ခေတ်နှင့်လျော်ညီသည့် လုပ်ခလစာ သတ်မှတ်ပေးရန် တောင်းဆို
မြန်မာ အစိုးရအနေဖြင့် အလုပ်သမားများအား ခေတ်ကာလနှင့် လျော်ညီသော အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ပေးရန် မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမား သွေးစည်း ညီညွတ်ရေး အဖွဲ့ချုပ် (WFSLB) က ယနေ့ တောင်းဆို လိုက်သည်။
WFSLB မှ ကိုကံကြီးမောင်က “မြန်မာနိုင်ငံမှာက စက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေအတွက် အနိမ့်ဆုံးလစာ သတ်မှတ်ချက် မရှိသေးဘူး။ အခုချိန်မှာ ဆန်တပြည် ကျပ် ၁ ထောင် အထက်မှာ ရှိနေတယ်။ အလုပ်သမားတယောက်ရဲ့ လုပ်ခက တရက်မှ ၁၀၀၀ ကျပ် လောက်ပဲ ရနေတော့ လုံးဝ အဆင်မပြေကြဘူး။ ဒါကြောင့် အစိုးရအနေနဲ့ ခေတ်နဲ့ လျော်ညီတဲ့ အနိမ့်ဆုံး လစာ နှုန်းထားတွေ သတ်မှတ်ပေးဖို့ ဒီနေ့ ကြေညာချက်ထုတ် တောင်းဆိုရတာပါ” ဟု ပြောသည်။
အချက် ၇ ချက်ပါ WFSLB ၏ ကြေညာချက်တွင် ဒေသတွင်း နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံတွင် အလုပ်သမား တဦးအတွက် တလလျှင် အနိမ့်ဆုံးလစာ ၁၆၆ ဒေါ်လာ (ကျပ် ၁ သိန်းခွဲကျော်)၊ ကမ္ဘောဒီးယားတွင် ၆၁ ဒေါ်လာ (ကျပ် ၆ သောင်းဝန်းကျင်)၊ ဘင်္ဂလားဒေ့ရှ်တွင် ၄၃ ဒေါ်လာ (ကျပ် ၄ သောင်းကျော်) နှင့် အင်ဒိုနီးရှားတွင် ၁၂၃ ဒေါ်လာ (ကျပ် ၁ သိန်းကျော်) ရနေချိန်၌ မြန်မာ အလုပ်သမားများ၏ လစာမှာ ၁၀ ဒေါ်လာ (ကျပ် ၁ သောင်း) နှင့် ဒေါ်လာ ၂၀ (ကျပ် ၂ သောင်း) ကြားတွင်သာ ရရှိ နေကြောင်းလည်း နှိုင်းယှဉ် ဖော်ပြထားသည်။
“မြန်မာအလုပ်သမားတွေဟာ အနည်းဆုံးလုပ်ခ လစာတွေနဲ့ အလုပ်လုပ်နေ ကြရတဲ့အပြင် နေထိုင်မကောင်းလို့၊ သာရေး နာရေး ရှိလို့ အလုပ်မဆင်းနိုင်တဲ့ အခါမျိုးတွေမှာလည်း အလုပ်ရှင်ရဲ့ မတရား လစာ ဖြတ်တောက်ခြင်းတွေကို ခံနေကြရတယ်။ ဥပမာပြောရရင် တလ ၅၀၀၀၀ ကျပ်ရတဲ့ အထည်ချုပ်စက်ရုံ အလုပ်သမ တယောက်ဟာ တရက်ပျက်မိရင်ကို ၅၀၀၀ ကျပ် အဖြတ် ခံရတာမျိုးတွေ ရှိနေတယ်” ဟု ကိုကံကြီးမောင်က ရှင်းလင်း ပြောပြသည်။
မြန်မာ အစိုးရသစ်၏ သမ္မတဖြစ်လာမည့် ဦးသိန်းစိန်အတွက် တလလျှင် လစာငွေ ကျပ်သိန်း ၅၀၊ ကား ၆ စီး၊ ဒရိုင်ဘာ ၆ ယောက် အပါအ၀င် ခံစားခွင့်များစွာ ပေးထားကြောင်း၊ မြန်မာ အစိုးရ၀န်ထမ်းတဦး၏ အနိမ့်ဆုံး လစာမှာ ၃၀၀၀၀ ကျပ်နှင့် စက်မှုဇုန် လုပ်သားတဦး၏ ပျမ်းမျှလစာမှာ ၁၂၀၀၀ ကျပ် ၀န်းကျင်သာ ရရှိကြောင်း၊ သမ္မတလစာသည် စက်မှုဇုန် အလုပ်သမားတဦး လစာထက် ၄၁၆ ဆနှင့် အစိုးရ၀န်ထမ်းငယ် တဦး၏ လစာထက် ၁၆၆ ဆအထိ မြင့်မားနေကြောင်းလည်း ကြေညာချက်တွင် ထောက်ပြ ထားသည်။
မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ် နှောင်းပိုင်းမှ စတင်ကာ အလုပ်သမား လှုပ်ရှားမှုများ မြင့်မားလာခဲ့ပြီး ယခုအချိန်ထိ လုပ်အားခ တိုးမြှင့်ပေးရေးနှင့် အလုပ်သမား အခွင့်အရေး ရရှိရေးကို စက်မှုဇုန်လုပ်သားများက တောင်းဆိုနေရဆဲ ဖြစ်သည်။
မတ်လ ၈ ရက်နေ့ကလည်း ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်ရှိ တရုတ်လူမျိုးပိုင် “တိုင်ယီ” (Taiyi) ဖိနပ်စက်ရုံ၌ အလုပ်သမား ၁၇၀၀ ကျော်တို့က အလုပ်သမား ရပိုင်ခွင့်များ တောင်းဆိုမှု ပြုလုပ်ခဲ့သေးသည်။
“အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင် ဘန်ကောက်မြို့နားက အလုပ်သမားတွေဟာ တရက်ကို အနိမ့်ဆုံး ၂၂၀ ဘတ် (ကျပ် ၆ ထောင်ကျော်) ရရမယ်၊ မဲဆောက်မှာဆို အနိမ့်ဆုံးလုပ်ခ ဘယ်လောက် ရှိရမယ် စသည်ဖြင့် သတ်မှတ်ချက်တွေ ရှိတယ်။ ဒီမှာက ဒါမျိုး လုံးဝမရှိတဲ့အတွက် ကျနော်တို့ တောင်းဆို နေရတာဖြစ်တယ်” ဟု ကိုကံကြီးမောင်က ပြောသည်။ (ဝေမင်း)
စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Subscribe to:
Post Comments (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
ဆရာတာရာမင်းဝေ၏ကဗျာများ၊စာများကိုတစုတစည်းတည်းဖတ်ရှုနိုင်ကြစေရန်စုဆောင်းတင်ပြထားခြင်းဖြစ်ပါသည်။ ကျနော်တင်ပြထားသည်များအပြင်အခြ...
-
စိုင်းစိုင်းခမ်းလှိုင် မွေးသက္ကရာဇ် ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက် အမည်ရင်း မိဘအမည် စိုင်းခမ်းလှိုင် +စဝ်ဝေဠုသိဂီ င်္ နိ...
-
“ဖူးခက်မှ မြန်မာအလုပ်သမားများ ဆန္ဒပြ၊ မြန်မာအလုပ်သမားများ လုပ်ငန်းရှင်နှင့် ညှိနှိုင်း” မူ...
-
ကာယ ဥာဏအလုပ်သမားများ အစည်းအရုံးမှ ဗဟုသုတစာပေ/ပညာပေးစာပေ/အလုပ်အကိုင်/အလုပ်သမားဥပဒေ/သတင်းနှင့်နည်းပညာများကို အချိန်နှင့်တပြေးညီ တင်ပြရေးအတွက...
-
ဘင်္ဂါလီအများစု နေထိုင်ရာ ရွှေပြားရပ်ကွက်ကို ဘင်္ဂါလီများက ကိုယ်တိုင် မီးရှို့ပြီး ထွက်ပြေးသွားရာ လက်ရှိအချိန်တွင် နေအိမ် ၃၀ခန့် မီးလောင် ကျွမ...
-
ထိုင်း ပြည်တွင်းလေကြောင်းလိုင်း ၄ လိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ ဘန်ကောက်မြို့နှင့် ချင်းမိုင်မြို့များသို့နေ့စဉ် ပြေးဆွဲလျှက်...
-
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် အိမ်ထောင်သက် ၁၆ ရက်သာ ရှိသေးသော ညားခါစ ဇနီးမောင်နှံ နှစ်ဦးမှာ အဆိပ်သောက်ကာ သေဆုံးသွားကြောင်း သတင်း ရရှ...
-
ဗီဒီယီုဖေ့ဘွတ် စာမျက်နာမှ ကူးယူဖော်ပြသည်။
-
၁၀-၆-၂၀၁၂ ညနေ ၅ နာရီအချိန်တွင် ကျောက်ဖြူမြို့နယ် ဇွန်ပန်းချိုင်ကျေးရွာအနီးမှ တစ်ခါမှ မမြင်ဘူးသော စက်လှေ(၆၀)ခန့်ဖြတ်သန်းသွားပြီး ကျေ...
No comments:
Post a Comment