.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Wednesday, April 20, 2011

မာယာ ၊ မုန်တိုင်း၊ ပင်လယ် နဲ့ ငါ့လှေ



မာယာ ၊ မုန်တိုင်း၊ ပင်လယ် နဲ့ ငါ့လှေ

နက်ရှိုင်းကြည်လင် ၊ ပင်လယ် ပြင်ဝယ်
အားအင် မာန်တင်း ၊ ဇွဲ ကိုသွင်းရ်ျ
လှေတစ်စင်း နှင့် ရွက်လွင့်မယ် ။

ရွက်လွှင့်ပြီဆို ၊ ဘာကိုမှ မကြောက်
ခြိမ်းခြောက်သံလား ၊မုန်တိုင်းလား
အိုယောက်ကျားပဲ ၊နည်းနည်းမလျော့
မုန်တိုင်းလောက်တော့ အပျော့ပဲ ။

စိတ်ထဲ မမှု ၊ဂရုမစိုက်
ရွက်ဖွင့် လိုက်မယ် ၊ တိုက်စမ်း မုန်တိုင်း _ ထင်ရာ စိုင်း ။

ဟော_ ဟိုရှေ့မှာ ၊ ကာ-ကာ -ကာဆီး
ကျောက်ဆောင် ကြီးမို့၊ ငိုညည်းကြောက်ရွံ
နောက်တွန့်ခွေပျော့၊ အားလျော့ မယ်များ ထင်သလား ? ၊
ဟင်း ! ဝေးပါသေး၊ လှေလေးငယ်ငယ်
ခိုမှီတွယ်ရ်ျ ၊ ပင်လယ် ပြင် သွား
စွမ်းပကားနှင့် ၊ ယောကျာ်း ပီဘိ
ငါ့သတ္တိကို ၊ သိရှိနားလည်သင့်ပါ့ပြီ ။

ပင်လယ် ဆိုတာ မာယာ များသား
ကြည်သာယိမ်းညွတ်၊ လှိုင်းကြက် ခွပ် မှာ
ဆွတ်ပျံ့ တိမ်းမူး ၊ ရွှင်ကြည်နူးမို့ ၊
စိတ်ကူးယဉ် ရ်ျ ကောင်းနေချိန် ၊
ဟိုတောင်ဆီမှာ ၊ ညှိ့ရောင်ပြရ်ျ
လှိုင်းစကြက်ခွပ် ၊ဇွတ်တိုးဗြောင်း ဆန်
ကြီးထွား မြန်ပြီး ၊ ပြင်း ထန် ရိုက်ဟီး
လှိုင်း လုံး ကြီးတွေ ၊ အော်မြည် နေ ပြီး
မိုးသက်မုန်တိုင်း ၊ ထန်တက်တကား ။

ပင်လယ် သဘော၊ စောကြော နားလည်
သိခဲ့ပြီ မို့ ၊ ငါသည်တုန်လှုပ်
နောက်မဆုတ် ပါ ။

အို _ ပင်လယ် ပြင် ၊ အသင့် နှင့် ငါ
တွေ့ကြပါပေါ့ ၊ သည်မှာ နောက်ဆုံး
သင်သာ ရုံး ရ်ျ ၊ လုံးဝ တွန်းလှန်
အောင်ပန်း ပန်လျက် ၊ ခရီး ဆက်သည်
လှေခွက် ချည်းကျန် ၊ အလံ မလှဲ
သည်တိုက်ပွဲ မှာ၊ ဇွဲ လုံ့ လနှင့်
သီရိယ မျိုး ၊ညဏ်အားကိုး ပြီး

သည် ခရီးတွင် ၊ လှိုင်း ကြီး ကွယ်ပျောက်
ငါ့လှေအောက် မှာ ၊ နောက်ဆုံး သင်ရောက် လာ ရမည် ။.................။  

ဒီပါအောင်  ...

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ