.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Wednesday, April 20, 2011

မြန်မာငွေတန်ဖိုး လာမည့်သုံးလအတွင်း မပြောင်းလဲနိုင်သေး


သိန်းလင်း
အတွဲ ၂၆ ၊ အမှတ် ၅၁၃ (၈ - ၁၄ ၊ ၄ ၊ ၂၀၁၁)
မြန်မာငွေတန်ဖိုးသည် နိုင်ငံခြားငွေ လဲလှယ်နှုန်းတွင် လာမည့်သုံးလအတွင်း အပြောင်းအလဲတစ်စုံတစ်ရာ မရှိဘဲ လက်ရှိတန်ဖိုး ၀န်းကျင်၌ပင် တည်ရှိနေမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ဈေးကွက်လေ့လာသူများက သုံးသပ်သည်။
ယခုလ ၅ ရက်နေ့တွင် နိုင်ငံခြားငွေ လဲလှယ်နှုန်း၌ အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေ ၈၆၄ ကျပ်၊ အက်ဖ်အီးစီ တစ်ယူနစ်လျှင် ကျပ် ၈၆၀၊ ပို့ကုန်ရငွေ တစ်ယူနစ်လျှင် ကျပ် ၉၀၀ ခန့်
ဈေးရှိသည်။ မတ်လ ၃၀ ရက်နေ့ ပေါက်ဈေးမှာ ကန်တစ်ဒေါ်လာလျှင် ၈၆၅ ကျပ်၊ အက်ဖ်အီးစီတစ်ယူနစ်လျှင် ၈၅၈ ကျပ်၊ ပို့ကုန်ရငွေ တစ်ယူနစ်လျှင် ၉၁၅ ကျပ် ဈေးရှိသည်။
မြန်မာငွေတန်ဖိုး ယခုကဲ့သို့ မာသ ယောင်ရှိခြင်းသည် စီးပွားရေးသီအိုရီ အရ အမှန်တကယ်ဖြစ်ပေါ်ခြင်းမဟုတ် ခြင်းကြောင့် နိုင်ငံခြား ၀င်ငွေရရှိသူများ သာမက ကုန်သွယ်မှုကိုပါ အကျိုးသက် ရောက်လျက်ရှိသည်။ "လောလောဆယ်မှာ မြန်မာငွေက မာသယောင် ရှိနေတဲ့ အနေအထားကနေ နောက်ထပ်သုံးလလောက်အထိ ဆက်လက်တည်ရှိနေဦးမယ်။ ဒါတောင် ဆက်ကြည့်ရဦးမယ်။ သီအိုရီ အရ ပြော ရရင် တက်လာတဲ့အစိုးရအဖွဲ့သစ်ရဲ့ ငွေဘယ်လောက်သုံးစွဲမလဲဆိုတဲ့ပေါ် အဓိက မူတည်နေတယ်" ဟု မြန်မာ နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အကြီးတန်း ဒုတိယဥက္ကဋ္ဌ(၁) ဦးလှမောင်ရွှေက ပြောသည်။
နေပြည်တော်တွင် ကျင်းပခဲ့သည့် (၄၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲမှ ကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလျံ ရရှိခဲ့ခြင်း၊ မတ်လ ၂၃ ရက်နေ့တွင် နိုင်ငံပိုင် အဆောက်အအုံများကို လေလံ အောင် လုပ်ငန်းရှင်များက၊အစိုးရထံ ငွေသွင်းမှုများပြုလုပ်ရန် ၎င်းတို့ လက်ဝယ်ရှိ ဒေါ်လာများ ရောင်းချလာ ခြင်းကြောင့် မြန်မာငွေတန်ဖိုး ဆက်မာ လာခြင်းဖြစ်ကြောင်း သိရသည်။
ပို့ကုန်ရငွေတန်ဖိုးကတော့ ပို့ကုန် ပမာဏနဲ့ အဓိက သက်ဆိုင်နေကြောင်း၊ အက်ဖ်အီးစီတန်ဖိုးမှာ အစိုးရက ပင်ရင်း မှ နုတ်ယူ ပေးသွင်းခွန် ၃ ဒသမ ၅ ရာခိုင်နှုန်းအား အက်ဖ်အီးစီဖြင့် ပေးသွင်းခွင့်ပြုခြင်း စသည့် သုံးစွဲမည့် နေရာရှိနေသမျှ ကန်ဒေါ်လာ တန်ဖိုးနှင့် မတိမ်းမယိမ်း ရှိနေမည်ဖြစ်ကြောင်း ကုန်သည်/စက်မှု အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ပို့ကုန်များများပို့မှ ပို့ကုန်ရငွေ များများရမယ်။ ဒါမှလည်း သွင်းကုန် အတွက် အဆင်ပြေမှာပါ" ဟု ၎င်းက ပြောသည်။
"အစိုးရအဖွဲ့သစ်က ငွေဘယ် လောက် အသုံးချမလဲ၊ မောင်းနှင်အား ဘယ်လောက်ရှိမလဲပေါ် မူတည်ပါတယ်။ ဒါတွေကို ဘယ် အချိန်မှာ ဘယ် လောက်သုံးစွဲမယ်ဆိုတာ ဘယ်သူမှ မသိဘူးလေ"ဟု စီးပွားရေးပညာရှင် တစ်ဦးက ပြောသည်။
ပြည်တွင်းကုန်သည်များသည် လွန်ခဲ့သောလက နေပြည်တော်တွင် ကျင်းပခဲ့ သည့် လွှတ်တော်အစည်းအဝေးများမှ ကုန်သွယ်မှု ပိုမိုတိုးတက်စေရန် ပို့ကုန် လုပ်ငန်းစဉ်များ၌ ကုန်သွယ်ခွန် ၁၀ ရာခိုင်နှုန်းအား ပယ်ဖျက်ခြင်း၊ သို့ မဟုတ် လျှော့ပေါ့ခြင်းအား ကြီးစွာ မျှော်လင့်ခဲ့ကြသည်။
သို့သော်လည်း မတ်လ ၂၁ ရက်နေ့ တွင် ပြုလုပ်ခဲ့သည့် အမျိုးသားလွှတ် တော်အစည်းအဝေးတွင် ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီး ဦးလှ ထွန်းက ပို့ကုန်လုပ်ငန်းစဉ်များ၌ ကုန် သွယ်ခွန် နှစ် ရာခိုင်နှုန်း၊ ၀င်ငွေခွန် ရှစ် ရာခိုင်နှုန်း စုစုပေါင်း ၁၀ ရာခိုင်နှုန်းအား ယခုအချိန်တွင် နိုင်ငံတော်၏ လိုအပ် ချက်အရ ဆောင်ရွက်လျက်ရှိပြီး နောင်တစ်ချိန်တွင် အခွန်တိုးတက် ကောက်ခံ ရရှိမှုအပေါ် စဉ်းစားသုံးသပ် ဆောင် ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
နိုင်ငံတကာဈေးကွက်သို့ အိမ်နီးချင်း နိုင်ငံများနှင့် ယှဉ်ပြိုင်၍ ကုန်ပစ္စည်းများ တင်ပို့ရာတွင် အဆိုပါအခွန် ၁၀ ရာခိုင် နှုန်းအပြင် သက်ဆိုင်ရာနိုင်ငံ၏ သတ်မှတ်အခွန်များကိုလည်း ပေးဆောင်နေရသဖြင့် အခက်အခဲများ တွေ့ကြုံနေရကြောင်း ပို့ကုန်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
"ပြည်တွင်းစီးပွားရေး တိုးတက်လာဖို့ အတွက် ပြည်ပရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်ဖို့လိုသလို ပို့ကုန်ကဏ္ဍကိုလည်း အမှန် တကယ် မြင့်တက်လာ အောင် မောင်နှင်ပေးဖို့ လိုပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေ ယုံကြည်မှုရှိအောင် အရင်ဆုံး တည်ဆောက်ရမယ်။ သက် ဆိုင်ရာ အခွန်နှုန်းထားတွေကိုလည်း လျှော့ပေါ့သင့်တာတွေ လျှော့ပေါ့ပေး ရပါမယ်" ဟု ပြည်တွင်းစီးပွားရေး ပညာရှင် တစ်ဦးက ပြောသည်။
ယခုနှစ်ဆန်းပိုင်းမှစတင်ခါ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ် စသည့် စီးပွားရေးအင်းအားကြီးနိုင်ငံများမှ စက်ရုံ အချို့သည် ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် လေ့လာမှုများ ပြုလုပ်လာကြ ခြင်းမှာ ပြည်တွင်းလုပ်သား ပေါများ ခြင်းကြောင့်ဖြစ်သော်လည်း အိမ်နီး ချင်းနိုင်ငံများဖြင့် နှိုင်းယှဉ်ပါက ပို့ကုန် ခွန် ၁၀ ရာခိုင်နှုန်းမှာ ၎င်းတို့အတွက် ကြီးမားသောအခက်အခဲ ဖြစ်နေသည်။
အဆိုပါအခက်အခဲကြောင့် သွယ် ၀ိုက်ရင်းနှီးမြှုပ်နှံမှုများသာ လာနိုင်ကြောင်း၊ ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံများမှ ရင်းနှီးမြှုပ်နှံ မှုကြီးများ ၀င် ရောက်လာမှသာ စုစုပေါင်းပြည်တွင်း ထုတ်ကုန်တန်ဖိုး (ဂျီဒီပီ)မှာ အမှန် တကယ် မြင့်တက်လာမည်ဖြစ်သည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ