.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Wednesday, April 20, 2011

ဆိုက်ရောက်ဗီဇာအတွက် လိုအပ်ချက်များသတ်မှတ်

ဇော်ဝင်းသန်း
အတွဲ ၂၆ ၊ အမှတ် ၅၁၃ (၈ - ၁၄ ၊ ၄ ၊ ၂၀၁၁)
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (အမ်အေအိုင်)လေကြောင်းလိုင်းဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိမြို့နှင့် တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့တို့မှ လိုက်ပါလာမည့် နိုင်ငံခြားခရီးသွားများ အဆင်ပြေချောမွေ့စေရန်အတွက် ဆိုက်ရောက်ဗီဇာကို ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင်ထုတ်ပေးလျက်ရှိရာ ဆိုက်ရောက်ဗီဇာလျှောက်ထားရာတွင်လိုအပ်ချက်အချို့ကို ခရီးသွားလုပ်ငန်းရှင်များအသင်း မှ ထုတ်ပြန်ထားသည်။
ဆိုက်ရောက်ဗီဇာ လျှောက်ထားမည့် မည့်သည့် နိုင်ငံခြားဧည့်သည်မဆိုလေးစင်တီမီတာ၊ ခြောက်စင်တီမီတာရှိ ပတ်စ်ပို့အရွယ်ဓာတ်ပုံ နှစ်ပုံ၊ အပြန်လေကြောင်းလက်မှတ်နှင့် ပတ်စ်ပို့သက်တမ်း အနည်းဆုံး ခြောက်လ ရှိရမည် ဖြစ်သည်။ တစ်ဦးတည်း လာရောက်လည် ပတ်သူဖြစ်ပါက
ကိုယ်ပိုင်ငွေ အနည်းဆုံး ဒေါ်လာ ၃၀၀ ပါရှိကြောင်းတင်ပြရမည်ဖြစ်ပြီး မိသားစု အလည်အပတ် လာရောက်ခြင်းဖြစ် ပါက အနည်းဆုံး ဒေါ်လာ ၆၀၀ ပါရှိကြောင်း တင်ပြရမည် ဖြစ်သည်။
ထို့ပြင် ဗီဇာကြေးများအဖြစ် စီးပွားရေး၊ လူမှုရေးနှင့် ဘာသာရေးဆိုင်ရာ ဗီဇာများအတွက် အမေရိကန်ဒေါ်လာ ၄၀ သတ်မှတ်ထားပြီး ခရီးသွားဗီဇာအား အမေရိကန်ဒေါ်လာ ၃၀ ဖြင့် သတ်မှတ် ထားကာ ဗီဇာသက်တမ်းကိုလည်း ၂၈ ရက်အထိ ပေးမည်ဖြစ်သည်။
သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီပါက ဆိုက်ရောက်ဗီဇာ အား ရန်ကုန်လေဆိပ်တွင် ချက်ချင်းထုတ်ပေးမည် ဖြစ်သည်။
ဆိုက်ရောက်ဗီဇာစနစ်ကို ၂၀၁၀ ပြည့်နှစ်၊ မေလ ၁ ရက်နေ့မှ စတင်ပြီး ပထမဆုံးအဖြစ်မည်သည့်လေကြောင်းနှင့် လာရောက် သူများ ကိုမဆို ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် နှစ်ခုတွင် စတင်ထုတ်ပေးခဲ့ပြီး လေးလ အကြာ စက်တင်ဘာလ ၁ ရက်နေ့ တွင် စနစ်အား ပြန်လည်လေ့လာသုံးသပ်ရန် အတွက် ပြန်လည်ရပ်ဆိုင်းခဲ့သည်။
ထို့နောက် ယခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ စတင်ခါ အမ်အေအိုင်လေကြောင်းလိုင်းဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိမြို့မှ ဝင်ရောက်လာသူများအပြင် မတ်လ ၃ ရက်နေ့တွင် စတင်ပျံသန်းပြေးဆွဲနေသော အမ်အေအိုင်၏ကွမ်ကျိုးခရီးစဉ် လမ်းကြောင်းမှ ဝင်လာသော နိုင်ငံခြားဧည့်သည်များကိုလည်းမတ်လ ၂၁ ရက်နေ့မှ စတင်ခါ ဆိုက်ရောက်ဗီဇာထုတ်ပေးနေသည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ