ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ လေးနိုင်မြို့နယ် ဒါချတာလမ်းမ သုစ၀ါလမ်းသွယ်ရှိ ရှမ်းတရုတ်ပိုင် အိမ်တွင်း အထည်ချုပ်စက်ရုံ (၃) ရုံတွင် တံခါးပိတ်ပြီး နေ့ရောညပါ အခိုင်းခံခဲ့ရသည့် မြန်မာအလုပ်သမားများက ၎င်းတို့၏ နစ်နာမှုအတွက် အလုပ်ရှင်ကို ထိုင်းအလုပ်သမား ဥပဒေအရ တရားစွဲဆိုရန် ပြင်ဆင်ဆောင်ရွက် နေလျှက်ရှိသည်။
ယင်းကဲ့သို့ အခိုင်းခံရသည့် မြန်မာအလုပ်သမား (၃၉)ဦးကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ဝင်များက ယခုလ (၁၉) ရက်နေ့ မွန်တည့်ချိန်တွင် စက်ရုံတွင်းမှ ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယင်းမြန်မာအလုပ်သမား (၃၉)ဦးထဲမှ လပေါင်းများစွာ အခိုင်းခံခဲ့ရသည့် အလုပ်သမား (၁၅) ဦးတို့ ရပိုင်ခွင့်များအတွက် တရားလိုလုပ်ပြီး တရားစွဲဆိုရန် ပြင်ဆင်ဆောင်ရွက်နေခြင်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဘီအေတီ၏ တာဝန်ခံ ဦးကျော်သောင်းက ယခုကဲ့သို့ ရှင်းပြသည်။
“ကျနော်က တရားလို၊ မတရား ပိတ်လှောင်ခိုင်းစေမှု၊ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု အစိုးရရဲ့ နယ်မြေအလိုက် သတ်မှတ်ထားတဲ့ လုပ်အားခတွေ မရရှိမှု၊ အလုပ်သမားတွေကို ပျမ်းမျှ တရက်ကို (၁၆) ကနေ (၂၀)နာရီအထိခိုင်းစေတဲ့အတွက် ကျန်းမာရေးအရလည်း ချိုးဖောက်တယ်။ အဲဒီချိုးဖောက်မှုတွေအတွက် ကျနော်က တရားလိုလုပ် တရားစွဲမယ်။ ကာယကံရှင် အလုပ်သမားတွေက ကျနော်ရဲ့ စွဲချက်ကို သူတို့က ဖြည့်စွက်ပြီးတော့ အမှန်အတိုင်းထွက်ဆိုမယ့် သက်သေဖြစ်မယ်” ဟု ပြောသည်။
တရားစွဲဆိုသည့်အချိန်တွင် သက်သေထွက်ဆိုမည့် အလုပ်သမား (၁၅)ဦးကို ထိုင်းအာဏာပိုင်များက လွတ်ပူရီမှာရှိသည့် အမျိုးသမီးထိန်းသိမ်းရေး စခန်းနှင့် ပထုံဌာနီထိန်းသိမ်းရေးစခန်းတို့တွင် ထားရှိပြီး ကျန်အလုပ်သမားများကို လေးနိုင်မြို့နယ် ရဲစခန်းက ထိန်းသိမ်းထားသည်ဟု ၎င်းက ဆက်ပြောသည်။
အထည်ချုပ်စက်ရုံလုပ်ငန်းခွင်အတွင်း မတရားပိတ်လှောင် ခိုင်းစေခံရပြီး လုပ်အားခမရရှိမှုများအတွက် လုပ်ငန်းရှင်ကို တရားစွဲဆိုချင်ကြောင်းနှင့် အထည်ချုပ်စက်ရုံမှ ကယ်ထုတ်ခံရပြီးနောက် ပထုံဌာနီ ထိန်းသိမ်းရေးစခန်းတွင် ရောက်နေသည့် မြန်မာအလုပ်သမားတဦးက လက်ရှိအလုပ်သမားများ နေထိုင်စားသောက်ရသည့် အခြေအနေကို ယခုကဲ့သို့ ပြောသည်။
“ကယ်ခဲ့တဲ့ နောက်ပိုင်း ကျနော်တို့ အခုနေရထိုင်ရတာက မိန်းကလေးတဖွဲ့က ယောင်္ကျားလေးကတဖွဲ့ သူတို့ကောင်းကောင်းမွန်မွန်ထားတယ်။ စားစရာတွေ အကုန်ပေးထားတယ်၊ အလုပ်ခွင်ထဲမှာ ဘယ်လို အနှိပ်စက်ခံရလဲဆိုတော့ အကုန်လုံးတံခါးတွေပိတ်ထားတယ် ဘယ်မှကို မသွားရ မလာရဘူး၊ ဘယ်သူနဲ့မှလည်း စကားပြောခွင့် မရှိဘူး။ ဖုန်းလည်းသိမ်းတယ် လစာလည်း မပေးဘူး၊ အစားအသောက်တွေလည်း ငတ်ငတ်ပြတ်ပြတ်ထားတယ်၊ ကျန်းမာရေးအတွက်လည်း သူတို့က ဆေးရုံဆေးခန်းတွေ လိုက်ပို့ပေးတာ မရှိဘူး၊ အဲလိုအဖြစ်မျိုးတွေ သူတို့နောက်ထပ်မလုပ်ရဲအောင် ကျနော်တို့လိုမျိုး နောက်ထပ်အလုပ်သမားတွေ မခံစားရအောင် အဲဒီသူဌေးကို ကျနော်တို့က တရားစွဲဆိုချင်တယ်” ဟု အလုပ်သမားတဦးက ပြောသည်။
မြန်မာအလုပ်သမားများ ပိတ်လှောင်ခိုင်းစေခဲ့သည့် အထည်ချုပ်စက်ရုံသူဌေးက လူငှားလွှတ်ပြီး အလုပ်သမားများ လွတ်မြောက်အောင်ဦးဆောင်လှုပ်ရှားခဲ့သူဟု ယူဆသည့် အလုပ်သမားတဦးကို နောက်ယောင်ခံလိုက်နေပြီး အလုပ်သမား အားလုံးအတွက်လည်း အသက်အန္တရာယ်ပင်ရှိကြောင်း ၎င်းအလုပ်သမားက ပြောသည်။
ယခု ကယ်ထုတ်နိုင်ခဲ့သည့် အလုပ်သမား (၃၉)ဦးသည် ထိုင်းနိုင်ငံတွင်း တရားဝင်အလုပ်လုပ်ခွင့် လက်မှတ်မရှိ သူများဖြစ်သည့်အတွက် ဒေသအာဏာပိုင်များက ထိုင်းဥပဒေအရ တရားမ၀င်နယ်စပ်ဖြတ်ကျော်မှုဖြင့် ထောင်ဒဏ်အပြစ်ပေးပြီး နယ်စပ်ပြန်ပို့မည်ကို စိုးရိမ်နေကြသည်။
စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Subscribe to:
Post Comments (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
ကချင်ပြည်နယ် တရုတ်နယ်စပ်အနီးရှိ စစ်ပြေးဒုက္ခသည် များအား ကူညီသွားရန် အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ(NDF)ပြည်နယ်ရုံးချုပ်ဖွင့်ပွဲအခမ်းအ...
-
August 1, 2011 ရက် ၊ 5:02pm တွင် ပြည် တီ ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။ အပြစ်မဲ့ လမ်းသွားလမ်းလ...
-
ဆရာတာရာမင်းဝေ၏ကဗျာများ၊စာများကိုတစုတစည်းတည်းဖတ်ရှုနိုင်ကြစေရန်စုဆောင်းတင်ပြထားခြင်းဖြစ်ပါသည်။ ကျနော်တင်ပြထားသည်များအပြင်အခြ...
-
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၁၂ (lese majeste’) အရ ပြစ်ဒဏ်ခတ်တဲ့ ဘုရင်ကိုစော်ကားတဲ့ပြစ်မှုကို ပြင်ဆင် မယ်လို့ပြောဆိုေ...
-
April 11, 2011 ရက် ၊ 3:16pm တွင် Way Min 007 ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။ နိုင်ငံခြားသားအလုပ်သမားများ အကူအညီလိုအပ်ပါက ဆက်သ...
-
စစ်တွေ လေယာဉ်ကွင်းတွင် လုံခြုံရေး ရယူထားသည့် တပ်မတော်သားများကို ယနေ့ညနေ ၅ နာရီ ၃၀ မိနစ်ခန့်ကတွေ့ရစဉ်။
-
ခြေတစ်လှမ်းက ကုဋေတစ်သန်းမသန်ပေမဲ့ လက်တစ်လှုပ်မှာ ငွေထုပ်တွေ တဖြုတ်ဖြူတ်ကြွေကျလာအောင်စွမ်းနိုင်တယ်။ နာမည်ကြီးအဆိုတော်မဟုတ်ပေမဲ့ အော်သံတ...
-
မြင်းခြံမြို့၊မြောက်ဈေး၊ လမ်းဘေးမှာ မိုးကာတဲလေးနဲ့ မလုံမခြုံနေရရှာတဲ့ မိမိအမည်ကိုတောင်မပြောနိုင် တဲ့ စိတ်ရောဂါရှင်ပါ။ ကလေးလေးမွေးဖွားပြီ...
-
အမ်အေ စီးရီး စက်သေနတ် ဖြစ်သည်။ အမ်အေ စီးရီး စက်လက်လေး ဖြစ်သည်။ ဘီအေ-၁၅ စက်လက် သေနတ်ကြီး ဖြစ်သည်။ အမ်အေ စီးရီး စက်သေနတ်နှင့် ၄၀မမ ဗုံ...
No comments:
Post a Comment