မှတ်မှတ်ရရ တသသ (တပ်သားသစ်) အပိုင်း(၁)
(မင်းလွမ်းနောင်) ၅-၅-၂၀၁၁
ကျွန်တော် ...ကျွန်တော်ဆိုတာ ကတော့ ဧရာဝတီတိုင်းရဲ. မြစ်ဝကျွန်ေးပ်ါဒေသ ကရင်လူမျိုးအများစုနေထိုင်တဲ့ မြို.လေးတစ်မြို.က အညတရ ဆင်းရဲသားလေးတစ်ယောက်ပါ..မြို.ပေါ်ကဘုန်းကြီးကျောင်းမှာဘုန်းကြီးကျောင်းသားအဖြစ်လုပ်လိုက် မြို.ထဲမှာ ဆိုက္ကားလေးနင်းလိုက်နဲ. ကျောင်းစားရိတ်ရှာနေရသူတစ်ယောက်ဆိုလဲမမှားပါဘူး ကိုယ်ဒူးကိုကိုယ်ချွန်ရင်း သူခိုးမဖြစ်ဂျပိုးမဖြစ်ဖို.အတွက်ကတော့ ကျွန်တော်မှီခီုနေတဲ့ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်များက သွန်သင်ဆုံးမပေးကြပါတယ်....မိခင်လုပ်သူကလဲ ဆယ်တန်းဖြေမဲ့နှစ်မှာ ကွယ်လွန်သွားခဲ့ပါပြီ...ဒီနေရာမှာ ပြည်သူ.ကျန်းမာရေး(ဆေးရုံ)အကြောင်းပြောစရာပေါ်လာပါတယ် ကျွန်တော်က အရင်ထဲက ကျောင်းသားဘ၀မှာ ကြက်ခြေနီ တပ်ဖွဲ.ထဲဝင်ရောက်ပြီးလူမှု.ရေးလုပ်ငန်းတွေကို အားကျိုးမာန်တက်လုပ်ပေးခဲ့သူပါ...ကြက်ခြေနီမှ ပေးအပ်သော ထူးချွန်ဆုကိုလဲ
ရရှိခဲ့ဖူးပါတယ်..ကျွန်တော်အမေ မကျန်းမာဖြစ်နေချိန်မှာ ကျွန်တော်မှာ ဆေးဖိုးဝါးခ ဆိုတာမရှိပါဘူး...ဒီတော့ကျွန်တော် အလုပ်ထွက်လုပ်ရပြီပေါ့ဗျာ..မုန်.ရုံလေးတစ်ခုမှာ ၂လလောက်လုပ်ခဲ့ရပါတယ်..ရတဲ့ငွေကြေးလေးနဲ. ဆေးရုံတင်မယ်ပေါ့ဗျာဒီလိုနဲ. ကျွန်တော်လဲ အမေ့အခြေအနေ တော်တော် ဆိုးလာတော့ ကျွန်တော်ကို ကူညီပေးနေတဲ့ မိခင်နဲ.ခလေးစောင့်ရှောက်ရေးအသင်းကတာဝန်ခံဆရာမ နဲ.တိုင်ပင်ပြီး ဆရာမကပဲ အစစအရာရာ ကူညီပေးပါတယ်...ဒီလိုနဲ. ကျွန်တော်အမေ မျက်နာမွဲမွဲနဲ.ပဲ ဆေးရုံးပေါ်ရောက်လာတယ်ပေါ့ဗျာ...ကျွန်တော် မျက်နာလေးနဲ.ဆရာမမျက်နာလေးပေါင်းပြီးတော့ ကျွန်တော့်အမေကို ဆေးပုလင်းတွေ နှခေါင်းပိုက်တွေလာသွင်းပေးသွားပါတယ် ..ဒါပေမဲ့ ငွေမရှိတဲ့ ရောဂါသည်ဖြစ်တဲ့အတွက် ဆေးရုံကဆရာဆရာမတွေ ဂရုစိုက်ကုသမျိုးတော့မရှိပါဘူး...ဒီလိုနဲ.ပဲ ဆရာမတွေရဲ. ဥပေက္ခာပြုခြင်း တွေ ဆေးဝါးမပြည့်စုံတာတွေ ရောဂါမရှာဖွေတာတွေကြောင့် ကျွန်တော်အမေလဲ အသက် ၄၂ နှစ်မှာသေဆုံးခဲ့ရပါတယ် ..(အဲဒါကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ. စားရိတ်မျှပေး ကျန်းမားရေးအစီအစဉ် ကောင်းပုံလေးပါ)..။
ဒီလိုနဲ. အမေ့ ရက်လည်ကိစ္စတွေ ပြီးစီးသွားတော့မှ ကျွန်တော်လဲ ကျောင်းပြန်တက်ဖြစ်ခဲ့ပါတယ် ကျောင်း(၂)လောက်ပျက်ကွက်ခဲ့ရတာကိုတော့ ကျောင်းအုပ်ကြီးနဲ. ဆရာ/မ တွေအားလုံးက ကျွန်တော်ကို ၀ိုင်းပြီးကူညီပေးကြပါတယ်..ဒီလိုနဲ.ပဲကျွန်တော် ဆယ်တန်းစားမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ပါတော့တယ်...(ခိုးချတာလဲပါတာပေါ့နော်)
ဒီလိုနဲ. အောင်စာရင်းထွက်ပြီး အလုပ်ရှာရင်းကျောင်းဆက်တက်ဖို.စားရိတ်ရှာမယ်ပေါ့..
ရုံးစားရေးအလုပ်ကြတော့လဲ ဘွဲ.ရ ..မြေတိုင်းကြတော့လဲ အကပ်ရှိမှ ...ကျောင်းဆရာဆိုပြန်တော့လဲ ပညာရေးတက္ကသိုလ်တက်မှ နောက်ဆုံးကျောင်းစားရေးကြပြန်တော့လဲ လေဘာကတ်ရှိမှ တဲ့လေ......။။
..ဒီတော့ကျွန်တော်အနေနဲ. အလုပ်ကဘယ်ဟာမှအလုပ်မဖြစ်တော့ဘူးပေါ့ ဒီတော့ ကျွန်တော် စစ်တပ်ထဲဝင်မယ်ပေါ့ဗျာ..သူငယ်ချင်းတွေကိုဖွင့်ပြောတော့ အားလုံးတားကြပါတယ်..ဒါပေမဲ့ကျွန်တော် ဆုံးဖြတ်ချက်ချပြီး တပ်ထဲကိုဝင်ဖို.အတွက် အထုပ်ကလေးကို လွယ်ပြီးထွက်လာခဲ့တယ်လေ..စဉ်းစားထားတာက ရေတပ်ထဲဝင်ဖို. ပဲ ဒီလိုနဲ. ပုသိမ်မြို.ကို သွားဖို. ကားစောင့်နေတုန်း (ပုသိမ်ရေတပ်စခန်းမှတိုက်ရိုက်ဝင်ရန်ဖြစ်ပါတယ်) လမ်းကြောင်းလာပါပြီ ...အရှေ.မှ ပွိုင့်ကားအနောက်မှလဲ ကားပေါင်းများစွာနဲ. စစ်သားတွေကိုမြင်တွေ.ခဲရပြီး တိုင်းမှူး ခရီးစဉ်ဖြစ်ကြောင်းသိလိုက်ရပါတယ် ..ထိုတိုင်းမှူးကတော့ (ဗိုလ်ချုပ်သူရရွှေမန်းဖြစ်ပါတယ်)
ယခုတော့ ဗိုလ်ချုပ်ကြီးသူရရွှေမန်းပေါ့ဗျာ...သူ.ကိုမြင်ပြီးကျွန်တော် ဆုံးဖြတ်ချက် ပြောင်းခဲ့ပါပြီ..နိုင်ငံတော်မှာ အကြီးအကဲဖြစ်မြန်တာ ကြည်းတပ်ပဲ ဆိုပြီး ပုသိမ်သွားမဲ့ခရီးစဉ်ကို ဖျက်လိုက်ပြီး ထိုနေ.မှာပဲ ကျွန်တော်တို.မြို.က စုဆောင်းရေး တပ်ဆွယ်ကိုသွားပြီး စာရင်းပေးသွင်းခဲ့ပါတယ်..။တပ်ဆွယ်က တပ်ကြပ်ကြီးတစ်ဦးနဲ.တွေ.တော့ သူက ပြုံးရွှင်တဲ့ မျက်နာထားနဲ. (တကယ်ကတော့ သားကောင်မိလို.ပျော်နေတဲ့ မုဆိုးနဲ.တူနေပါတယ်)ကျွန်တော်ကို ကြိုဆိုပြီး စာအုပ်ကြီးချပြပါတော့တယ်..ဘယ်တပ်ထဲဝင်မလဲပေါ့ဗျာ..ကျွန်တော်ကလဲ စစ်သားပဲတိုက်တာခိုက်တာ ၀င်မယ်ဆိုတော့ သူက ဟာ ညီလေးကလဲ မင်းပုံနဲ. မဖြစ်သေးပါဘူးကွာ နောက်တစ်တပ်ရှာအုံး ပြောလာတယ်လေ..ဒါနဲ.တပ်တွေသာ ကျွန်တော်အကြိုက် တွေကုန်သွားတယ် ၀င်ရမဲ့မရှိဘူးဖြစ်နေတယ်..ဒီတော့သူက ပြောတယ် ညီလေးအခုခေတ်က ဘာခေတ်လဲသိလားတဲ့ ကျွန်တော်ကလဲ ဟာအကိုရာသိတာပေါ့ ဆောက်လုပ်ရေးခေတ် ပေါ့လို.(မြန်မာ့ရုပ်မြင်သံကြားထဲကပုံစံနဲ.)ပြောလိုက်ပါတယ်.......။
အဲဒီလိုနဲ. ကျွန်တော်လဲ စစ်အင်ဂျင်နီယာလို.ခေါ်တဲ့ ကကယာ ကို အင်အားဖြည့် ဖြစ်သွားပါတော့တယ်ဗျာ.....လူမပြည့်သေးတော့ သူတို.က ရန်ကုန်ကိုမပို.သေးပါဘူး နောက်နေ.မှ ထွက်ဖြစ်ပြီး ကျွန်တော်တို.မြို.ကနေခွာပါတယ်...
အဲဒီမှာ ကျွန်တော် တုံးပုံလေးပြောပြပါမယ်..ရန်ကုန်သွားတဲ့ ခရီးစာရိတ်ကို ကိုယ့်ငွေနဲ.ပေးပြီး ရန်ကုန်ရောက်တော့ လိုက်ပို.ပေးတဲ့ တပ်ကြပ်ကြီးကို ထမင်းကြော်တောင်ဝယ်ကျွေးခဲ့ရပါသေးတယ်ဗျာ...(အမှန်ကတော့ ကျွန်တော်ဟာ လူပွဲစားဖြစ်တဲ့ တပ်ကြပ်ကြီးက စစ်အင်ဂျင်နီယာ တပ်ကို ရောင်းစားခံလိုက်ရတာပါ) ဒါကလဲ စုဆောင်းရေးတပ်တွေမှာ လုပ်စားနေကြဆိုတာကို နောင်အခါတာဝန်ထမ်းဆောင်မှ သိခဲ့တာပါ...။ ဒါပေမဲ့ ခေါ်လာတဲ့တပ်ကြပ်ကြီးက ကျွန်တော်ကိုတော့ စေတနာထားရှာပါတယ်....ကျွန်တော်ကို ရုံးအဖွဲ.မှာ ထားပေးပါတယ်..(.ရုံးအဖွဲ.ဆိုတဲ့နေရာမှာ တော့ အကပ်လေးတွေနဲ.လာသူတွေ ဆရာတွေနဲ.အဆင်ပြေသူတွေ ပဲနေရတာပါ) ။
ဒီလိုနဲ. အမှတ်(၁)တပ်မတော်စုဆောင်းရေးတပ်(ဒညင်းကုန်း) ကိုရောက်ရှိပြီး တပ်အ၀င်ဂိတ်မှာအသင့်စောင့်နေတဲ့ တပ်ရဲ အိုအိုကြီးတစ်ယောက်က အသင့်စောင့်နေလေရဲ.ဗျာ..ကျွန်တော်ကတော့ တပ်ထဲဝင်မယ်ဆိုထဲက ဆံပင်ကို တိုတိုညှပ်ပြီး ဖီလ် ခေါင်းလိမ်းဆီဗူးအသစ်ကလေးပါဝယ်ထားတာပေါ့...ဒါပေမဲ့ မရပါဘူးဗျာ..ဆံပင်ပြန်ညှပ်ရမယ် ထိုင် ဆိုပြီး စက်ကပ်ကြေး (ကျွန်တော့်စိတ်ထင်အထဲမှာသံကြေးတွေကိုက်နေတယ်ထင်ပါရဲ.) နဲ. အရှေ.ကနေ. နောက်စေ.ထိတစ်ကြိမ်း နောက်ထပ်ဘေးတွေကိုတစ်ကြိမ်စက်ကပ်ကြေး တုံးတုံးကြီးနဲ. နုတ်ပါတော့တယ်ဗျာ...အံကြိတ်ပြီး ခံလိုက်ရတာပေါ့ဗျာ..ပြီးတော့ကျွန်တော်ဝယ်ထားတဲ့ ခေါင်းလိမ်းဆီဘူးလေးကို တပ်ရဲ အိုအိုကြီးကပဲ ယူသွားပါတော့ဗျာ...ပြီးတော့လဲ ဆံပင်ညှပ်ခ (၅၀) ကျပ် တောင်ပေးခဲ့ရပါသေးတယ်...ဒါကတော့ စုဆောင်းရေးရောက်လာတဲ့ အတွေ.အကြုံ အသစ်ချပ်ချွတ်လေးပါဗျာ........
(အပိုင်း -၂- မှာတော့ စုဆောင်းရေးတပ်ရဲ.အတွင်းက အဖြစ်မှန်လေးတွေနဲ. တသသ(တပ်သားသစ်)တွေ ခံစားခဲ့ရတာကို တင်ပြပေးပါမယ် )
မင်းလွမ်းနောင်
စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Subscribe to:
Post Comments (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
9:26 PM | Posted by လူဗိုလ်ဟူသည် ...... Posted by လင်းဦး(စိတ်ပညာ) အမည် ။ ။ ရန်ကြီးအောင် (ခေါ်) မောင်လှထွန်း အသက် ။ ။ ၁၈နှစ...
-
July 11th, 2011(လွတ်လပ်သောမွန်သတင်းအေဂျင်စီမှကူးယူဖော်ပြသည်) ကျလွန်းထော – ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ တရားဝင်လုပ်သားမှတ်ပုံတင်...
-
စစ်ခရာသံများ စစ်တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး အောင်မျိုးမင်းသည် စစ်တက္ကသိုလ် ဗိုလ်လောင်းများအား စစ်ခရာသံများနှင့် ပတ်သက်၍ ကြာ...
-
Monday, 25 July 2011 16:17 ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့်...
-
ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်န၀ပ်သည် ၄င်းမြန်မာနိုင်ငံကို သွားရောက်သည့် အခါ မြန်မာ့ ဒီမိုကရေစီ ရေးခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့် တေ...
-
26 September, 2011 ဒီပို့ စ်ကို မျှဝေတင်ပို့ သူ နော်မန် အကြောင်းအရာ ဓာတ်ပုံ ASSOCIATED PRESS ရွှေဝါရောင် သံဃာ့လှုပ်ရှ...
-
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၁၂ (lese majeste’) အရ ပြစ်ဒဏ်ခတ်တဲ့ ဘုရင်ကိုစော်ကားတဲ့ပြစ်မှုကို ပြင်ဆင် မယ်လို့ပြောဆိုေ...
-
လင်းသန့် Thursday, 07 July 2011 14:22 အကျဉ်းထောင်များသို့ ...
-
Posted byနေ.သစ် on July 8, 2011 ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ စက်မှုဇုံ (၃) မှ ခေတ်သစ် ချစ်တီးသူဋ္ဌေး ဦးမူသီး နှင့် အာဏာပါ...
No comments:
Post a Comment