.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Wednesday, April 20, 2011

အနိမ့်ဆုံးလစာ တိုးပေးဖို့ တောင်းဆို

အနိမ့်ဆုံးလစာ တိုးပေးဖို့ တောင်းဆို

2011-03-26
နိုင်ငံတကာ အလုပ်သမားတွေ နည်းတူ မြန်မာနိုင်ငံက အလုပ်သမားတွေ အနိမ့်ဆုံး လုပ်ခလစာ ရရှိ အောင် လက်ရှိ စစ်အစိုးရ အနေနဲ့ ပြဋ္ဌာန်းပေး သင့်ကြောင်း ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ်က မတ်လ ၂၅ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
(Photo: AFP)
ရန်ကုန်မြို့ရှိ အထည်စက်ရုံတခုတွင် အလုပ်သမားများကို နေ့လည်စာ စားချိန် တွေ့ရပုံ ဖြစ်ပါသည်။
(Photo: AFP)
အရှေ့တောင်အာရှ နိုင်ငံတွေက အလုပ်သမားတွေ အနိမ့်ဆုံးလစာ ဒေါ်လာ ၄ဝ ကျော်ကနေ ၁၇ဝ နီးပါး ရနေချိန်မှာ မြန်မာနိုင်ငံမှာတော့ နိုင်ငံခြားကုမ္ပဏီပိုင် စက်ရုံတွေမှာ လုပ်နေတဲ့ မြန်မာအလုပ်သမားတွေဟာ တလကို အမေရိကန် ဒေါ်လာ ၂ဝ နီးပါးသာ ရကြတာကြောင့် အခုလို စစ်အစိုးရကို တိုက်တွန်းရတာ ဖြစ်ကြောင်း သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ်က ဆိုပါတယ်။

ဒါပေမယ့်လည်း မြန်မာစစ်အစိုးရဟာ မိမိတို့ မြန်မာအလုပ်သမားတွေ ရသင့်ရထိုက်တဲ့ လုပ်ခလစာကို တောင်းပေးရမယ့်အစား နိုင်ငံခြားက လာရောက် ရင်းနှီးမြုပ်နှံတဲ့ ကုမ္ပဏီတွေနဲ့ အကျိုးတူ ပူးပေါင်း လုပ်ကိုင်နေပြီး အလုပ်သမားတွေ အရေးကို လျှစ်လျူရှုထားသလို တွေ့နေရကြောင်း ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်းက နိုင်ငံခြားကုမ္ပဏီပိုင် စက်ရုံ အလုပ်ရုံတွေမှာ လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေရဲ့ လုပ်ခလစာဟာ အရှေ့တောင်အာရှမှာ အနိမ့်ဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်မှာ အလုပ်သမားတဦးကို အနိမ့်ဆုံးလစာ ၄၃ ဒေါ်လာ၊ ကမ္ဘောဒီးယားမှာ ၆၁ ဒေါ်လာ၊ အင်ဒိုနီးရှားမှ ၁၂၃ ဒေါ်လာနဲ့ တရုတ်နိုင်ငံ ရှန်ဟိုင်း စက်မှုဇုန်မှာ တလ ၁၆၆ ဒေါ်လာ ရကြကြောင်း မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ်ရဲ့ ကြေညာချက်က ဆိုပါတယ်။

မြန်မာအစိုးရသစ်ရဲ့ သမ္မတ လစာဟာ တလကို ကျပ်သိန်း ၅ဝ နဲ့ ကား ခြောက်စီး ခံစားခွင့်ရနေချိန်မှာ မြန်မာ အလုပ်သမားတွေကတော့ တလကို ကျပ်သုံးသောင်း ဝန်းကျင်သာ ရတာကြောင့် ဒီလို ကွာဟမှုမျိုး မဖြစ်သင့်ကြောင်းလည်း ကြေညာချက်မှာ ထောက်ပြထားပါတယ်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ