.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Friday, May 6, 2011

ဆန္ဒပြ မြန်မာအလုပ်သမား ၂ ဦးကို မလေးရှားရဲ ဖမ်းဆီး

2011-05-06
မလေးရှားနိင်ငံမှာရှိတဲ့ Electronics ပစ္စည်းထုတ်စက်ရုံ တရုံက မြန်မာ အလုပ်သမား၂၄ ဦး အလုပ်မဆင်းပဲ ဆန္ဒပြခဲ့ရာ ၂ ဦးကို မေလ ၅ ရက် မနေ့ညက ရဲက ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ BCM အဖွဲ့က RFA ကို ပြောပြပါတယ်။
(Photo: AFP)
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ နိုင်ငံခြား အလုပ်သမားများ နေထိုင်ရာ အဆောင်တခု ဖြစ်ပါသည်။ (Photo: AFP)
အဲဒီစက်ရုံကတော့ Johore ပြည်နယ် Sanai Jayar မြို့နယ်မှာရှိတဲ့ Rohe Birt Electronics ပစ္စည်းထုတ်စက်ရုံလို့ သိရပြီး မြန်မာ၊ နီပေါလ်၊ Bangladesh နဲ့ ဗီယက်နမ် အလုပ်သမားတွေ ငှားရမ်း လုပ်ကိုင် လည်ပတ်နေတဲ့ စက်ရုံ ဖြစ်ပါတယ်။
ဆန္ဒြပရတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဆန္ဒပြအလုပ်သမား ၂၄ ယောက်အနက်
တဦးဖြစ်တဲ့ ကိုသန်းစိုးအောင်က RFA ကို အခုလို ပြောပါတယ်။
“နေရတာက ၂၄ ယောက်။ ကျွန်တော်တို့ နေရတဲ့ ဟောခန်းကြီးထဲမှာ ကျွန်တော်တို့ ၂၄ ယောက်က မနက်ခင်းမှာ ထချိုးတယ်၊ ရေချိုးခန်း၊ အိမ်သာ ၂ လုံး၊ ရေချိုးခန်း ၂ ခန်းနဲ့ အပြင်ဖက် ဟောခန်းမှာ တခါ ရေချိုးခန်း တခန်း ဆင်ပေးထားတယ်။ ရေချိုးကြတယ်၊ သူငယ်ချင်းတွေ အကုန်လုံး၊ စောစောထတဲ့လူတွေက။”
“ချိုးတော့ကျ ကျွန်တော်တို့ ရေသံတွေနဲ့ အိပ်မရဘူး။ အိပ်မရတော့ ကျွန်တော်တို့လည်း အဲဒီ အဆောင်ကို တဝက်ခွဲပေးပါ၊ လူတွေကလည်း များတယ်၊ ထမင်းဟင်းချက်တာလည်း အောခန်းထဲဆိုတော့ လှောင်ပိတ်နေတော့ ညှော်တွေနံတော့ကျ ကျွန်တော်တို့ ခြေထောက်တွေ ဘာတွေ ညောင်းကိုက်တယ်။”
အခုလို အလုပ်မဆင်းပဲ ဆန္ဒပြ နေကြတဲ့အချိန်မှာ မြန်မာ အလုပ်သမားထဲက ၂ ဦးကို အဆောင်ကနေ ရဲက ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် မြန်မာ့အရေး ကူညီဆောင်ရွက်ပေးနေ တဲ့ Burma Campaign Malaysia အဖွဲ့ကို မြန်မာ အလုပ်သမားတွေက အကူအညီ တောင်းခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ BCM အဖွဲ့တာဝန်ခံ ကိုထွန်းထွန်းက အခုလို ပြောပြပါတယ်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို စုံစမ်းပြီးတော့ ဒါကို ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ ကြိုးစားနေတယ်။ နောက်တခါ ကျွန်တော်တို့ အခု ဖြစ်တဲ့ ပြဿနာသည် ဝါဏိဇ္ဇ ပဋိပက္ခဖြစ်တဲ့အတွက် ဒါက ရဲ ဝင်ရောက် စွက်ဖက်ခွင့် မရှိဘူးဆိုတာကို ကျွန်တော်တို့ အနေနဲ့ မလေးရှား လူ့အခွင့်အရေး ကော်မရှင်မှာ ကျွန်တော်တို့ သွားရောက်တိုင်တန်းမယ်။ ဒီဟာတွေ မလုပ်ခင်မှာ ကျွန်တော့အနေနဲ့ အလုပ်သမား ဝန်ကြီးဌာနမှာ သွားပြီးတော့ ဝါဏိဇ္ဇ ပဋိပက္ခကို တိုင်တန်းမယ်။”

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ