.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Saturday, April 23, 2011

မြိုင်ကြီးငူစခန်း တိုက်ခိုက်ခံရ


ကရင်ပြည်နယ် ကမမောင်းမြို့နယ် အနီးက ဒီကေဘီအေ ဌာနချုပ်ဖြစ်ခဲ့တဲ့ မြိုင်ကြီးငူစခန်းကို အခု နယ်ခြားစောင့်တပ် (ယခင် ဒီကေဘီအေ ၃၃၃) တပ်ဖွဲ့မှ ဗိုလ်ဖားဘိ ဦးဆောင်ကာ ဧပြီလ
၂၂ ရက်နေ့  ညနေ ၃ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက် ရှင်းလင်းခဲ့ပါတယ်။
နယ်ခြားစောင့်တပ် (ယခင် ဒီကေဘီအေ ၃၃၃) ဟာ ဗိုလ်ချုပ်မောင်ကြည် ဦးဆောင်နေတဲ့ တပ်ဖွဲ့ဖြစ်ပြီး မြိုင်ကြီးငူစခန်း မှာရှိတဲ့ လက်နက်တိုက် ရယ် ပစ္စည်းဂိုဒေါင်တွေရယ်ကို မီးရှို့ဖျက်စီးခဲ့တယ်လို့လည်း သိရှိရပါတယ်။ တိုက်ပွဲဖြစ်ချိန် ဟာ ၂ နာရီလောက်ကြာခဲ့ပြီး အတည်ပြုမရတဲ့ သတင်းအရ တိုက်ပွဲမှာပါတဲ့ အဖွဲ့တဖွဲ့မှာ အဖွဲ့ဝင် သုံးဦး ထိခိုက်သေ ဆုံးခဲ့တယ်လို့လည်း ကြားသိရပါတယ်။
မြိုင်ကြီးငူမှာဖြစ်တဲ့အခြေအနေကို ရွှေကုက္ကို နယ်ခြားစောင့်တပ်စခန်းမှ အမည်မဖေါ်လိုတဲ့ (ယခင် ဒီကေဘီအေ ၉၉၉) တပ်မှူးတဦး ပြောပြတာက ….
“ဟုတ်တယ် မနေ့က ညနေဘက် မြိုင်ကြီးငူမှာဖြစ်တာ သုံးယောက်ကျတယ်ကြားတယ် ဘယ်ဘက်ကမှန်းမသိဘူး ကျနော်တို့ ကြားတာကတော့ အကုန်မီးရှို့သွားတယ်လို့တော့ ကြားတာပဲ။ လက်နက်တိုက်လဲ ပါသွားတယ်။ မြိုင်ကြီးငူ စခန်းက ကမမောင်းမြို့နဲ့ သံလွင်မြစ် ဟိုဘက်ကမ်း ဒီဘက်ကမ်းပဲ မြိုင်ကြီးငူက အရှေ့ဘက်ကမ်းမှာ။ ကျနော်တို့ သိ သလောက်တော့ နယ်ခြားစောင့် စလုပ်ကတည်းက အချင်းချင်းကြားမှာ မကျေနပ်တာတွေ ရှိနေကြတာ အဲဒါတွေ ကြောင့်လို့တော့ ကြားတာပဲ” လို့  ပြောပြသွားပါတယ်။
ဒီကေဘီအေတပ်ဖွဲ့ဝင်တွေရဲ့ မြိုင်ကြီးငူ ဌာနချုပ်စခန်းဟာ ၁၉၉၅ ခုနှစ်တုန်းက ကေအန်ယူ မှ ခွဲထွက်ကာ မြိုင်ကြီးငူ ဆရာတော် ဦးသုဇန ဦးစီးမှုနဲ့ ဒီကေဘီအေ အဖွဲ့တည်ထောင်ပြီး နအဖ နှင့် အပစ်ရပ်ခဲ့စဉ်ကာလများက ဌာန ချုပ် လုပ်ခဲ့တဲ့ နေရာ ဖြစ်ခဲ့ပါတယ်။
မြိုင်ကြီးငူဆရာတော်ဟာ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှာ ကေအန်ယူနဲ့ ဒီကေဘီအေ အပစ်ရပ်ဖို့အ တွက် ကေအန်ယူနဲ့ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဆောင်ခဲ့ပြီး၊ နအဖ က ဖိအားပေးလာတဲ့ ဒီကေဘီအေကို နယ် ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကိစ္စမှာ နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားတဲ့ ၂၀၁၀ သြဂုတ်လ ၁၉ ရက် နေ့ မတိုင်မီအထိ ဆရာတော်ဟာ ဒီကေဘီအေ ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ လက်ခံခြင်းမရှိ ဘူးလို့ သိရှိခဲ့ရပါတယ်။
မနေ့က တိုက်ပွဲတွေဖြစ်နေတဲ့ အချိန်မှာ ဆရာတော်ဟာ မြိုင်ကြီးငူဒေသမှာ သီတင်းသုံးနေခြင်း မရှိဘဲ။ ထိုင်းနိုင်ငံမှာ ကျန်မာရေးအရ ဆေးကုသမှုကို ခံယူပြီး ခေတ္တသီတင်းသုံးနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ