.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Monday, October 24, 2011

သမိုင်းအစလေးတစ်စ



ကျွန်တော်တို့ အနေနဲ့ သူတို့နဲ့ အဆင်ပြေပြေ ဆက်ဆံဘို့ ဆိုရင် သူတို့ ကို ခေါ်တဲ့ အခေါ် က နေပြီး စပြောင်းဘို့ လိုပါလိမ့် မယ်။ သူတို့ကို သူတို့ TAI လူမျိုးကနေ ဆင်းသက်ပါတယ်။ ဆိုင်ယန် (SIAM) လို့ခေါ်ပါ လို့ ဆိုတာကို ကျွန်တော်တို့ က ဘာလို့ ယိုးဒယား လို့ ခေါ်ခဲ့ကြတာ ဖြစ်ပါသလဲ။?? ။ အခုတော့ THAI ထိုင်း လူမျိုး ၊ THAILAND ထိုင်းလင်း လို့ တရားဝင် ပြောင်းခဲ့ ကြပါပြီ။ အခုနေပြည်တော် ဘန်ကောက် မြို့ မတိုင်မီ က သူတို့နိုင်ငံ ရဲ့ နေပြည်တော် က အယုဒ္ဒယ ပါ။ "အယုဒ္ဒယ" ဆိုတဲ့စကားဟာ သူတို့လူမျိုး ၊သူတို့နိုင်ငံ ကို တင်စားခေါ်ဝေါ်ထား ခြင်း ဖြစ်ပါတယ်။ အဓိပါယ် က ``စစ်ထိုး၍မရသောနိုင်ငံ´´ လို့ ဖွင့်ဆိုပါသတဲ့။ ကျွန်တော်တို့ ဗမာ တွေက ဘာလို့စစ်ထိုးလို့မရ ရမှာလဲ ။ငါတို့ ဗမာတွေအတွက် က``စစ်ထိုး၍ရသောနိုင်ငံ´´ ``ယုဒ္ဒယ´´ လို့ ခေါ်ရင်းသူတို့လူမျိုး ကို ``ယိုးဒယား´´ လို့ အခေါ်တွင်ကျယ်လာတာ ဖြစ်ပါတယ်။ သူတို့ လူမျိုးကလည်း သိပါတယ်။ ကမ္ဘာပေါ်မှာ သူတို့ကို ယိုးဒယား လို့ ခေါ်တာ ဗမာ လူမျိုးတစ်မျိုး ပဲ ရှိပါတယ်။ ပြီးတော့ နှိမ်ပြီးခေါ်တယ် ဆိုတာကိုလည်း သိကြပါတယ်။

အယုဒ္ဒယ ပါတ်သက်လို့ကတော့ တစ်ထောင့်တစ်ည ပုံပြင်ပေါင်းများစွာရှိပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာ ပုဂံဘုရားတွေကို အသစ်ပြုပြင်လှူဒါန်းမှုတွေ လုပ်ခဲ့ကြတုန်းက သမိုင်းပညာရှင် တစ်ဦးက ``ပုဂံကို ဘယ်သူတည်ခဲ့တယ် ဆိုတာကို တုတ်ထမ်း၊ဒါးထမ်း ပြောနေရမယ့် အချိန် မဟုတ်ပါဘူး။ ပုဂံ ကို ဘယ်သူဖျက်ဆီးခဲ့တာလဲ ဆိုတာ တုတ်ထမ်း၊ဒါးထမ်း ပြောရမယ့် အချိန် ရောက်နေပါပြီ´´ လို့ မှတ်ချက်ပြုဘူးခဲ့ပါတယ်။ အယုဒ္ဒယ မြို့ဟောင်း မြို့ပျက် နဲ့ ပါတ်သက် လို့ ကတော့ မြန်မာတွေ ဖျက်တာလည်းဖျက်ခဲ့ပါတယ်။မြန်မာသမိုင်းမှာတော့ ``အယုဒ္ဒယမြို့ ကို ၀န်းရံတိုက်ခိုက်စဉ် မြန်မာနိုင်ငံအတွင်းသို့ တရုတ်တပ်များ ၀င်ရောက်လာသည့်အတွက် နောင်တွင် ရန်မီးနှစ်ဖက် မညှပ်နိုင်စေရန် အယုဒ္ဒယ ကို အပြီးတိုင်ချေမှုန်းခဲ့သည်။ ´´ လို့ရေးသားထားပါတယ်။ စစ်မီးတောက်လောင်နေတုန်းမှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဗုဒ္ဒဘာသာဝင်ချင်းအတူတူ ဗုဒ္ဒဆင်းတုတွေ ခေါင်းဖြတ်၊ဗိုက်ဖောက် တာတွေ ဖြစ်နိုင်ပါ့မလား။ မြန်မာ-ယိုးဒယား နောက်ဆုံးစစ်လို့ ခေါ်လို့ရတဲ့ ၁၇၆၇ ခု ဆင်ဖြူရှင်မင်း လက်ထက် အယုဒ္ဒယ သိမ်း စစ်ပွဲ ဟာ အခက်ခဲဆုံး တိုက်ခဲ့ရတာပါ။

``မြန်မာတို့သည် အယုဒ္ဒယ မြို့တော်အတွင်းသို့ အမြောက်၊သေနပ်တို့ဖြင့် အဆက်မပြတ် ပစ်ခတ်သည်။ ထို့နောက် ယိုးဒယားမြို့ရိုးအရောက် လိုဏ်ခေါင်းများတူးပြီး လောင်စာအပြည့် ထည့်သွင်း၍မီးရှို့ရာ မြို့ရိုးကိုကျားကန်ထားသော သစ်တိုင်များ မီးစွဲလောင်၍ မြို့ရိုးပြိုကျခဲ့သည်´´

ဟု ၁၄ လကြာဝိုင်းဝန်းပြီး ခက်ခက်ခဲခဲ တိုက်ခဲ့ရကြောင်း မြန်မာသမိုင်းမှာ ဖော်ပြပါတယ်။

Ayutthaya Capital of a Kingdom the Golden City finally fell on the 8th April 1767. Due to continuous Siamese counterattack, the Burmese armies only held the city for approximately one week, but the massive, wanton destruction and devastation was such that it would never recover.

သူတို့ရဲ့ Ayutthaya: Capital of a Kingdom, Part 11,The Trembling, The Shaking and the FALL ! ဆိုတဲ့ စာတမ်းအရတော့ ဗမာ စစ်တပ်ဟာ မြို့ကို တစ်ပါတ် လောက်ပဲ ထိန်းချုပ် ခဲ့ကြောင်း ဖော်ပြထားပါတယ်။ အထက်မှာ ဆိုခဲ့တဲ့အတိုင်း ခက်ခက်ခဲခဲ သိမ်းခဲ့ရသလို အမြောက်ဆန်တွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့ရတာ ဆိုတော့ ဗုဒ္ဒရုပ်ပွားတော် တွေလည်း ခေါင်းပြတ် ဗိုက်ပေါက် ရှိခဲ့မှာပါ။ တမင်သက်သက် စစ်ပြီးလို့ မြို့ဖျက်မှ လုပ်ရအောင် ဗမာ တွေက ဗုဒ္ဒဘာသာ တွေပါ။ အဲဒါကို ခုထိ ဗမာစစ်သားတွေ ဖျက်ဆီးခဲ့တဲ့ ဗုဒ္ဒဆင်တု များ ဆိုပြီး ရုပ်ပြငွေရှာစားနေဆဲ ယိုးဒယား တွေကတော့ နားလည်ရခက်လှပါတယ်။ ဗမာတွေ ဖျက်တာထက် (တပါတ် ဆိုသောအချိန်အတွင်းဖျက်ခဲ့တာထက်) သူတို့က အဆပေါင်းများစွာ အဖျက်ပြကာ လူမျိုးရေးမုန်းတီးမှု ဖန်တီးကာ ငွေရှာစားနေတာကတော့ သည်လိုခေတ်ကြီး မှာ မရှိတော့သင့်တဲ့ အရာပါ။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ