥပဒေပါ အကြောင်းအရာမဟုတ်သော်လည်း၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွင် နိုင်ငံကူးလက်မှတ်အား ကာယကံရှင်ဖြစ်သူမှသာ သိမ်းဆည်းထားရန် ပါရှိသည်။ ကုမ္ပဏီမှ နိုင်ငံကူးလက်မှတ်ပေးပါဟု တောင်းခံလာချိန်တွင် ငြင်းဆိုရန် ခက်ခဲသော်လည်း၊ ငြင်းရမည်ဖြစ်သည်။ ငြင်းသည့်တိုင် ကုမ္ပဏီဘက်မှ ထပ်ခါ ထပ်ခါ တောင်းဆိုလာပါက အလုပ်သမားဝန်ကြီးဌာနရှိ အလုပ်သမားရုံးဖြစ်စေ၊ အတိုင်ပင်ခံအဖွဲ့အစည်းများသို့ဖြစ်စေ သွား၍ ဆွေးနွေးအကူအညီယူခြင်းသည် အကောင်းဆုံးဖြစ်သည်။ အကယ်၍ ကုမ္ပဏီမှ မဖြစ်မနေ လိုအပ်သည်ဟု တောင်းဆိုလာလျှင် မိတ္တူကူး၍ ပေးနိုင်ပါသည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ